လာအိုကလပ်နဲ့ ရှမ်းယူနိုက်တက် ယှဉ်ပြိုင်ရမည်
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅
မြန်မာနေရှင်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ AFF Shopee Cup 2025-26 ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့် ကနေ စတင်ရမှာဖြစ်ပြီး လာအိုကလပ် EZRA FC အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ခြေစစ်ပွဲအဆင့်ကို နှစ်ကျော့ ကစားရမှာဖြစ်ပြီး ပထမအကျော့အဖြစ် သြဂုတ် ၈ ရက်မှာ လာအိုနိုင်ငံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကို သြဂုတ် ၁၅ ရက် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲအနိုင်ရရှိတဲ့ အသင်းဟာ အုပ်စု B မှာ ထိုင်းကလပ် ဘန်ကောက် ယူနိုက်တက်၊ မလေးရှားကလပ် ဂျိုဟိုးလ် ဒါရူးလ်၊ ဗီယက်နမ်ကလပ် နမ်ဒင်း၊ စင်္ကာပူကလပ် လိုင်းယွန်းစီးတီး၊ ဖိလစ်ပိုင်ကလပ် PKR ဆာဗေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အုပ်စု A မှာတော့ ထိုင်းကလပ် ဘူရီယမ်၊ ဘီဂျီပသန်ယူနိုက်တက်၊ မလေးရှားကလပ် ဆီလန်ဂေါ၊ ဗီယက်နမ် ကလပ် ဟနွိုင်း၊ စင်္ကာပူကလပ် တန်ပိုင်းစ်ရိုဗာစ်အသင်းတို့နဲ့ ခြေစစ်ပွဲအဆင့်က အနိုင်ရတဲ့အသင်းတို့ တစ်အုပ်စု တည်း ကျရောက်နေတာပါ။
ဒီအုပ်စု A အတွက် ခြေစစ်ပွဲအဖြစ် ဘရူနိုင်းကလပ် ကာဆူကာနဲ့ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုအဆင့်ပွဲတွေကို ၂၀၂၅ ခုနှစ်၊ သြဂုတ်ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီအထိ ယှဉ်ပြိုင်သွားမှာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက AFF Shopee Cup ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် ၅ ပွဲကစားပြီး ၅ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။