
- By CNI
- Category: အားကစား
- Hits: 1620
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉
ဘောလွန်းဒီအောဆုကို စီစဉ်ကျင်းပတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၂၄ ခုနှစ် အမျိုးသားဆုအတွက် ရမှတ်တွေ ကို ထုတ်ပြန်ခဲ့တာမှာ ဆုရရှိခဲ့တဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီနဲ့ ဒုတိယရရှိခဲ့တဲ့ ရီးရယ်လ်အသင်း တောင်ပံ ကစားသမား ဗီနီစီးယက်စ်တို့ကြားမှာ ၄၁ မှတ်သာ ကွာဟခဲ့ပါတယ်။
ရိုဒရီဟာ ၁,၁၇၀ မှတ်နဲ့ ဘောလွန်းဒီအောဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီး ဗီနီစီးယက်စ်က ၁,၁၂၉ မှတ် ရရှိခဲ့တာပါ။
ဒီဆုအတွက် အငြင်းပွားမှုတွေဟာ အခုအချိန်ထိ ပြီးဆုံးနိုင်ခြင်း မရှိသေးချိန်မှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရမှတ်တွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဘောလွန်းဒီအောဆုအတွက် တတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က ၉၁၇ မှတ်ရရှိခဲ့ပြီး ထိပ်ဆုံး ၂ ဦးနဲ့ ရမှတ် ၂၀၀ ကျော် ကွာဟခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဗီနီစီးယက်စ် ဆုမရရှိဘူးလို့ သိခဲ့ပြီးနောက်မှာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဗီနီးစီးယက်စ်ကို တွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ရိုဒရီကတော့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ ရာသီ ဆက်တိုက်ရရှိအောင် ကူညီပေးနိုင်ခဲ့သလို စပိန် အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆုပေးပွဲ မတိုင်ခင်ကာလတွေမှာ ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် ဆုပေးပွဲကျင်းပမယ့် နာရီပိုင်းအလိုမှာ ရိုဒရီက ရရှိဖို့ ရေပန်းစားခဲ့တာပါ။
နောက်ဆုံးမှာ ရိုဒရီက ဘောလွန်းဒီအောဆုကို ရရှိခဲ့ပေမယ့် အမှတ်ကွာမှု အများကြီး မရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဆုရရှိခဲ့တဲ့ မက်ဆီနဲ့ ဒုတိယရရှိခဲ့တဲ့ ဟာလန်းတို့အကြားမှာ ၁၀၅ မှတ်ကွာဟခဲ့ပြီး ၂၀၂၂ ခုနှစ်က ဆုရရှိခဲ့တဲ့ ဘန်ဇီမာနဲ့ ဒုတိယရရှိခဲ့တဲ့ မာနေးတို့အကြားမှာ ၃၅၆ မှတ်ကွာဟခဲ့တာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1100
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ဟာ ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် နိုင်ငံအသင်း လူစာရင်းမှာ အသင်းခေါင်းဆောင် ဘတ်ပီကို ချန်လှပ်ခဲ့ပါတယ်။
ဒဏ်ရာအခြေအနေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြီးခဲ့တဲ့လက ပြင်သစ်အသင်း လူစာရင်းမှာ မပါဝင်ခဲ့တဲ့ ဘတ်ပီဟာ ဒီလအတွက် လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ရုန်းကန်နေရတဲ့ ဘတ်ပီကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒက်ချမ့်စ်က “ကျနော် သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတွေမှာ သူ့ကို လက်ရွေးစင်အသင်းအတွက် မခေါ်ယူဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ သူကတော့ ဒီကိုလာချင်နေပါတယ်”လို့ မီဒီယာသမားတွေကို ပြောခဲ့တာပါ။
ဘတ်ပီနဲ့ နည်းပြ ဒင်ချမ့်စ်ကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီဟာ အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းကလည်း ဘာစီလိုနာနဲ့ အေစီမီလန်အသင်းကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။ ဘတ်ပီဟာ ဒီပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိလို့ ဝေဖန်မှုအများအပြား ခံခဲ့ရတာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ နေးရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ အစ္စရေး၊ ၁၇ ရက်မှာ အီတလီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြင်သစ်အသင်းဟာ အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ယှဉ်ပြိုင် ကစားမယ့်ပွဲစဉ် ၂ ပွဲထဲက ၁ ပွဲအနိုင်ရတာနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ချယ်လ်ဆီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး အိုဆင်ဟမ်က ဒီရာသီကုန်အထိ ဂါလာတာစာရေးအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။
အိုဆင်ဟမ်က “ကျနော်ဟာ ဂါလာတာစာရေး ကစားသမားတစ်ဦးအနေနဲ့ ဒီမှာရှိနေပြီး ပျော်ရွှင်နေပါတယ်။ ဇန်နဝါရီမှာ ကျနော့်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ ထင်ကြေးတွေ အများကြီးကိုလည်း မြင်တွေ့ခဲ့ရပါ တယ်။ ရာသီကုန်အထိ ကျနော် ဒီမှာဆက်ရှိမယ်ဆိုတာကို အခုပြောနိုင်ပါတယ်။ ကျနော်ဟာ ကလပ်အသင်း အတွက် အာရုံစိုက်ထားပြီး ကလပ်အသင်း ရည်မှန်းထားတဲ့ အရာတွေဖြစ်အောင် အရာအားလုံးကို ပေးသွားမှာပါ။ ကျနော့်အတွက် အရေးကြီးတာက အခုအချိန်မှာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ကစားဖို့ပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အိုဆင်ဟမ်ကို ခေါ်ယူနိုင်ဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကလပ်အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုမရခဲ့လို့ အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
အဲဒါကြောင့် အိုဆင်ဟမ်ဟာ ဂါလာတာစာရေးအသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အိုဆင်ဟမ်ဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူတာ အပါအဝင် ဂါလာတာစာရေးအသင်းအတွက် ကစားထားတဲ့ ၈ ပွဲမှာ ၆ ဂိုးသွင်းယူထားတာပါ။
အိုဆင်ဟမ်ကိုတွေ့ရစဉ်
အိုဆင်ဟမ်နဲ့ ဂါလာတာစာရေးအသင်းတို့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်ထဲမှာ ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ဥရောပထိပ်တန်း ကလပ်တွေက သူ့ကိုခေါ်ယူနိုင်မယ့်အချက် ပါဝင်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်း အပါအဝင် အသင်းအချို့က ဒီအချက်ကို အသုံးပြုပြီး အိုဆင်ဟမ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေတာပါ။
အိုဆင်ဟမ်ကတော့ အငှားစာချု ပ်ကုန်ဆုံးတဲ့အထိ ဂါလာတာစာရေးအသင်းမှာ ဆက်ရှိမယ်လို့ ပြောထားပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဒီရာသီ တူရကီလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဦးဆောင်ထားသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေတာပါ။
ဂါလာတာစာရေးအသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ဆမ်ဆန်စပေါ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1281
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
ချယ်လ်ဆီးအသင်းဟာ အာမေးနီးယားကလပ် နိုအာအသင်းကို ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။
ဂျာအိုဖီးလစ်နဲ့ အန်ကွန်ကူတို့က ၂ ဂိုးစီသွင်းပြီး ဒီပွဲရဲ့ ပထမပိုင်းမှာတင် ချယ်လ်ဆီးအသင်းဟာ နိုအာအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားတာပါ။
ချယ်လ်ဆီးအသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို တိုဆင်၊ မာခ့်ဂီအူ၊ ဒီဆာဆီနဲ့ မူဒရစ်တို့က သွင်းယူခဲ့ပြီး ဒီပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ အရင်အကြီးမားဆုံးနိုင်ပွဲတွေက ၆ ဂိုး ဖြစ်တယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားသလို ၁၆ ဂိုးအထိ သွင်းယူကာ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။
ချယ်လ်ဆီးအသင်းနဲ့ နိုအာအသင်း ရလဒ်ကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ်ရှိနေပြီး နည်းပြ မာရက်စ်ကာက ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လေးနက်မှုကို ပြသခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ကွင်းလယ်လူဟောင်း ဂျိုကိုးလ်က ချယ်လ်ဆီးအသင်းရဲ့ အနေအထားအရ သူတို့ဟာ ဒီပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ဒါမှမဟုတ် ဆီမီးဖိုင်နယ်လောက်မှ ပါဝင်သင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် ၃ ခုစလုံး ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်မှာလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲစီကစားအပြီးမှာ ရမှတ် ၁၈ မှတ်စီနဲ့ အဆင့် ၄၊ ၅ နေရာတွေမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 3232
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
