CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃

ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုဟာ အားလပ်ရက်အတွင်းမှာ အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့ အက်စတွန်ဗီလာ အသင်းအင်္ကျီကို ဝတ်ဆင်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီက အက်စတွန်ဗီလာအသင်း မှာ အငှားသွားရောက် ကစားခဲ့ပြီး ယူနိုက်တက်အသင်းမှာ အနာဂတ် ရေရာမှုမရှိတော့တာပါ။

ဂါနာချိုကလည်း ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံရပြီး နောက် နည်းပြအာမိုရင်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

အဲဒါကြောင့် ဂါနာချိုဟာ အသင်းသစ်ရှာဖွေဖို့ နည်းပြအာမိုရင်ရဲ့ ပြောဆိုမှုကို ခံထားရတာပါ။ 

နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဂါနာချိုဟာ ရက်ရှ်ဖို့ဒ်ရဲ့ အက်စတွန်ဗီလာအသင်း အင်္ကျီကို ဝတ်ဆင်ပြီး ပို့စ်တင်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ပရိသတ်အချို့ဟာ သူ့ကို ဒေါသထွက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ် 

ရက်ရှ်ဖို့ဒ်ဟာ ဂါနာချို တင်ထားတဲ့ပို့စ်အောက်မှာ နှလုံးအီမိုဂျီနဲ့အတူ ငါ့ရဲ့ညီဆိုပြီး မှတ်ချက်ရေးသားသွားခဲ့တာပါ။ 

ဂါနာချိုရဲ့ပို့စ်ဟာ သူ့ရဲ့အသင်းဖော်ကို အားပေးမှု ပြုလုပ်ခြင်းသာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယာမဲလ်နဲ့အတူ ဘာစီလိုနာအသင်းမှာ အတူတွဲကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်း အပါအဝင် အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေ ရရှိနေပြီး သူကတော့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေတာ ဖြစ်ပါတယ်။ 

ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားနေတာပါ။ 

ဇူလိုင်မှာ ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူစာရင်းထဲမှာ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချိုနဲ့ ဂါနာချိုတို့ကို ချန်လှပ်သွားမယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ 

Source: BBC