
- By CNI
- Category: အားကစား
- Hits: 2065
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းက ယူကရိန်းအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အပြီးမှာ ဒေါသထွက်နေတဲ့ ဘယ်လ်ဂျီယံ ပရိသတ်တွေအနေနဲ့ သူတို့ကို အားပေးဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
ဒီဘရိုင်းက “ကျနော်တို့ဒီပွဲကို အနိုင်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ သလို ဂိုးပြန်ပေးရနိုင်တယ်ဆိုတာလည်း သိတဲ့အတွက် စွန့်စားမှုတွေကို မလုပ်ခဲ့ပါဘူး။ ဂိုးသာပေးရရင် ယူရိုပြိုင်ပွဲ က ကျနော်တို့ ထွက်ခွာရမှာပါ။ ပရိသတ်တွေ ကျနော်တို့နဲ့အတူ ရှိနေဖို့လိုအပ်ပါတယ်။ ဒီပရိသတ်တွေကို ကျနော် တို့ လိုအပ်ပါတယ်။ ကျနော် ဒါပဲပြောစရာရှိပါတယ်”လို့ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တက်နိုင် ခဲ့ပြီး ယူကရိန်းအသင်းကတော့ ရမှတ် ၄ မှတ်ရယူပြီး ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင် ဒီဘရိုင်းကိုတွေ့ရစဉ်
ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အနိုင်ရယူဖို့ထက် သရေကျဖို့ကိုသာ ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဒေါသထွက်ပြီး ကစားသမားတွေကို အော်ဟစ်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီဘရိုင်းဟာ ပွဲအပြီးမှာ ပရိသတ်တွေထံ ချဉ်းကပ်ခဲ့ပေမယ့် အော်ဟစ်သံတွေ ပိုပြီးကျယ်လောင်လာတဲ့အတွက် အသင်းဖော်တွေကို ကွင်းထဲက ထွက်ခွာဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဒီဘရိုင်းက ပရိသတ်တွေ သူတို့ကို ဒေါသထွက်နေပေမယ့် လာမယ့်ပွဲတွေမှာ အားပေးမှုတွေ ပြုလုပ်ဖို့ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေကြောင့် အံ့အားသင့် ခဲ့ရပေမယ့် သူတို့ဟာ အနိုင်ရဖို့ ကြိုးစားခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုတွင်း ဒုတိယသာရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြင်သစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 908
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ရပြီး ၁၆ သင်းအဆင့်ကို ဂျော်ဂျီယာအသင်း တက်နိုင်ခဲ့ပြီးနောက် ကာဗီချာက ဂျော်ဂျီယာ လူမျိုးတွေရဲ့ဘဝမှာ အကောင်းဆုံးနေ့ကို ကြုံခဲ့ရပြီလို့ ပြောခဲ့ပါ တယ်။
ကာဗီချာက “ကျနော်ဟာ ရော်နယ်ဒိုရဲ့ ဂျာစီကိုရရှိခဲ့ပြီး ကျနော်တို့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ဒီနေ့က ဂျော်ဂျီယာလူမျိုးတွေရဲ့ဘဝမှာ အကောင်းဆုံးနေ့ပါပဲ။ ဘယ်သူကမှ ကျနော်တို့ လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှာ မဟုတ်ပေမယ့် ကျနော်တို့သမိုင်းကို ဖန်တီးနိုင်ခဲ့ပါပြီ။ ပေါ်တူဂီအသင်းကို အနိုင်ရမယ်လို့လည်း ယုံကြည်ကြမှာ မဟုတ်ပေမယ့် အခွင့်အရေး ၁ ရာခိုင်နှုန်းရှိရင်တောင် ကျနော်တို့ ဒါကို ဖြစ်အောင်လုပ်နိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဂျော်ဂျီယာအသင်းဟာ ပေါ်တူဂီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၄ မှတ်ရရှိကာ အကောင်းဆုံးအုပ်စု တတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျီယာအသင်းဟာ အဓိကပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဂျော်ဂျီယာအသင်း ပရိသတ်တွေဟာ အလွန်ပျော်ရွှင်နေခဲ့တာပါ။
ရော်နယ်ဒိုကိုတွေ့ရစဉ်
တောင်ပံကစားသမား ကာဗီချာဟာ ဒီပွဲမတိုင်ခင်မှာ သူ့ရဲ့ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့ပြီး ဒီလိုတွေ့ဆုံမှုက သူတို့ကို ယုံကြည်မှုရှိအောင် ကူညီပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကာဗီချာက “ရော်နယ်ဒိုဟာ ကျနော့်ဆီကို လာပြီးစကားပြောမယ်လို့ မတွေးထားခဲ့မိပါဘူး။ သူဟာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားနဲ့ လူပုဂ္ဂိုလ်ပါ။ ကျနော်သူ့ကို အလွန်လေးစားပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးပါ။ ပွဲမတိုင်ခင်မှာ သူစကားလာပြောတာက အံ့သြစရာကောင်းခဲ့ပြီး ဒါကလည်း ဒီပွဲမှာ ကျနော်တို့တစ်ခုခု လုပ်နိုင်မယ်ဆိုတာ ယုံကြည်အောင် ကူညီပေးခဲ့တယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပွဲချိန် ၆၅ မိနစ်အထိ ပါဝင်ကစားသွားခဲ့ပြီး အခုအချိန်ထိ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးရရှိဖို့ ရုန်းကန်နေရပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်တွေအဖြစ် ဂျော်ဂျီယာအသင်းက စပိန်အသင်း၊ ပေါ်တူဂီအသင်းက ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 424
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာ ညာဘက်ပေါင် ဒဏ်ရာပြဿနာကို ကုသမှုခံယူခဲ့ရတဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီက သူ့ရဲ့ဒဏ်ရာ အခြေအနေမစိုးရိမ်ရဖို့ မျှော်လင့် တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် ပွဲကိုပြီးဆုံးအောင်တော့ ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ အခြေအနေ မစိုးရိမ်ရဖို့ ကျနော်မျှော်လင့်ပါတယ်။ အခုအချိန်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ ခက်ခဲ နေပြီး မနက်ဖြန်မှာ ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ရမှာပါ။ ချီလီနဲ့ ကစားရတာဟာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ ရည်မှန်းချက်က အောင်မြင်ခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိသွားပါပြီ”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အဖွင့်ပွဲစဉ်မှာ ကနေဒါအသင်းကို အနိုင်ရထားတာကြောင့် ၂ ပွဲကစား ၂ ပွဲအနိုင်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာ ကုသမှုခံယူခဲ့ရတာကြောင့် အာဂျင်တီးနားအသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
မက်ဆီကိုတွေ့ရစဉ်
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဒီပွဲစဉ်ဟာ သူတို့အတွက် မလွယ်ကူခဲ့ပေမယ့် အနိုင်ရဖို့ ထိုက်တန် တယ်လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ချီလီအသင်းနဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ လောတရိုမာတီနက်ဇ်ကို လူစားဝင် ကစားသမားအဖြစ်သာ အသုံးပြုခဲ့ပြီး အယ်လ်ဗားရက်ဇ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
နည်းပြ စကာလိုနီက သူတို့ ၂ ဦးစလုံးဟာ အတူတွဲ ကစားနိုင်ပေမယ့် ဟန်ချက်ညီဖို့ကို ရှာဖွေရမယ်လို့ ပြောခဲ့ ပါတယ်။
ဒီအုပ်စုတွင်းက နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ကနေဒါအသင်းက ပီရူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချီလီအသင်း အနေနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကနေဒါအသင်းကို အနိုင်ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1038
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား အွန်နရီဟာ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ရဲ့ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းကို ၃ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ် ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။
ဝေးလ်စ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ရော့ဘ်ပေ့ချ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် FAW ဟာ ဝေးလ်စ်အသင်း နည်းပြရာထူးအတွက် သူတို့ရဲ့စာရင်းထဲ ပါဝင်သူတွေကို ချဉ်းကပ်မှု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
BBC က အွန်နရီဟာ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အွန်နရီဟာ လက်ရှိအချိန်မှာ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် ယူ-၂၁ အသင်းကို ကိုင်တွယ်နေတာပါ။
ဝေးလ်စ်အသင်းကို တွေ့ရစဉ်
အွန်နရီဟာ နည်းပြလိုင်စင်ရရှိဖို့ လုပ်ဆောင်ခဲ့တုန်းက ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေရှိခဲ့တာ ဖြစ်ပါတယ်။
ဝေးလ်စ်တိုက်စစ်မှူးဟောင်း အန်းရှောက အွန်နရီက ဝေးလ်စ်ဘောလုံး အကြောင်းကို နားလည်တဲ့အတွက် အာဆင်နယ် ကစားသမားဟောင်းကို နည်းပြအဖြစ် ဝေးလ်စ်အသင်းက ခန့်အပ်မယ့် အလားအလာကို ထောက်ခံ တယ်လို့ ပြောခဲ့ပါတယ်။
FAW ရဲ့ တာဝန်ရှိသူအချို့ဟာ ၂၀၁၈ ခုနှစ်က ရိုင်ယန်ဂစ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို ပုံစံမျိုးနဲ့ နာမည်ကြီး နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အလိုရှိနေတာပါ။
FAW ဟာ ဘဏ္ဍာရေး ကန့်သတ်မှုတွေ ရှိနေတာကြောင့် အွန်နရီသာ နည်းပြရာထူးကို လက်ခံမယ်ဆိုရင် သူ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ စပွန်ဆာကိစ္စရပ်တွေကို ဆက်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ရှိနေပါတယ်။
အွန်နရီဟာ ပြင်သစ် ယူ-၂၁ အသင်းကို မကိုင်တွယ်ခင်က ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သလို မိုနာကိုအသင်းနဲ့ မွန်ထရီရယ်လ်အသင်းတို့ကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့တာပါ။
ဝေးလ်စ်အသင်းဟာ စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီမတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 664
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ပိုလန်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘတ်ပီဟာ သူ့ရဲ့မျက်နှာဖုံးကြောင့် သက်ရောက်မှုတွေရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒက်ချမ့်စ်က “ဘတ်ပီဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် သူ့မျက်နှာဖုံးနဲ့သူ အသားကျဖို့လိုပါတယ်။ ချွေးတွေထွက်တဲ့အချိန်မှာ မျက်လုံးကို သုတ်ပေးဖို့လိုအပ်ပေမယ့် သူဟာ အမြဲတမ်းကစားဖို့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ပွဲက သူ့ကိုကောင်းမွန်အောင် လုပ်ပေးပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ သြစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးခဲ့တာကြောင့် ကာကွယ်တဲ့အနေနဲ့ မျက်နှာဖုံးဝတ်ဆင်ပြီး ပိုလန်အသင်းနဲ့ပွဲစဉ်ကို ကစားခဲ့ရတာဖြစ်ပါတယ်။
ဘတ်ပီဟာ မျက်နှာဖုံး ဝတ်ဆင်ခဲ့ရတာကြောင့် အခက်အခဲအချို့ကို ကြုံတွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ပင်နယ်တီကို ကန်သွင်းပြီး သွင်းဂိုးရယူနိုင်ခဲ့တာပါ။
ဒီဂိုးဟာ ဘတ်ပီအတွက် ယူရိုပြိုင်ပွဲမှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်ခဲ့တာပါ။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ကိုတွေ့ရစဉ်
ဘတ်ပီဟာ ဒီဂိုးသွင်းယူအပြီးမှာ သူ့ရဲ့မျက်နှာဖုံးကို ဖယ်ကာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပိုလန်အသင်းအတွက် လီဝန်ဒေါစကီးကလည်း ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့လို့ ၁ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
အဲဒါကြောင့် ပြင်သစ်အသင်းဟာ အုပ်စုတွင်းမှာ သြစတြီးယားအသင်းရဲ့အနောက် ဒုတိယနေရာရပ်တည်ကာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဒုတိယနေရာရတဲ့အတွက် စိတ်မပျက်ဘဲ သူတို့အတွက် ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
ပြင်သစ်အသင်းဟာ အုပ်စုဒုတိယ နေရာရခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ ရိုမေးနီးယား၊ဘယ်လ်ဂျီယံအသင်းတို့ပါဝင်တဲ့ အုပ်စု E က ဒုတိယရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source : Goal

- By CNI
- Category: အားကစား
- Hits: 1457
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ဆလိုဗေးနီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် နည်းပြဆောက်ဂိတ်က ပရိသတ်တွေ အသင်းနဲ့အတူ ရှိနေဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ကျနော် နားလည်ပါတယ်။ ဒါကို ကျောခိုင်းပြီးသွားမှာ မဟုတ်ပေမယ့် ဒီနေရာမှာအရေးအကြီးဆုံးက ပရိသတ်တွေ အသင်းနဲ့အတူ ရှိနေဖို့ပါ။ ပရိသတ်အချို့ရဲ့တုန့်ပြန်မှုတွေဟာ လည်ပတ်ဖို့အတွက် ပုံမှန်မဟုတ်တဲ့ပတ်ဝန်းကျင် ကို ဖန်တီးနေပါတယ်။ နောက်တစ်ဆင့်တက်တဲ့ ဘယ်အသင်းကိုမှ ဒီလိုမျိုးလုပ်တာမျိုး ကျနော်မမြင်တွေ့ဖူးပါဘူး။ သူတို့ဟာ ကျနော့်အပေါ်မှာ ခံစားချက်ချင်း မတူညီနိုင်ပေမယ့် ကျနော့်အတွက်ကတော့ သူတို့သာ အတူတူရှိနေရင် ကျနော်တို့ အောင်မြင်မှုရယူနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ဂိုးပေါက်တည့်မှု ၄ ကြိမ်သာရှိခဲ့ပေမယ့် ဒိန်းမတ်အသင်းက ဆားဘီးယားအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် အုပ်စုတွင်းထိပ်ဆုံးနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာရော ပွဲအပြီးမှာပါ အင်္ဂလန်အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။
နည်းပြဆောက်ဂိတ်ဟာ ပွဲအပြီးမှာ အင်္ဂလန်အသင်းပရိသတ်တွေရှေ့လက်ခုပ်သွားတီးတဲ့အချိန်မှာ အချို့က အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုရှိခဲ့ပေမယ့် အချို့ကတော့ လှောင်ပြောင်ပြီး ဘီယာခွက်နဲ့ သူ့ရဲ့ဦးတည်ရာကို ပစ်ပေါက်ခဲ့ကြပါတယ်။
နည်းပြဆောက်ဂိတ်ကိုတွေ့ရစဉ်
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာကျရင် ကုန်ဆုံးမှာဖြစ်လို့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၈ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပရိသတ်အချို့က သူဟာ နိုင်ငံအသင်းကို ဆက်ပြီးဦးဆောင်ဖို့ မှန်ကန်တဲ့သူလားဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ကတော့ ပရိသတ်တွေဟာ သူ့အပေါ် ခံစားချက်ရှိနေပေမယ့် အင်္ဂလန်အသင်းကို ဆက်ပြီး အားပေးဖို့ တိုက်တွန်းခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ပွဲတွေကထက် ပိုပြီးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ အကောင်းဆုံးအုပ်စု တတိယအသင်း ၄ သင်းထဲက ၁ သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 614
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာအသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် ဘရာဇီးလ် အသင်းအပေါ် ဝေဖန်မှုပြုလုပ်တဲ့ သူတွေကို နေမာက သူ့ရဲ့ဆိုရှယ်မီဒီယာကနေ မက်ဆေ့ချ်ပေးပို့ သွားခဲ့ပါတယ်။
နေမာက “ကွင်းထဲမှာရှိတဲ့ အချိန်တိုင်း ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ချင်တယ်ဆိုတာ သိသာပါတယ်။ ဘောလုံးသမားဖြစ်ပြီဆိုရင် အချိန်တိုင်း အကဲဖြတ်ခြင်းကို ခံရပါတယ်။ ဘရာဇီးလ်သားတွေဟာ ဘရာဇီးလ် လက်ရွေးစင် ဖြစ်ချင်တာကြောင့် အားလုံးကြိုးစားခဲ့ကြပါတယ်။ ဒီပွဲမှာတော့ ကျနော်ဟာ ပရိသတ်တစ်ဦးအဖြစ် အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဒီပွဲပြီးသွားပြီဖြစ်တဲ့အတွက် လေ့ကျင့်ပြီး နောက်ပွဲကို ပိုကောင်းအောင်လုပ်ရမှာ ပါ။ ကျနော်ဟာ ဒီအစုအဖွဲ့ကို အလွန်ယုံကြည်ပြီး သူတို့ဟာ အားလုံးအတွက် အကောင်းဆုံး လုပ်ပေးမယ်ဆိုတာ သိပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ် ပေမယ့် ကော်စတာရီကာအသင်းနဲ့ ဂိုးမရှိ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်ကနေ ဘရာဇီးလ် အသင်းကို အားပေးခဲ့ပြီး အားမလိုအားမရ ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် နေမာဟာ ဘရာဇီးလ်အသင်းကို ယုံကြည်မှုအပြည့်နဲ့ အားပေးသွားမယ်လို့ ပြောခဲ့ပြီး နိုင်ငံအသင်း အပေါ် ဝေဖန်တဲ့သူတွေကို မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။
နေမာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ နေမာ မပါဝင်နိုင်တဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာပါ။
အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်း နည်းပြဟာ ဗီနီစီးယက်စ်ကို ပွဲချိန် ၇၁ မိနစ်မှာ အန်းဒရစ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကော်စတာရီကာအသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့တာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 951
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ကွင်းလယ်လူ ကန်တီက သူ့ရဲ့ ကစားသမားဘဝကို ဥရောပမှာ အဆုံးသတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကန်တီက “ကျနော့်ရဲ့ ဥရောပကစားသမားဘဝက မပြီးသေးပါဘူး။ ဆော်ဒီဟာ ဘောလုံးအသစ်၊ အတွေ့အကြုံ အသစ်ပါ။ ပြင်သစ်အသင်းနဲ့ ဒီခံစားချက်တွေကို ပြန်ရှာရတာဟာ အလွန်လှပပါတယ်။ ကျနော်ဟာ ပြီးခဲ့တဲ့ရာသီ က အယ်လ်အစ်တီဟတ်အသင်းမှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ပြင်သစ်အသင်းနဲ့လည်း ကောင်းမွန်စွာ ပြင်ဆင် နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ကန်တီဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် မနှစ်က နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကန်တီဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့တာပါ။
ကန်တီဟာ ပြီးခဲ့တဲ့ သြစတြီးယား၊ နယ်သာလန်အသင်းတို့နဲ့ ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကန်တီကိုတွေ့ရစဉ်
ကန်တီဟာ သူ့ကို ကွင်းလယ် ကစားသမားအဖြစ် တိုးတက်အောင် ကူညီပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို အသိအမှတ်ပြုခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က လက်စတာအသင်းကနေ ထွက်ခွာခဲ့တဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ကန်တီဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ် ကလပ် အသင်းအတွက် ၄၆ ပွဲ ကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 2551
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို အနိုင်ရပြီးနောက် အုပ်စုပွဲစဉ် ၃ ပွဲ စလုံးကို ပေးဂိုးမရှိ နိုင်ပွဲရယူနိုင်ခဲ့တဲ့ စပိန်အသင်းကို နည်းပြ ဒယ်လာဖွန်အန်တေက ချီးကျူးသွားခဲ့ပါတယ်။
ဒယ်လာဖွန်အန်တေက “ပွဲတိုင်းက ခက်ခဲခဲ့ပေမယ့် ကျနော်တို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဟာ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ ကောင်းမွန်ခဲ့ပေမယ့် ဆက်ပြီး တိုးတက်နိုင်တယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့မှာ တိုးတက်ချင်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ကစားသမားမျိုးဆက်တွေ ရှိပါတယ်။ ကျနော်တို့ဟာ ဆက်ပြီးတိုးတက်အောင် လုပ်ရမှာဖြစ်ပြီး ဒါက ကစားသမားတွေနဲ့ နည်းစနစ်ပိုင်း အဖွဲ့ဝင်တွေအားလုံး သက်ဆိုင် ပါတယ်”လို့ ပြောခဲ့တာပါ။
စပိန်အသင်းဟာ အယ်လ်ဘေးနီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အုပ်စုပွဲစဉ် ၃ ပွဲစလုံး အနိုင် ရရှိကာ ထိပ်ဆုံးနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံးကို ပေးဂိုးမရှိ နိုင်ပွဲရယူနိုင်ခဲ့တာဟာ အဓိကပြိုင်ပွဲတွေမှာ သူတို့အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်တာပါ။
စပိန်အသင်းဟာ အုပ်စုတွင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ တစ်သင်းအဖြစ်ရှိနေတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက နောက်တစ်ဆင့်တက်ဖို့ သေချာခဲ့တဲ့ အတွက် ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ အီတလီအသင်းနဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၁၀ ဦးအထိ ပြောင်းလဲပြီး ပွဲထွက်ခဲ့ တာပါ။
စပိန်နဲ့အယ်လ်ဘေးနီးယား ယှဉ်ပြိုင်နေစဉ်
စပိန်အသင်းဟာ ဒီပြိုင်ပွဲအတွက် ခေါ်ယူလာခဲ့တဲ့ ကစားသမား ၂၆ ဦးထဲမှာ ဂိုးသမား ရီမီရိုကလွဲပြီး အားလုံးကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ စပိန်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာရန်တောရက်စ်ဟာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
အယ်လ်ဘေးနီးယား အသင်းနည်းပြ ဆယ်လ်ဗင်ဟိုက သူတို့ဟာ အုပ်စုကနေ ထွက်ခွာခဲ့ရပေမယ့် ကစားသမား တွေနဲ့ နိုင်ငံအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဘေးနီးယားအသင်းဟာ ယူရိုပြိုင်ပွဲကို ၂ ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ၂ ကြိမ်စလုံး အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာ ပါ။
အုပ်စုတွင်း ထိပ်ဆုံးနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ စပိန်အသင်းဟာ ၁၆ သင်းအဆင့်မှာ အုပ်စုတတိယ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 4151
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ခရိုအေးရှားအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိနေပေမယ့် အသင်းခေါင်းဆောင် မိုဒရစ်က သူဟာဆက်ပြီးကစားဦးမယ်လို့ ကတိပြုခဲ့ပါတယ်။
မိုဒရစ်က “ကျနော်ဟာ အမြဲတမ်း ဘောလုံးကစားချင်ပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တစ်နေ့ကျရင်တော့ ကျနော်ဟာ ကစားတာကနေ အနားယူကြောင်းကို ကြေညာရမှာပါ။ ဒါပေမယ့် ဒါက ဘယ်တော့ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ အခုအချိန်မှာတော့ ကျနော်ဟာ ဆက်ကစားသွားမှာဖြစ်ပြီး ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာ မသိပါဘူး”လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ တာပါ။
ခရိုအေးရှားအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ အီတလီအသင်းနဲ့ ကစားခဲ့ တာမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒီပွဲစဉ်မှာ မိုဒရစ်ဟာ ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို ၈ မိနစ်မှာ အီတလီအသင်းက ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
အီတလီအသင်းဟာ ဒီရလဒ်ကြောင့် အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပေမယ့် ခရိုအေးရှားအသင်းက အုပ်စုတတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
မိုဒရစ်ကို တွေ့ရစဉ်
ခရိုအေးရှားအသင်းဟာ ရမှတ် ၂ မှတ်ပဲ ရရှိထားသလို ဂိုးကွာခြားချက်မှာလည်း အနုတ်ဖြစ်နေတာကြောင့် အကောင်းဆုံးအုပ်စု တတိယနေရာ ရဖို့လည်း မလွယ်ကူတဲ့အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲကနေ စောစီးစွာ လှည့်ပြန် ရဖို့ ရှိနေတာပါ။
ဒီပွဲမှာ ခရိုအေးရှား အသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ မိုဒရစ်ဟာ အသက် ၃၈ နှစ် ၂၈၉ ရက်နဲ့ ယူရိုပြိုင်ပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
မိုဒရစ်ဟာ ခရိုအေးရှားအသင်းရဲ့ ရလဒ်ကြောင့် စိတ်ပျက်နေပေမယ့် ဆက်ကစားဦးမယ်လို့ ပြောခဲ့တာပါ။
၂၀၀၆ ခုနှစ်ကတည်းက ခရိုအေးရှားအသင်းအတွက် ပွဲထွက်ခဲ့တဲ့ မိုဒရစ်ဟာ နိုင်ငံအသင်းအတွက် ၁၇၈ ပွဲ ကစားထားပြီး ၂၆ ဂိုး သွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရရှိအောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN