CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅

ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပါလ်မီးရပ်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ 

ဒီပွဲရဲ့ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါမားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမိနစ် ၅၀ ကျော် မှာ အီစတီဗာအိုက ပါလ်မီးရပ်စ်အသင်းအတွက် ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာပါ။ 

အီစတီဗာအိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး မပူးပေါင်းမီမှာ သွင်းဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲရဲ့မိနစ် ၈၀ ကျော်မှာ ချယ်လ်ဆီးအသင်း အနိုင်ဂိုးရခဲ့ပြီး ဂတ်စ်တို့ရဲ့ ကန်သွင်းမှုကို ပါလ်မီးရပ်စ်အသင်း ဂိုးသမား ဝီဗာတန်ရဲ့ဖမ်းရာမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့တာပါ။

ချယ်လ်ဆီး ကစားသမားနဲ့ ပြိုင်ဘက်ကစားသမားကိုတွေ့ရစဉ်

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ပါလ်မီးရပ်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ ဖလူမင်နန်စီအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဖလူမင်နန်စီအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အဲဒါကြောင့် ချယ်လ်ဆီးနဲ့ ဖလူမင်နန်စီအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဖြစ် ထိပ်တိုက် တွေ့ဆုံရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ ဖလူမင်နန်စီအသင်းရဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၈ ရက်မှာ ယှဉ်ပြိုင် သွားမှာပါ။ 

ဖီဖာကလပ် ကမ္ဘာ့ဖလား နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် PSG နဲ့ ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်နဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: Dailymail