PAOK အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုး စလုံးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား အာမတ်ကို ယာယီနည်းပြ နစ္စတယ်ရွိုင်းက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက “အာမတ်ဟာ သွင်းဂိုးတွေနဲ့ ဒီပွဲမှာ ခြားနားမှုဖြစ်အောင်လုပ်ခဲ့သလို အလွန်ထက်မြက်ပါတယ်။ သူ့အတွက် အလွန်ကောင်းမွန်တဲ့ပွဲပါ။ ကျနော်တို့ဟာ ဒီပွဲမှာ ပထမပိုင်းမကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ အာမတ်ဟာ လေ့ကျင့်ရေးကွင်းမှာ မယုံနိုင်လောက်အောင် လုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး အမြဲတမ်းကောင်းမွန်စွာလေ့ကျင့်နေပါတယ်။ ဒါ့အပြင် သူဟာ ဒီထက်ပိုပြီးလုပ်ဆောင်ဖို့ တောင်းဆိုနေတာပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ PAOK အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲစလုံးသရေကျခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲ ကြောင့် ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်ရရှိထားတာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့တဲ့ အာမတ်ဟာ PAOK အသင်းနဲ့ပွဲမတိုင်ခင် ပွဲထွက်လူစာရင်းနဲ့ ဝေးကွာနေခဲ့ပြီး လူစားဝင် ကစား သမားအဖြစ်သာ ပါဝင်နေရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အာမတ်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
အာမတ်ဟာ ဒီပွဲမှာ ဒဏ်ရာရရှိခဲ့ပေမယ့် ဒီတစ်ပတ်ကစားမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ယာယီနည်းပြ နစ္စတယ်ရွိုင်းက မျှော်လင့်နေတာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ထားပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင် ထားပါတယ်။
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လာမယ့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကို ယာယီနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာပါ။
ယူနိုက်တက်ကစားသမားတွေဟာ နစ္စတယ်ရွိုင်းကို အသင်းမှာ ဆက်ပြီးရှိစေချင်နေပေမယ့် နည်းပြသစ် အာမိုရင်ရောက်ရှိလာပြီးရင်တော့ နစ္စတယ်ရွိုင်းဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1619
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
ယူအေအီးကလပ် အယ်လ်အိန်းအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အာဂျင်တီးနားလူမျိုးနည်းပြ ခရက်စပိုနဲ့ လမ်းခွဲ ခဲ့ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်အိန်းအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်မှာ အယ်လ်နာဆာအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ ခရက်စပိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၄၉ နှစ်အရွယ်ရှိ ခရက်စပိုဟာ အယ်လ်အိန်းအသင်းကို ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့် အယ်လ်အိန်းအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး ယူအေအီး ပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာ ရပ်တည်နေသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောက်ဆုံးနေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ခရက်စပိုကို တွေ့ရစဉ်
အယ်လ်အိန်းအသင်းက “ကလပ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ အာဂျင်တီးနား လူမျိုးနည်းပြ ခရက်စပို၊ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပေမယ့် မကြာသေးခင်က ရလဒ်တွေဟာ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ သူတို့အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုရရှိဖို့ ဆုတောင်းပေးတယ်”လို့ ထုတ် ပြန်ခဲ့တာပါ။
ခရက်စပိုဟာ အယ်လ်အိန်းအသင်းကို ၄၉ ပွဲကိုင်တွယ်ခဲ့ပြီး အနိုင် ၄၄.၉၀ ရာခိုင်နှုန်း ရယူပေးနိုင်ခဲ့ပါတယ်။
အင်တာမီလန်၊ ပါးမားနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တဲ့ ခရက်စပိုဟာ မိုဒီနာအသင်းမှာ နည်းပြဘဝ စတင်ခဲ့တာပါ။
ခရက်စပိုဟာ အာဂျင်တီးနားကလပ် ဘန်ဖီးလ်၊ ဒီဖန်ဆာ၊ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုနဲ့ ကာတာကလပ် အယ်လ်ဒူဟေးအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
ခရက်စပိုဟာ နည်းပြဘဝ အောင်မြင်မှုတွေအဖြစ် ဒီဖန်ဆာအသင်းနဲ့ ကိုပါဆူဒါမာရီကာနာ၊ ဆော်ပေါ်လိုအသင်းနဲ့ ဘရာဇီးလ်ဖလား၊ အယ်လ်ဒူဟေးအသင်းနဲ့ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီး အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 989
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးနေမာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဇန်နဝါရီမှာ ဖျက်သိမ်းဖို့ စဉ်းစားနေပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ ဒူးအရွတ် (ACL)ဒဏ်ရာကြောင့် ၁ နှစ်ကြာအနားယူနေရတာကနေ ပြီးခဲ့တဲ့ လမှာ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တာပါ။
ဒါပေမယ့် နေမာဟာ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ၂၉ မိနစ်ကြာပါဝင်ကစားပြီး
နောက် ဒဏ်ရာထပ် ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။ အယ်လ်ဟီလယ်အသင်းက နေမာဟာ ၄ ပတ်ကနေ ၆ ပတ်ကြာအထိ အနားယူရမယ်လို့ အတည်ပြု ထားတာပါ။
ဆော်ဒီမီဒီယာတွေက အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ရဲ့ ဒုတိယရာသီဝက်မှာ နေမာကို အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒီအချိန်မှာ ဘရာဇီးလ်သတင်း UOL ကလည်း အယ်လ်ဟီလယ်အသင်းဟာ ဇန်နဝါရီမှာ နေမာကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ဖော်ပြထားတာပါ။
နေမာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ အယ်လ်ဟီလယ်အသင်းဟာ နောက်ဆုံး ၆ လ အတွင်းမှာ သူကစားနိုင်မယ့် အခြေအနေအပေါ် သံသယတွေ တိုးလာနေတာဖြစ်ပါတယ်။
၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ၇ ပွဲ သာပါဝင်ကစားနိုင်ခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။
နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရင် သူ့ရဲ့ကစားသမားဘဝစတင်ခဲ့တဲ့ ဆန်းတို့စ်အသင်းထံ ပြန်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတွေရှိတဲ့ အင်တာမိုင်ယာမီအသင်းထံ သွားရောက် နိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာပါ။
အယ်လ်ဟီလယ်အသင်းဟာ နေမာမပါဝင်နိုင်ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားပြီး ဒီရာသီ ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာရပ်တည်နေကာ တိုက်စစ်မှူး မီထရိုဗစ်က ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်း ယူထားပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ရာသီအစဆော်ဒီစူပါဖလားကို ရရှိထားပြီး အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ဘုရင့်ဖလားပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေရရှိထားတာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 987
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
ကလပ်ဘရုဂျ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်း နောက်ခံလူ တိုင်ရွန်မင်ရဲ့ လက်ထိဘောကနေ ပေးခဲ့ရတဲ့ ပင်နယ်တီဟာ သူမြင်တွေ့ဖူးသမျှထဲမှာ အကြီးမားဆုံး အမှားဖြစ် တယ်လို့ နည်းပြ အူနှိုင်းအမ်မရီက ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “တိုင်ရွန်မင်ရဲ့ အမှားက လုံးဝကို ထူးဆန်းပါတယ်။ ဒါဟာ ကျနော့်ရဲ့ အသက်မွေးဝမ်းကြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးအမှားပါပဲ။ ဒီအဖြစ်အပျက်က ကျနော့်ဘဝမှာ ဒီတစ်ကြိမ်ပဲ ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့ တာပါ။
တိုင်ရွန်မင်ဟာ ဒီပွဲမှာ ဂိုးဧရိယာအတွင်း ဂိုးသမား အီမီမာတီနက်ဇ် ကန်ပြီးပေးခဲ့တဲ့ ဘောလုံးကို လက်နဲ့ ကိုင်ပြီး စည်းပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ချက်ချင်းဆိုသလို ဝီစီမှုတ်ပြီး ကလပ်ဘရုဂျ်အသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာပါ။
ဒီပင်နယ်တီကြောင့်ပဲ ကလပ်ဘရုဂျ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်း ယှဉ်ပြိုင်နေစဉ်
အက်စတွန်ဗီလာအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ မှတ်တမ်းလည်း ရပ်တန့်သွားခဲ့တာပါ။
တိုင်ရွန်မင်ဟာ သူ့ရဲ့ဥရောပ ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပေမယ့် ဒီအမှားအယွင်းကြောင့် မိနစ်အနည်းငယ် အကြာမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ဒီလိုမျိုးအလားတူ ဖြစ်ခဲ့ပေမယ့် ဒီအချိန်တုန်းက ပင်နယ်တီ ခွင့်ပြုခဲ့ခြင်းမရှိပါဘူး။
ဒီအဖြစ်အပျက်အပေါ် ပင်နယ်တီ မပေးခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်ဟာ ကွင်းလယ်ဒိုင် လူကြီးကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။
အက်စတွန်ဗီလာအသင်းဟာ ကလပ်ဘရုဂျ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲစလုံး ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 999
CNI International News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
အင်တာမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်း ရရှိမယ့် ပင်နယ်တီကိုပေးဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် နည်းပြ အာတီတာက ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
အာတီတာက “လက်ထိဘောနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကျနော် နားမလည်ပါဘူး။ ဘယ်လိုအန္တရာယ်မှ လည်း မရှိပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါကို ပင်နယ်တီလို့ ဆုံးဖြတ်ကြရင် မယ်ရီနိုရဲ့ ခေါင်းထိုးခံခဲ့ရတဲ့ အဖြစ်အပျက်ကလည်း ပင်နယ်တီပေးရမှာပါ။ ဒါတွေက ပွဲကိုဆုံးဖြတ်တဲ့ အရာတွေ ဖြစ်တာကြောင့် လက်ခံဖို့ခက်ခဲပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အင်တာမီလန်အသင်းဘက်ကို ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အင်တာမီလန်အသင်း ဂိုးသမား ယန်ဆွန်မာဟာ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့တာမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ မယ်ရီနိုရဲ့ ဦးခေါင်းကို ထိုးပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီအဖြစ်အပျက်မှာ ပင်နယ်တီ ရခဲ့ခြင်းမရှိပါဘူး။
အာဆင်နယ်နဲ့ အင်တာမီလန် ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာက ပင်နယ်တီ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်ခဲ့ပြီး အင်တာမီလန်အသင်းဘက်ကို ပင်နယ်တီပေးရင် သူတို့ဘက်ကိုလည်း ပေးရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ပွဲကြီးပွဲကောင်း ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက အင်တာမီလန် အသင်းနဲ့ပွဲစဉ်မှာ ကစားခဲ့တဲ့ ကစားပုံအတိုင်း ကစားနိုင် ရင် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ သူတို့အနိုင်ရဖို့ အခွင့်အရေး ကောင်းရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီရာသီပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီးမှာ ရမှတ် ၁၈ မှတ်စီ ရရှိထားကြတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 838
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေကို ကိုင်တွယ်မယ့် ယာယီ နည်းပြ လီကာစလေရဲ့ ရွေးချယ်မှုတွေကို ဝင်ရောက် စွက်ဖက်ဖို့မရှိဘူးလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
တူချယ်လ်ဟာ အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရပေမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှသာ စတင်ပြီး တာဝန်ယူကိုင်တွယ်မှာပါ။
အဲဒါကြောင့် ယာယီနည်းပြ လီကာစလေဟာ အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲစလုံးကို ကိုင်တွယ်သွားမှာပါ။
တူချယ်လ်ဟာ အင်္ဂလန်အသင်းကို တရားဝင် မကိုင်တွယ်ရသေးတဲ့အတွက် ယာယီနည်းပြ လီကာစလေရဲ့ ရွေးချယ်မှုတွေမှာ မပါဝင်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။
ဒါအပြင် တူချယ်လ်ဟာ လာမယ့်လ ဇူးရစ်မှာပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မဲခွဲမှုကိုလည်း တက်ရောက်ဖွယ်မရှိဘူးလို့ သိရပါတယ်။
ယာယီနည်းပြ လီကာစလေဟာ အင်္ဂလန်အသင်းကို နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၄ ပွဲ ကိုင်တွယ်ထားပြီး ဂရိအသင်းကို အရေးနိမ့်ကာ ကျန် ၃ ပွဲစလုံး နိုင်ပွဲရယူပေးထားတာပါ။
အင်္ဂလန်အသင်းကိုတွေ့ရစဉ်
လီကာစလေဟာ နောက်ဆုံး ၂ ပွဲကို အနိုင်ရလဒ် ရယူပြီး အင်္ဂလန်အသင်း ယာယီနည်းပြဘဝကို အဆုံးသတ် ချင်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားအချို့ဟာ ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရတဲ့အတွက် ယာယီနည်းပြ လီကာစလေဟာ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်လာဖွယ်ရှိနေတာပါ။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် B အုပ်စု ၂ မှာ ဒုတိယနေရာ ရပ်တည်နေတာကြောင့် A ကို တိုက်ရိုက် တန်းတက်နိုင်ဖို့ဆိုရင် ၂ ပွဲစလုံး အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အုပ်စုဒုတိယသာ ရမယ်ဆိုရင် တန်းတက်ဖို့အတွက် အုပ်စု A မှာ တတိယနေရာ ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
ယာယီနည်းပြ လီကာစလေဟာ သူ့ရဲ့ အင်္ဂလန်အသင်း နောက်ဆုံးလူစာရင်းကို ကြာသပတေးနေ့မှာ ကြေညာဖွယ် ရှိနေပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ ဂရိအသင်း၊ ၁၇ ရက်မှာ အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal