CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားပြီး ၅၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ယိုကီရက်စ်ဟာ ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့က သူ့ကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

စပို့တင်းလစ္စဘွန်းအသင်းဟာ ယိုကီရက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပိုပြီးလိုချင်နေတာကြောင့် သူနဲ့အသင်းတို့ အကြားမှာ တင်းမာမှုတွေ ရှိနေတာဖြစ်ပါတယ်။ 

စပို့တင်းလစ္စဘွန်းနဲ့ ယိုကီရက်စ်တို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းလာခဲ့ရင် လက်လွှတ်ပေးမယ်ဆိုပြီး လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုရှိထားတာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်

ဒါပေမယ့် စပို့တင်းလစ္စဘွန်းအသင်းက ယိုကီရက်စ်နဲ့ ဒီလို သဘောတူညီမှု မရှိထားသလို ယူရိုသန်း ၇၀ ထက် ပိုပြီး လိုချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ယိုကီရက်စ်ဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို ပူးပေါင်းမှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေး လုပ်ဆောင်နေတာပါ။

အခုအချိန်မှာ အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ရဲ့ အေးဂျင့်နဲ့ အပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘော တူညီမှုရရှိဖို့ နီးစပ်နေပြီလို့ L'Equipe က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိဖို့ ကြိုးပမ်း ရဦးမှာပါ။ 

စပို့တင်းလစ္စဘွန်းအသင်း အကြီးအကဲ ဗာရန်ဒက်စ်က သူတို့ဟာ ယိုကီရက်စ်ကို ရောင်းချဖို့ မလိုအပ်သလို ဒီအပြောင်းအရွှေ့အတွက် အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ပြောထားပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး မကြာသေးမီက ချယ်လ်ဆီးအသင်း ဂိုးသမား ကယ်ပါကို ခေါ်ယူထားသလို ဆိုစီဒက်အသင်းက ဇူဘီမန်ဒီကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ 

Source: Dailymail