CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကွန်ပနီနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်

ကွန်ပနီကို နည်းပြခန့်အပ်မှုနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အလားအလာ

By CNI
CNI
Category: ဆောင်းပါး
Hits: 1718

CNI Sport Article

၂၀၂၄ ခုနှစ်၊ မေလ ၃၁

ပြီးခဲ့တဲ့ရက်ပိုင်းက အားလုံးကို အံ့အားသင့်စရာ ဖြစ်ခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းလို ဥရောပထိပ်သီးအသင်းက ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိအောင် မကိုင်တွယ်နိုင်ခဲ့တဲ့ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားပေမယ့် ဒါက တကယ့် လက်တွေ့မှာ ဖြစ်လာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်ဖို့က သူတို့အတွက် ဦးစားပေး မဟုတ်ခဲ့ပေမယ့် လိုချင်တဲ့ နည်းပြတွေ မရတဲ့အဆုံး နောက်ဆုံးမှာ ခန့်အပ်ခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆို၊ ဂျာမနီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း နာဂျယ်လ်စမန်း၊ သြစတြီးယားအသင်းနည်းပြ ရက်ဂ်နစ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့ သလို ထွက်ခွာမယ့် နည်းပြ တူချယ်လ်ကို အသင်းမှာ ဆက်ရှိစေဖို့ ကြိုးစားခဲ့တာမှာလည်း သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း နည်းပြကောင်း ဖြစ်လာဖို့ အလားအလာရှိတဲ့ ကွန်ပနီကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။ 

ကွန်ပနီရဲ့ နည်းပြ အတွေ့အကြုံကို ကြည့်မယ်ဆိုရင်လည်း သူဟာ ၂၀၁၉ ခုနှစ်ကမှ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူရင်းကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပနီကို တွေ့ရစဉ်

အန်ဒါလက်ချ်အသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ကွန်ပနီဟာ ကြီးကြီးမားမား အောင်မြင်မှုအဖြစ် ဘယ်လ်ဂျီယံ ဖလားပြိုင်ပွဲမှာ ဒုတိယသာရရှိခဲ့တာပါ။

ကွန်ပနီဟာ အန်ဒါလက်ချ်အသင်းကို ကိုင်တွယ်အပြီးမှာ ဘန်လေအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူဟာ ဘန်လေအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိအောင် မကိုင်တွယ်နိုင်ခဲ့ပေမယ့် သူဟာ ရှိတဲ့လူစာရင်းနဲ့  အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

နည်းပြအတွေ့အကြုံ နုသေးတဲ့ ကွန်ပနီအတွက်တော့ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရတာဟာ အရင် ကိုင်တွယ်ခဲ့တဲ့ အန်ဒါလက်ချ်၊ ဘန်လေအသင်းတို့နဲ့ တူညီမှာ မဟုတ်ပါဘူး။

ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်သီးအသင်း ဖြစ်တဲ့အတွက် ကွန်ပနီဟာ ဖိအားတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို  ရင်ဆိုင်ရတော့မှာပါ။ 

ကွန်ပနီကိုယ်တိုင်ကလည်း ဒီစိန်ခေါ်မှုတွေကို သူစောင့်မျှော်နေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက် လာမယ့်ရာသီမှာ ဆုဖလားပြန်လည်ရအောင် ယူပေးဖို့က ကွန်ပနီအပေါ်မှာ တာဝန်ရှိ သွားပြီဖြစ်ပါတယ်။

ကွန်ပနီဟာ လေဗာကူဆင်အသင်းဆီကနေ ဘွန်ဒက်လီဂါဖလားကို ပြန်လည်ရအောင် ယူဖို့ ဦးစားပေး လုပ်ဆောင်ရမှာပါ။

ကွန်ပနီကို တွေ့ရစဉ်

ပြီးရင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ပြန်လည်ကြီးစိုးအောင် လုပ်ဖို့အတွက် ကွန်ပနီ အနေနဲ့ တစ်ဆင့်ချင်းစီ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ 

လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာဆိုရင် ကွန်ပနီထက် ရက်ပိုင်းပိုကြီးနေတဲ့ ဂိုးသမား နူအာ၊ အသက်သိပ်မကွာတဲ့ မူလာတို့လို ကစားသမားတွေရှိတာကြောင့် ဘယ်လ်ဂျီယံ လူမျိုးနည်းပြဟာ သူတို့နဲ့ တိုင်ပင်ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်သွားဖို့လည်း လိုအပ်နေတာပါ။ 

ဂျာမနီ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သူတို့နဲ့ အဆင်မပြေရင်လည်း ကွန်ပနီအတွက် အခက်တွေ့နိုင်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ပြန်ကြည့်ရင်လည်း ဇာဘီအလွန်ဆိုလို လူငယ်နည်းပြ တစ်ဦးက လေဗာကူဆင် အသင်းကို ရှုံးပွဲမရှိ စံချိန်တင် အောင်ပွဲတွေ ရယူခဲ့ချိန်မှာ သူတို့လည်း လူငယ်နည်းပြတစ်ဦးနဲ့ ပြန်လုပ်ပြဖို့ ရည်ရွယ်ထားပုံရတာ ဖြစ်ပါတယ်။

အောင်မြင်မှုမရရင်တော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဝေဖန်မှုတွေ အများကြီးကို ခံရမှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ ကွန်ပနီတို့ဟာ သူတို့ကို မယုံကြည်တဲ့သူတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ဖို့က လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ကွန်ပနီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ကိုင်တွယ်ပြီး ဆုဖလားတွေ ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုနီကရူးစ်ကို တွေ့ရစဉ်

မြက်ခင်းစိမ်းတွေကို ကျောခိုင်းတော့မယ့် တိုနီကရူးစ် 

By CNI
CNI
Category: ဆောင်းပါး
Hits: 2522

CNI Sport Article 

၂၀၂၄ ခုနှစ်၊ မေလ ၂၄

နာမည်ကျော် ဘောလုံးသမား တစ်ဦးပြီးတစ်ဦး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စွန့်ခွာလာရင်း နောက်ထပ် အလှည့်ကျလာတဲ့သူကတော့ ရီးရယ်လ်အသင်း ကွင်းလယ်လူ တိုနီကရူးစ် ဖြစ်ပါတယ်။ 

ရီးရယ်လ်နဲ့ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင် ကြေညာခဲ့ပါတယ်။

တိုနီကရူးစ်ဟာ အခုမှ အသက် ၃၄ နှစ်အရွယ်သာ ရှိသေးတာကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဆက်သွားလို့ရသေးပေမယ့် အနားယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဂျာမန်စနိုက်ပါလို့ အမည်ပြောင်ရထားတဲ့ တိုနီကရူးစ်ဟာ ဘောလုံးကစားတာမှာ သွေးအေးပြီး ဘောလုံး အမြင်၊ ပေးပို့မှု၊ တီထွင်ဖန်တီးမှု၊ ဖြတ်တင်ပေးမှုတွေနဲ့ တည်ကန်ဘောကန်ရာမှာ ကျွမ်းကျင်မှုရှိတဲ့သူ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း တိုနီကရူးစ်ရဲ့ ဆုံးဖြတ်ချက်ကို အသင်းဖော်တွေနဲ့ ပရိသတ်တွေက စောလွန်းသေးတယ်ဆိုပြီး နှမြောနေကြတာပါ။

တိုနီကရူးစ်ကို တွေ့ရစဉ်

ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်က ဒါဟာ သူ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် သေချာတွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောခဲ့ပါတယ်။

တိုနီကရူးစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စပိန်ကလပ်က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။ 

ဒါပေမယ့် တိုနီကရူးစ်က သူ့ရဲ့စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေတဲ့အချိန်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့က သူရဲ့ရည်မှန်းချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးတော့ ရီးရယ်လ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့က သူအဖြစ်ချင်ဆုံးအရာ ဖြစ်တယ်လို့လည်း တိုနီကရူးစ်က ပြောခဲ့တာပါ။ 

တိုနီကရူးစ်ဟာ ကစားသမားဘဝ အစကို ဘိုင်ယန်မြူးနစ်အသင်းမှာ စတင်ခဲ့ပေမယ့် ရီးရယ်လ်အသင်းမှာ ကစားရတာကို အပျော်ရွှင်ဆုံး ဖြစ်နေခဲ့ပါတယ်။

တိုနီကရူးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့ခင်မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး ဒီအချိန်က ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဒေးဗစ်မိုယက်စ်နဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ 

တိုနီကရူးစ်ကို တွေ့ရစဉ်

ဒါပေမယ့် ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ဗန်ဟားလ်က တိုနီကရူးစ်ကို မခေါ်ယူခဲ့တာပါ။

ဒါက တိုနီကရူးစ်အတွက် ကောင်းတဲ့အရာဖြစ်လာခဲ့ပြီး ဒီလိုမှမဟုတ်ရင် ရီးရယ်လ်အသင်းမှာ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုမျိုးကို ရယူနိုင်ဖို့ရှိလာမှာ မဟုတ်ပါဘူး။ 

ဂန္ထဝင်ကွင်း လယ်လူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ချိန်က ဘွန်ဒက်လီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခုအထိ ရယူနိုင်ခဲ့တာပါ။ 

တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းမှာ ကစားတဲ့ ၁၀ နှစ်အတွင်းမှာ စပိန်လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်စီ အပါအဝင် ဆုဖလားပေါင်း ၂၁ ခုအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုနီကရူးစ်ဟာ နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

တိုနီကရူးစ်ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ဂျာမနီအသင်းကနေ အနားယူခဲ့ပေမယ့် နည်းပြသစ်ဖြစ်လာတဲ့ နာဂျယ်လ် စမန်းနဲ့ ဆွေးနွေးမှု ပြုလုပ်အပြီးမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး နိုင်ငံအသင်းအတွက် ပြန်လည်ကစားပေး ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တိုနီကရူးစ်ကို တွေ့ရစဉ်

အခုအချိန်မှာတော့ တိုနီကရူးစ်ဟာ ဂျာမနီအသင်းအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားပေးပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူတော့မှာပါ။

အဲဒါကြောင့် တိုနီကရူးစ်ရဲ့ ကစားသမားဘဝ အနားယူမယ့် နေ့ရက်တွေဟာ လက်ချိုးပြီး ရေတွက်ရင် သိပ်ပြီး မကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီကရူးစ်အတွက် ဇွန်လ ၁ ရက်မှာ ကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ သူ့ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။ 

ရီးရယ်လ်အသင်းဖော်တွေဟာ ချန်ပီယံလိဂ်ဖလား ရယူပေးပြီး တိုနီကရူးစ်ကို အကောင်းဆုံး နှုတ်ဆက်နိုင်ဖို့ အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။

တိုနီကရူးစ်ဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးရာသီမှာ ကလပ်အသင်းဖြစ်တဲ့ ရီးရယ်လ်အသင်း၊ နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီအသင်းတို့နဲ့ အောင်မြင်မှုတွေရယူပြီး အဆုံးသတ်ဖို့ မျှော်လင့်နေတာကြောင့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

မျှော်လင့်ချက်ကိုယ်စီနဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းတိုက်ပွဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1793

CNI Sport Article

၂၀၂၄ ခုနှစ်၊ မေလ ၁၇

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ မေလ ၁၉ ရက်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး ပွဲစဉ်တွေအားလုံးကို တစ်ချိန်တည်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး အဆုံးသတ်မှာနဲ့အတူ မျှော်လင့်ချက် ကိုယ်စီရှိနေတဲ့ အသင်းတွေကလည်း သူတို့ရဲ့ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်သွားကြဦးမှာပါ။ 

နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကတော့ ချန်ပီယံဖြစ်ခွင့်၊ ဥရောပ ဝင်ခွင့်နဲ့ တန်းဆင်းဇုန် နေရာတွေအတွက် ဖြစ်ပါတယ်။ 

ဒီနေရာတွေအတွက် အဖြေ ထွက်သလောက်နီးပါး ဖြစ်နေပေမယ့် ဘာမဆိုဖြစ်လာနိုင်တဲ့ အရာတွေကြောင့် နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းရဖို့ ရှိနေတာပါ။

ပထမဆုံးပြောချင်တာက ချန်ပီယံဖြစ်ခွင့်တိုက်ပွဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ် အသာရထားတာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်

အဲဒါကြောင့် သုံးသပ်သူ အများအပြားက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရရှိသွား လိမ့်မယ်လို့ ပြောခဲ့ကြပါတယ်။ 

တကယ်လည်း ချန်ပီယံဖြစ်ခွင့် ကံကြမ္မာက မန်စီးတီးအသင်း လက်ထဲမှာပဲရှိပြီး အာဆင်နယ်အသင်းက မန်စီးတီး အသင်း အမှတ်လျော့မှာကိုသာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကသာ နောက်ဆုံးပွဲစဉ်မှာ သရေကျသွားပြီး အာဆင်နယ်အသင်းက အနိုင်ရခဲ့ရင် ဂိုးကွာခြားမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရနေတဲ့ အာဆင်နယ်အသင်းက ချန်ပီယံဆုကို ရယူသွားနိုင်တာပါ။

အဲဒါကြောင့် ၂ သင်းစလုံးဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ဖို့သာရှိတော့ပြီး မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းမှ မလုပ်ဖူးသေးတဲ့ မှတ်တမ်းမျိုးကို ရယူပြီး စံချိန်တင်နိုင်ဖို့ ရာနှုန်းပြည့် ကြိုးစားသွားဖို့ သေချာနေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း အတွက်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ၂ နှစ်ဆက်တိုက် အရေးနိမ့်ဖို့ ရာခိုင်နှုန်းများနေတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မယ့် ၄ သင်းစလုံး အဖြေထွက်ပေါ်ခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် ဥရောပဝင်ခွင့်ဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေကလည်း နောက်ဆုံးပွဲစဉ်အထိ အသက်ဝင်နေသေးတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရလဒ်စာရင်းကို တွေ့ရစဉ်

အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့်ကို ရယူနိုင်ဖို့ ကြိုးစားနေပြီး နောက်ဆုံးပွဲစဉ်မှာ အနိမ့်ဆုံးသရေ ၁ မှတ် ရယူနိုင်ဖို့ လိုအပ်နေတာပါ။ 

စပါးအသင်းဟာ သရေ ၁ မှတ်သာ ရယူနိုင်မယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပြီး မနှစ်ကရာသီက လက်လွှတ်ခဲ့ရတဲ့ ဥရောပဝင်ခွင့်ကို ပြန်လည်ရရှိသွားမှာ ဖြစ်ပါတယ်။ 

ယူရိုပါကွန်းဖရန့်လိဂ်ဝင်ခွင့် ၁ နေရာအတွက်ကိုတော့ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ရမှာပါ။ 

ဒါပေမယ့် ယူနိုက်တက်အသင်းအတွက် ဂိုးကွာခြားချက်ကြောင့် မလွယ်ကူတော့လို့ ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်း ၂ သင်း ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း အတွက်လည်း ယူရိုပါကွန်းဖရန့်လိဂ် ဝင်ခွင့်ရနိုင်ဖို့အတွက် ရမှတ် ၁ မှတ်သာ လိုအပ်တာပါ။ 

နယူးကာဆယ်အသင်းကတော့ ချယ်လ်ဆီးအသင်း အရေးနိမ့်ပြီး သူတို့အနိုင်ရမှ ဥရောပဝင်ခွင့်ရမှာဖြစ်လို့ မျှော်လင့်ချက် အတော်လေးနည်းနေတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ မျှော်လင့်ချက် နည်းနေပေမယ့် နိုင်ပွဲရယူပြီး ချယ်လ်ဆီးအသင်းရဲ့ အမှားကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် ဥရောပဝင်ခွင့် လက်ကျန်နေရာကို ဒီ ၂ သင်းထဲက ဘယ်အသင်း ရယူသွားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ဒီရာသီသူတို့ရဲ့ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ FA ဖလားပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာပါ။ 

အဲဒါကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ယူနိုက်တက်အသင်းက အာရုံစိုက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ဖလားကို တွေ့ရစဉ်

တန်းဆင်းဇုန် အတွက်ကလည်း ဘန်လေနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ တန်းဆင်းသွားခဲ့ပြီဖြစ်လို့ လက်ကျန် ၁ နေရာအတွက် နော်တင်ဟမ်ဖောရက်စ်နဲ့ လူတန်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။

ဒီလိုယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ရမှတ် ၃ မှတ် အသာရနေပြီး ဂိုးကွာခြားချက်မှာလည်း အသာရနေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကသာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ် အသင်းဟာ တန်းဆင်းဇုန်ကနေ ရှင်းရှင်းလင်းလင်း လွတ်မြောက်သွား ဖို့အတွက် အနိမ့်ဆုံး ၁ မှတ် ရယူနိုင်ဖို့ ကြိုးစားသွားဖို့ ရှိနေတာပါ။

ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၂ နှစ်ဆက်တိုက်ရဖို့ ရှိနေပါတယ်။ 

ဟာလန်းဟာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်း ကစားသမား ကိုးလ်ပါလ်မာကို ၅ ဂိုးအသာ ရနေတာပါ။ 

အဲဒါကြောင့် မျှော်လင့်ချက်ကိုယ်စီနဲ့ ပြိုင်ဆိုင်မယ့် ပရီးမီးယားလိဂ် ရာသီသိမ်းတိုက်ပွဲမှာ ဘယ်သူတွေက အသာရ သွားမလဲဆိုတာ မကြာခင်မှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုဒီကိုတွေ့ရစဉ်

မွတ်ဆလင်မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုရရှိရန် ကြိုးပမ်းရမည့် မိုဒီ

By CNI
CNI
Category: ဆောင်းပါး
Hits: 1236

CNI International Article

၂၀၂၄ ခုနှစ် ၊ မေလ ၁၂

အိန္ဒိယတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲများကို ဆက်လက် ကျင်းပနေချိန်၌  လူနည်းစု အသိုင်းအဝိုင်းက ပေးသည့် မဲများသည် ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDA) ညွန့်ပေါင်းအတွင်း အောက်လွှတ်တော်မှ နေရာ ၄၀၀ ကျော်ကို ရရှိစေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ထို့ကြောင့် မိုဒီသည် ဟိန္ဒူအမျိုးသားရေးအဖွဲ့ Rashtriya Swayamsevak Sangh (RSS) အဖွဲ့ဝင်ဖြစ်ကြောင်း ဝန်ခံခဲ့သည့်တိုင် အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် မွတ်ဆလင်ဘာသာဝင် သန်း ၂၀၀ နီးပါး၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။

မိုဒီ၏ အခွင့်အရေးများကို အကူအညီ ဖြစ်စေသည့်အချက်မှာ အိန္ဒိယ၏ လူနည်းစု အသိုင်းအဝိုင်းများသည် မဲမပေးတော့ခြင်းဖြစ်သည်။ ဟိန္ဒူဘာသာဝင် အများစုပါဝင်သည့် ပါတီများသည် ထိုပြဿနာကို Hindutva 2.0 ဟူသည့် ဟိန္ဒူကြီးစိုးရေး နိုင်ငံရေးအယူဝါဒဖြင့် ထောက်ခံမဲပေးသည့် အုပ်စုဖြင့် အသာစီးရယူကာ ဖြေရှင်းခဲ့သည်။

Hindutva သည် ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေးဝါဒ ပုံစံတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံသားများ၏ ကိုယ်ပိုင် လက္ခဏာကို ပေါင်းစည်းသည့် ချဉ်းကပ်မှုအပေါ် ဗဟိုပြုထားသော်လည်း လက်ရှိတွင် ဒုတိယမြောက် အာရုံစိုက်စရာ တစ်ခုအဖြစ် အိန္ဒိယ၏ စီးပွားရေးအပေါ် အလွန်အမင်း အလေးထားလာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယရွေးကောက်ပွဲ မဲပေးရန် လှုံ့ဆော်နေစဉ်

သို့သော် လေ့လာစောင့်ကြည်သူများ၏ တူညီသည့် ရှုထောင့်တစ်ခုမှာ  မဟာမိတ်ညွန့်ပေါင်းအဖွဲ့အနေဖြင့် ၂၀၁၉ ရွေးကောက်ပွဲကာလက စွမ်းဆောင်ရည်များကို ယခုရွေးကောက်ပွဲတွင်လည်း ပြသနိုင်ရန် အလုပ်ပိုလုပ်ရန် လိုအပ်သည်ဟု BJP ပါတီ၏ မဟာဗျူဟာရေးဆွဲသူများက ကောက်ချက်ချခဲ့သည်ဆိုသည့် အချက်ဖြစ်သည်။

မဟာမိတ်ညွန့်ပေါင်း အနေဖြင့် တမီလ်နာဒူး (Tamil Nadu) ၊ ကီရာလာ (Kerala) နှင့် အန်ဒရာ ပရာဒေ့ရှ် (Andhra Pardesh) ကဲ့သို့ တောင်ပိုင်းပြည်နယ်များတွင် အသာစီးရရန်လိုအပ်သည်။ 

အတိတ်ကာလက BJP ပါတီသည် ထိုပြည်နယ်များတွင် အကန့်အသတ်ဖြင့်သာ အောင်မြင်မှုရရှိခဲ့သည်။

ထို့ကြောင့် မဟာမိတ်ညွန့်ပေါင်းအဖွဲ့သည် အိန္ဒိယမှကြီးမားသည့် မွတ်ဆလင် အသိုင်းအဝိုင်း၏ ထောက်ခံမှုကို ရရှိရန် ပူးပေါင်းဆောင်ရွက်ရမည့် သဘောဖြစ်သည်။ 

ထိုသို့ လုပ်ဆောင်မည်ဆိုပါက BJP ပါတီသည် မဲဆန္ဒနယ်များတွင် ထောက်ခံမှုများရရှိရန် အားထုတ်ကြိုးပမ်း မှုများ၌ ရင်ဆိုင်နေရသည့် ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးပြဿနာများကို ဟန်ချက်ညီစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

ကီရာလာပြည်နယ်ကို ဥပမာပြရမည်ဖြစ်သည်။ The Economic Times ၏ သတင်းထုတ်ပြန်ချက် တစ်ခုတွင် အိန္ဒိယ၌ BJP ပါတီ၏ တစ်ဦးတည်းသော် မွတ်ဆလင်ကိုယ်စားလှယ်လောင်းဖြစ်သူ အမ် အဗ္ဗဒူလ် ဆာလမ် (M Abdul Salam) သည် မွတ်ဆလင် မဲဆန္ဒရှင်များနှင့် ချိတ်ဆက်မှုပြုလုပ်ရန် အခက်တွေ့ခဲ့ခြင်းဖြစ်သည်။ 

အထူးသဖြင့် ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် နေထိုင်သူ ၄ သန်း၏ ၇၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ပြီး ထိုမဲဆန္ဒနယ်၌ အိန္ဒိယပြည်ထောင်စု မွတ်ဆလင်အဖွဲ့ချုပ်က အလွန်ရေပန်းစားခဲ့သည်။

လက်ရှိတွင် ယဉ်ကျေးမှုနှင့် စီးပွားရေး ဒွေးရောယှက်တင်မှုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့် BJP သည် ၎င်းတို့ပါတီ၏ လူထူထောက်ခံမှု အင်အားကို ချဲ့ထွင်နိုင်ဖွယ်ရှိနေသည်။

ဆာလမ်သည် ဝန်ကြီးချုပ်မိုဒီ လက်အောက်တွင် ဖွံ့ဖြိုးတိုးတက်မှုများကို အမွှမ်းတင်ခဲ့ပြီး မိုဒီသည် မွတ်ဆလင် အမျိုးသမီးများအတွက် တရားမျှတမှုမရှိသည့် အိမ်ထောင်ရေး ချက်ချင်းကွာရှင်းမှုကို တားမြစ်သည့်ဘက်မှ ရပ်တည်ခဲ့သဖြင့် ဆာလမ်ကို အမျိုးသမီးများက ထောက်ခံကြောင်း ပြသခဲ့သည်။

သို့သော် အိန္ဒိယမွတ်ဆလင်များအနေဖြင့် ထိုနိုင်ငံရေး မဟာဗျူဟာကို သတိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော် ၂၀၁၉ ခုနှစ် အောက်လွှတ်တော် ရွေးကောက်ပွဲ မတိုင်မီနှင့် ယနေ့အချိန်အထိ ဆက်လက် တည်ရှိနေ သည့် မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားနှင့် ဟိန္ဒူအမျိုးသားရေး အယူဝါဒကို မြှင့်တင်မှု ဂယက်လှိုင်းများ အကြား BJP ပါတီ၏ နိုင်ငံရေးမဟာဗျူဟာ ပေါ်ထွက်လာခြင်းကြောင့် ဖြစ်သည်။

 မိုဒီနဲ့ မွတ်ဆလင် အမျိုးသားတစ်ဦးကိုတွေ့ရစဉ်

မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများ အားကောင်းခဲ့သည့် ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ယာယိမ်း BJP လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားရေးကို အလွန်းအမင်း စန်းတင်ပြောကြားခဲ့မှုသည် ထင်ရှားသည့် သာဓကတစ်ခုဖြစ်သည်။

ထို BJP လွှတ်တော်ကိုယ်စားလှယ်များထဲတွင် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လွှတ်တော်အမတ်ဟောင်းဖြစ်သည့် ပါရက်ရှ် ရာဝယ်လ် (Paresh Rawal) လည်း ပါဝင်ခဲ့သည်။

ထိုအချိန်က ရာဝယ်လ်သည် အိန္ဒိယ အကြမ်းဖက် အားပေးများကို မိမိတို့ အမိမြေအား ထိခိုက်စေသည့် အဆိပ်များကို အန်ထုတ်ခွင့်မပြုရန်၊ ထိုလောက်ကောင်များကို ၎င်းတို့၏ အညစ်အကြေးများအတွင်း သေဆုံး ခွင့်ပေးရန် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ထိုကဲ့သို့ အလွန်ပြင်းထန်သည့် အမျိုးသားရေး အယူဝါဒသည် တစ်ဖြည်းဖြည်း ပျော့ပြောင်းလာခဲ့ကာ လက်ရှိတွင် Hindutva 2.0 ဟူသည့် အမည်ဖြင့် အယူဝါဒကို ပြုပြင်မွန်းမံခဲ့သည်။

မိုဒီ၏ မွတ်ဆလင်များအပေါ် မေတ္တာရပ်ခံမှုသည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး ကြိုးကိုင်ချယ်လှယ်မှု ဖြစ်သည် ဟု တန်ပြန်ယူဆချက်များလည်း ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် နေရာ ၂၅ နေရာစလုံးကို အနိုင်ရခဲ့သည့် အိန္ဒိယအနောက်ပိုင်း ရာဂျက်စ်သန် (Rajasthan) ပြည်နယ်တွင် မိုဒီက မွတ်ဆလင်များကို စိမ့်ဝင်ထိုးဖောက်သူများဟု တံဆိပ်ကပ်ခဲ့ခြင်ဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး အသုံးအနှုန်းများကို ပြောဆိုခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် BJP ပါတီနှင့် မိုဒီသည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း (Manmohan Singh) နှင့် အတိုက်အခံ အိန္ဒိယကွန်ဂရက်ပါတီတို့အား မွတ်ဆလင်များကို အလွန်မျက်နှာသာပေးနေကြောင်း ကာလကြာရှည် စွပ်စွဲခဲ့သည်။

အဆင်းရဲဆုံး အိမ်ထောင်စုများ၏ ၂၀ ရာခိုင်နှုန်းကို အခြေခံဝင်ငွေ ရူပီး ၆၀၀၀ သတ်မှတ်သည့် အိုင်ဒီယာသည် မိုဒီ ပြောခဲ့သည့် ကြီးမားသော ဓနဥစ္စာ ပြင်ဆင်ခွဲဝေမှု အစီအစဉ်ကို ဖြစ်မြောက်စေရန် ခက်ခဲစေလိမ့်မည်ဖြစ်သည်။

မိုဒီ၏ အစိုးရအဖွဲ့သည် ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းခဲ့သည့် အချိန်ကစပြီး ခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြစ်သည့် ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရသည်။

ထို့နောက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ အိန္ဒိယနိုင်ငံ အတွင်းသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ဝင်ရောက်လာသည့် ဘာသာရေး လူနည်းစုများကို နိုင်ငံသား ဖြစ်ခွင့်ပေးသည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

 မွတ်ဆလင် အမျိုးသမီးများ မဲထည့်ရန်လုပ်နေကြစဉ်

ထိုဥပဒေ၏ အကျိုးအမြတ်များကို ခံစားရမည့် သူများထဲတွင် မွတ်ဆလင်များအား ချန်လှပ်ထားခဲ့သဖြင့် ထိုဥပဒေသည် ခွဲခြားဆက်ဆံသည့် ဥပဒေဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင်  မိုဒီသည် အစ္စရေးကို ဦးတည်သော နိုင်ငံရေးမူဝါဒကို ပြောင်းလဲခဲ့သဖြင့် မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာခဲ့ကာ လူမှုမီဒီယာများပေါ်၌ ဟိန္ဒိူအမျိုးသားရေးဝါဒီများ၏ အမုန်းစကားများ ပြန့်နှံ့ခဲ့သည်။

ထိုကဲ့သို့ မတူကွဲပြားမှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးနှင့် ခွဲခြားမှုများသည် လွှတ်တော်ရွေးကောက်ပွဲ ပြီးဆုံးသည့် အချိန်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် BJP ပါတီအနေဖြင့် ရာဂျက်စ်သန်ကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သည့် မဲဆန္ဒနယ်များတွင် လွှတ်တော် နေရာများကို အနိုင်ရရှိရန် ထိုအရေးကိစ္စများက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်သည်။

Source: Asia Times

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကို တွေ့ရစဉ်

စံချိန်မှတ်တမ်းဆိုးတွေနဲ့ ယူနိုက်တက် ဘာတွေမှားနေလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1225

CNI Sport Article 

၂၀၂၄ ခုနှစ်၊ မေလ ၁၀

၂၀၂၃-၂၄ ရာသီကတော့ ယူနိုက်တက်အသင်းအတွက် အလွန်ဆိုးရွားတဲ့ ရာသီအဖြစ်ရှိနေပြီး ရာသီအဆုံးသတ်ဖို့ ပွဲစဉ် ၄ ပွဲ ကျန်ရှိသေးတဲ့ အချိန်မှာ စံချိန်ဆိုးတွေကို ဆက်တိုက် တင်ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၃ ပွဲအထိ ကြုံတွေ့ခဲ့တာပါ။ 

ဒီပမာဏဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီတည်းမှာ ယူနိုက်တက်အသင်းရဲ့ စံချိန်တင်ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ပေးဂိုး ၈၁ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ၁၉၇၆ ခုနှစ် နောက်ပိုင်း ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရတာလည်း ဖြစ်တာပါ။ 

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်ခဲ့တုန်းက အသင်းတိုင်း လေးစားပြီး ကြောက်ရွံ့တဲ့အသင်း ဖြစ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အခုဆိုရင် ဘယ်အသင်းနဲ့ပဲ ကစားကစား အောက်အသင်းဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ အောင်မြင်မှုတွေ ပြန်ပြီးရယူနိုင်ဖို့အတွက် ကစားသမားတွေကို ပေါင်သန်း အများကြီး ပေးပြီး ခေါ်ယူခဲ့ပေမယ့် ထင်သလို ဖြစ်လာခဲ့ခြင်းမရှိသေးပါဘူး။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဒီရာသီမှာဆိုရင် ယူနိုက်တက်အသင်းဟာ တစ်ရာသီလုံး ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ရလဒ်တွေ ဆိုးနေတာကို နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ အကြောင်းပြချက် ပေးကောင်းပေးလို့ရပေမယ့် လူစုံချိန်မှာတောင် ပြိုင်ဘက်ကို အသာစီးနဲ့ ကစားနိုင်တဲ့ပွဲ ဘယ်နှစ်ပွဲရှိလဲဆိုတာ မေးခွန်းပြန်ပြီးထုတ်လို့ရတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမရာသီမှာ ကာရာဘောင်းဖလား ရယူပေးပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေ ဆိုးတာနဲ့အတူ ပရီးမီးယားလိဂ်ကနေ ဥရောပ ဝင်ခွင့်ရဖို့တောင် ခက်ခဲနေတာပါ။

အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ ရာသီအကုန်မှာ ထုတ်ပယ်ခံရမယ့် အလေးပေးမှုတွေ ပိုပြီးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီး နည်းပြသစ် ခန့်မယ်ဆိုရင်လည်း ယူနိုက်တက်အသင်းဟာ သိသိသာသာ ပြောင်းလဲသွားနိုင်မယ့် အခြေအနေမှာ ရှိမနေပါဘူး။ 

နည်းပြသစ်ကို ခန့်အပ်ရင် ပထမရာသီမှာ ကောင်းနိုင်ပေမယ့် နောက်ရာသီမှာ ဒီလိုပုံစံအတိုင်း ပြန်ဖြစ်သွားနိုင် တာပါ။ 

ဘာကြောင့်လဲဆိုရင် အဲရစ်တန်ဟတ် မတိုင်ခင် ကိုင်တွယ်ခဲ့တဲ့ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှားတို့လည်း အများဆုံး ၂ နှစ်ကျော်ပဲ ကိုင်တွယ်ပြီး ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ 

ဆာဂျင်ရက်ကလစ်ဖ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းအနေနဲ့ အောင်မြင်မှုတွေ ပြန်ပြီးရယူချင်ရင် ကစားသမားတွေကိုလည်း ရှင်းထုတ်ဖို့ လိုအပ်နေတာပါ။

အရင်ခေတ်က ကစားသမားတွေဟာ နည်းပြတွေ ပြောတာကို နားထောင်ပြီး ကြောက်ကြပေမယ့် ဒီဘတ်ခေတ် ကစားသမားတွေကတော့ နည်းပြကို ပညာပေးကာ ထုတ်ပယ်တဲ့အထိ လုပ်ဆောင်တက်ကြတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဝတ်လဲခန်းကို ပြဿနာဖြစ်အောင်လုပ်တဲ့ ကစားသမားအချို့ ကို ရောင်းချ ဒါမှမဟုတ် ထွက်ခွာခွင့်ပြုရမှာပါ။ 

ဒီရာသီအပြင် ပြီးခဲ့တဲ့ ရာသီတွေမှာလည်း ယူနိုက်တက်အသင်း အောင်မြင်မှုမရရှိတဲ့ အကြောင်းအရင်း တစ်ခုက တော့ အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းလုံးဝ အားနည်းခဲ့တာလို့ပဲ ပြောရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ ဒီအချက် တွေကို ပြုပြင်နိုင်ဖို့ အခုကတည်းက စပြီးလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ဘောလုံးအသင်း တစ်သင်းရဲ့ လည်ပတ်မှုတွေ အကြောင်းကို သိရှိနားလည်တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်

