CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်း ဂိုးသမားဟောင်း ဖြစ်တဲ့ ရမ်စဒေးလ်ကို ဆောက်သမ်တန်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဆောက်သမ်တန်အသင်းနဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၂၀ ရှိနေတဲ့ ရမ်စဒေးလ်ကို ခေါ်ယူဖို့ ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်းနဲ့ အသင်းကြီးအချို့ကလည်း စိတ်ဝင်စားနေကြတာပါ။ 

ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပေမယ့် သူ့ရဲ့အဆင့် သတ်မှတ်ချက်ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပြီးနောက် အသင်းရဲ့ လူစာရင်းအင်အားကို တောင့်တင်း အောင်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး ဝုလ်ဖ်ဘတ်အသင်း တိုက်စစ်မှူးအန်မီချာကို ခေါ်ယူထားတာပါ။ 

ရမ်စဒေးလ်ကို တွေ့ရစဉ်

The Times က လိဒ်စ်အသင်းဟာ ရမ်စဒေးလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ 

လိဒ်စ်အသင်းအနေနဲ့ ရမ်စဒေးလ်ကို ခေါ်ယူချင်တယ်ဆိုရင် တူရကီကလပ် ဂါလာတာစာရေးအသင်းနဲ့ ယှဉ်ပြိုင် ရဖို့ရှိနေတာပါ။ 

ဂါလာတာစာရေးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင် ပွဲယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ရမ်စဒေးလ် အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ 

ဂါလာတာစာရေးအသင်းရဲ့ ဝါရင့်ဂိုးသမား မူစလီယာဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာဖြစ်လို့ ရမ်စဒေးလ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ တူရကီကလပ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာပါ။ 

လိဒ်စ်အသင်းကလည်း ဂိုးသမားဖြစ်သူ မတ်စ်လီယာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် ရမ်စဒေးလ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းထံ မပြောင်းရွှေ့မီ ရှက်ဖီးယူနိုက်တက်နဲ့ ဘုန်းမောက်အသင်းတွေမှာ ကစားခဲ့ပြီး ဒီအသင်းတွေနဲ့လည်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ဖူးတာပါ။ 

ရမ်စဒေးလ်ဟာ အင်္ဂလန်အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ 

Source: Dailymail