CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

လာအိုသမ္မတ ထောင်လွန် ဆီဆူးလစ်၏ ဖိတ်ကြားချက်အရ သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ  ၅ ရက်အထိ သွားရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်မှာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဖြစ်ပြီး၊ အိမ်နီးချင်း နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်ဟု လာအိုသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံသို့လည်းကောင်း သွားရောက်ထားပြီးဖြစ်၍ ယခု လာအို ခရီးစဉ်သည် တတိယမြောက် ပြည်ပ ခရီးစဉ်ဖြစ်သည်။