အဲဒါကြောင့်လည်း ယူနိုက်တက်အသင်းရဲ့ အထက်ပိုင်း တာဝန်ရှိသူအချို့ကို ပြောင်းလဲပြီး လာမယ့်ရာသီတွေမှာ ပြောင်းလဲလိုက်တဲ့ သူတွေရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရတော့မှာပါ။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ပြီးအောင်မြင်မှု ရရှိတာကို မြင်တွေ့ ချင်နေပေမယ့် စိတ်ရှည်ရမယ်ဆိုတာ သိနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ စိတ်ပျက်စရာတွေ ကြုံတွေ့နေရတဲ့ ဒီရာသီကို အမြန်ဆုံး အဆုံးသတ် နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ 

FA ဖလားသာ ရယူနိုင်ခဲ့ရင် ယူနိုက်တက်အသင်းအတွက် ဒီရာသီ စိတ်ပျက်စရာတွေကို အနည်းငယ် ဖြေလျှော့နိုင် မှာ ဖြစ်ပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းတွေ၊ စံချိန်မှတ်တမ်းဆိုးတွေကတော့ မေ့ပျောက်စရာအဖြစ် ရှိနေမှာ မဟုတ်တာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ရစဉ်

မြန်မာကို တရုတ်က ဘယ်လိုကစားနေလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1585

CNI International Article 

၂၀၂၄ ခုနှစ်၊ မေလ ၆

မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းက အစိုးရဆန့်ကျင်သည့် တပ်ဖွဲ့များက လောက်ကိုင်(ကိုးကန့်ဒေသ)ကို ထိန်းချုပ်ခဲ့သည်။ ထိုသို့ ထိန်းချုပ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်သည် အနီးနားရှိဒေသမှ စစ်စခန်း ၅၀ ကျော်ကို လက်လွတ်ခဲ့သည်။

လောက်ကိုင်သည် ကိုးကန့်ဒေသ၏ မြို့တော်ြဖစ်သလို တရုတ်၏ ယူနန်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြို့ဖြစ်သည်။

ကိုးကန့်တရုတ်လူဉီးရေ အများအပြားနေထိုင်သည့် ထိုမြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့(TNLA-AA-MNDAA) အမည်ရှိ လက်နက်ကိုင်မဟာမိတ်အဖွဲ့က ထိန်းချုပ်လိုက်ခြင်းသည် ထိုဒေသတွင် တရုတ်၏ လွှမ်းမိုးမှုနှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

ယခင်က မြန်မာ့တပ်မတော်ကို ကာလကြာရှည် ထောက်ခံပေးလာခဲ့သည့် တရုတ်သည် လက်ရှိတွင် နှစ်ဖက်စလုံး ၌ ပါဝင်ပြီး နိုင်ငံရေးကစားလျက်ရှိသည်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် တရုတ်၏ ထောက်ပံ့မှုကိုမရဘဲ လောက်ကိုင်ကို ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူအများစုက ယူဆကြသည်။

ထို့ကြောင့် တရုတ်သည် မြန်မာ့တပ်မတော်နှင့် အင်အားချိန်ခွင်လျှာညှိရန် ထိုလက်နက်ကိုင်သုံးဖွဲ့ကို ပေါင်းစည်း စေဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်သည် မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်များ ထောက်ပံ့ပေး နေပြီး အခြားတစ်ဖက်တွင် AA၊ MNDAA နှင့် TNLA တို့ကို လက်နက်တပ်ဆင်ပေးနေသည်ဟု ထင်‌ကြေးပေးမှုများ ထွက်ပေါ်နေသည်။

မကြာသေးမီက ထိုမြောက်ပိုင်းသုံးဖွဲ့သည်  မြန်မာနိုင်ငံမြောက်ပိုင်း၏ နယ်‌မြေ အများအပြားကို သိမ်းယူခဲ့သည်။ 

တရုတ်ရဲတပ်ဖွဲ့က ကျားဖြန့်လုပ်ငန်းခေါင်းဆောင်တွေကို ဖမ်းဆီးနေစဉ်

ထိုအချိန်က တရုတ်သည် နယ်စပ်ဒေသတွင် ကျားဖြန့် လုပ်ငန်းများ၊ ကာစီနိုရုံများ၊ ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်း များကို မြန်မာပြည်မြောက်ပိုင်းတွင် နှိမ်နင်းနေရချိန်ဖြစ်သည်။ နိုင်ငံရေးအရ တိုက်ဆိုင်သည်ဆိုသည်မှာ မရှိဟူ သည့် စကားကို ထိုဖြစ်စဉ်တွင် မြင်တွေ့နိုင်သည်။

ပြီးခဲ့သည့်နှစ်က မြန်မာ့တပ်မတော်သည် ထိုလူဆိုးဂိုဏ်းများကို လုံခြုံရေးတပ်ဖွဲ့ဖြင့် နှိမ်နင်းမှုကို အရှိန်မြှင့်တင်ခဲ့ သည်။ 

ထိုတရုတ်လူဆိုးဂိုဏ်းများနှင့် ကျားဖြန့် လုပ်ငန်းများသည် တရုတ်ကွန်မြူနစ်ပါတီ(CCP)မှ ပါတီဝင်အများစုနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆက်နွှယ်မှု  ရှိခဲ့သည်။

ယူနန်နှင့် စီချွန်ပြည်နယ်ကဲ့သို့ ပြည်နယ်များမှ CCP ပါတီဝင်များထဲမှ ဒေသခံ ပါတီဝင်များသည် မြန်မာပြည် မြောက်ပိုင်းနယ်စပ်ရှိ တရားမဝင် ကာစီနိုလုပ်ငန်းများနှင့် အွန်လိုင်းမှ လိမ်ညာမှုများကို ပါဝင်ပတ်သက်နေသည်။

ထို့ကြောင့် ဒေသခံလူများသည် ၎င်းတို့အတွက် မိမိတို့၏ သဘောဆန္ဒမပါဘဲ အလုပ်လုပ်ရမည့် အခြေအနေသို့ ဖိအားပေးခံခဲ့ရသည်။

နောက်ထပ် စီးပွားရေးတစ်ခုမှာ CCP ပါတီဝင် အများစုသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက် နေခြင်း ဖြစ်သည်။ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ရွှေတြိဂံဒေသ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အသုံးချခြင်း ဖြစ်သည်။

 MNDAA က မြန်မာ့တပ်မတော်စစ်စခန်းကို သိမ်းပိုက်ခဲ့စဉ်

ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၁၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့ သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတွင် နေထိုင်သူများအတွက် ဘိန်းစိုက်ပျိုးမှုသည် အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်သည်။

ထိုဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှု ၊ မှောင်ခိုကူးမှုသည် မြန်မာနိုင်ငံအခြေစိုက် တရုတ်လူဆိုးဂိုဏ်းများနှင့် CCP ၏ ပါဝင်ပတ်သက်မှု ရှိနေသည်ဆိုသည့် သတင်းများလည်း ရှိနေသည်။  

ထိုအခြေအနေမျိုးတွင် တရုတ်အစိုးရအနေဖြင့် ကွန်မြူနစ်ပါတီဝင်များ ပါဝင်ပတ်သက်မှုကို မသိ၍လောဟူသည့် မေးခွန်းထုတ်စရာရှိသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သည် လက်နက်ကိုင်သူပုန်များက လက်နက်များဝယ်ယူရန် ထိုမူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှ ရရှိသည့် ငွေများကို အသုံးပြုမည့် အ‌ရေးကို စိုးရိမ်ခဲ့ပြီး နှိမ်နင်းမှုများကို အရှိန်မြှင့်တင်ခဲ့သည်။

အဆိုပါ အချိန်တွင် တရုတ်လူဆိုးဂိုဏ်းများသည် ဘိန်းစိုက်ခင်းများကို ကာကွယ်ရန် ထိုဒေသရှိ လက်နက်ကိုင် သူပုန်များကို လက်နက်များ၊ ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

တရုတ်အထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထိုဒေသတွင် ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးနေသည့် တရုတ်၏ နောက်ထပ် အကြောင်း ပြချက်တစ်ခုမှာ မြေရှားသတ္တုများ ပေါကြွယ်ဝခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တု ထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တု ထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းရှိ သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးနေမည်ဆိုပါက တရုတ် သတ္တုတွင်း ဂိုဏ်းများအတွက် ဒေါ်လာ ဘီလျံချီ ဝင်ငွေများရရှိနိုင်မည်ဖြစ်သည်။

ထိုအခြေအနေကို မြန်မာ့တပ်မတော်ကလည်း စိုးရိမ်မှု ရှိနေနိုင်သည်။ မြန်မာ့တပ်မတော်အနေဖြင့် ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့များကို တရုတ်က ထောက်ပံ့ပေးနေသည့် အခြေအနေဖြင့် အကျပ်ကိုင်ခံရမည့် အနေအထားကို စိုးရိမ်မှု ရှိနေနိုင်သည်။

နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ ရှမ်းပြည်နယ်အရေး ဖြစ်သည်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ်၏ နယ်မြေ အများအပြားကို ထိန်းချုပ်ခဲ့ပြီးကတည်းက တရုတ်၏ ယူနန်ပြည်နယ်ထဲသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းဖြစ်သည်။

ထို့ကြောင့် တရုတ်အနေဖြင့် ထိုကဲ့သို့ ရွှေ့ပြောင်းများ ဝင်ရောက်မှု အခြေအနေကို ကိုင်တွယ်ထိန်းသိမ်းရန် ထိုလက်နက်ကိုင်တပ်ဖွဲ့များကို  မျက်နှာသာပေး ဆက်ဆံနေခြင်း ဖြစ်သည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒုတိယခေါင်းဆောင်များကို တွေ့ရစဉ်

တရုတ်သည် နယ်မြေချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏ နယ်စပ်ဒေသများမှ လူနည်းစုများကို မြန်မာနယ်စပ် မှ  လက်နက်ကိုင်အဖွဲ့များက လွှမ်းမိုးမည့် အရေးကိုလည်း အထူးစိုးရိမ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံမှ လက်နက်ကိုင်သူပုန်များ၏ လှုပ်ရှားမှုကို တရုတ်က တစ်နည်းတစ်ဖုံဖြင့် စိုးရိမ်နေသည်။ တိဘက် ဒေသအရေး၊ မွန်ဂိုးလီးယားဒေသအရေး၊ ဝီဂါအရေးတို့ကြောင့် ဖြစ်သည်။

ထိုအချက်အလက်များကို ခြုံငုံသုံးသပ်ရမည်ဆိုပါက တရုတ်၏ Check and Balance ဟူသည့် စောင့်ကြည့် ထိန်းညှိ မူဝါဒနှင့် ပထဝီနိုင်ငံရေး ကစားပွဲကို တွေ့မြင် ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်ကတည်းက မြန်မာပြည်သူ တစ်သန်းခန့်သည် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီ ဖြစ်သည်။ 

ထိုအချိန်မျိုးတွင် တရုတ်အနေဖြင့် မြန်မာပြည်သူများကို အရှုံး/အနိုင် ခွဲခြားသတ်မှတ်သည့် Zero Sum game မျိုးအပါအဝင် ၎င်း၏ ပထဝီနိုင်ငံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အထောက်အပံ့များပေးရန် လိုအပ်လှပေသည်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်

ဝင်ဘာလေဝင်ခွင့်လက်မှတ် ၂ စောင်ကို ဘယ်သူတွေ ရယူနိုင်မလဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 2695

CNI Sport Article 

၂၀၂၄ ခုနှစ်၊ မေလ ၃

၂၀၂၃-၂၄ ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ဗိုလ်လုပွဲကို ရောက်ရှိဖို့ တစ်ပွဲသာကစားဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ အပြီးမှာတော့ ဗိုလ်လုပွဲကို ဘယ်အသင်း တက်နိုင်မလဲဆိုတာ ယတိပြတ်ပြောလို့ မရသေးပါဘူး။ 

အဲဒါကြောင့်လည်း ဒုတိယအကျော့ ပွဲစဉ်တွေအပြီးမှသာ ဗိုလ်လုပွဲကို ဘယ်အသင်းတွေ တက်မလဲဆိုတာ မျက်ဝါး ထင်ထင် မြင်တွေ့ရဖို့ရှိနေတာပါ။

လက်ရှိ အနေအထားအရတော့ ၄ သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်နိုင်ဖို့ ကိုယ်စီ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်ကတော့ ၂ ဂိုးစီ သရေကျခဲ့တာပါ။ 

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံတဲ့ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက် ဖြစ်ခဲ့ပါတယ်။ 

တိုနီကရူးစ်ရဲ့ အကွက်မြင်မြင် ဖန်တီးမှုနဲ့ ဗီနီစီးယက်စ်ရဲ့ သွင်းဂိုး၊ ဟာရီကိန်း ပင်နယ်တီ ကန်သွင်းတဲ့အချိန်မှာ ဘယ်လင်ဂမ်က စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တာတွေက ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့အရှိန်အဟုန်ကို ပိုကောင်းအောင်လုပ်ခဲ့တဲ့ မြင်ကွင်းတွေ ဖြစ်ခဲ့တာပါ။

ဒီပွဲမှာ ပိုကောင်းခဲ့တာက ဘိုင်ယန်မြူးနစ်ဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာဆိုရင် အထာနပ်နေတဲ့ ရီးရယ်လ်အသင်းကို အနိုင်မယူနိုင်ခဲ့ပါဘူး။

အဲဒါကြောင့် ဘာနေဗျူးမှာ ကစားရမယ့်ပွဲစဉ်က ၂ သင်းစလုံးအတွက် အရေးကြီးနေပါတယ်။ 

 ပီအက်စ်ဂျီနဲ့ဒေါ့မွန် ယှဉ်ပြိုင်နေစဉ်

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်နေတဲ့ ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ဖို့ သေချာနေတဲ့အတွက် ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားနေတာ ဖြစ်ပါတယ်။  

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒီရာသီသူတို့ရဲ့ တစ်လုံးတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

ဗိုလ်လုပွဲကို တက်ဖို့ အဆုံးအဖြတ် ကစားရမယ့်ပွဲဖြစ်တာကြောင့် ၂ သင်းစလုံး အမှားအယွင်းနည်းအောင် ကစားကြမှာဖြစ်ပေမယ့် ဘာနေဗျူးကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်တာကြောင့် ရီးရယ်လ်အသင်း ဗိုလ်လုပွဲ တက်သွားမယ်လို့ ထင်မြင်မိပါတယ်။

ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ ပါတယ်။ 

ကွင်းလုံးပြည့် နေရာလွတ်တောင် မရှိတဲ့အထိ အားပေးကြမ်းခဲ့တဲ့ ဒေါ့မွန်အသင်း ပရိသတ်တွေကြောင့် သူတို့ အသင်းဟာ ပီအက်စ်ဂျီအသင်းကို နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ ရှိခဲ့ချိန်တုန်းက အကောင်းဆုံး ခြေစွမ်းပြသ နိုင်ခဲ့ခြင်းမရှိတဲ့ ဆန်ချိုဆိုရင် ဒီပွဲမှာ လိမ်ခေါက်ဖြတ်ကျော်မှု ၁ ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဘတ်ပီကတော့ ဒေါ့မွန်အသင်းရဲ့ ခံစစ်ကျောက်ဆောင်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တဲ့အထိ ဆိုးရွားခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်

ဒါပေမယ့် နှစ်ကျော့ကစားရတဲ့ ဒီလိုအဆင့်တွေမှာ ဒုတိယပိုင်းကစားဖို့ ကျန်ရှိနေသေးတာကြောင့် ၁ ဂိုး- ဂိုးမရှိ ရလဒ်ဟာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ပါသေးတယ်။ 

ပထမအကျော့မှာ ဒေါ့မွန်အသင်းက ကောင်းမွန်ခဲ့သလို ပီအက်စ်ဂျီအသင်းဟာ ဂိုးရသင့်တဲ့ အခွင့်အရေး အများအပြားကို ဖြုန်းတီးခဲ့တာကြောင့် ပရိသတ်တွေဟာ ဂိုးအများအပြား မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ 

ဒုတိယအကျော့မှာတော့ ပထမအကျော့ကလို မဟုတ်ဘဲ သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပြီး ပီအက်စ်ဂျီအသင်း အနိုင်ရယူသွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ 

ဒါတွေက ထင်မြင်ချက်ကို ပြောခဲ့တာဖြစ်ပြီး ၂၀၁၃ ချန်ပီယံလိဂ်ကလို ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်သလို အစောကပြောခဲ့သလိုမျိုး ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်းတို့ တွေ့ဆုံရမယ့် ဗိုလ်လုပွဲ လည်း ဖြစ်သွားနိုင်ပါတယ်။ 

ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေ အားကစားကွင်းကြီးထဲမှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၃ ကလည်း ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းကြီးထဲမှာပဲ ကျင်းပခဲ့တာပါ။

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ ဝင်ဘာလေကွင်းကြီးထဲမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ထပ်မံ ယှဉ်ပြိုင်ရမယ်ဆိုရင် အတော်လေး ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဘာတွေ ဖြစ်မလာမလဲဆိုတာကို လာမယ့် ရက်ပိုင်းအတွင်း မြင်တွေ့ရတော့မှာဖြစ်ပြီး ဝင်ဘာလေ ဝင်ခွင့် လက်မှတ် ၂ စောင်ကို ဘယ်အသင်းတွေ ရယူသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကရင်အလံကို ခလရ ၂၇၅ တပ်ရင်းမှာ လွှင့်တင်နေစဉ်

မြဝတီ သို့မဟုတ် အတိုက်အခံတို့ရဲ့ အိပ်မက်

By CNI
CNI
Category: ဆောင်းပါး
Hits: 1681

CNI Article 

၂၀၂၄ ခုနှစ်၊ မေလ ၂

ကရင်ပြည်နယ်အတွင်းက လှပသော မြဝတီမြို့လေးသည် ပြီးခဲ့သည့်လအတွင်းက လှပသော အိပ်မက်လား ၊ ကြောက်စရာကောင်းသော အိပ်မက်လား မသိသော်လည်း စစ်ပွဲ၏ သရုပ်သဏ္ဍန်ကို အိပ်မက်မက်ခဲ့ကြရသည်။

ထိုအိပ်မက်ထဲတွင် မြဝတီမြို့အတွင်းနှင့် မြဝတီမြို့အနီးမှာ မြန်မာ့တပ်မတော်နှင့် အတိုက်အခံတို့၏ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်၏ မြဝတီမြို့အနီးက သင်္ဃန်းညီနောင် တပ်စခန်း သိမ်းပိုက်ခံလိုက်ရပြီး မြဝတီကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် အတိုက်အခံတို့၏ လက်နက်ကိုင်များက ထိုးစစ်ဆင်လာခဲ့ရာ မြဝတီ မြို့စောင့်တပ် ဖြစ်သည့် ခလရ ၂၇၅ လည်း ဆုတ်ခွာရင် ထိုင်း-မြန်မာ အမှတ်(၂) တံတားအနီးသို့ ရောက်သွား ခဲ့သည်။

တခြားတစ်ဖက်မှာတော့ မြဝတီမြို့မှာ နေထိုင်ကြသည့် အရပ်သားများသည် သောကအပူမီးများ တောက် လောင်နေပြီး ကလေးများကို ချီပိုးကာ မြစ်ကိုဖြတ်ကူးရင် စစ်ပွဲ၏ ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး နေကြရသည်။

အဆိုပါ အဖြစ်အပျက်များကို ထိုင်းသတင်းဌာန တစ်ခုဖြစ်သည့် The Reporters သတင်းဌာနကလည်း အဆက်မဖြတ် တင်ဆက်နေသလို မြဝတီမြို့အတွင်းမှာ မြန်မာ့တပ်မတော်၏ လုံခြုံရေးအဖွဲ့များ မရှိတော့ဘဲ အတိုက်အခံအင်အားစုများက မြို့အတွင်း ဝင်ရောက်ကာ ထိန်းချုပ်၍ လုံခြုံရေး ကင်းလှည့်နေသည်ဟုလည်း တင်ဆက်ခဲ့သည်။

 မြဝတီရှိ တပ်မတော် စစ်စခန်းတစ်ခုကို အတိုက်အခံ လက်နက်ကိုင်များ ဝင်ရောက်နိုင်ခဲ့စဉ်

အလားတူ ခလရ ၂၇၅ ၏ တပ်ဌာနချုပ်ကို အတိုက်အခံတို့၏ လက်နက်ကိုင်အင်အားစုများက ထိန်းချုပ် လိုက်ပြီးနောက် The Reporters ၏ သတင်းထောက် Mr.Thapanee Eadsrichai ကိုယ်တိုင် ခလရ ၂၇၅ တပ်ဌာနချုပ်ကို လုံခြုံရေး အစောင့်အရှောက်နှင့်အတူ သွားရောက်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်၍ တင်ခဲ့သလို KNU အလံကိုပါ လွှင့်တင်နေသော ဓာတ်ပုံများကိုလည်း ထုတ်လွှင့်သည်။

ထိုပုံရိပ်လွှာများကို အွန်လိုင်း စာမျက်နှာပေါ်ကနေ စောင့်ကြည့်နေကြရသူများက မြဝတီမြို့ကို အတိုက်အခံများ ထိန်းချုပ် သွားနိုင်ခဲ့ပြီးဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ ယုံကြည်ခဲ့ကြရခြင်းကလည်း အတိုက်အခံများသည် သတင်းမီဒီယာကို အသုံးချ၍ ဝါဒဖြန့်ချီရေးကို စစ်ပွဲနှင့်အတူ ဆင်နွှဲကာ လူထု၏စိတ်ကို ဖမ်းစားခဲ့ခြင်းကြောင့် ဖြစ်သည်။

မြဝတီမြို့ကို အတိုက်အခံများ ထိန်းချုပ်နိုင်ခဲ့သည်ဟု အွန်လိုင်းစာမျက်နှာပေါ်က လူထုကြီး မြင်တွေ့ခဲ့ရသော နေ့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် မြဝတီမြို့ကို အတိုက်အခံများက ထိန်းချုပ်နိုင်ခဲ့ပြီ ဟု ရေးသားထုတ်လွှင့်ခဲ့ကြသော အိပ်မက်နေ့စွဲလေး တစ်ခုဖြစ်သည်။

ဤသို့ လှပသော အိပ်မက်လေးကနေ လှန့်နိုးသွားခဲ့ပြီး အိပ်ယာကနေထ၍ အပြင်ကို ကြည့်လိုက်သည့် အချိန်မှာတော့ မြန်မာ့တပ်မတော်က မြဝတီမြို့ ထိန်းချုပ်နိုင်ရေး၊ သင်္ဃန်းညီနောင် ပြန်လည်ရရှိရေး၊ ခလရ ၂၇၅ ကို တပ်ကူစေလွှတ်ရေး စသည့် အခြေအနေများအတွက် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး ဦးအောင်ဇေယျ စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေသည်ကို ကြားလိုက်ရပြန်သည်။

ခလရ ၂၇၅ ထဲသို့ The Reporters ၏ သတင်းထောက် Mr.Thapanee Eadsrichai ရောက်ပြီး အမှတ်တရ ဓာတ်ပုံရိုက်နေစဉ်

ထို့နောက် မြဝတီမြို့၏ အတွင်း/အပြင် အပါအဝင် မြဝတီမြို့ကို သွားရောက်မည့် ကော့ကရိတ်လမ်းတစ် လျှောက်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး ဧပြီ ၂၁ ရက်နေ့မှာပဲ KNU- PDF ပူးပေါင်းတပ်ဖွဲ့ နောက်ပြန်ဆုတ်သွားကာ မြန်မာ့တပ်မတော်က မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ မှာ နိုင်ငံတော်အလံပြန်လည် လွှင့်ထူ၍ မြဝတီမြို့ကို ထိန်းချုပ်လိုက်သည်။

မြဝတီမြို့ကို မြန်မာ့တပ်မတော် ပြန်လည် ထိန်းချုပ်လိုက်နိုင်ခြင်းက ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ပိုင်းများကြား သဘောထား ကွဲလွဲခြင်းကြောင့်ဖြစ်သည်ဟု KNU ခေါင်းဆောင်တစ်ဦးက ပြော သည်။

၎င်းက “ KNU ခေါင်းဆောင်အများစုရော၊ KNA ကရောက တည်ငြိမ်မှု ပျက်သွားမှာ စိုးရိမ်ကြတယ်။ ထိုင်းနဲ့ ချစ်ကြည်ရေး ပျက်သွားမှာလည်း စိတ်ပူကြတယ်။ တချို့ KNU ခေါင်းဆောင်ပိုင်းကတော့ မြဝတီကို သိမ်းချင် တယ်။ အဲမှာ သဘောထားကွဲကြတာပါ။ ဒေသခံတွေကလည်း မြို့ပျက်သွားမှာကို စိုးရိမ်ကြတယ်”ဟု ပြော သည်။

မြဝတီမြို့သည် ထိုင်း-မြန်မာ ကုန်သွယ်ရေး၏ အဓိက ထွက်ပေါက်ဖြစ်ပြီး နေ့စဉ် ဒေါ်လာသန်းနှင့်ချီ ကုန်သွယ် မှု ရှိနေခြင်းကြောင့် နှစ်နိုင်ငံအစိုးရအကြား ချစ်ကြည်ရေး ဖြတ်တောက်သွားမည်ကို KNU ခေါင်းဆောင်ပိုင်း တချို့က မလိုလားကြသည့်အတွက် မြဝတီမြို့ထိုးစစ်ကနေ နောက်ပြန်ဆုတ်သွားခဲ့ကြကြောင်း သိရသည်။

ထို့အပြင် KNU ခေါင်းဆောင်ပိုင်း တချို့က တစ်ချိန်ချိန်မှာ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်လုပ်ကို လုပ်ရမည်ဟု နားလည်ထားခြင်းကြောင့်လည်း မြဝတီမြို့ ထိန်းချုပ်နိုင်ရေး စစ်ဆင်ရေးကို နောက် ပြန်ဆုတ်ခဲ့ခြင်းဖြစ်သည်ဟု KNU နှင့် နီးစပ်သူ တစ်ဦးက ရှင်းပြသည်။

မြန်မာ့တပ်မတော်က ခလရ ၂၇၅ မှာ မြန်မာနိုင်ငံအလံ ပြန်လည် လွှင့်တင်နေစဉ်

သို့သော် NUG နှင့် PDF တို့သည် အတိုက်အခံ အင်အားစုများဖြစ်သည့်အတွက် မြဝတီမြို့ကို ထိန်းချုပ်ပြီး လွတ်မြောက်ရေး ကြေညာကာ တခြားသော ဒေသများကို ဆက်လက် ထိန်းချုပ်ရေး ကြိုးပမ်းသွားလိုကြရာမှာ လည်း စဉ်းစားပုံခြင်း မတူညီကြသည်ကို တွေ့ရသည်ဟု ၎င်းက ရှင်းပြသည်။

မြဝတီမြို့ ထိန်းချုပ်ရေး စိတ်အားထက်သန်ကြသည့် တချို့သော KNU ခေါင်းဆောင်ပိုင်းများကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA-TNLA-MNDAA တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုနှင့် ကိုယ်ရကိုယ်ယူ နယ်မြေသိမ်း စစ်ပွဲအပေါ် အားကျနေပြီး မြဝတီမြို့ကို ထိန်းချုပ်ရန် စိတ်ဆန္ဒများ ပြင်းပြလျက်ရှိနေသည်ဟု ထိုင်းနယ်စပ်တွင် ရောက်ရှိနေသော အတိုက်အခံတစ်ဦးက ပြောသည်။

၎င်းက “ မြောက်ပိုင်းက ကိုယ်ရကိုယ်ယူပုံစံကို တောင်ပိုင်းက EAO တွေနဲ့ အတိုက်အခံ (NUG)တွေက သဘောကျသွားတယ်။ သူတို့လည်း အားတက်သွားတယ်။ အဲမှာ မြဝတီမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်တာ ဒီလို ဖော်ဆောင်နိုင်ဖို့အတွက်ကိုလည်း နိုင်ငံကြီးတစ်နိုင်ငံက ထောက်ပံ့ပေးတယ်။ အဲဒီနိုင်ငံကြီး တစ်နိုင်ငံက ပေးတဲ့ လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီက လက်နက်တွေ ဖြစ်သွားတယ်။ ဒီအချိန်မှာ KNU ခေါင်းဆောင် တချို့က မြောက်ပိုင်း EAO တွေလိုမျိုး စိတ်ကူးယဉ်လိုက်တာ။ အတိုက်အခံတွေကလည်း အားတက်နေတာပေါ့။ အဲဒီမှာ သတင်းသမားတွေကိုတောင် ခေါ်လာပြီးတော့ မြဝတီမြို့ သိမ်းလိုက်ပြီဆိုပြီး တော့ သတင်းတွေ ထုတ်လွှင့်ခဲ့သေးတယ်။ ဒါပေမယ့် ကရင်ပြည်နယ်က ရှမ်းမြောက်လို ပထဝီအနေအထားက မတူညီဘူးလေ။ ပြီးတော့ KNU ခေါင်းဆောင်တွေကြားမှာ စဉ်းစားပုံချင်းလည်း မတူညီဘဲ ကွဲလွဲနေကြတယ်လို့ လည်း သိရတယ်။ ဒါကြောင့် နောက်ပြန်ဆုတ်သွားရတာ”ဟု ပြောသည်။

မြဝတီမြို့ ထိန်းချုပ်နိုင်ရေး တိုက်ပွဲသည် တော်လှန်ရေးအင်အားစုများနှင့် အတိုက်အခံများအတွက် ရည်မှန်း ချက် ပန်းတိုင်ကြီး တစ်ခုဖြစ်သည်။ အလားတူ လှပသော အနာဂတ် အိပ်မက်ကြီးတစ်ခုလည်း ဖြစ်သည်။

 မြန်မာနိုင်ငံအလံကို တွေ့ရစဉ်

မြန်မာ့တပ်မတော် အတွက်ကလည်း မြဝတီမြို့သည် တိုင်းပြည်၏ အဆုံးအဖြတ် တစ်ခုဖြစ်သွားနိုင်သည်ဟု နားလည်ထား၍ နည်းလမ်းပေါင်းစုံဖြင့် မြဝတီမြို့ကို ဆက်လက် ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်းနိုင်ကြောင်း မြန်မာ့တပ်မတော်နှင့်နီးစပ်သူ တစ်ဦးက ရှင်းပြသည်။

ထို့နောက် တိုင်းပြည်၏ အဆုံးအဖြတ်ကို ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားက အဆုံးအဖြတ်ပေး သွားခဲ့သည်။

ထိုအဆုံးအဖြတ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ အသွင်ပြောင်းသွားသည့် ကရင်အမျိုးသားတပ်မ တော်(KNA)၏ အခန်းကဏ္ဍကလည်း အလွန်အရေးပါခဲ့သည်ဟု အတိုက်အခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားမှု ကျိုးပဲ့ပြီး အစိတ်စိတ် အမွာမွာကွဲနေလျှင် နိုင်ငံခြားစီးပွားရေး ပိတ်ဆို့မှု တစ်ခုတည်းက အုပ်ချုပ်ရေးကို ပြိုကွဲအောင် မလုပ်နိုင်သလို သူ့ဟာနှင့်သူ စီးပွားရေး အကျပ်အတည်းဖြစ်ခြင်း ကလည်း အုပ်ချုပ်ရေးကို ပြိုကွဲအောင် မလုပ်နိုင်ပေ။

 မြဝတီမြို့ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်

ထို့အပြင် အတိုက်အခံများ၏ ဒီမိုကရေစီအင်အားစု ကြီးထားမှုမရှိလျှင် အတိုက်အခံများသည် ဘေဂျင်းဖြစ်ဖြစ်၊ ဝါရှင်တန်ဖြစ်ဖြစ် အင်အားကြီးအစိုးရ တစ်ရပ်အပေါ် အမြဲတမ်း မှီခိုအားထားနေရပြီး ၎င်းတို့ပြုသမျှ နုရလိမ့် မည်။ 

ထို့နောက် အင်အားကြီး နှစ်နိုင်ငံ၏ ပဋိပက္ခကြားမှာ မြန်မာနိုင်ငံ ပိတ်မိသွားမည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်သော တိုင်းပြည်တစ်ပြည်ထက် ပိုမိုဆိုးဝါးသွားနိုင်သည်ကို အားလုံး သတိချပ်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိမှာတော့ မြဝတီမြို့ကို တိုက်ပွဲကင်းပြီး စီးပွားရေးဇုန်အဖြစ်ထားရန်၊ ခလရ ၂၇၅ ကို မူလ တပ်စခန်းမှာ ပြန်လည် အခြေစိုက်ခွင့်ပြုရန်၊ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ မူလ လုပ်ငန်းစဉ်များ ပြန်လည် လုပ်ကိုင်ရန်၊ ကုန်သွယ်ရေး ပြန်လည်စတင်ရန် စသဖြင့် သဘောတူညီမှုများ ရယူခဲ့ ကြပြီးဖြစ်သည်။

ထို့ကြောင့် မြဝတီသည် အတိုက်အခံတို့၏ မျှော်လင့်ချက် သို့မဟုတ် အတိုက်အခံတို့၏ ပျက်စီးသွားသော အိပ် မက်မြို့လေး တစ်မြို့အဖြစ်သာ ကျန်ရှိခဲ့တော့သည်ဟု နယ်စပ်ရောက် အတိုက်အခံများက မှတ်ချက်ပြုခဲ့ကြ သည်။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကလော့ပ်ကို တွေ့ရစဉ်

ကလော့ပ်အတွက် လီဗာပူးလ်ရဲ့မလှပတဲ့ နှုတ်ဆက်မှု 

By CNI
CNI
Category: ဆောင်းပါး
Hits: 1712

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈

၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ဟာ ဒီရာသီအကုန်မှာ ၉ နှစ်ကြာ ကိုင်တွယ် ခဲ့တဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ ကလော့ပ် ကြေညာချိန်မှာ အသင်းဟာ ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေခဲ့ပြီး ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးဖြစ်နေတာပါ။

အဲဒါကြောင့်လည်း လီဗာပူးလ်အသင်း ကစားသမားတွေဟာ သူတို့ရဲ့နည်းပြကြီးကို ဆုဖလား ၄ လုံးစလုံး ရယူပေးပြီး နှုတ်ဆက်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း ကစားသမားတွေဟာ နည်းပြ ကလော့ပ်အတွက် ဒီရာသီရဲ့ ပထမဆုံး ဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလား ရယူပေးခဲ့အပြီးမှာ နောက်ထပ်ဆုဖလား ၃ လုံးအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ ကြတာပါ။

ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ ခြေချော်မှုတွေဟာ တဖြေးဖြေးချင်း စတင်လာခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို အချိန်ပိုမှာ အရေးနိမ့်ကာ ဆုဖလား ၁ လုံး စတင် လက်လွှတ်ခဲ့ရပါတယ်။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

လီဗာပူးလ်အသင်းကတော့ FA ဖလားက ထွက်ခွာခဲ့ရပေမယ့် ကျန်တဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားကို မဖြစ်မနေ ရယူသွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ 

လီဗာပူးလ်အသင်းရဲ့ မျှော်လင့်ချက်ကို စတင်ထိခိုက်ခဲ့တာကတော့ ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်ပြီးကတည်းက သူတို့ရဲ့ခြေစွမ်းဟာ ကျဆင်းသွားခဲ့ပြီး တိုက်စစ်ပိုင်းကလည်း အလုပ် မဖြစ်တော့တာပါ။ 

အန်ဖီးလ်ကလပ်ဟာ နောက်ပိုင်းကစားခဲ့တဲ့ အတ္တလန်တာနဲ့ ယူရိုပါလိဂ်၊ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် အရေးနိမ့်ပြီး ကလော့ပ်ကို ဆုဖလားတွေ အများအပြားနဲ့ နှုတ်ဆက်ပေးချင်တဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်လာခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အတ္တလန်တာနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က အရှုံးရလဒ်ကြောင့် ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲတစ်ခုပြီး တစ်ခုထွက်ခဲ့ရပြီးနောက် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်မှာ ထပ်ပြီး အရေးနိမ့်သွားခဲ့ပြန်ပါတယ်။ 

လီဗာပူးလ်အသင်း အတွက်တော့ ဒီပွဲအရှုံးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ရဖို့ အများစု သေချာသွားပြီလို့ ပြောရမှာပါ။ 

ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားဖို့ အနည်းငယ် ကျန်သေးပေမယ့် အခွင့်အရေးက လီဗာပူးလ်အသင်းရဲ့ လက်ထဲ မှာ မရှိတော့ပါဘူး။ 

ကလော့ပ် ဆုဖလားကိုင် အောင်ပွဲခံနေစဉ်

အာဆင်နယ်နဲ့ မန်စီးတီးအသင်းရဲ့ အမှားကို စောင့်ရမယ့် အခြေအနေဖြစ်လို့ လီဗာပူးလ်အသင်း အတွက်တော့ ဒီရာသီကို ကာရာဘောင်းဖလား ဆုဖလား ၁ လုံးနဲ့သာ ကျေနပ်ရဖို့ ရှိနေပါတယ်။

ဆုဖလားတွေနဲ့အတူ မြို့ထဲကို အမိုးဖွင့်ကားနဲ့ လှည့်လှည်ပြီး နည်းပြ ကလော့ပ်ကို နှုတ်ဆက်ချင်တဲ့ လီဗာပူးလ် အသင်းရဲ့ မျှော်လင့်ချက်တွေဟာ ဆုဖလား ၁ လုံးနဲ့ပဲ အဆုံးသတ်သွားရပြီ ဖြစ်တာပါ။ 

လီဗာပူးလ်အသင်း ကစားသမားတွေဟာ နည်းပြ ကလော့ပ်ကို ဆုဖလား ၄ လုံး ရယူပေးပြီး နှုတ်ဆက်ချင်တဲ့ ဖိအားဒဏ်တွေကြောင့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားတွေလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေကို လွယ်ကူ သွားစေခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းရဲ့အဓိက တိုက်စစ်မှူး ဆာလက်ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှု ဒါဝင်နူနက်စ်ရဲ့ ဂိုးဖြုန်းတီးမှုတွေက လီဗာပူးလ်အသင်းအပေါ် အနည်းနဲ့ အများသက်ရောက်မှု ရှိခဲ့တာပါ။ 

ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရမှာက လီဗာပူးလ်အသင်းကို ပိုစိတ်ပျက်စေခဲ့ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းဖော်တွေအနေနဲ့ ဒီဖလားကို အမှန်တကယ် ရယူချင်ရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ 

ကလော့ပ်ဟာ လီဗာပူးလ်အသင်း နည်းပြဘဝမှာ ယူရိုပါလိဂ် ဆုဖလားကလွဲပြီး ဆုဖလားအားလုံး ရယူနိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

ဒါပေမယ့် ကလော့ပ်ဟာ မန်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ ဂွာဒီယိုလာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ထိုက်တန်တာထက် ၁ ကြိမ်သာ ရယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးလ်အသင်း နည်းပြဘဝ နောက်ဆုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်ချင်ခဲ့ပေမယ့်လည်း ဖြစ်မလာဖို့က ရာခိုင်နှုန်းများနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးလုပ်ပြီး မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ အမှားတွေကိုစောင့်ကာ နည်းပြ ကလော့ပ်အတွက် အကောင်းဆုံးရလဒ်တွေ ရယူပေးဖို့ပဲ ရှိတော့တာ ပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် နည်းပြ ကလော့ပ်ကို လီဗာပူးလ်အသင်းရဲ့ နှုတ်ဆက်မှုဟာ လှပမှုမရှိတာပဲ ဖြစ်ပါတယ်။ 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
လိင်တူလက်ထပ်ခွင့် တောင်းဆိုနေကြစဉ်

စီးပွားရေးတစ်ခုဖြစ်လာသည့် သာတူညီမျှ လက်ထပ်ခွင့်

By CNI
CNI
Category: ဆောင်းပါး
Hits: 966

CNI Article

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄

ထိုင်းနိုင်ငံသည် လိင်တူစုံမက်သူများ၊ လိင်တူလိင်ကွဲ စုံမက်သူများ၊ လိင်ပြောင်းထားသူများ အစရှိသည့် LGBTQ အသိုင်းအဝိုင်းနှင့်မစိမ်းသည့် နေရာတစ်ခုဖြစ်သော်လည်း ထိုင်း၏ အမျိုးသားဥပ‌ဒေများနှင့် မူဝါဒများသည် LGBTQ အသိုင်းအဝိုင်းအတွက် လိုက်လျောညီထွေ သိပ်မရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ထိုင်းလွှတ်တော်သည် လိင်တူလက်ထပ်ခွင့်ကို တရားဝင်အတည်ပြုရန် ဆုံးဖြတ်ချက်ချတော့မည့် အနေအထားသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

လိင်တူလက်ထပ်ခွင့်ကိုသာ တရားဝင် အတည်ပြုခဲ့မည်ဆိုပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်သည်။

 အထူးသဖြင့် လိင်တူချင်း လက်ထပ်သည့် မင်္ဂလာဆောင် များမှ ဒေါ်လာများ သန်းချီရရှိနိုင်မည် ဖြစ်သည်။

သာတူညီမျှလက်ထပ်ခွင့် အက်ဥပဒေကို အတည်ပြုခြင်းသည် ထိုင်းနိုင်ငံ၏ LGBTQ+ အသိုင်းအဝိုင်းအတွက် သာမကဘဲ ထိုင်းနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများလုပ်ရန် ကြိုးပမ်းနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အသိုင်းအဝိုင်းအတွက်လည်း သတင်းကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်နဲ့ LGBTQ ကိုတွေ့ရစဉ်

ထိုဥပဒေကို ပြဋ္ဌာန်းခဲ့မည်ဆိုပါက ထိုင်းတွင် စီးပွားရေးနှင့် သက်ဆိုင်ရာ နယ်ပယ်များတွင် ပါရမီရှိသူများကို လျင်မြန်စွာ စုဆောင်းနိုင်ခြင်းမှ အကျိုးကျေးဇူးများ ရရှိမည့် အခြေအနေကို တစ်ကမ္ဘာလုံးက မြင်တွေ့နိုင်မည် ဖြစ်သည်။

ထိုအချက်သည် ထိုင်း၏ မူဝါဒရေးဆွဲသူများအတွက် အဓိကထား စဥ်းစားရမည့် အချက်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာကုမ္ပဏီကြီးများသည်  LGBTQ အသိုင်းအဝိုင်းအား ခွဲခြားဆက်ဆံမှုအပေါ် အလွန်အမင်း အလေးအနက်ထားပြီး ကိုင်တွယ်လျက်ရှိသည်။ 

LGBTQ များကို ခွဲခြားဆက်ဆံမှုသည် စွမ်းဆောင်ရည်မြင့်မားပြီး ပါရမီရှိသည့် ဝန်ထမ်းများကို စုဆောင်းရာတွင် ဆိုးကျိုးသက်ရောက်စေနိုင်သလို နိုင်ငံအတွင်း  LGBTQ များကို မုန်းတီးသည့် ပတ်ဝန်းကျင်တွင် ပါရမီရှင်  LGBTQ များအား ဝန်ထမ်းအဖြစ် ခေါ်ယူရာတွင် အဟန့်အတား ဖြစ်စေနိုင်သည်။

ထိုအချက်သည်  LGBTQ များကိုသာ သက်ရောက်စေမည် မဟုတ်ဘဲ  LGBTQ အသိုင်းအဝိုင်းနှင့် ရင်းနှီးကျွမ်းဝင် သည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် ကြိုးပမ်းနေသော  LGBTQ  များ၏ မိတ်ဆွေများ၊ မိဘများ၊ မိသားစုဝင်များ ကိုလည်း သက်ရောက်စေမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်၏ အကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းကို နှစ်စဥ် စစ်တမ်းကောက်ယူ ဖော်ပြနေသည့် Fortune 500 စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီ ၉၆ ရာခိုင်နှုန်းက လိင်အပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုမျိုးကို တားမြစ် ထားသည်။

အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည့် လီဘက်ဂတ်ကို တွေ့ရစဉ်

နိုင်ငံ၏ ထိပ်သီး အရောင်းဝန်ထမ်းအဖြစ် တင်စားခံထားရသည့် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကလည်း လက်ရှိတွင် ထိုင်း၌ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ရန် အချိန်အခါကောင်းဖြစ် ကြောင်း၊ ထိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လက်ရှိအချိန်ထက် ကောင်းမွန်သည့် အချိန်မရှိကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းတွင်  ဖွံ့ဖြိုးတိုးတက်မှုနှင့် ပွင့်လင်းမှုအတွက် LGBTQ များနှင့် ပွင့်လင်းစွာ လက်တွဲဆောင်ရွက် ရမည် ဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော်  LGBTQ များသည် သာတူညီမျှမှုရှိသည့် တရားရေး အကာအကွယ်အောက်တွင် ရှိလာခဲ့မည်ဆိုပါက အစိုးရနှင့် စီးပွားရေး လုပ်ငန်းများသည်  LGBTQ များထံမှ အကျိုးအမြတ်များကို မျှော်လင့် နိုင်မည်ဖြစ်သည်။

လိင်တူလက်ထပ်ခွင့်ကို တရားဝင် အတည်ပြုခြင်းအားဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်း လည်ပတ်မှုများကို ချဲ့ထွင်မှု၊ လစာငွေ ကောင်းမွန်သည့် အလုပ်အကိုင်များ ပေါ်ထွက်လာမှု၊ ဆန်းသစ် တီထွင်မှု အပိုင်းတွင် အားကောင်းလာမှုနှင့် ထိုင်းပြည်သူများအတွက် အကျိုးရှိစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း  ပြုလုပ်ခဲ့သည့် လေ့လာမှုများတွင် ထိုင်းနိုင်ငံအတွင်းရှိ LGBTQ များ၏ ရေရာမှုမရှိသည့် စီးပွားရေး ကောင်းကျိုးချမ်းသာ အခြေအနေကို အလေးထားဖော်ပြခဲ့သည်။

ထို့နောက် သာတူညီမျှမှု မရှိသော အခြေအနေက LGBTQ များအား နိုင်ငံစီးပွားရေးအတွင်းသို့ အပြည့်အဝ ပါဝင် ဆောင်ရွက်နိုင်ခြင်း မရှိစေရန် ဟန့်တားရာ ရောက်ခဲ့သဖြင့် ထိုင်းနိုင်ငံ၏ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့ ကြိုးပမ်းအားထုတ်သလောက် တူညီသည့် အကျိုးကျေးဇူးကို မခံစားခဲ့ရကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ သုတေသနတစ်ခုတွင် သက်ဆိုင်ရာ နယ်ပယ်များ၌ ပရော်ဖက်ရှင်နယ်များအဖြစ် လုပ်ကိုင်နေ သည့်  LGBTQ+ စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းက ၎င်းတို့၏ လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်သည့် ၎င်းတို့၏ လုပ်နိုင်စွမ်း အပြင် ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှုများအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် LGBTQ+ များ ပါဝင်မှုသည် နိုင်ငံပေါင်းစုံ ပါဝင်သည့် စီးပွားရေး လုပ်ငန်းစုများနှင့် ကော်ပိုရေးရှင်းများ အတွက် ပိုမိုအောင်မြင်မှုများလည်း ရရှိစေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ချစ်သူ စုံတစ် တစ်တွဲကို တွေ့ရစဉ်

၂၀၁၆ ခုနှစ်က Credit Suisse ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီ၏ လေ့လာချက်တစ်ရပ်တွင်  LGBTQ များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ စတော့လှုပ်ရှားမှုများကို တိုင်းတာသော MSCI All Country World Index အမည်ရှိ ညွှန်းကိန်း၌ ပျမ်းမျှ ၃ ရာခိုင်နှုန်း ပိုမိုသာလွန်နေကြောင်း ဖော်ပြခဲ့ သည်။

သာတူညီမျှ လက်ထပ်ခွင့် မရှိပါက ဆုံးရှုံးနစ်နာရမည့် အရာများကို ရေတွက်နိုင်မည် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများနှင့် အစိုးရများသည်  LGBTQ+ အသိုင်းအဝိုင်းအတွက် လက်ထပ်မှုဆိုင်ရာ အစီအစဥ်များကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိပါက ဒေါ်လာဘီလျံချီ နစ်နာလိမ့်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်က ထိုင်း၏ စီးပွားရေးနှင့် LGBTQ များ၏ အခွင့်အရေးများအကြား ဆက်နွှယ်မှုကို လေ့လာသည့် ထုတ်ပြန်ချက်တစ်ခုတွင် လိင်တူစုံမက်မှုနှင့် ၎င်းတို့၏ မိသားစုများကို အသိအမှတ်ပြုသည့် လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေများ၊ လိင်တူလက်ထပ်ခွင့်ပြုသည့် ဥပဒေများကိုပြဋ္ဌာန်းရန် ကမ္ဘာ့ဘဏ်က အကြံပြုခဲ့သည်။

ကမ္ဘာ့ဘဏ်သည် အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် Williams Institute နှင့် လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင်  LGBTQ များကို ဖယ်ကြဥ်ထားမှုသည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးအပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိခဲ့သည်ဆိုသည့်အချက်ကို လေ့လာခဲ့ကြသည်

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အိန္ဒိယတွင် လိင်တူစုံမက်သူများကို ဖယ်ကြဥ်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှု သည် နိုင်ငံ့ ဂျီဒီပီ၏ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ ငွေကြေးအားဖြင့် ဒေါ်လာ ၇ ဒသမ ၇ ဘီလျံရှိခဲ့ကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည့် လီဘက်ဂတ် (Lee Badgett) က လေ့လာတွေ့ရှိခဲ့သည်။

ထိုပမာဏမှာ လွန်ခဲ့သည့် ၁၀ နှစ်က ဒေါ်လာစျေးဖြစ်ပြီး လက်ရှိ ဒေါ်လာစျေးနှင့်ဆိုလျှင် နစ်နာမှုမှာ ပိုမိုများပြား နိုင်ခြေရှိသည်။

ထိုင်း၏ အမျိုးသား ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ကလည်း ထိုင်းနိုင်ငံကို အာရှတွင်  LGBTQ များ လက်ခံ ကြိုဆိုမှုအရှိဆုံး နိုင်ငံဖြစ်စေရန်အတွက်  "Go Thai, Be Free" လှုပ်ရှားမှုကို လက်ခံကြောင်း အရိပ်လက္ခဏာ ပြသခဲ့ပြီး ဖြစ်သည်။ 

LGBTQ+ ခရီးသွားများသည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားများ၏ ၁၀ ရာခိုင်နှုန်းရှိသဖြင့် ၂၀၃၂ ခုနှစ်တွင် LGBTQ+ ခရီးသွားစျေးကွက်သည် ဒေါ်လာ ၆၂၀ ဘီလျံအထိ မြင့်တက်လာနိုင်ခြေရှိကာ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှတွင် လိင်တူလက်ထပ်ခွင့်ကို တရားဝင် အတည်ပြုပေးခြင်းအားဖြင့်   LGBTQ+ ခရီးသွားကဏ္ဍကို ပိုမို ခိုင်မာစေမည့် အခွင့်အလမ်းကို ရရှိထားပြီဖြစ်သည်။

အရေးကြီးသည့် ထိုအခွင့်အလမ်းနှင့် ပတ်သက်ပြီး လွှတ်တော်အမတ်များက စဥ်းစားနေကာ ထိုအခွင့်အလမ်းကို ရာနှင့်ချီသည့် စီးပွားရေးလုပ်ငန်းများမှ စီအီးအိုများ၊ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းများက အာရုံစိုက်နေသည်ကို လွှတ်တော်အမတ်များက သိထားသင့်သည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုအခွင့်အလမ်းကို အကောင်အထည်ဖော်မည် ဆိုပါက သာတူညီမျှ လက်ထပ်ခွင့်မှတစ်ဆင့် ဒေါ်လာ ထရီလျံကျော် ဝင်ငွေများကို မျှော်လင့်နိုင်ပြီး နိုင်ငံတကာ ကုမ္ပဏီများကလည်း ထိုင်းနိုင်ငံအတွင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပါရမီရှင်များကို လွယ်ကူလျင်မြန်စွာ

စုဆောင်းနိုင်မည်ဖြစ်သည်။ ထိုအခြေအနေမျိုးကို မလိုချင်သူ မရှိဟု ကောက်ချက်ချ ရမည်ဆိုပါက မှားမည် မထင်ပေ။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်စီးတီးနဲ့ ရီးရယ်လ်အသင်းကို တွေ့ရစဉ်

အသင်းတိုင်း မျှော်လင့်ခွင့်ရှိနေဆဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

