
- By CNI
- Category: အားကစား
- Hits: 1248
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ဆက်သွယ်ပြီး သူ့ရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်ချင်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါ တယ်။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ၂၁၉ ပွဲမှာ ၁၅၀ ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။
ဒတ်ချ်ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့အချိန်အတွင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့ပြီးနောက် ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ နယ်သာလန်အသင်းမှာ လက်ထောက်နည်းပြ ၂ ကြိမ်လုပ်ခဲ့ပြီး အသင်းကြီးနည်းပြအဖြစ် PSV အသင်းကို ကိုင်တွယ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ PSV အသင်းကို ဒတ်ချ်ဖလားနဲ့ ဒတ်ချ်စူပါဖလား ရယူပေးနိုင်ခဲ့ပေမယ့် ကလပ်ရဲ့ပံ့ပိုးပေးမှု အားနည်းတာကြောင့် တစ်ရာသီသာ ကိုင်တွယ်ပြီး ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ မကြာသေးခင်က ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာအသင်း နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်စတာအသင်းဟာ စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
ဒါအပြင် နစ္စတယ်ရွိုင်းဟာ ကွန်ပနီထွက်ခွာသွားတဲ့ ဘန်လေအသင်းရဲ့ နည်းပြရာထူးအတွက်လည်း ချိတ်ဆက် ခံနေရတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ အဲရစ်တန်ဟတ်ဟာ နစ္စတယ်ရွိုင်းကို ယူနိုက်တက်အသင်းမှာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ချဉ်းကပ်မှုပြုလုပ်ခဲ့ပြီး ကစားသမားကလည်း အိုးထရက်ဖို့ဒ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။
လာမယ့်ရာသီ ယူနိုက်တက်အသင်း နည်းပြအဖြစ် ဆက်ရှိမယ့် အဲရစ်တန်ဟတ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်ချင်နေတာကြောင့် နစ္စတယ်ရွိုင်းကို ခေါ်ယူအားဖြည့်ချင်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ အဆိုးရွားဆုံး ရပ်တည်မှု ဖြစ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 616
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းက ဒိန်းမတ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ အသင်းဖော်တွေကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ဟာရီကိန်းက “ဒါက မဖြစ်ခဲ့ပါဘူး။ ဘယ်ကနေ ဒီသတင်း ထွက်လာလည်းဆိုတာ ကျနော် မသိပါဘူး။ လူတွေဟာ တစ်ခုခုကို ဖန်တီးဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ ပွဲအပြီးမှာ နည်းပြက ကျနော်တို့ကို အမြဲတမ်းပြောလေ့ရှိတဲ့ စကားအနည်းငယ်ပြောခဲ့ပြီး မိသားစုနဲ့အတူ ကျနော်တို့ ၇ နာရီကြာရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ ကျနော်တို့ဟာ အခုအချိန်ထိ ကောင်းမွန်စွာ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်”လို့ talkSPORT ကို ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ သူတို့ရဲ့ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကို ဆွေးနွေးမှုပြုလုပ်ဖို့ ကစားသမားတွေကြား တွေ့ဆုံမှုကို ဦးဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းကတော့ ဒီလိုတွေ့ဆုံမှု မဖြစ်ခဲ့ဘူးလို့ ငြင်းခဲ့ပြီး သူတို့တွေဟာ မိသားစုနဲ့အတူ ရှိခဲ့တယ်လို့ ပြောခဲ့တာ ပါ။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်ခင်မှာ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ထရစ်ပီယာ ဒဏ်ရာ ပြဿနာ ကြုံတွေ့နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ထရစ်ပီယာဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မပါဝင် နိုင်ခဲ့တဲ့ လုပ်ခ်ရှောရဲ့ နေရာမှာ ဘယ်နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ထရစ်ပီယာသာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မပါဝင်နိုင်ရင် အင်္ဂလန်အသင်းဟာ ကွန်ဆာ ဒါမှမဟုတ် ဂျိုဂိုးမက်ဇ်ကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက်မှာ ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အင်္ဂလန်အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရခဲ့ရင် အုပ်စုထိပ်ဆုံးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 3767
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ တူရကီအသင်းတို့ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ ဓါတ်ပုံရိုက်ဖို့ ပရိသတ် အများအပြား ကွင်းအတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က အားကစားကွင်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ ကြေညာခဲ့ပါတယ်။
ပေါ်တူဂီအသင်းက တူရကီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ ပရိသတ် တွေဟာ ရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်ရောက်မှု ၆ ကြိမ်အထိ ဖြစ်ခဲ့တာပါ။
ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်မှုကြောင့် ပွဲကို အကြိမ်ကြိမ် ရပ်နားခဲ့ရပြီး ကစားသမားတွေကို စိတ်ပျက်စေ ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်မှုကြောင့် စိုးရိမ်မိ တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ပေါ်တူဂီအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကတော့ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်လာတဲ့အပေါ် မစိုးရိမ်ပေမယ့် ပွဲကို ခဏခဏ ရပ်တန့်ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းသားတွေကို တွေ့ရစဉ်
အဲဒါကြောင့် UEFA ဟာ ဒီဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေမှာ အားကစားကွင်းတွေရဲ့ လုံခြုံရေးတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တာပါ။
UEFA ပြောရေးဆိုခွင့်ရှိသူက “အားကစားကွင်းအတွင်း လုံခြုံမှုနဲ့ လုံခြုံရေးဟာ ပြိုင်ပွဲအတွက် ဦးစားပေးဖြစ် ပါတယ်။ ပြိုင်ပွဲရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့နဲ့ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် အားကစားကွင်းတွေမှာ နောက်ထပ် လုံခြုံရေးအစီအမံတွေကို ချထားမယ်”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ကွင်းအတွင်း ပထမဆုံး ဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးနဲ့ ဆယ်လ်ဖီရိုက်ခဲ့ပေမယ့် ပရိသတ်တွေ ပိုပြီးဝင်ရောက်လာတဲ့အတွက် စိတ်ပျက်နေခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးပေမယ့် တူရကီအသင်းနဲ့ပွဲစဉ်မှာ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်ပြီးသားဖြစ်နေတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ် အဖြစ် ဂျော်ဂျီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 623
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်း ဂိုးသမား ဂန်းနဲ့ထိခိုက်မိပြီး မျက်နှာမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဗာဂါဟာ ဆေးရုံမှာ အခြေအနေ တည်ငြိမ်နေတယ်လို့ ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
ဟန်ဂေရီအသင်းက စကော့တလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဟန်ဂေရီအသင်း တိုက်စစ်မှူး ဗာဂါဟာ ထိခိုက်မှုကြောင့် ကွင်းအတွင်းမှာ အချိန်အကြာကြီး ကုသမှု ခံယူခဲ့ရတာပါ။
ဂန်းနဲ့ ဗာဂါတို့ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၆၈ မိနစ်မှာ ဆိုဘော့ဇ်လိုင်း ကန်တင်ပေးခဲ့တဲ့ ပြစ်ဒဏ်ဘောမှာ ထိခိုက်မိခဲ့တာ ဖြစ်ပြီး ဟန်ဂေရီအသင်းဖော်တွေဟာ ဆေးအဖွဲ့ကို အမြန်ဆုံး လာရောက်ဖို့ အချက်ပြခဲ့တာ ဖြစ်ပါတယ်။
ဟန်ဂေရီအသင်း ခေါင်းဆောင် ဆိုဘော့ဇ်လိုင်းဟာ ထမ်းစင်ကို ဆေးအဖွဲ့ဝင်တွေနဲ့အတူ ကွင်းထဲကို သယ်ဆောင် လာခဲ့သလို ဗာဂါကုသမှု ခံယူနေချိန်မှာ အသင်းဖော်တွေဟာ ပရိသတ်တွေ မြင်တွေ့ခြင်းမရှိအောင် အကာအကွယ် ပေးခဲ့ကြတာပါ။
ဟန်ဂေရီအသင်းကို တွေ့ရစဉ်
ဒီနောက်မှာ ဗာဂါကို ဆေးရုံအလျင်အမြန် ပို့ဆောင်ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ အခြေအနေ တည်ငြိမ်နေ ပြီလို့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗာဂါဟာ မျက်နှာမှာ အရိုးတွေ အများအပြား ကျိုးသွားခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။
ဟန်ဂေရီအသင်းနည်းပြ မာကိုရော့စီက “လူတိုင်းက သူ့အခြေအနေအတွက် စိုးရိမ်ခဲ့ကြပြီး ဆရာဝန်တွေ အနည်း ငယ် နောက်ကျပြီးမှ ရောက်လာတဲ့ အတွက်လည်း စိုးရိမ်ခဲ့ကြပါတယ်။ အခုအချိန်မှာ ဗာဂါအဆင်ပြေပါတယ်။ သူဟာ အရိုးကျိုးသွားခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ သူဟာ ကျန်းမာနေပြီး အရေးအကြီးဆုံးက သူကျန်းမာနေဖို့ပါ”လို့ ပြောခဲ့ပါတယ်။
စောကာ့တလန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဟန်ဂေရီအသင်း ခေါင်းဆောင် ဆိုဘော့ဇ်လိုင်းဟာ ဗာဂါရဲ့ ဂျာစီကို ဝတ်ဆင်ထားခဲ့တာပါ။
ဟန်ဂေရီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ ရမှတ် ၃ မှတ်နဲ့ တတိယနေရာ ရပ်တည်ခဲ့တာ ကြောင့် အကောင်းဆုံး အုပ်စုတတိယနဲ့ နောက်တစ်ဆင့် တက်နိုင်မလားဆိုတာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1095
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂
ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ထပ်ပြီး လွဲချော်ခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ သံသယတွေဟာ ကြီးထွားလာနေတာ ဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဖေဖော်ဝါရီလ ကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ ရာသီအကုန်ထိ အနားယူခဲ့ရတာပါ။
ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ လုပ်ခ်ရှောကို ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ် မတိုင်ခင် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်လာခဲ့လို့ သူ့ကို အသုံးပြုနိုင်ဖို့ နည်းပြဆောက်ဂိတ်က မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် လုပ်ခ်ရှောဟာ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့ပြီး ဒိန်းမတ် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာတော့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ အင်္ဂလန်အသင်း လူစာရင်းနဲ့ အဝေးမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး အသင်းအဖွဲ့နဲ့ ပြုလုပ်မယ့် လေ့ကျင့်ခန်း အစီအစဉ်ကို ထပ်ပြီးလွဲချော်ခဲ့တာပါ။
အဲဒါကြောင့် လုပ်ခ်ရှောအနေနဲ့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်မှုတွေ ပိုပြီးတိုးလာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လုပ်ခ်ရှော မပါဝင်နိုင်တဲ့ ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ဘယ်နောက်ခံလူအဖြစ် ထရစ်ပီယာကို အသုံးပြုခဲ့ပြီး ဆလိုဗေးနီးယားအသင်းနဲ့ ပွဲစဉ်မှာလည်း သူ့ကိုပဲ ထပ်ပြီးပွဲထွက်အသုံးပြုဖို့ ရှိနေတာပါ။
လုပ်ခ်ရှောကတော့ အင်္ဂလန်အသင်းအတွက် အမြန်ဆုံးပါဝင်နိုင်ဖို့ တစ်ဦးချင်းလေ့ကျင့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာပါ။
အင်္ဂလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗေးနီးယားအသင်းနဲ့ ဇွန်လ ၂၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1583
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂
ယူနိုက်တက်အသင်းဟာ အိုင်ဘစ်ဇာမှာ တွေ့ဆုံခဲ့တဲ့ သူတို့ရဲ့ အစည်းအဝေး အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ကို စိတ်ပျက်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ လာမယ့်ရာသီ အသင်းနည်းပြအဖြစ် အဲရစ်တန်ဟတ် ဆက်ရှိမယ် ဆိုတာကို အတည်ပြုဖို့အတွက် ဒတ်ချ်လူမျိုးနည်းပြရှိတဲ့ အိုင်ဘစ်ဇာကို သွားရောက်ပြီး သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ အဲဒီအချိန်တုန်းက အားလပ်ရက်အဖြစ် အိုင်ဘစ်ဇာမှာ အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒတ်ချ် TV တစ်ခုနဲ့ စကားပြောခဲ့တာမှာ ယူနိုက်တက်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး အသေးစိတ် အချက်အလက်တွေကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ တာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်ရဲ့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှုအပေါ် စိတ်ပျက်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ပြန်သုံးသပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတာ ပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု မရရှိသေးတာပါ။
ဒတ်ချ်လူမျိုးနည်းပြဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှု အစီအစဉ်တွေကို စတင်ရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် တိုက်စစ်မှူး၊ ကွင်းလယ်ခံစစ် ကစားသမားနဲ့ ဗဟိုနောက်ခံလူကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရိုဆင်ဘော့၊ ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 1644
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂
ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပွဲချိန်ပြည့် အကြိမ်ကြိမ်ကစားဖို့ လုံလောက်မှုရှိတဲ့အတွက် အနားပေးဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။
ရောဘတ်တိုမာတီနက်ဇ်က “ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒို မိနစ်ဘယ်လောက် ကစားခဲ့လဲဆိုတာ ခင်ဗျားတို့သိလား။ သူဟာ အတွေ့အကြုံရှိပြီး ယူရိုပြိုင်ပွဲသမိုင်းမှာ သူ့ထက် အကြိမ်အရေအတွက် ပိုကစားထားတဲ့သူ မရှိပါဘူး။ ရော်နယ်ဒိုဟာ သူ့ရဲ့အတွေ့အကြုံတွေ၊ ဂိုးအခွင့်အရေးတွေကို သယ်ဆောင်လာပြီး နေရာလွတ်တွေကိုလည်း ရှာဖွေပေးနိုင်ပါတယ်။ ရော်နယ်ဒိုဟာ ဒီမှာရှိနေဖို့ ထိုက်တန်တဲ့သူပါ”လို့ ပြောခဲ့တာပါ။
ယူရိုပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ချက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပေမယ့် ဂိုးသွင်း ယူနိုင်ခြင်း မရှိခဲ့ပါဘူး။
ရော်နယ်ဒိုနဲ့ မာတီနက်ဇ်ကို တွေ့ရစဉ်
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စံချိန်တင် ၃၅ ဂိုးသွင်းယူခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ၁၃၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ရောဘတ်တိုမာတီနက်ဇ်ဟာ ချက်အသင်းနဲ့ ပွဲစဉ်က ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး တူရကီ အသင်းနဲ့ ပွဲစဉ်မှာ သူ့ကို ပွဲချိန်အပြည့် အသုံးပြုသွားဖို့ ရှိနေတာပါ။
တူရကီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂျော်ဂျီယာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ အာဒါဂူလာဟာ ၂၀၀၄ ခုနှစ်က ရော်နယ်ဒို နောက်ပိုင်း ယူရိုပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရီးရယ်လ်ကြယ်ပွင့် အာဒါဂူလာဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုအပြည့်အဝ မရှိသေးတဲ့အတွက် သူ့ရဲ့ အခြေအနေကို အကဲဖြတ်မှုတွေ ပြုလုပ်ရမယ်လို့ တူရကီအသင်းနည်းပြ မွန်တယ်လားက ပြောခဲ့တာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 967
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂
နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာ သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အပေါ် ဒိုင်လူကြီး အမှားအယွင်း ပြုလုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်လ်ကိုးမန်းက “ဒွန်ဖရိုင်းစ် အနေအထားက လူကျွံဘောဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ ဂိုးသမားကို အနှောင့်အယှက် မပေးပါဘူး။ ကျနော့် အမြင်မှာတော့ ဒါဟာ တရားဝင် သွင်းဂိုးတစ်ခုပါ။ ဒါကို စစ်ဆေးမှုပြုလုပ်ဖို့ မိနစ်ကြာတဲ့အပေါ်မှာ ကျနော် နားမလည်နိုင်ပါဘူး။ သူဟာ ဂိုးသမားကို အနှောင့်အယှက် မပေးခဲ့ပါဘူး”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၇၀ မှာ နယ်သာလန်အသင်းအတွက် ဇာဗီဆိုင်မွန်က ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စည်းကြပ်ဒိုင်နဲ့ VAR တို့က လူကျွံတယ်ဆိုပြီး သတ်မှတ်ခဲ့တာကြောင့် အင်္ဂလန်ဒိုင်လူကြီး အန်တိုနီတေလာဟာ နယ်သာလန်အသင်း သွင်းယူတဲ့ဂိုးကို ခွင့်မပြုခဲ့တာပါ။
နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ ဒီအဖြစ်အပျက်ရဲ့ ပုံရိပ်တွေကို ကြည့်ရှုခဲ့အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို သဘောမတူညီခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ရော်နယ်လ်ကိုးမန်းက သရေရလဒ်ဟာ ၂ သင်းစလုံးအတွက် ကျေနပ်စရာ ရလဒ်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဂိုးမရှိ သရေရလဒ်ဟာ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်ဖြစ်တဲ့ စကော့တလန် အသင်းနဲ့ အင်္ဂလန်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ပထမဆုံး ဂိုးမသွင်းယူနိုင်တဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။
၂ သင်းစလုံးဟာ ဒီရလဒ်ကြောင့် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်စီ ရရှိထားကြတာပါ။
အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၅ ရက်မှာ ပြင်သစ်အသင်းနဲ့ ပိုလန်အသင်း၊ နယ်သာလန်အသင်းနဲ့ သြစတြီးယားအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 7334
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ကနေဒါအသင်းနဲ့ ကိုပါအမေရိကဖလားအဖွင့်ပွဲ ကစားခဲ့ရတဲ့ အတ္တလန်တာအသင်းရဲ့ Mercedes-Benz ကွင်းမြက်ခင်းပြင်ကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။
စကာလိုနီက “ဒီပွဲက ကမ္ဘာ့ဖလားတုန်းက ဆော်ဒီနဲ့ ကစားသလိုပါပဲ။ ကွာခြားချက်ကတော့ အဲဒီအချိန်တုန်းက ပိုကောင်းတဲ့ကွင်းမှာ ကျနော်တို့ကစားခဲ့ရတာပါ။ ကျနော်တို့ အနိုင်ရခဲ့တာက ကောင်းမွန်ခဲ့ပြီး ဒါမှမဟုတ်ရင် အကြောင်းပြချက်အနေနဲ့ ထွက်ပေါ်လာပါလိမ့်မယ်။ ကျနော်တို့ ဒီမှာ ကစားရမယ်ဆိုတာ လွန်ခဲ့တဲ့ ၇ လလောက် ကတည်းက သိရှိထားပြီး လွန်ခဲ့တဲ့ ၂ ရက်က သူတို့ဟာ မြက်ခင်းပြင်ကို ပြောင်းလဲလိုက်ပါတယ်။ ဒါက ပွဲအတွက် မကောင်းသလို ဒီမြက်ခင်းပြင်နဲ့ ကစားသမားတွေအတွက်လည်း အဆင်မပြေပါဘူး”လို့ ပွဲအပြီး သတင်းထောက် တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။
ဒီကွင်းကို မေဂျာလိဂ်ကလပ် အတ္တလန်တာအသင်းနဲ့ NFL ကလပ် အတ္တလန်တာဖယ်လ်ကွန်စ်အသင်းတို့ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုတာဖြစ်ပြီး မြက်ခင်းတုကွင်းဖြစ်ပေမယ့် ပြိုင်ပွဲအဖွင့်ပွဲမတိုင်ခင်မှာ ယာယီမြက်ခင်းပြင် တစ်ခုနဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုအရ ပြိုင်ပွဲကျင်းပမယ့် ကွင်းတွေကို မြက်ခင်းပြင်အဖြစ် ပြောင်းလဲခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အတ္တလန်တာအသင်းအိမ်ကွင်းဟာ မြက်ခင်းတုအဖြစ် ရှိနေဆဲဖြစ်တာပါ။
အာဂျင်တီးနားအသင်းဂိုးသမား အီမီမာတီနက်ဇ်ကလည်း ဒီကွင်းဟာ သူတို့အတွက် အနည်းငယ်အခက်အခဲ ဖြစ်စေခဲ့ပြီး ဒီလိုအပိုင်းတွေမှာ တိုးတက်မှုမရှိရင် ကိုပါအမေရိကဖလားဟာ ယူရိုပြိုင်ပွဲထက် နိမ့်ကျတဲ့အဆင့်မှာပဲ ရှိနေမယ်လို့ ဝေဖန်ခဲ့ပါတယ်။
Mercedes-Benz ကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ပွဲစဉ် အပါ အဝင် ပွဲစဉ် ၈ ပွဲအထိ လက်ခံကျင်းပသွားမှာပါ။
အဖွင့်ပွဲစဉ်မှာ ကနေဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန် ၂၅ ရက်မှာ ချီလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 11839
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
စပိန်အသင်းနည်းပြ ဒယ်လာဖွန်အန်တေက အီတလီအသင်းကို အနိုင်ရကာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူတို့အသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီးနောက် စပိန်အသင်းထက် ပိုကောင်းတဲ့ အသင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဒယ်လာဖွန်အန်တေက “ဒါက အနိုင်ရရုံတင် မဟုတ်ဘဲ လက်ရှိ ဥရောပချန်ပီယံနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပုံစံပါ။ ကျနော်တို့ဟာ အီတလီအသင်းကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ကျနော်တို့ရခဲ့တဲ့ အခွင့်အရေးနဲ့ ဒီထက်ပိုပြီး အနိုင်ရ ခဲ့သင့်တာပါ။ စပိန်အသင်းထက် ပိုကောင်းတဲ့အသင်း မရှိပေမယ့် ကျနော်တို့က သတိရှိရမှာဖြစ်ပြီး လွယ်ကူမှာ မဟုတ်ပါဘူး။ စပိန်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းဖြစ်ပေမယ့် ကျနော်တို့ ဘာမှမလုပ်ရသေး ဘူးဆိုတာ သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ စပိန်အသင်းက လက်ရှိချန်ပီယံ အီတလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ တာပါ။
စပိန်အသင်းဟာ ဒီပွဲစဉ်မှာ အီတလီအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၂၀ အထိပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိ ရှိခဲ့ပါတယ်။
စပိန်အသင်းကို တွေ့ရစဉ်
အီတလီအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာပါ။
အီတလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ နီကိုဝီလီယံစ်ဟာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် UEFA က ချီးမြှင့်တဲ့ဆုကို ရရှိခဲ့ပါတယ်။
အီတလီအသင်းနည်းပြ စပယ်လက်တီက စပိန်အသင်းအတွက် ထိုက်တန်တဲ့ရလဒ်ဖြစ်ပြီး သူတို့ဟာ ဒီပွဲစဉ်မှာ အသင်းတစ်သင်းအနေနဲ့ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့အတွက် အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု B ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ စပိန်အသင်းက ၆ မှတ်နဲ့ ပထမ၊ အီတလီအသင်းက ၃ မှတ်နဲ့ ဒုတိယ၊ အယ်လ်ဘေးနီးယားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ၁ မှတ်စီနဲ့ တတိယ၊ စတုတ္ထနေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN