ဂိုးသမားစတီဂန်နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ဟန်ဆီဖလစ် စီစဉ် 

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့် နေရာအတွက် တိုက်ပွဲဝင်ချင် နေတဲ့ ဂိုးသမား စတီဂန်နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ 

Football Espana က ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညို ဂိုးသမား ဂါစီယာကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့ ပြီးနောက် စတီဂန်ဟာ သူ့ရဲ့အနာဂတ်အတွက် နည်းပြဟန်ဆီဖလစ်နဲ့ ဆွေးနွေးမယ်လို့ ဖော်ပြထားတာပါ။ 

ဘာစီလိုနာအသင်းဟာ သူ့ရဲ့နံပါတ်တစ် နေရာကို အစားထိုးချင်တဲ့ ဆန္ဒနဲ့ပတ်သက်ပြီး စတီဂန်ကို အသိပေးထား ခြင်းမရှိသေးသလို ဂျာမန်ဂိုးသမားကလည်း သူ့ရဲ့နေရာအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါ တယ်။ 

ပုံစာ- စတီဂန်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းမှာရှိတာ ၁၁ နှစ်ကြာပြီဖြစ်တဲ့ စတီဂန်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး ရာသီကုန်ခါနီးမှသာ အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ စတီဂန်ဒဏ်ရာကြောင့် အနားယူချိန်မှာ ခေါ်ယူခဲ့တဲ့ ဂိုးသမားဆက်ဇနီကို စာချုပ် သက်တမ်း တိုးဖို့လည်း စီစဉ်နေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် စတီဂန်ဟာ လာမယ့်ရာသီ ဘာစီလိုနာအသင်းမှာ ဆက်ရှိမယ်ဆိုရင် ပွဲထွက်ခွင့်နေရာရဖို့ အပြိုင်အဆိုင် ကြိုးစားရတော့မှာပါ။ 

စတီဂန်ကို ခေါ်ယူဖို့ တူရကီကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် သူကတော့ ဘာစီလိုနာအသင်းမှာ ဆက်ရှိချင်နေတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ အသင်းခေါင်းဆောင်ဖြစ်တဲ့ စတီဂန်နဲ့ အသင်းရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိ နေတာပါ။ 

၂၀၁၄ က မိုချန်ဂလာဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စတီဂန်ဟာ ဘာစီလိုနာအသင်းအတွက် ၄၂၂ ပွဲ ပါဝင်ကစားထားပြီး လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၇ ခု ရရှိထားတာဖြစ်ပါတယ်။

Source: Goal