By CNI
CNI
Category: ဆောင်းပါး
Hits: 1343

CNI Sport Article 

 ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ပြီးခဲ့တဲ့ ကြားရက်ထဲမှာ ယှဉ်ပြိုင်ခဲ့ ပြီးပြီ ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးပရိသတ်တိုင်း စိတ်ဝင်စားမှု အရှိဆုံး ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေဟာ ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့လဲဆိုတာ ရလဒ်တွေကို ကြည့်ရင် သိနိုင်တာပါ။

ဒီပွဲတွေကို ကြည့်တဲ့သူတိုင်း အိပ်ငိုက်လို့တောင် မရတဲ့အထိ အပြန်အလှန် သွင်းဂိုးတွေကို မြင်ခဲ့ရပြီး ကွာတားဖိုင် နယ် ပထမအကျော့ပွဲစဉ် ၄ ပွဲမှာ သွင်းယူခဲ့တဲ့သွင်းဂိုးက ၁၈ ဂိုးအထိရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေမှာ အနိုင်အရှုံးရလဒ်က ၂ ပွဲထွက်ပေါ်ခဲ့ပြီး သရေရလဒ်က ၂ ပွဲထွက်ပေါ်ခဲ့တာပါ။ သရေရလဒ်တွေက အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းပွဲစဉ်မှာ ၂ ဂိုးစီသရေနဲ့ ရီးရယ်လ်နဲ့မန်စီးတီးအသင်းတို့ပွဲမှာ ၃ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ 

ကျန် ၂ ပွဲမှာ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသလက်တီကိုအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီ ၄ ပွဲစလုံးဟာ ရလဒ်တွေပြတ်သားခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ အသင်း ၈ သင်းစလုံးမှာ မျှော်လင့်ချက် ရှိနေတဲ့အတွက် ဒုတိယအကျော့ ပွဲစဉ် တွေဟာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိမယ်ဆိုတာ သေချာနေတာပါ။ 

ဘာစီလိုနာနဲ့ ပီအက်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်

ပြီးတော့ အဝေးဂိုး စည်းမျဉ်းမရှိတော့တာကြောင့်လည်း အဝေးဂိုး ရထားတယ်ဆိုတဲ့ အားသာချက် မရှိတော့လို့ အသင်းတိုင်းအတွက် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်မှာတော့ နောက်တစ်ဆင့်တက်ဖို့ အားသာနေတဲ့ အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းလို့ ပြောရမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားပြီး ဆုဖလား လက်လွှတ်ခဲ့ရလို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ပြီးတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲတဲ့ ရလဒ်တွေကလည်း ကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ဖို့ ရေပန်းစားနေတာပါ။

နောက်တစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ရီးရယ်လ်အသင်း တို့ပွဲကတော့ အမှားအယွင်း အများဆုံးလုပ်တဲ့ အသင်းက ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကိုတွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ ဘာနေဗျူးမှာ မန်စီးတီးအသင်းကို အနိုင်မရရှိခဲ့တာက သူတို့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး မနှစ်ကရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့တုန်းက မန်စီးတီးအသင်းက အိမ်ကွင်းမှာ ရီးရယ်လ်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ 

အဲဒါကြောင့် ဒီပွဲမှာ မန်စီးတီးအသင်းက ဆီမီးဖိုင်နယ်တက်ဖို့ အားသာနေတာ ဖြစ်ပါတယ်။

နောက်တစ်ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး အရှုံးအနိုင် အဖြေထွက်ခဲ့တဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ပွဲပါ။ 

ပထမအကျော့အဖြစ် ကစားခဲ့တုန်းက အဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာအသင်း အနိုင်ရခဲ့တာကြောင့် ဒုတိယ အကျော့ အိမ်ကွင်းကစားရမယ့်ပွဲမှာ ဘာစီလိုနာအသင်းက အသာစီးနဲ့ ကစားလို့ရမှာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်နိုင်ခွင့်ရှိနေသာ အသင်းများကိုတွေ့ရစဉ်

ဒါပေမယ့် ပထမအကျော့က ခြေစွမ်းမပြနိုင်တဲ့ ဘတ်ပီသာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနိုင်ရင် ပွဲက အလှည့်အပြောင်း ပြန်ဖြစ်သွားနိုင်ပြီး ပီအက်စ်ဂျီအသင်းအတွက် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိလာ နိုင်တာပါ။

နောက်ဆုံးပွဲကတော့ ဒေါ့မွန်နဲ့ အသလက်တီကို အသင်းတို့ရဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲရဲ့ ပထမအကျော့မှာ အသလက်တီကိုအသင်း အနိုင်ရထားပေမယ့် ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းတဲ့ အသင်းဖြစ်လို့ အသလက်တီကိုအသင်းအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ခံစစ်ပိုင်းကျစ်လစ်တဲ့ အသလက်တီကိုအသင်းဟာ ဒေါ့မွန်အသင်းကို တန်ပြန်တိုက်စစ်နဲ့ ကစားပြီး ဆီမီးဖိုင်နယ်ကို တက်သွားနိုင်ပါတယ်။

လက်ရှိအချိန်မှာ အသင်းတိုင်းဟာ ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် အကောင်းဆုံး ပြင်ဆင်နေကြလို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဘယ်အသင်း ၄ သင်း တက်နိုင်မလဲဆိုတာကို ဧပြီ ၁၇ နဲ့ ၁၈ ရက်တွေမှာ သိရှိ ရတော့မှာလည်း ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂါဇာဒေသ ဗုံးကြဲခံထားရစဉ်

ဗီယက်နမ် ဗုံးကြဲခံရသည့်ဖြစ်စဉ်ကို သတိရစေသည့် ဂါဇာစစ်ပွဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1030

CNI Article

၂၀၂၄ ခုနှစ်၊ ဧပြီ ၆

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း (Hanoi) မြို့တော် ခန်းမအတွင်းရှိ တိတ်ဆိတ်သည့် ပုဂ္ဂလိကနေရာတစ်ခုတွင် လူပေါင်း ၂၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် သြဇာတိက္ကမကြီးမားပြီး ဗီယက်နမ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်သော အသက် ၃၀ အရွယ် ပါလက်စတိုင်း အမျိုးသားတစ်ဦးဖြစ်သူ ဆာလမ် ဟမ်မက် (Saleem Hammad) ၏ စကားများကို အာရုံစိုက် နားထောက်လျက်ရှိသည်။

ဗီယက်နမ်တွင် စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားသည့် ဟမ်မက်က အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသရှိ ဂျီနင် (Jenin) မြို့၌ သူကလေးဘဝက ကြုံတွေ့ခဲ့ရသော ဖြစ်စဉ် တစ်ခုကို ပြန်လည် ပြောပြနေခြင်းဖြစ်သည်။

သူကလေးဘဝက ညတစ်ညတွင် အစ္စရေးစစ်သားများက သူတို့ မိသားစု၏ နေအိမ်ကို ဝိုင်းပြီး ဝင်ရောက် စီးနင်းခဲ့သည့် အကြောင်းကို ပြောကြားနေချိန်၌ နားထောင်သူများသည် စိတ်ဝင်တစားဖြင့် အံ့သြနေကြသည်။

ထိုဆွေးနွေးပွဲ စကားဝိုင်း၏ အစောပိုင်းတွင် ဟမ်မက်က အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်ပြီး လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ သမိုင်းကြောင်းသည် အစ္စရေး၏ သိမ်းပိုက်မှုကို ဆန့်ကျင်ရန် ရုန်းကန်နေရသော ပါလက်စတိုင်းများအတွက် စိတ်အားတက်ကြွစရာ ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ သည်။

ပါလက်စတိုင်းထောက်ခံ စုရုံးပွဲကိုတွေ့ရစဉ်

"ဗီယက်နမ်ပြည်သူတွေရဲ့ နာကျင်ခံစားရမှုတွေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ သမိုင်းအစဉ်အလာဟာ တရားမျှတရေး အတွက် ရုန်းကန်နေရတဲ့ ပါလက်စတိုင်းတွေအတွက် စိတ်ခွန်အားတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျနော်တို့က သင်တို့ကို အမြဲတမ်း စံပြအဖြစ် သတ်မှတ်ထားပါတယ်” ဟု ဟမ်မက်က ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ ထိတ်လန့်ကြောက်မက်ဖွယ် စစ်ပွဲကြောင့် သေဆုံးသူ အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်နေပြီး ဗီယက်နမ်လူငယ်များကမူ ပါလက်စတိုင်းများကို ထောက်ခံသည့် ၎င်းတို့၏ အသံများကို ပိုမိုမြှင့်တင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဗီယက်နမ်နှင့် ပါလက်စတိုင်းအကြား အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် နေရသည့် သမိုင်းဝင် ဆက်ဆံရေးများကို ဗီယက်နမ်လူငယ်များက ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် မကြာသေးမီက ဗီယက်နမ် မျိုးဆက်သစ် လူငယ်များအတွက် အစ္စရေးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမှုကြောင့် ဗီယက်နမ်နှင့် ပါလက်စတိုင်းအကြား ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သည့် ဆက်ဆံရေးအပေါ် အရိပ်မည်း ကျရောက်ခဲ့သည်။

ဗီယက်နမ်၏ လျင်မြန်စွာ တိုးတက်လာသည့် လွတ်လပ်သော ဈေးကွက် စီးပွားရေးတွင် အောင်မြင်မှုများ ရရှိနေခြင်းကြောင့် ဗီယက်နမ် လူငယ်အများစုသည် အစ္စရေး၏ startup စီးပွားရေး လုပ်ငန်းယဉ်ကျေးမှုကို စိတ်ပါဝင်စားလာခဲ့သည်။

ထိုလူငယ် အများစုသည် အစ္စရေး၏ အောင်မြင်မှု အခြားတစ်ဖက်တွင် ပါလက်စတိုင်း နယ်မြေများကို ကာလကြာရှည် သိမ်းယူထားသည့် အမှောင်ခြမ်းကို မသိကြပေ။

 အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ဗီယက်နမ်သမ္မတကို တွေ့ရစဉ်

Trinh နှင့် Vuong အမည်ရှိ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူနှစ်ဦးက ပြီးခဲ့သည့်နှစ်တွင် ပြုလုပ်ခဲ့သည့် စုရုံးတွေ့ဆုံမှု၌ ဟမ်မက်လည်း ပါဝင်ခဲ့ပြီး အမှာစကား ပြောကြားခဲ့သည်။ 

Trinh နှင့် Vuong တို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဂါဇာတွင် စစ်ပွဲ စတင်ခဲ့ပြီးနောက် ပါလက်စတိုင်း တို့၏ ဆင်းရဲဒုက္ခများကို သိရှိနားလည်လာခဲ့သည့် ဗီယက်နမ်လူငယ်များအကြား လျင်မြန်စွာ ကြီးထွားလာသော အခြေခံ တက်ကြွလှုပ်ရှားမှုတွင် ပါဝင်သူများဖြစ်သည်။ 

သို့သော် အများပြည်သူပိုင် နေရာများတွင် လူစုဝေးခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို တင်းကျပ်စွာ တားမြစ်ထား သည့် ဗီယက်နမ်၏ မူဝါဒများကြောင့် ပါလက်စတိုင်းလိုလားသည့် တက်ကြွလှုပ်ရှားသူများသည် ပေါ်ပေါ်ထင်ထင် မနေကြဘဲ ဗီယက်နမ်အာဏာပိုင်များ အာရုံမစိုက်နိုင်စေရန် ဆွေးနွေးပွဲ စကားဝိုင်းများကဲ့သို့ စုရုံးတွေ့ဆုံပွဲများကို ပြုလုပ်ခဲ့ကြသည်။

ဟိုချီမင်းစီးတီး (Ho Chi Minh City) မြို့တွင် Trinh နှင့် သူငယ်ချင်းအချို့သည် ပါလက်စတိုင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပါလက်စတိုင်း အငွေ့အသက် ပါဝင်သည့် ရုပ်ပုံရေးဆွဲမှုများကို ပြုလုပ်ခဲ့သည်။ 

ဒီဇိုင်းနာတစ်ဦး၏ သင်ကြားပေးမှုဖြင် Trinh သည် အခြားမိတ်ဆွေများနှင့်အတူ ပါလက်စတိုင်း လိုလားသည့် ကုန်စည်များကို ဒီဇိုင်းရေးဆွဲခြင်း၊ နိုင်ငံရေးအနုပညာနှင့် အပျော်တမ်း မဂ္ဂဇင်းများတွင် ပုံများ ပါဝင်ရေးဆွဲခဲ့သည်။

နိုဝင်ဘာလကလည်း ပါလက်စတိုင်း မှတ်တမ်းရုပ်ရှင်များ၊ Nakba လူမျိုးသုဉ်း သတ်ဖြတ်မှု၊ ပါလက်စတိုင်း နယ်မြေများကို အစ္စရေးက သိမ်းပိုက်သည့် သမိုင်းကြောင်းကို ဖော်ပြသည့် "လွတ်မြောက်ရေးအတွက် ရုပ်ရှင်များ- ထာဝရ ပါလက်စတိုင်း" ( Films for Liberation: Palestine Forever ) ဟူသည့် ခေါင်းစဉ်အောက်တွင် ပြသခဲ့ ကြသည်။

ပါလက်စတိုင်း ထောက်ခံမှုကို ပြသနေကြစဉ်

လူမှုမီဒီယာတွင်လည်း ဗီယက်နမ်ဘာသာဖြင့် တည်ထောင်ထားသည့် fan page များတွင် ပါလက်စတိုင်း ကဗျာ များကို ဘာသာပြန်ခြင်း၊ ပါလက်စတိုင်း လိုလားသော အနုပညာလက်ရာများကို ဖော်ပြခြင်းနှင့် ဗီယက်နမ်ရှိ ပါလက်စတိုင်သံရုံးသည် အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ဗီယက်နမ်စစ်ပြန်များ၊ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂါဇာတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းအောင့်မေ့ကြောင်း ဖော်ပြခဲ့သူများကို ဖိတ်ကြားခဲ့သည့် သမိုင်းကြောင်းများကို လေ့လာလျက်ရှိသည်။

ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်ဖျက်ဆီးမှုများသည် ၁၉၇၂ ခုနှစ်က ဟနွိုင်းမြို့တော်၏ အိမ်နီးချင်း ခမ်သီယန် (Kham Thien) မြို့ကို အမေရိကန်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို အမှတ်ရစေခဲ့သည်။ 

လက်ရှိ အစ္စရေး၏ တိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ခမ်သီယန်မြို့ ဗုံးကြဲ တိုက်ခိုက်မှုနှင့် အလားသဏ္ဍန် တူညီနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

၁၉၇၂ ခုနှစ်က အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) သည် ခရစ္စမတ်ကာလတွင် မြောက်ဗီယက်နမ်၏ မြို့တော် ခမ်သီယန်ကို ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်မှ စတင်ပြီး ၁၂ ရက်ကြာ ဗုံးကြဲတိုက်ခိုက်သည့် စစ်ဆင်ရေးတွင် ဗုံးပေါင်း တန်ချိန် ၂၀,၀၀၀ ခန့်ကို ကြဲချတိုက်ခိုက်ခဲ့သည်။

"သမိုင်းက တစ်ပတ် ပြန်လည်လာပါပြီ။ ဂါဇာမှာ ဖြစ်ပျက်နေတာကို ကြည့်မယ်ဆိုရင် ကျနော့် အဖေကပြောပြခဲ့ တဲ့ ခမ်သီယန်မြို့ ဗုံးကြဲခံရတဲ့ ဖြစ်စဉ်တွေနဲ့ တူညီနေသလို ခံစားရပါတယ်"ဟု ပါလက်စတိုင်း ထောက်ခံသည့် အသက် ၂၀ အရွယ် ဗီယက်နမ် ကျောင်းသားတစ်ဦးဖြစ်သူ Hung က ပြောကြားခဲ့သည်။

Source: Al Jazeera

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မက်ဆီကို တွေ့ရစဉ်

မက်ဆီရဲ့ဒဏ်ရာက အင်တာမိုင်ယာမီကို ဘယ်လိုသက်ရောက်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 949

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာတွေကြောင့် ၂၀၂၄ ခုနှစ် အစပိုင်းမှာတင် ပွဲစဉ်အချို့ကို လွဲချော်ထားတာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်ပြည့်ဖို့ နီးစပ်နေပြီဖြစ်သလို ကစားသမားဘဝ အဆုံးသတ်ဖို့လည်း တဖြေးဖြေး နီးလာပြီ ဖြစ်တဲ့ မက်ဆီဟာ ကစားသမားဘဝ အစပိုင်းကတည်းက ပြိုင်ဘက် ကစားသမားတွေရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်မှု ခံရတဲ့ဒဏ်ကို အခုအချိန်မှာ ခံစားနေရပြီ ဖြစ်တာပါ။ 

မက်ဆီဟာ ကြွက်သားဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံး မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Transfermarkt ရဲ့ အချက်အလက်တွေအရ မက်ဆီဟာ ဒဏ်ရာတွေကြောင့် ၂၀၂၃-၂၄ ရာသီမှာ ပွဲစဉ် ပေါင်း ၁၃ ပွဲအထိ လွဲချော်ထားတယ်လို့ ဖော်ပြထားတာပါ။ 

 မက်ဆီ ဒဏ်ရာရသွားစဉ်

မက်ဆီဟာ ပုံမှန်ဆိုရင် ဒဏ်ရာရ နေချိန်မှာတောင် အာဂျင်တီးနားအသင်း လူစာရင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် ပြီးခဲ့တဲ့မတ်လက ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းကတော့ မက်ဆီရဲ့ဒဏ်ရာကို နေ့တိုင်း အကဲဖြတ် စစ်ဆေးမှုတွေပြုလုပ်ပြီး စွန့်စွန့်စားစား အသုံးပြုဖို့ မရှိဘူးလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ ဒဏ်ရာတွေကြောင့် ပွဲအရေအတွက် အများအပြား လွဲချော်ခဲ့တာက ၂၀၀၆-၀၇ ရာသီက ဖြစ်ပြီး စုစုပေါင်း ပွဲစဉ် ၁၉ ပွဲအထိ လွဲချော်ခဲ့တာပါ။ 

ဒါက တစ်ရာသီလုံးမှာ လွဲချော်ခဲ့တာဖြစ်ပြီး အခုက ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် အစပိုင်းမှာတင် ၁၃ ပွဲ လွဲချော်ခဲ့ တာကြောင့် စံချိန်တင်နိုင်မယ့် အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ဒဏ်ရာ အခြေအနေ ထပ်ဆိုးမှာကို စိုးရိမ်နေတာကြောင့် အသုံးပြု ဖို့ စဉ်းစားနေရသလို မက်ဆီ ကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်သွား မှာကို စိုးရိမ်မှုတွေရှိနေတာပါ။

မက်ဆီနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းကိုတွေ့ရစဉ်

မက်ဆီဒဏ်ရာကြောင့် ပွဲတွေမကစားရတာဟာ အင်တာမိုင်ယာမီ အသင်းအပေါ် သက်ရောက်မှုတွေ အများကြီး ရှိနေတာဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဘတ်စကွက်စ်နဲ့ အယ်လ်ဘာတို့ကို ခေါ်ယူထားပေမယ့် ပရိသတ်တွေက မက်ဆီကစားတာကို ကြည့်ဖို့အတွက် လက်မှတ်တွေဝယ်ပြီး ကွင်းလုံးပြည့် အားပေးခဲ့ကြတာပါ။ 

၂၀၂၄ မေဂျာလိဂ် ရာသီသစ် မစတင်ခင် ဟောင်ကောင်မှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာဆိုရင် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို အသုံးပြုခဲ့ခြင်းမရှိလို့ ပရိသတ်တွေက သူတို့ရဲ့ လက်မှတ် ခတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီကလည်း အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့တာကြောင့် သူပါဝင်တဲ့ ပွဲကိုကြည့်ဖို့ လက်မှတ်ခတွေ အများကြီးပေးပြီး ဝယ်ခဲ့ကြတဲ့ ပရိသတ်တွေဟာ အလွန် စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီရာသီအစပိုင်းမှာ မက်ဆီ ဒဏ်ရာကြောင့် ပွဲတွေကို လွဲချော်နေတာက ပရိသတ်တွေအတွက် မသိသာပေမယ့် ကြာလာရင်တော့ သိသာလာတော့မှာပါ။ ပြီးတော့ မက်ဆီ မပါဝင်နိုင်တဲ့ပွဲတွေမှာ အင်တာမိုင်ယာမီအသင်းရဲ့ရလဒ်တွေက ကောင်းမွန်မှုမရှိတာဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ လိဂ်ဖလားကို ရယူနိုင်ခဲ့ပေ မယ့် ရာသီနောက်ဆုံးပွဲစဉ်တွေမှာ မက်ဆီ မပါဝင်နိုင်တာကြောင့် ရလဒ်တွေက ဆိုးပြီး မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့် ဆုံးရှုံးခဲ့တာပါ။ 

မက်ဆီကို တွေ့ရစဉ်

အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ဒီရာသီ မက်ဆီ မပါဝင်ခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ အင်တာမိုင်ယာမီအသင်း ဟာ ၁ ပွဲသာနိုင်ပြီး ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ကွန်ကာကပ်ဖ် ချန်ပီယံဖလား ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ မွန်တာရေးအသင်းကို အရေးနိမ့်ခဲ့တာက ဒီရာသီမှာ ဆုဖလား အများအပြားရယူဖို့ ရည်မှန်းထားတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့တာပါ။

ဒါပေမယ့် ဒုတိယအကျော့ ပွဲစဉ်ကစားဖို့ ကျန်ရှိနေသေးတာကြောင့် မက်ဆီသာ ပြန်ပါနိုင်ရင် အင်တာမိုင်ယာမီ အသင်းဟာ ရှုံးခဲ့တဲ့ရလဒ်ကို ပြန်ပြောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်လို့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရအောင် စိတ်ရှည်ရှည်ထား စောင့်ဆိုင်းနေပြီး မွန်တာရေးအသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပါဝင်ပေးနိုင်ဖို့ အလိုရှိနေတာပါ။ 

မက်ဆီ ကိုယ်တိုင်ကလည်း သူမပါဝင်နိုင်တဲ့ ပွဲတွေမှာ အင်တာမိုင်ယာမီအသင်း ရလဒ်ဆိုးတာကို ကွင်းထဲမှာ ထိုင်ကြည့်နေရတာကနေ အမြန်ဆုံးကွင်းထဲပြန်ဝင်ပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်ရရှိအောင် လုပ်ပေးဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆန်မာရီနိုအသင်းကို တွေ့ရစဉ်

ကမ္ဘာ့အဆိုးရွားဆုံးအသင်း သို့မဟုတ် ဆန်မာရီနို

By CNI
CNI
Category: ဆောင်းပါး
Hits: 1124

CNI Sport Article

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

ဥရောပတိုက် ကိုယ်စားပြုတဲ့ ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့အဆိုးရွား အသင်းအဖြစ် တံဆိပ်ကပ်ခံရလောက်တဲ့ အထိ သူတို့ရဲ့ရလဒ်တွေဟာ ဆိုးရွားခဲ့ပြီး ပွဲပေါင်း ၂၀၃ ပွဲ ကစားခဲ့တာမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တာဖြစ်ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ တစ်ပွဲတည်းသော နိုင်ပွဲကို ၂၀၀၄ ခုနှစ်က ရယူနိုင်ခဲ့တာကြောင့် နောက်ထပ် နိုင်ပွဲ တစ်ပွဲကို ထပ်ပြီးရယူနိုင်ဖို့ စောင့်ဆိုင်းနေခဲ့ရတာ နှစ်ပေါင်း ၂၀ အထိ ကြာမြင့်ခဲ့ပြီဖြစ်တာပါ။ 

ဆန်မာရီနိုအသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ပွဲအများဆုံး ကစားထားတဲ့သူလည်းဖြစ်တဲ့ တိုက်စစ်မှူး ဗီတိုင်းအိုလီဆိုရင် နိုင်ငံအသင်းကို ကိုယ်စားပြုတာ ၁၇ နှစ်ကြာရှိပြီဖြစ်ပေမယ့် အခုထိနိုင်ပွဲဆိုတဲ့ အရသာကို ခံစားဖူးခြင်း မရှိသေးတာဖြစ်ပါတယ်။

ဆန်မာရီနိုနိုင်ငံဟာ လူဦးရေ ၃၃,၀၀၀ သာရှိပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အသေးဆုံးနိုင်ငံဖြစ်ကာ ၆၁ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းပါတယ်။

ဆန်မာရီနိုအသင်း ဂိုးသွင်းအောင်ပွဲခံနေစဉ်

ဆန်မာရီနိုအသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှု ၂၁၀ မှာ ရှိနေတာကြောင့် ကမ္ဘာ့အဆိုးရွားဆုံး အသင်း အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆန်မာရီနိုအသင်း အနိုင်ရရှိခဲ့တဲ့ တစ်ပွဲတည်းသော နိုင်ပွဲကတော့ ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၈ ရက်က ကစားခဲ့တဲ့ လက်ချင်စတိန်းအသင်းနဲ့ပွဲမှာဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ဆန်မာရီနိုအသင်းရဲ့သမိုင်းဝင်နိုင်ပွဲ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့တဲ့သူက တိုက်စစ်မှူးဟောင်း အန်ဒီဆယ်လ်ဗာ ဖြစ်ပါတယ်။

အန်ဒီဆယ်လ်ဗာဟာ ဆန်မာရီနိုအသင်းအတွက် ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။

ဆန်မာရီနိုအသင်းဟာ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့သလို သွင်းဂိုးတွေ ရယူနိုင်ဖို့ပါ အခက်တွေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဒိန်းမတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲ မတိုင်ခင်အထိ ပြိုင်ပွဲတွေမှာ ဂိုးပေါက် ပျောက်ဆုံးတာ ၂ နှစ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ ဒိန်းမတ်အသင်းနဲ့ပွဲမှာ ဂိုးပေါက် တွေ့ပြီးနောက် ဒီပွဲ အပါအဝင် နောက်ဆုံး ၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒါဟာ ဆန်မာရီနိုအသင်း သမိုင်းမှာ ပထမဆုံးအကြိမ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ 

ဆန်မာရီနိုအသင်းကို တွေ့ရစဉ်

ဆန်မာရီနိုအသင်းဟာ ပြီးခဲ့တဲ့ Saint Kitts and Nevis အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အချည်းအနှီးသား ဖြစ်ခဲ့ရတာပါ။ ဆန်မာရီနိုအသင်းဟာ ဒီ ၂ ပွဲမှာ ၁ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါ တယ်။

ဆန်မာရီနိုအသင်းနည်းပြ ဆီဗိုလီဟာ ဒီပွဲမတိုင်ခင်က နိုင်ပွဲနဲ့အတူ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဆန်မာရီနိုအသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုကတော့ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက ဂျာမနီအသင်းနဲ့ ပွဲစဉ်ဖြစ်ပြီး ၁၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။

ဒုတိယမြောက် ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲကတော့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက နယ်သာလန်အသင်းနဲ့ ပွဲစဉ် ဖြစ်ပြီး ၁၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဆန်မာရီနိုအသင်းဟာ ပွဲစဉ်ပေါင်း ၂၀၃ ကစားထားခဲ့တာမှာ ၁ ပွဲနိုင် ၉ ပွဲ သရေကျခဲ့ပြီး ၁၉၃ ပွဲအထိ စံချိန်တင် ရှုံးနိမ့်ခဲ့တာပါ။

ဆန်မာရီနိုအသင်းဟာ ဒီပွဲတွေမှာ ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၈၁၆ ဂိုး ပေးဂိုးခွင့်ပြုခဲ့ရကာ ဂိုးကွာခြားချက်က - ၇၈၄ ဂိုးအထိ ရှိနေတဲ့အထိ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ၇ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ဒီပွဲတွေမှာ ဆလိုဗက်ကီးယား၊ ဆိုက်ပရပ်စ်၊ လက်ချင်စတိန်း၊ မောလ်ဒိုဗာ၊ ဂျီဘရောလ်တာ အသင်းတို့နဲ့ ကစားရမှာပါ။

အဲဒါကြောင့် ဆန်မာရီနိုအသင်း အနေနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ နိုင်ပွဲ ပြန်လည်ရှာဖွေပြီး သူတို့သမိုင်းတစ်လျှောက် ဒုတိယမြောက် နိုင်ပွဲကို ရှာဖွေနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေတာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်ဝမ်လူငယ် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်

ထိုင်ဝမ်၏ကာကွယ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ

By CNI
CNI
Category: ဆောင်းပါး
Hits: 952

CNI Article 

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

ထိုင်ဝမ်၏ ကာကွယ်ရေးကဏ္ဍတွင် သင့်တော်ကောင်းမွန်သည့် လက်နက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ရှိနေခြင်း ရှိ/မရှိဆိုခြင်းသည် မေးခွန်းထုတ်စရာ အချက်တစ်ခု ဖြစ်နိုင်သည်။

သို့သော် ထိုမေးခွန်းသည် ပိုမိုလေးနက်သည့် မေးခွန်းတစ်ခုမှာ ထိုင်ဝမ်၏ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု ရှိ/မရှိဆိုသည့် မေးခွန်းဖြစ်သည်။

ထိုင်ဝမ်လူငယ်များအကြား ၎င်းတို့၏ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး၏ ရန်လိုမှုမှ ကာကွယ်ရာတွင် ၎င်းတို့၏ ရပ်တည်ချက်နှင့် သဘောထားမှာ အဘယ်နည်း။ ခိုင်မာသည့် ရပ်တည်ချက်မျိုး ရှိနေပါသလော။

ထိုမေးခွန်းများသည် ပြင်ပနိုင်ငံသားများအတွက် ဖြေရခက်သည့် မေးခွန်းများဖြစ်သည်။ ထိုင်ဝမ်ဒေသခံများ ကိုယ်တိုင် ထိုမေးခွန်းများကို အမှန်တကယ် သိရှိနားလည်နိုင်မည် မဟုတ်ပေ။

သို့သော် ထိုမေးခွန်းများအတွက် ဖြစ်နိုင်ခြေရှိသည့် အဖြေများကို စာရေးသူအနေဖြင့် ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြင့် ကြိုးစားပမ်းစား ဖြေကြားပေးလိုသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က စာရေးသူသည် ထိုင်ဝမ်တွင် နေထိုင်ခဲ့ချိန်အတွင်း မီးရထားဘူတာရုံ အပြင်ဘက်ရှိ မြေပုံလမ်းညွှန်တစ်ခုကို လေ့လာနေခဲ့သည်။ 

တရုတ်နဲ့ ထိုင်ဝမ် တိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်

ထိုအချိန်တွင် အသက် ၂၀ ခန့်ရှိမည်ဟု ထင်ရသည့် အမျိုးသမီးငယ်တစ်ဦးသည် မိမိထံသို့လာရောက်ပြီး လမ်းပြ ကူညီပေးမည်ဟု ပြောကြားခဲ့သည်။ 

စာရေးသူ သွားမည့်နေရာမှာ သိပ်မဝေးလှသဖြင့် ထိုအမျိုးသမီးငယ်သည် မိမိနှင့်အတူ လမ်းလျှောက်ပြီး မိမိ သွားလိုသည့် နေရာကို လိုက်ပါပို့ဆောင်ပေးခဲ့သည်။

လမ်းလျှောက်နေချိန်တွင် ထိုအမျိုးသမီးငယ်က မိမိအား မည်သည့်နိုင်ငံမှဖြစ်ကြောင်း မေးမြန်းရာတွင် စာရေးသူ က မိမိသည် အမေရိကန်နိုင်ငံမှဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ထိုအချိန်တွင် ထိုအမျိုးသမီးငယ်က ပြောကြားခဲ့သည့်စကားမှာ "ကျေးဇူးပြုပြီး ကျမတို့ကို တရုတ်ရဲ့ နယ်မြေ အစိတ်အပိုင်း မဖြစ်အောင် လုပ်ပေးပါ" ဟူသည့် စကားပင်တည်း။

ထိုစကားသည် အဓိပ္ပာယ်မျိုးစုံ ပါဝင်သည့် စကားတစ်ခွန်း ဖြစ်သည်။ စာရေးသူ၏ ရှုထောင့်မှပြောရလျှင် ငယ်ရွယ်သည့် ထိုင်ဝမ်ဒေသခံ အများစုသည် တရုတ်၏ လက်အောက်ခံ မဖြစ်ချင်ကြပေ။ 

တရုတ်ပြည်မကြီးတွင် နေထိုင်ရသည့် လူနေမှုဘဝအကြောင်းကို ထိုင်ဝမ်လူငယ်များက အတော်အတန် သိရှိနားလည်ထားကြသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဟောင်ကောင်ကို တစ်စထက်တစ်စ တင်းကျပ်စွာအုပ်ချုပ်လာပြီး ထိုင်ဝမ်တွင် နေထိုင်ခွင့်ရရန် လွတ်လပ်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေသူများအား တရားစီရင်ခဲ့သည့် ဖြစ်စဉ်များကို ထိုင်ဝမ်လူငယ်တို့ မြင်တွေ့ကြားသိခဲ့ရသည်။

သို့သော် ထိုင်ဝမ်အား အမှန်တကယ် ကာကွယ်ရမည့် အခြေအနေတွင် မည်ကဲ့သို့ ရှိလာနိုင်သနည်း။ 

ထိုင်ဝမ်လူငယ် အများအပြားသည် ၎င်းတို့၏ ကျွန်းကို ကာကွယ်ရန် တစ်ခုခုကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ သို့မဟုတ်သည့်တိုင် သူတို့သည် ထိုင်ဝမ်ကျွန်းကို ကာကွယ်လိုသည့် ဆန္ဒမျိုးရှိနေလိမ့်မည်။ 

ပြဿနာတစ်ခုမှာ ထိုင်ဝမ်လူငယ်များသည် သူတို့ ဘယ်အရာကို စွမ်းဆောင်နိုင်သည်ကို သူတို့ ကိုယ်တိုင် မသိကြခြင်း ဖြစ်သည်။ 

ထိုင်ဝမ်တွင် စစ်မှုထမ်းဥပဒေရှိသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသားတိုင်း ၁ နှစ်ကြာ စစ်မှုထမ်း ကာလကို ထမ်းဆောင်ရမည်ဖြစ်ပြီး အရန်တပ်ဖွဲ့ဝင်များအဖြစ် နှစ်ကာလ အပိုင်းအခြားတစ်ခုအထိ တာဝန် ထမ်းဆောင်ရသည်။

ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်

သို့သော်စစ်မှုထမ်းဥပဒေထက် ကျော်လွန်သည့် အခြေအနေကို သုံးသပ်ရမည်ဆိုပါက ထိုင်ဝမ်လူငယ် အနည်းငယ် သာ ထိုင်ဝမ်ကျွန်း ကာကွယ်ရေးကဏ္ဍတွင် ဆက်လက် ပါဝင်ခဲ့ကြသည်။ ထို့အတွက်လည်း အကြောင်းရင်း အနည်းငယ် ရှိနေသည်။

ထိုင်ဝမ်စစ်တပ်သည် မိမိသဘောဆန္ဒအလျောက် စစ်ထဲဝင်သူ အများစုဖြင့် ဖွဲ့စည်းထားပြီး လူငယ်စစ်သား အများစု ဖြစ်သည်။ သူတို့သည် ပရော်ဖက်ရှင်နယ် စစ်သားများဖြစ်ပြီး ကောင်းမွန်သည့် ဦးဆောင်မှုသာရှိပါက ကောင်းမွန်စွာ တိုက်ပွဲဝင်နိုင်သူများဖြစ်သည်။

သို့သော် မိမိသဘောဆန္ဒအလျောက် စစ်ထဲဝင်သည့် စစ်သားများကိုသာ အားကိုးနေခြင်းသည် ထိုင်ဝမ်စစ်တပ် အတွက် အဓိကပြဿနာတစ်ခု ဖြစ်သည်။

စစ်ပွဲစတင် ဖြစ်ပွားလာပါက စစ်မှုထမ်းခဲ့ကြသည့် လူငယ်များသည် စစ်တပ်ထဲ ပြန်ဝင်လိမ့်မည်ဖြစ်သော်လည်း ထိုအချိန်သည် အလွန်နောက်ကျနေပြီဟု ပြောနိုင်သည်။

ထိုင်ဝမ်တွင် စစ်ထဲဝင်ပြီး စစ်သားလုပ်ခြင်းသည် လူငယ်များအကြား ဆွဲဆောင်မှုမရှိသည့် အသက်မွေးဝမ်း ကျောင်း အလုပ်တစ်ခု မဟုတ်ပေ။ ထိုင်ဝမ်စစ်သားတစ်ဦး၏ ဘဝသည် ခက်ခဲကြမ်းတမ်းပြီး လစာငွေ နည်းပါးသည်။ 

စစ်သားများအတွက် အစိုးရက ချပေးသည့် ဝန်ထမ်းအိမ်ရာများမှာလည်း ကောင်းမွန်ခြင်း မရှိသဖြင့်အပြင် ခံစားခွင့်များလည်း နည်းပါးလှသည်။

ထို့ပြင် ထိုင်ဝမ်တွင် စစ်မှုထမ်းချိန်အတွင်း လွန်ခဲ့သည့် ရာစုနှစ်များက အစဉ်အလာရှိခဲ့သည့် တရုတ် လူ့အဖွဲ့အစည်းကို လေးစားမှုမရှိကြောင်း ထိုင်ဝမ်နိုင်ငံသားအချို့က စာရေးသူကို ပြောဖူးသည်။

ထိုင်ဝမ်အစိုးရ အဆက်ဆက်သည် ထိုစိတ်ထားများကို ပြောင်းလဲခဲ့ခြင်းမရှိပေ။ စစ်တပ်နှင့် စစ်သားများကို ၎င်းတို့နှင့် ထိုက်တန်သည့် လေးစားမှုနှင့် ခံစားခွင့်များ ပေးအပ်မည်ဆိုပါက တပ်သားသစ်စုဆောင်းမှုတွင် ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တန်းပြည့်စစ်သား မလုပ်ချင်သော်လည်း ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်လိုသည့် လူငယ်များအတွက် အခွင့်အလမ်းများမှာလည်း ကန့်သတ်ခံထားရသည်။

ထိုင်ဝမ်အလံများကို တွေ့ရစဉ်

ထိုင်ဝမ်၏ အရန်တပ်ဖွဲ့အင်အားစု ဆိုသည်မှာလည်း ဖရိုဖရဲဖြစ်နေပြီး ပြည်သူ့စစ်များလည်း မရှိပေ။ ထို့ပြင် ထိုင်ဝမ်တွင် မြို့ပြကာကွယ်ရေး စီမံကိန်းမှာလည်း အားနည်းနေသည်။

မကြာသေးမီက ထိုင်ဝမ်ရှိ ပုဂ္ဂလိက အဖွဲ့အစည်းများသည် ရှေးဦးသူနာပြု သင်တန်းများ၊ အမျိုးသား ကာကွယ်ရေး အတွက် ပညာပေးမှုများနှင့် လေသေနတ်များ ပစ်ခတ်ခွင့်ရရှိမည့် အစီအစဉ်များကို ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း ထိုအစီအစဉ်များသည် စနစ်တကျ ဖွဲ့စည်းမှုရှိပြီး ရန်ပုံငွေ တောင့်တင်းမှုရှိသည့် အစိုးရက ဦးစီးသည့် အစီအစဉ်များ မဟုတ်ပေ။

ထိုင်ဝမ်အစိုးရသည် စစ်တပ်ကို အသင့်အနေအထား ရှိနေစေရန်၊ အရပ်သားများကို စည်းရုံးစေရန်နှင့် တရုတ်၏ ခြိမ်းခြောက်မှုများအတွက် စိတ်ပိုင်းဆိုင်ရာ အသင့်အနေအထား ရှိနေစေရန် ၎င်းတို့၏ အလုပ်တာဝန်များကို အပြီးသတ် လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

ကျွမ်းကျင်သူအချို့ကလည်း ထိုင်ဝမ်၏ ကာကွယ်ရေး အလားအလာနှင့် ပတ်သက်ပြီး ထင်မြင်ချက် အမျိုးမျိုး ပေးနေကြသည်။

အမေရိကန် ပတ်စပို့များရှိနေသည့် ထိုင်ဝမ်နိုင်ငံသားများသည် အန္တရာယ်နှင့် ကြုံလာပါက အမေရိကန်သို့ အမြန် ဆုံး ထွက်ပြေးလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ထိုင်ဝမ်ဒေသခံ ၉၉ ရာခိုင်နှုန်းမှာ ဒုတိယမြောက် ပတ်စပို့များ မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်ဝမ် ဒေသခံများအနေနှင့် ထိုင်ဝမ်ကို ကာကွယ်လိုသည့် ဆန္ဒမှာ မရှိမဟုတ်၊ ရှိနေသည်။ သို့သော် ထိုင်ဝမ် အာဏာပိုင်များ အနေဖြင့် ထိုဆန္ဒများကို ခိုင်မာစွာ ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းပုံအချို့ လိုအပ် သည်။

ထိုင်ဝမ်ဒေသခံများကလည်း တစ်ခုခု ဖြစ်ပွားလာပါက ၎င်းတို့ကို ကူညီထောက်ပံ့ပေးမည့် အင်အားကြီးသည့် မိတ်ဆွေများရှိနေသည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။

မကြာသေးမီက အမေရိကန်သည် အမေရိကန်နှင့် ထိုင်ဝမ်တပ်ဖွဲ့များအကြား စစ်တပ်အချင်းချင်း ထိတွေ့ဆက်ဆံ မှုများ ပြုလုပ်ခွင့်ပေးရန် အားထုတ်ကြိုးပမ်းနေခြင်းသည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

ထိုပုံစံအတိုင်း ဆက်လက် ဆောင်ရွက်ပြီး ထိုင်ဝမ်အစိုးရကလည်း တပ်သားသစ် စုဆောင်းရေးအတွက် လိုအပ် သည့် အရာများကို လုပ်ဆောင်မည်ဆိုပါက ထိုင်ဝမ်လူငယ်များအကြား ထိုင်ဝမ်ကျွန်းကို ကာကွယ်လိုစိတ်များ ပိုမိုရှင်သန်တက်ကြွစေမည် ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုတွေ့ရစဉ်

နိုင်ငံရေးလောဘကြီးသည့် သက်ဆင်

By CNI
CNI
Category: ဆောင်းပါး
Hits: 1061

CNI Article

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂

"ပုံတစ်ပုံသည် စကားလုံးပေါင်း ထောင်ချီတန်သည်" ဆိုသည့် စကားပုံကဲ့သို့ပင်။ ကောင်းမွန်သည့် ပန်းချီကား သို့မဟုတ် ဓာတ်ပုံ တစ်ပုံသည် ဖြစ်စဉ်တစ်ခုလုံးကို ပြောပြနိုင်သည့် အစွမ်းသတ္တိရှိပေသည်။

မတ်လ ၁၅ ရက် ညပိုင်းက ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင် ဝေါင်ဆာဝပ် (Somchai Wongsawat) က နောက်ထပ် ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ယောက်ဖလည်းတော်စပ်သည့် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နှင့် လက်ရှိ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) တို့ကို တည်ခင်းဧည့်ခံသည့် ညစာစားပွဲ၏ ဓာတ်ပုံ တစ်ပုံ ထွက်ပေါ်လာခဲ့သည်။

ထိုဓာတ်ပုံထဲတွင် သက်ဆင်သည် ရီမောနေပြီး ပြီးခဲ့သည့်လကုန်ပိုင်းက ခံဝန်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် သူဝတ်ဆင်နေကျ ကျန်းမာရေးလည်ပတ်မပါဘဲ ပုံမှန်အတိုင်း မြင်တွေ့ရသည်။

 ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ဆွမ်ချိုင်ဝေါင်ဆာဝပ်၊ သက်ဆင်နဲ့ လက်ရှိဝန်ကြီးချုပ် ဆရီသာတို့ကို တွေ့ရစဉ်

ထိုဓာတ်ပုံထဲတွင် သက်ဆင်ကို ဆရီသာနှင့် ဆွမ်ချိုင်တို့က တစ်ဖက်တစ်ချက်စီ ဝိုင်းရံထားသည်ကို မြင်တွေ့ရ သည်။

သက်ဆင်သည် မစ္စတာ ဆွမ်ချိုင်ထက် ပိုပြီး အရွယ်တင်နုပျိုပြီး ကျန်းမာနေသည်ကို မြင်တွေ့နေရသည်။

သက်ဆင်သည် ကျန်းမာရေးညံ့ဖျင်းသည်ဟု ယူဆခံခဲ့ရပြီး လွန်ခဲ့သည့် သီတင်းသုံးပတ်ခန့်က သူသည် ကျန်းမာရေး အလွန်ဆိုးရွားနေသူအဖြစ် ကြေညာခံခဲ့ရသည်။ 

ထို့ကြောင့် သက်ဆင်သည် ကျန်းမာရေး အကြောင်းပြချက်များကြောင့် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ရက်ပေါင်း ၁၈၀ ခန့်ကာ ကုသမှုခံယူခဲ့ပြီးနောက် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

 သက်ဆင် ချင်းမိုင်းကို ရောက်လာစဉ်

အမှန်တရားသည် မည်သည့်အခါမှ သေဆုံးမည် မဟုတ်ပေ။ မတ်လ ၁၄ ရက်က စတင်ခဲ့သည့် ၎င်း၏ မွေးရပ်မြို့ ဖြစ်သည့် ချင်းမိုင်သို့ သွားရောက်သော ၃ ရက်ကြာ ခရီးစဉ်တွင် သက်ဆင်၏ ပကတိ ကျန်းမာရေး အခြေအနေ သည်  ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

ချင်းမိုင်တွင် လေထုညစ်ညမ်းမှုများ ဆိုးရွားစွာ ဖြစ်ပွားနေသည့်ကြားမှ သက်ဆင်သည် ချင်းမိုင်သို့ သွားရောက်ပြီး အပြင်လူများနှင့် တွေ့ဆုံခဲ့သည်။ 

သက်ဆင်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေချိန်က အသက်အန္တရာယ် စိုးရိမ်ရသည့် ဖျားနာမှုများကို ခံစားနေရ ကြောင်း ၎င်း၏ ဆရာဝန်များနှင့် အကျင့်စာရိတ္တပြု ပြင်ပြင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် သာဗီ ဆွတ်ဆောင် (Thavee Sodsong) တို့က ပြောကြားခဲ့သည်။

သို့သော် လက်ရှိတွင် သက်ဆင်သည် လေထုညစ်ညမ်းနေသည့် ချင်းမိုင်မြို့တွင် ပျော်ရွှင်စွာ လှုပ်ရှားသွားလာ နေမှုများသည် ထိုပြောကြားချက်များနှင့် ဆန့်ကျင်ကွဲလွဲနေသည်ကို တွေ့ရမည်ဖြစ်သည်။

Move Forward Party ခေါင်းဆောင်ကိုတွေ့ရစဉ်

သက်ဆင်သည် လေထုညစ်ညမ်းနေသည့် ချင်းမိုင်မြို့၏ ချစ်ချစ်တောက် ပူပြင်းနေသည့် နေရောင်အောက်တွင် အကူအညီမပါဘဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်နေသည့် ဓာတ်ပုံများ၊ ၎င်းအား ထောက်ခံသူများနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံများသည် လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

သက်ဆင်၏ ပြုံးရွှင်နေသည့် မျက်နှာသည် အနိုင်ရသူတစ်ဦး၏ မျက်နှာမျိုးဖြစ်သည်။ ထို့ကြောင့် သက်ဆင်က အနိုင်ရသူဆိုလျှင် အရှုံးသမားများသည် မည်သူများ ဖြစ်နိုင်မည်နည်း။

အရှုံးသမားများဟု ပြောရမည့် လူစာရင်းထဲတွင် တရားရေးဝန်ကြီး၊ အကျင့်စာရိတ္တ ပြုပြင်ရေးဌာန အကြီးအကဲ၊ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံမှ ဆရာဝန်အချို့ ပါဝင်နေသည်။

ထိုပုဂ္ဂိုလ်များက သက်ဆင်၏ ကျန်းမာရေးအခြေအနေသည် အလွန်ဆိုးရွားနေကြောင်း တစ်လေသံတည်း ထွက်ခဲ့ ကြသည်။ လက်ရှိတွင် သက်ဆင်သည် အလွန်ကျန်းမာရွှင်လန်းနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ၎င်းတို့ ၏ ပြောကြားချက်များသည် ဟာသသက်သက် ဖြစ်သွားခဲ့သည်။

ထို့ပြင် လူမြင်ကွင်းသို့ သက်ဆင်တစ်ယောက် ပျော်ရွှင်စွာ ထွက်ပေါ်လာခြင်းသည် တရားရေးစနစ်အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။

သက်ဆင်အနေဖြင့် အာဏာပိုင်များ၏ ဇာတ်ညွှန်းအတိုင်း ကျန်းမာရေး ညံ့ဖျင်းနေသည့် ပုံစံမျိုးဖြင့် သရုပ်ဆောင် ပြီး လူမြင်ကွင်းသို့ မထွက်သေးဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ စိတ်ရှည်စွာ စောင့်ဆိုင်းကာ လူမသိ၊ သူမသိ ဆိတ်ငြိမ်စွာ နေထိုင်ခဲ့မည်ဆိုပါက ယခုကဲ့သို့ မေးခွန်းများ ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း "ကြောင်ကြာကြာ ရေမငုပ်နိုင်" ဆိုသည့် မြန်မာစကားပုံအတိုင်း အမှန်တရားသည် စောစီးစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံရေး ဂုရုများကမူ သက်ဆင်၏ ချင်းမိုင်ခရီးစဉ်သည် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု သုံးသပ်ထားကြ သည်။ 

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် သက်ဆင်နှင့်ဆက်နွှယ်သည့် ဖြူးထိုင်းပါတီသည် Move Forward ပါတီသည် Move Forward Party ကိုရှုံးနိမ့်ခဲ့သဖြင့် သက်ဆင်သည် ချင်းမိုင် တွင် နိုင်ငံရေးအရ ထောက်ခံမှုများရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

မကြာသေးမီက Nida အဖွဲ့က ကောက်ယူသည့် စစ်တမ်းများတွင် သက်ဆင်သည် ထိုင်းနိုင်ငံရေးလောက၌ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရလဒ်ထွက်ပေါ်ခဲ့သည်။ 

သို့သော် ထိုစစ်တမ်း ကောက်ယူမှု ရလဒ်များသည် လာမည့်ရွေးကောက်ပွဲတွင် ထောက်ခံမဲများ ဖြစ်လာလိမ့်မည် ဟုတ်/မဟုတ်ကိုမူ မေးခွန်းထုတ်ရမည်ဖြစ်သည်။

ထိုင်းတွင် သက်ဆင် မရှိခဲ့သည့် ကာလအတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် ပြောင်းလဲသွားခဲ့ သည်ကို မြင်တွေ့ရသည်။ 

ဖြူးထိုင်းပါတီသည် သြဇာလွှမ်းမိုးမှု လျော့ကျသွားရုံသာမက မျိုးဆက်သစ်လူငယ်များအကြားတွင် ရေပန်းစားမှု နှုန်းလည်း ကျဆင်းခဲ့သည်။ 

ဖြူးထိုင်းပါတီသည် MFP နှင့် ယှဉ်ပြိုင်လိုပါက သြဇာတိက္ကမ ကြီးမားသည့် ခေါင်းဆောင်တစ်ဦးဖြင့် လူငယ်များ၏ ထောက်ခံမှုကို ရယူရန် လိုအပ်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် MFP ပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။  

ထို့ကြောင့် သက်ဆင်၏ ချင်းမိုင်ခရီးစဉ်သည် လာမည့်ရွေးကောက်ပွဲများ၌ MFP ပါတီကို အနိုင်ယူရန် နိုင်ငံရေးအရ လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုလည်း ယူဆနိုင်သည်။ 

ထိုယူဆချက်ကို အခြေခံပြီး သက်ဆင်သည် လူထုရှေ့မှောက်သို့ ဆောလျင်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု လည်း ယူဆမည်ဆိုက မှားမည်မထင်ပေ။

သို့သော်လည်း သက်ဆင်အနေဖြင့် သူ့ကို ထောက်ခံသည့် ရှပ်နီများအကြား ထိုင်း၏ တရားရေးစနစ်အပေါ် အယုံအကြည် ကင်းမဲ့စေမည့် ချင်းမိုင်ခရီးစဉ်ကဲ့သို့ နိုင်ငံရေးသဘော သက်ဝင်သည့် လှုပ်ရှားမှုများကို ဂရုတစိုက် စဉ်းစားသုံးသပ်သင့်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11

Page 7 of 11

  1. You are here:  
  2. Home
  3. ဆောင်းပါး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar