CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုနဲ့ မာလာစီယာတို့ကို အသင်းသစ် ရှာဖွေရာမှာ အဆင်ပြေနိုင်စေဖို့အတွက် အသင်းရဲ့ရာသီကြို လေ့ကျင့်မှု အစီအစဉ်ကို နောက်ကျပြီးမှ လာရောက်ပူးပေါင်းဖို့ ခွင့်ပြုခဲ့ပါတယ်။

သူတို့ ၅ ဦးစလုံးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို ယူနိုက်တက် အသင်းထံ အသိပေး အကြောင်းကြားထားတာပါ။ 

ယူနိုက်တက်အသင်းဟာ တနင်္လာနေ့မှာ ရာသီကြို လေ့ကျင့်မှုတွေစတင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ သူတို့ ၅ ဦးကို အပြောင်းအရွှေ့ကိစ္စတွေ စီစဉ်နိုင်ဖို့အတွက် အသင်းနဲ့ နောက်ကျပြီးမှ ပူးပေါင်းခွင့်ပြုခဲ့တာပါ။ 

သူတို့တွေအနေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူးဆိုရင် ဇူလိုင်လကုန်ပိုင်းမှာ အသင်းထံ ပြန်လည်သတင်းပို့ပြီး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ဂါနာချိုကို တွေ့ရစဉ် 

ယူနိုက်တက်အသင်း နည်းပြအာမိုရင်ဟာ အသင်းကို ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူပေးချင်နေတာကြောင့် စိန်ခေါ်မှု အပြည့်အဝရှိပြီး စည်းလုံးတဲ့အသင်းကို လိုချင်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ကျောနံပါတ် ၁၀ ကို ဆုံးရှုံးမယ်လို့ ယူနိုက်တက်အသင်းရဲ့ ပြောကြားမှုကို ခံထားရပါတယ်။

ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ကွန်ညာကို ကျောနံပါတ် ၁၀ ပေး ဝတ်သွားမှာ ဖြစ်ပါတယ်။ 

အန်တိုနီနဲ့ မာလာစီယာတို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ဘက်တစ်နဲ့ PSV အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ဆန်ချိုက ချယ်လ်ဆီးအသင်းထံ ရာသီကုန်အထိ အငှားနဲ့ ကစားခဲ့ တာပါ။

ချယ်လ်ဆီးအသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့တာကြောင့် သူဟာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမေရိကန်နိုင်ငံကို ရာသီကြို ခြေစမ်းပွဲ ခရီးမထွက်ခွာမီ ပထမဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၉ ရက်မှာ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: ESPN