CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇

အင်တာမိုင်ယာမီအသင်းဟာ အသင်းခေါင်းဆောင်မက်ဆီရဲ့ အာဂျင်တီးနားအရင်းအနှီးဆုံးအသင်းဖော်တွေထဲက တစ်ဦးဖြစ်တဲ့ အသလက်တီကိုအသင်းကွင်းလယ်လူ ဒီပေါလ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ 

မက်ဆီရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် အင်တာမိုင်ယာမီအသင်းက သူအသင်းမှာ စာချုပ်သက်တမ်း တိုးပြီး ဆက်ရှိနေနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီပေါလ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။ 

အသလက်တီကို အသင်း ဟာ ဒီပေါလ်ကို ရောင်းချမယ့်စာရင်းထဲထည့်သွင်းထားပြီး ပေါင် ၁၂ သန်းကျော်ရရင်ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ 

အင်တာမိုင်ယာမီအသင်းရဲ့ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မက်စ်ဟာ မက်ဒရစ်မှာ ရှိနေတယ်လို့ The Miami Herald သတင်းက ဖော်ပြထားတာပါ။

ဒီပေါလ်ဟာ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့ အသက် ၃၁ နှစ်သာရှိသေးတာကြောင့် အင်တာမိုင်ယာမီအသင်းက သူဟာ အကောင်းဆုံးခေါ်ယူမှုဖြစ်လာနိုင်မယ်လို့ ယုံကြည် နေတာဖြစ်ပါတယ်။

ဒီပေါလ်နဲ့ အသလက်တီကိုအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ဇွန်လအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် နည်းပြဆီမြွန်နီက သူ့ကိုအသင်းမှာ ဆက်ထိန်းသိမ်းချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ပါ။

အင်တာမိုင်ယာမီအသင်းရဲ့ အဓိကကွင်းလယ်လူ ဘတ်စ်ကွက်စ်ဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်လို့ အသင်းဟာ သူ့ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ ဒီပေါလ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒီပေါလ်ဟာ အာဂျင်တီးနားအသင်း ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှု တွေရယူနိုင်ခဲ့ချိန် အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သလို အသလက်တီကိုအသင်းမှာလည်း အရေးပါတဲ့ ကွင်းလယ်လူအဖြစ်ရှိခဲ့တာပါ။

၂၀၂၁ ခုနှစ်က အူဒီးနီးစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီပေါလ်ဟာ အသလက်တီကိုအသင်းအတွက် ၁၈၇ ပွဲကစားထားပြီး ၁၄ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:Goal