
- By CNI
- Category: အားကစား
- Hits: 1616
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အီတလီလူမျိုးနည်းပြ မန်ချီနီဟာ ဆော်ဒီအသင်းကို နည်းပြအဖြစ် ၁၄ လကြာ ကိုင်တွယ်ပြီးနောက် နည်းပြရာထူး ကနေ ထွက်ခွာခဲ့ပါတယ်။
မန်ချီနီဟာ ၂၀၂၃ ခုနှစ်က ဆော်ဒီအသင်း နည်းပြရာထူးအတွက် ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်အဆုံး သတ်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။
ဆော်ဒီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေတာဖြစ်ပါတယ်။
မန်ချီနီဟာ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာလည်း ဆော်ဒီအသင်းကို ၁၆ သင်းအဆင့် ထိရောက်အောင်သာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်းမရှိတာပါ။
မန်ချီနီဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲထံ နာမည်ကြီး ကစားသမားတွေ ရောက်ရှိလာမှုကြောင့် ပြည်တွင်း ကစားသမား တွေ နေရာမရတာက နိုင်ငံအသင်းအပေါ် သက်ရောက်မှုရှိတယ်လို့ ထုတ်ပြောထားဖူးပါတယ်။
မန်ချီနီကို တွေ့ရစဉ်
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ မန်ချီနီရဲ့နေရာ ဆက်ခံမယ့်သူကို လာမယ့် ရက်အနည်းငယ်အတွင်း ခန့်အပ်သွား မယ်လို့လည်း အတည်ပြုထားတာပါ။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအသင်းအတွက် နောက်ထပ် နာမည်ကြီးနည်းပြတစ်ဦး ထပ်မံခန့်အပ် မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမ သိရသေးပါဘူး။
ဆော်ဒီအသင်းဟာ ပြီးခဲ့တဲ့ ခြေစစ်ပွဲ ၄ ပွဲမှာ တရုတ်အသင်းကိုသာ အနိုင်ရခဲ့ပြီး အင်ဒိုနီးရှားနဲ့ ဘာရိန်းအသင်းကို သရေ၊ ဂျပန်အသင်းကို အရေးနိမ့်ခဲ့တာပါ။
ဆော်ဒီအသင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဆော်ဒီအသင်းဟာ လာမယ့် နိုဝင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် သြစတြေးလျ၊ အင်ဒိုနီးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1058
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနီကတ် ပြသခံရပြီးနောက် ကွင်းလယ်ဒိုင်လူကြီးရဲ့ ရှင်းပြချက်ကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ပါတယ်။
မော်ရင်ဟိုက “ကွင်းလယ်ဒိုင်လူကြီးဟာ ကျနော်တို့ကို မယုံနိုင်လောက်တဲ့ အရာတစ်ခုခုကို ပြောခဲ့ပါတယ်။ သူဟာ တစ်ချိန်တည်းမှာပဲ ဧရိယာအတွင်းက အဖြစ်အပျက်နဲ့ ကွင်းဘေးက ကျနော့်ရဲ့အပြုအမူကို မြင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါက လုံးဝကို မယုံနိုင်စရာဖြစ်လို့ သူ့ကို ကျနော်ဂုဏ်ပြုပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးတစ်ဦးပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ဒီပွဲစဉ်မှာ ဖီနာဘာချီအသင်း ရရှိမယ့် ပင်နယ်တီ ငြင်းပယ်ခံရပြီးနောက် ဒေါသထွက်ကာ ကွင်းဘေး ရှိ ဒိုင်လူကြီးနဲ့ ပြင်းပြင်းထန်ထန် အငြင်းအခုံ ဖြစ်နေချိန်မှာ ကွင်းလယ်ဒိုင်လူကြီးက သူ့ကို တိုက်ရိုက် အနီကတ် ပြသခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ဒီအနီကတ် ပြစ်ဒဏ်အပေါ် အယူခံဝင်သွားမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ဒီပွဲမှာ အဲရစ်ဆန်က ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် အန်နီဆရီက ဖီနာဘာချီအသင်း အတွက် ချေပဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ဖီနာဘာချီအသင်း ယှဉ်ပြိုင်နေစဉ်
ဖီနာဘာချီအသင်းဟာ သရေရလဒ်ကြောင့် ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၅ မှတ် ရရှိထားကာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။
မော်ရင်ဟိုက ဒီပွဲမှာ ဖီနာဘာချီအသင်းဟာ သူ့ရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းထက် ပိုကောင်းခဲ့တာ ကြောင့် ယူနိုက်တက်အသင်း ရလဒ်ကောင်း ရရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီပွဲမှာ ဖီနာဘာချီအသင်းဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဂိုးသမား အိုနာနာက နိုင်ပွဲမရခဲ့တာကြောင့် တစ်သင်းလုံးပျော်ရွှင်ခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး သရေရလဒ်ရရှိကာ အဆင့် ၂၁ နေရာမှာ ရပ်တည်နေတာပါ။
လာမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေအဖြစ် ဖီနာဘာချီအသင်းက AZ အယ်လ်ခမာ၊ ယူနိုက်တက်အသင်းက PAOK အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2672
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပဲလေ့စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲကစားအပြီးမှာ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ရမှတ် ၃ မှတ်သာရရှိကာ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။
ပဲလေ့စ်အသင်းတာဝန်ရှိသူတွေဟာ အသင်းဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပြီးနောက် နည်းပြ ဂလက်စ်နာရဲ့အနာဂတ်ကို စဉ်းစားမှုတွေပြုလုပ်နေတာပါ။
အဲဒါကြောင့် ပဲလေ့စ်အသင်းဟာ နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်နေပြီး ဆောက်ဂိတ်ဟာ သူတို့ရဲ့ နည်းပြလောင်း စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ ပဲလေ့စ်အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၅ ခုနှစ်အထိ ပွဲပေါင်း ၁၉၀ ကျော်ပါဝင်ကစားကာ အသက် ၂၃ နှစ်အရွယ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
ပဲလေ့စ်အသင်းဟာ နည်းပြ ဂလက်စ်နာကို ရာထူးကနေထုတ်ပယ်ခံရမယ်ဆိုရင် သူတို့ရဲ့ကစားသမားဟောင်းကို နည်းပြအဖြစ်ခန့်အပ်ဖို့ စဉ်းစားနေသလို သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့ ဝက်စ်ဟမ်းအသင်း နည်းပြဟောင်း ဒေးဗစ်မိုယက်စ်တို့လည်း ပါဝင်နေပါတယ်။
ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေလည်း ခံထားရပေမယ့် သူကတော့ နည်းပြလောကထဲကို လာမယ့်နှစ်အထိ ပြန်ဝင်ရောက်မှာမဟုတ်ဘူးလို့ ပြောထားတာပါ။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ကနေ ၂၀၂၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် ပို့ဆောင်ပေးခဲ့ ပေမယ့် ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ပဲလေ့စ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲမရယူနိုင်ရင် နည်းပြ ဂလက်စ်နာဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သိရပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 942
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
အာဆင်နယ်အသင်း ကစားသမားဟောင်း ဆက်ဂ်ညာက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာ ကစားတာ မြင်တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။
ဆက်ဂ်ညာက “ပရီးမီးယားလိဂ်က ပေါ့ဘာနဲ့ လိုက်ဖက်ပြီး ကျနော်သူ့ကို အာဆင်နယ်အသင်းမှာ ကစားတာ မြင်တွေ့ချင်ပါတယ်။ သူဟာ အတွေ့အကြုံရှိသလို လူငယ်ကစားသမားတွေနဲ့ ကစားရတာကို နှစ်သက်ပြီး ဒါက သူ့အတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။ အာဆင်နယ်က ငယ်ရွယ်ပြီး လန်းဆန်းနေတဲ့ အသင်းဖြစ်တာကြောင့် သူ့ကို အာဆင်နယ်ဂျာစီနဲ့ ဖျော်ဖြေနေတာကို ကျနော်မြင်တွေ့ချင်ပါတယ်။ သူဟာ ပရိသတ်တွေဆီကနေ အချစ်တွေကိုလည်း ရရှိမှာပါ”လို့ Paddy Power ကို ပြောခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲခဲ့တာကြောင့် ၄ နှစ်ကြာ ပွဲကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာမှာ ၁၈ လ လျှော့ချခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်လို့ရမှာဖြစ်ပြီး မတ်မှာ ပွဲကစားခွင့်ရရှိမှာပါ။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ပြန်ပြောင်းရွှေ့ခဲ့ပေမယ့် ၁၂ ပွဲသာ ပါဝင်ကစားထားရသေးတာဖြစ်ပါတယ်။
ပေါ့ဘာကိုတွေ့ရစဉ်
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ပြီး ကစားချင်နေပေမယ့် အီတလီကလပ်ကတော့ သူ့ကို စာချုပ် ဖျက်သိမ်းဖို့ လုပ်ဆောင်နေတာပါ။
အဲဒါကြောင့် ဆက်ဂ်ညာက ပေါ့ဘာကို ပရီးမီးယားလိဂ်ထံ ပြန်လာပြီး အာဆင်နယ်အသင်းမှာ ကစားတာကို မြင်တွေ့ချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အာဆင်နယ်အသင်းက သူ့အတွက် ကောင်းမွန်တဲ့ အသင်းဖြစ်နိုင်တယ်လို့ ဆက်ဂ်ညာက ယုံကြည်မှုရှိနေတာပါ။
မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ်ဟာ ပေါ့ဘာ ပြောင်းရွှေ့ဖွယ်ရှိတဲ့ လိဂ်တွေအဖြစ်ရှိနေပြီး သူကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ပြင်သစ်အသင်းမှာ သူ့ရဲ့နေရာ တစ်နေရာကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 2219
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပါတာအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့သွင်းဂိုးက လူသားတစ်ဦးအတွက် ပုံမှန်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “သူဘယ်လို ဂိုးသွင်းလဲဆိုတာကို ကျနော်မသိပါဘူး။ လူသားတစ်ဦးအတွက် ဒါကပုံမှန် မဟုတ် ဘူးလို့ ကျနော်ပြောချင်ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့ဂိုးကို သွင်းယူခဲ့တာပါ။ ဟာလန်းဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက ဒီလိုပဲ မယုံနိုင်လောက်တဲ့ ဂိုးကို သွင်းခဲ့ပါတယ်။ ဘယ်သွင်းဂိုး က ပိုခက်ခဲလဲဆိုတာ မသိပေမယ့် ကျနော်ကတော့ ၂ ဂိုးစလုံးပြောချင်တယ်”လို့ ပြောခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲမှာ ဆာဗင်ဟို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို နောက်ဖနောင့် Volley ကန်ချက်နဲ့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက စပါတာအသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းက ၂ ဂိုးသွင်းပြီး ဖိုဒန်၊ ဂျွန်စတုန်းစ်နဲ့ မာသီးယက်စ်နူနက်စ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။
ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
ဟာလန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ချန်ပီယံလိဂ် ၄၂ ပွဲ ကစားအပြီးမှာ ၄၄ ဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံး စာရင်းရဲ့ နံပတ် ၁၆ နေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဖော် မာသီးယက်စ်နူနက်စ်နဲ့ စပါတာအသင်း နည်းပြတို့ကလည်း ဟာလန်းရဲ့ သွင်းဂိုးကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁၂ ပွဲ ကစားအပြီးမှာ ၁၃ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြသနေ တာပါ။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ယူနိုက်တက်အသင်းရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 793
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄
ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ဟာက ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာက အသင်းပရိသတ်တွေအတွက် လက်စားချေနိုင်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ရာဖင်ဟာက “ဒါက ပရိသတ်တွေအတွက် လက်စားချေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ကတော့ ပြီးခဲ့တာတွေကို မကြည့်ဘဲ လာမယ့်ပွဲတွေကို အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ ကျနော်ဟာ ပရိသတ်တစ်ဦးအနေနဲ့ ဒီရလဒ်တွေကို ခံစားခဲ့ရတာပါ။ ကလပ်အတွက် ကျနော့်ရဲ့ ပွဲ ၁၀၀ မြောက်မှာ ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာက အံ့သြစရာကောင်းပြီး ထူးခြားတဲ့ညပါပဲ။ အသင်းတစ်သင်းအနေနဲ့ ကျနော်တို့ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ဒါက အရေးကြီးဆုံးပါပဲ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ရာဖင်ဟာက ဟက်ထရစ်နဲ့ လီဝန်ဒေါစကီးက ၁ ဂိုး သွင်းယူခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးကို ဟာရီကိန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၂၀ ခုနှစ်က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ တာ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် အရေးနိမ့်မှုကို ဒီပွဲမှာ နိုင်ပွဲယူပြီး အဆုံးသတ်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်နဲ့ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်း ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်ခဲ့တဲ့ ရာဖင်ဟာဟာ ဟက်ထရစ်ဂိုးနဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့တာဟာ လာမယ့် ရီးရယ်လ်အသင်းနဲ့ လာလီဂါပွဲစဉ်အတွက် သူတို့ကို ယုံကြည်မှုပေးတယ်လို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဒီပွဲရလဒ်အတွက် ကျနော်တို့ အလွန်ဂုဏ်ယူမိပြီး လာမယ့် စနေနေ့မှာ နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲကို ဆက်ကစားရမှာပါ။ ကျနော်တို့ နောက်ထပ် ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသချင်ပါတယ်။ ဒီနိုင်ပွဲဟာ ရီးရယ်လ်အသင်းနဲ့ပွဲအတွက် ကျနော်တို့ကို ယုံကြည်မှုပေးပြီး အသင်းအတွက် အလွန်ဂုဏ်ယူမိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 929
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
အာဆင်နယ်အကယ်ဒမီ ကစားသမားတွေဟာ ယူ-၁၈ အသင်းနည်းပြ ဝီလ်ရှိုင်းယားကို နော်ဝစ်ချ်အသင်းထံ ထွက်ခွာခွင့်ပေးခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေကြပါတယ်။
ဝီလ်ရှိုင်းယားဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီမှာ အာဆင်နယ် ယူ-၁၈ အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာပါ။
ဝီလ်ရှိုင်းယားဟာ အာဆင်နယ်လူငယ်အသင်းကို ၂၀၂၂-၂၃ ရာသီက FA Youth Cup ဗိုလ်လုပွဲအထိ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ကိုင်တွယ်မှုတွေကြောင့် အထင်ကြီးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဝီလ်ရှိုင်းယားဟာ သူ့ရဲ့နည်းပြဘဝကို နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် နော်ဝစ်ချ်အသင်း နည်းပြ အဖွဲ့ထဲမှာ ပါဝင်ကာ ပထမအသင်း နည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
အင်္ဂလန်နဲ့ အာဆင်နယ် ကစားသမားဟောင်းဟာ နော်ဝစ်ချ်အသင်း အားကစားဒါရိုက်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ချန်ပီယံရှစ်ကလပ်ထံ ပြောင်းရွှေ့ဖို့ ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်ဖြစ်ခဲ့ပါတယ်။
ဝီလ်ရှိုင်းယားကို တွေ့ရစဉ်
အာဆင်နယ်အကယ် ဒမီကစားသမားတွေကတော့ နည်းပြ ဝီလ်ရှိုင်းယား ထွက်ခွာမယ့်အပေါ် အံ့အားသင့်နေကြ ပြီး ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေကြတာပါ။
၁၄ နှစ်အရွယ်ရှိ မတ်ဇ်ဒေါင်းမန်းနဲ့ သူနဲ့ နီးစပ်သူတွေက ဝီလ်ရှိုင်းယား ထွက်ခွာမယ့်အပေါ် အလွန်စိတ်ပျက်နေ ကြောင်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
UEFA Youth League သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ခဲ့တဲ့ မတ်ဇ်ဒေါင်းမန်းကို ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့နှစ်က ယူ-၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက်ခွင့်ပေးခဲ့တာပါ။
နော်ဝစ်ချ်အသင်းနည်းပြဖြစ်သူ ဂျိုဟာနက်စ်က ဝီလ်ရှိုင်းယားနဲ့ စာချုပ်ချုပ်ဆိုမှာက ကလပ်အသင်းအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ ပြောထားပါတယ်။
ဝီလ်ရှိုင်းယားဟာ အခုနှစ်အစောပိုင်းက စကော့တလန်ကလပ် အဘာဒင်းအသင်း နည်းပြရာထူးအတွက် လျှောက်ထားမှုရှိခဲ့တာပါ။
ဒါအပြင် ဝီလ်ရှိုင်းယားဟာ မေဂျာလိဂ်ကလပ် ကော်လိုရာဒိုအသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အာဆင်နယ် ယူ-၁၈ အသင်းကို ဆက်ပြီး ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1130
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား အွန်နရီက ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆု အတွက် မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကို ရွေးချယ်ခဲ့ပါတယ်။
အွန်နရီက “ကျနော်က ရိုဒရီကို ရွေးချယ်ချင်ပါတယ်။ ကျနော်ဟာ ဇာဗီနဲ့ အင်နီယေစတာတို့ အကောင်းဆုံး ခြေစွမ်းပြသနေချိန်မှာ သူတို့ကို ဒီဆုရရှိစေချင်တာပါ။ လူတွေက ကွင်းလယ် ကစားသမားတွေအကြောင်းကို မေ့နေကြပါတယ်။ သူတို့တွေဟာ အသင်းရဲ့နှလုံးသားတွေဖြစ်ပြီး ရိုဒရီက မန်စီးတီးအသင်းရဲ့နှလုံးသားပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားမရခဲ့ပေမယ့် နွေရာသီက စပိန်အသင်းနဲ့ ယူရိုဖလားရရှိခဲ့ပါတယ်”လို့ CBS Sports ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီနဲ့ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်တို့ နှစ်ဦးထဲက တစ်ဦးရရှိဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဗီနီစီးယက်စ်က ဒီဆုကို ရရှိလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။
ရိုဒရီကို တွေ့ရစဉ်
အွန်နရီဟာ ဘောလွန်းဒီအောဆုအတွက် ရိုဒရီကို ရွေးချယ်ခဲ့ပေမယ့် ဗီနီစီးယက်စ်လည်း ဒီဆုကို ရရှိဖို့ ထိုက်တန် တဲ့သူလို့ ပြောခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စွမ်းဆောင်ရည် မကောင်းခဲ့တဲ့အပေါ် ထောက်ပြမှုတွေရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း နောက်ခံလူ ကာရေဂါကတော့ ဗီနီစီးယက်စ်နဲ့ ရိုဒရီတို့ နှစ်ဦးထဲက ဗီနီစီးယက်စ်ကို ရွေးချယ် သွားခဲ့တာပါ။
၂၀၂၄ ခုနှစ် ဘောလွန်းဒီအောဆု ချီးမြှင့်ပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ပဲရစ်မှာ ကျင်းပသွားမှာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဘောလွန်းဒီအောဆုတွေ အပါအဝင် ဆုအများအပြား ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 2102
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
အက်စတွန်ဗီလာအသင်းဟာ ဘိုလော့ဂ်နာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
၁၉၈၃ ခုနှစ်နောက်ပိုင်း ၄၁ နှစ်အကြာမှ ဥရောပထိပ်တန်း ကလပ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရရှိကာ ပေးဂိုးမပေးရသေးဘဲ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။
အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘိုလော့ဂ်နာအသင်းနဲ့ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂင်းက သူတို့ဟာ ဒီမှာ ရပ်တန့်နေမှာ မဟုတ်ဘဲ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
မက်ဂင်းက “ကျနော်တို့ တည်ဆောက်နေတဲ့ အရာက အံ့သြစရာကောင်းပါတယ်။ ကျနော်တို့ဟာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ အရေးကြီးဆုံးက ဂိုးမပေးခဲ့ရတာပါ။ ကျနော်တို့ ဒီမှာရပ်မတန့်ချင်ပါဘူး။ ကစားသမားအချို့လည်း ပြန်လာ နိုင်ပြီဖြစ်လို့ ကျနော်တို့ဟာ ပိုပြီးသန်မာလာပါပြီ”လို့ ပြောခဲ့တာပါ။
အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက သူတို့ဟာ အနိုင်ရတဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး ရမှတ် တွေကို ရယူနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်နိုင်မယ်ဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဒူရမ်ဟာ လူစားလဲခံရချိန် အရန်ခုံ တန်းပေါ်မှာ ဒေါသထွက်နေခဲ့ပေမယ့် နည်းပြ အူနှိုင်းအမ်မရီက ဒူရမ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ၈ ပွဲ ကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1494
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဒေါ့မွန်အသင်းကို အရှုံးကနေ အနိုင်ရအောင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ဗီနီစီးယက်စ်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကို ချီးကျူးသွားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဗီနီစီးယက်စ်ဟာ ဒုတိယပိုင်းမှာ ထူးခြားတဲ့အရာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေနဲ့အတူ ပြင်းထန်မှု၊ ခွန်အားတွေနဲ့ ကစားခဲ့ပါတယ်။ ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက ဒီညမှာ သူလုပ်ခဲ့တဲ့ အရာတွေကြောင့် မဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီက လုပ်ခဲ့တဲ့အရာတွေကြောင့်ပါ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒေါ့မွန်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ဥရောပချန်ပီယံတွေဟာ ဗီနီစီးယက်စ်ရဲ့ ဟက်ထရစ်၊ ရူဒီဂါ၊ ဗက်ဇ်ကွက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားနေ ချိန်မှာ နောက်ထပ် စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်း ပရိသတ်တွေဟာ “ဘောလွန်းဒီအော၊ ဗီနီစီးယက်စ် ဘောလွန်းဒီအော”ဆိုပြီး အော်ဟစ်သီဆိုမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဗီနီစီးယက်စ်က “အိမ်ကွင်းမှာ ကျနော်တို့ရဲ့ ပရိသတ်တွေနဲ့အတူ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သိပါတယ်။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ အလွန်တိတ်ဆိတ်နေခဲ့ပြီး နည်းပြပြောစကားကို နားထောင်နေခဲ့ပါတယ်။ ပထမဂိုးရတာနဲ့ ကျနော်တို့ ပြန်လာနိုင်မယ်လို့ သူပြောခဲ့ပြီး ကျနော်တို့ ဒါကို လုပ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေက ကျနော့်ရဲ့နာမည်ကို သီဆိုတဲ့အချိန်မှာ အိပ်မက်တွေ အမှန်တကယ်ဖြစ်ခဲ့ပြီး သူတို့အတွက် ဂိုးတွေပိုပြီး သွင်းယူ ချင်ခဲ့တယ်”လို့ Movistar ကို ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်ရရှိထားကာ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN