CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇

ကိုလံဘီယာ တိုက်စစ်မှူး ဒူရန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းကနေ တူရကီကလပ် ဖီနာဘာချီအသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒူရန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ အက်စတွန်ဗီလာအသင်းကနေ ယူရို ၈၅ သန်းနဲ့ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် ဆော်ဒီကလပ်မှာ ၆ လကြာသာကစားကာ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

အသက် ၂၁ နှစ်အရွယ်ရှိ ဒူရန်ဟာ အယ်လ်နာဆာအသင်းအတွက် ၁၈ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ အသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၃ နဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိ အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဒူရန်ဟာ အယ်လ်နာဆာအသင်းမှာ အဆင်မပြေမှုတွေ ရှိခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပြန်လည် ထွက်ခွာနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ 

ဒူရန်ကိုတွေ့ရစဉ်

ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုနဲ့ ဒါရိုက်တာ အိုဇက်တို့ဟာ ဒူရန်ကို ခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်ထားခဲ့ တာကြောင့် အသင်းဟာ သူ့ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ ဒူရန်ကို အသင်းနဲ့အတူ အောင်မြင်တဲ့ရာသီ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေတာပါ။ 

ပြီးခဲ့တဲ့ရာသီရဲ့ ပထမရာသီဝက်မှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်သီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဒူရန်ဟာ ဖီနာဘာချီအသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်းဟာ နည်းပြမော်ရင်ဟို လက်ထက် ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှု မရခဲ့တာကြောင့် ရာသီသစ်မှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေကာ ကစားသမားသစ်တွေ ထပ်ပြီးအားဖြည့်နိုင်ဖို့ လုပ်ဆောင် နေတာပါ။ 

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် တတိယအဆင့် ခြေစစ်ပွဲကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN