CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈

အာဆင်နယ်အသင်း အားကစားဒါရိုက်တာ ဘာတာဟာ ပေါ်တူဂီနိုင်ငံမှာ စပို့တင်းလစ္စဘွန်းအသင်း တာဝန်ရှိသူ တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ယိုကီရက်စ် ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ၅ နှစ် စာချုပ်ချုပ်ဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီးနောက် မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ကလပ်အသင်း နှစ်သင်းကြား ဆွေးနွေးမှုတွေဟာ အရှိန်မြှင့် လာခဲ့တာပါ။ 

အာဆင်နယ်အသင်း အားကစားဒါရိုက်တာ ဘာတာဟာ ယိုကီရက်စ်ရဲ့ အပြောင်းအရွှေ့အတွက် စပို့တင်းလစ္စဘွန်း အသင်း အကြီးအကဲတွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လစ္စဘွန်းကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး စာချုပ်ကိစ္စ အပြီး သတ်ဖို့ ကျန်ရှိနေပေမယ့် လန်ဒန်ကလပ်ဟာ ဆွီဒင်တိုက်စစ်မှူးကို မကြာမီခေါ်ယူနိုင်မယ်လို့ ယုံကြည်ထား တာပါ။ 

ယိုကီရက်စ်ကို တွေ့ရစဉ်

ယိုကီရက်စ် ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ 

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း ဂိုးသမား ကယ်ပါနဲ့ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူထားတဲ့ အာဆင်နယ်အသင်းဟာ ဘရန်ဖို့ဒ်အသင်း ခေါင်းဆောင် နော်ဂတ်ရဲ့ အပြောင်းအရွှေ့ကိုလည်း ကြေညာဖို့ ရှိနေတာပါ။

ဒါအပြင် အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်တိုက်စစ် ကစားသမား အီဇီကို ခေါ်ယူနိုင်ဖို့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ 

အာဆင်နယ်အသင်းဟာ မာဒူကီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ချယ်လ်ဆီးအသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ လိုချင်နေတာပါ။ 

အာဆင်နယ်အသင်းအနေနဲ့ အီဇီကို ခေါ်ယူချင်တယ်ဆိုရင် သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၆၅ သန်းပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

Source:BBC