CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
တရုတ်နဲ့အိန္ဒိယ နှိုင်းယှဉ်မှုကိုတွေ့ရစဉ်

ကမ္ဘာ့တောင်ခြမ်းကို ဦးဆောင်မည့် တရုတ်နှင့်အိန္ဒိယ

By CNI
CNI
Category: ဆောင်းပါး
Hits: 1369

CNI Article

၂၀၂၅ ခုနှစ်၊ မတ်လ ၉

တရုတ်ဗဟိုဘဏ်သည် ပြီးခဲ့သည့်နှစ် နွေဦးရာသီက ဟန်ကျိုး (Hangzhou) မြို့တွင် နိုင်ငံတကာ ငွေကြေး လဲလှယ်မှုနှင့် ပတ်သက်သည့် Bretton Woods သဘောတူညီချက်၏ နှစ်ပေါင်း ၈၀ ပြည့် အထိန်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့သည်။

Bretton Woods သဘောတူညီချက်သည် ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ ငွေကြေးမူဘောင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့ အင်စတီကျူးရှင်းများသည် အနောက်နိုင်ငံများ၏ အကျိုးစီးပွားများ ကိုသာ ကိုယ်ကျိုးပြုသည့် အဖွဲ့များဖြစ်သည်ဟု တရုတ်ဗဟိုဘဏ်၏ လက်အောက်အုပ်ချုပ်ရေးမှူး ရှူအန် ချန်နန် (Xuan Changneng) လို ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကမ္ဘာ့တောင်ခြမ်းသည် ကမ္ဘာ့စီးပွားရေး၏ ထက်ဝက်ကျော် ရှိနေမှုနှင့်အတူ မဲပေးပိုင်ခွင့်များသည် မျက်မှောက် ခေတ်ကမ္ဘာ၏ အရှိတရားကို ထင်ဟပ်စေခြင်း မရှိတော့ကြောင်း ရှူအန်က ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

နိုင်ငံတကာ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S. Jaishankar) သည် ဖွံ့ဖြိုးပြီးနိုင်ငံများသာ ဒီမိုကရေစီနိုင်ငံများ ဖြစ်သည်ဆိုသည့် အနောက်အုပ်စု၏ ယူဆချက် သို့မဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ချက်ချင်းဖြေရှင်းရမည့် ပြဿနာများကို အနောက်အုပ်စုက အာရုံစူးစိုက်မှုနည်းပါး ခြင်း အစရှိသည့် အခြေအနေများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ဖူးသည်။

ဂျိုင်ရှန်ကာ၏ ထိုအတွေးအမြင်များသည် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ၏ အသံကို ကျယ်လောင်စွာ ထွက်ပေါ် စေခဲ့သည်။

အာရှ အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားသည် ကမ္ဘာ့တောင်ခြမ်းဒေသ၏ နှလုံးသည်းပွတ်၊ ဒေသခံများ၏ ထောက်ခံမှုနှင့် ခေါင်းဆောင်မှုကဏ္ဍအတွက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ထိုသို့ ယှဉ်ပြိုင်နေရင်းမှ အိန္ဒိယနှင့် တရုတ်တို့သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတူကွဲပြားသည့် အင်အားများနှင့် မတူညီသော ပုံစံများကို ဆောင်ကြဉ်းနိုင်ခဲ့ကြသည်။

အိန္ဒိယနှင့် တရုတ်တို့သည့် COVID-19  ကပ်ရောဂါ ကာလက အလွန်ထိရောက်သော mRNA ကာကွယ်ဆေးများ ဖြန့်ချိမှု မမျှတခဲ့သည့် အခြေအနေကို တူညီစွာ မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်းတို့၏ မကျေနပ်ကြောင်း ဖော်ပြချက်များမှာ တူညီခဲ့ခြင်းမရှိပေ။ ဥပမာ ပြရမည်ဆိုပါက အခြေအနေ တစ်ရပ်ကို သဘောထားချင်းတူညီစွာ ဆန့်ကျင်ခဲ့သော်လည်း ဆန့်ကျင်ပုံ ဆန့်ကျင်နည်းမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တူညီခြင်းမရှိပေ။

တရုတ်က ကျင့်သုံးခဲ့သည့် စနစ်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကို လက်ခံရမည်ဖြစ်သည်။ 

တရုတ်နိုင်ငံကဲ့သို့ ဆင်းရဲတွင်းထဲမှ လျှင်မြန်စွာ ရုန်းထွက်နိုင်ခဲ့ဖူးသည့်နိုင်ငံ တစ်နိုင်ငံမှ မရှိခဲ့ဖူးပေ။

အိန္ဒိယနဲ့တရုတ် ကုန်သွယ်မှုကိုပြထားစဉ်

၁၉၈၀ ပြည့်နှစ်ကတည်းက တရုတ်၏ ကျေးလက်ဒေသနေ လူအများစုသည် လယ်ယာမြေများကို စွန့်ခွာပြီး မြို့ပြစက်မှု လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြသည်။

သိန်းနှင့်ချီသည့် စက်မှုလုပ်သားများသည် ပြည်တွင်း စျေးကွက်များသာမက နိုင်ငံတကာ စျေးကွက်များအတွက်ပါ ရောင်းချသည့် ကုန်စည်များကို ထုတ်လုပ်နိုင်ခဲ့သည်။

တရုတ်စက်ရုံများသည် အရည်အသွေးမြင့် ထုတ်ကုန်များကို စတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ချမ်းသာသည့် ဝယ်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။ 

အထူးသဖြင့် အရည်အသွေးကောင်းသည့် ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် တရုတ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်စည်အများအပြား ထုတ်လုပ်နိုင်စွမ်းတွင်လည်း တရုတ်ကို မည်သည့် နိုင်ငံကမျှ မယှဉ်နိုင်ပေ။

မျက်မှောက်ခေတ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မနက်ဖြန် ရောင်းချမည့် ကုန်ပစ္စည်းများကို ယနေ့တွင် နေ့ချင်းပြီး ထုတ်လုပ်နိုင်မည့်နိုင်ငံမှာ တရုတ်နိုင်ငံသာ ရှိသည်ဟု ပြောရမလိုဖြစ်နေသည်။

စက်သုံးဆီ အသုံးပြုသည့်ကားထက် လျှပ်စစ်ကားများက ခေတ်စားလာမှုနှင့်အတူ  တရုတ်ကုမ္ပဏီများသည် လျှပ်စစ်ကားများအတွက် လိုအပ်သော ဘက်ထရီများကို ထုတ်လုပ်နိုင်သည့် နည်းပညာရှိနေပြီဖြစ်သည်။

နည်းပညာသည် အချိန်နှင့်အမျှ အလုပ်အကိုင် တိုးတက်မှုနှုန်း နှေးကွေးလာမည်ဆိုသည့်တိုင် တရုတ်နိုင်ငံ၏ စက်ရုံအခြေပြု စီးပွားရေးသည် အခြားစီးပွားရေး မော်ဒယ်များထက် ကောင်းမွန်နေဆဲဖြစ်သည်။

ဥပမာ ပြရမည်ဆိုပါက ဘင်္ဂလားဒေ့ရှ်တွင် ပုဂ္ဂလိက အလုပ်အကိုင်များ၏ အကြီးမားဆုံး ရင်းမြစ်မှာ တောင်ကိုရီးယား၏ ဆိုးလ်မြို့တော် အခြေစိုက် Youngone ကုမ္ပဏီဖြစ်ပြီး Patagonia နှင့် The North Face ကဲ့သို့သော အမှတ်တံဆိပ်များအတွက် တန်ဖိုးအမြင့်ဆုံး ဆောင်းရာသီ အဝတ်အထည်များကို အထည်ချုပ် ဝန်ထမ်းပေါင်း ၇၀,၀၀၀ ကျော်ဖြင့် ချုပ်လုပ်နေသည်။

သို့သော် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ဝန်ထမ်းများ၏ သားသမီးများသည် ဆေးကျောင်းတက်ရန် စီစဉ်ထားကြ သည်။

Youngone ကုမ္ပဏီနှင့် ၎င်း၏ လုပ်ငန်းများကြောင့် ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၆ ခုနှစ်တွင် ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က တွက်ချက်ထားသည်။

ထိုအချိန်အတောအတွင်း အိန္ဒိယသည် ၎င်း၏ စီးပွားရေးကို ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခြေတည်ပြီး ထူထောင်ခဲ့သည်။

အိန္ဒိယနဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

နည်းပညာသည် ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များကို ရှားပါးစေသည့် အချက်အရ အိန္ဒိယ အတွက် ၎င်း၏ စီးပွားရေးမော်ဒယ်ကို အသွင်ကူးပြောင်းရန် နောက်ကျသွားပြီဟု ပြောနိုင်သည်။

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်များ ထုတ်လုပ်သည့်  Foxconn ကုမ္ပဏီသည် တရုတ်တွင် ဝန်ထမ်းပေါင်း ၃၀၀,၀၀၀ ဖြင့် စက်ရုံများ တည်ဆောက်ခဲ့သကဲ့သို့ အိန္ဒိယတွင် စက်ရုံများ တည်ဆောက်လိမ့်မည် မဟုတ်ပေ။

မျက်မှောက်ခေတ်တွင် အိန္ဒိယသည် ကုန်ထုတ်စွမ်းအားပိုင်း အားနည်းသဖြင့် မနက်ဖြန်အတွက် လိုအပ်သည့် ပစ္စည်းများကို ယနေ့ ထုတ်လုပ်နိုင်စွမ်းတွင် တရုတ်နှင့် မယှဉ်နိုင်ပေ။ တချို့ စီးပွားရေး လုပ်ငန်းများသည် အိန္ဒိယ အတွက် စမ်းကြည့်၍ပင် မသင့်တော်သည့် လုပ်ငန်းများရှိသည်။

ဥပမာအားဖြင့် ဆိုလာပြားများ ပြုလုပ်ရာတွင် လုပ်သား အနည်းငယ် လိုအပ်သော်လည်း ငွေအမြောက်အမြား လိုအပ်သည်။ အိန္ဒိယတွင် အရင်းအနှီး များပြားသောကြောင့် ဆိုလာပြားများ ထုတ်လုပ်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေ။

ထိုသို့ လုပ်ဆောင်မည့်အစား အိန္ဒိယသည် ၎င်း၏ ကျွမ်းကျင်မှုမရှိသော လူငယ် အများအပြားအတွက် အလုပ် အကိုင်ဖန်တီးရန် ဦးစားပေး လုပ်ဆောင်သင့်သည်။

ကမ္ဘာက သတိမထားမိသော်လည်း အိန္ဒိယလူမျိုး အများစုက သတိထားမိသည့် အချက်ရှိသည်။

ထိုအချက်မှာ ဇန်နဝါရီလက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (Jaishankar) သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ရှေ့ဆုံးတန်းထိုင်ခုံတွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။

သူသည် ထိုထိုင်ခုံနေရာတွင် ထိုင်ရမည် မဟုတ်သော်လည်း ဂျိုင်ရှန်ကာက နေရာရွှေ့ပြောင်းရန် ငြင်းဆိုခဲ့သည်။ 

ဆန့်ကျင်ဘက် အနေဖြင့် တရုတ်၏ ဒုသမ္မတသည် ဂျိုင်ရှန်ကာ၏ အနောက်တွင် ထိုင်နေသည့် အချက်ကို အိန္ဒိယနိုင်ငံသား အများစုက သတိထားမိခဲ့သည်။

ထို့ပြင် အိန္ဒိယ၏ ဘောလိဝုဒ် ရုပ်ရှင်များနှင့် ဂီတများကို ကမ္ဘာတစ်ဝန်းက အားပေးနှစ်သက်မှုနှင့်အတူ အိန္ဒိယ သည် ပါဝါအပျော့ကို နားလည်နိုင်သည့်အတွက် ကြီးမားသော အားသာချက်တစ်ခု ဖြစ်သည်။

တရုတ်ကမူ ရုပ်ရှင်ကားများကို ဆင်ဆာ ဖြတ်ထားမှုနှင့်အတူ အာဏာအပျော့ ကျင့်သုံးမှုတွင် အိန္ဒိယလောက် အားကောင်းခြင်းမရှိပေ။

အချုပ်ဆိုရပါမူ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း စျေးကွက်ကို ပြည်ပ၏ ယှဉ်ပြိုင်မှုမှ ကာကွယ်ရေးဝါဒအရ တရုတ်နှင့် အိန္ဒိယသည် ကမ္ဘာ့တောင်ခြမ်းကို တစ်နိုင်ငံချင်းစီ ဦးဆောင်နိုင်ရန် ခက်ခဲလှ သည်။

ထို့ကြောင့် တရုတ်နှင့် အိန္ဒိယတို့သည် အပြန်အလှန် မှီခိုအားထားခြင်းသည်သာ လက်တွေ့ကျသည့် ချဉ်းကပ်မှု ဖြစ်ပေသည်။

Source: Nikkei Asia

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုနဲ့ လူမျိုးရေး ခွဲခြားမှုတိုက်ပွဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1671

CNI Sport Article

၂၀၂၅ ခုနှစ်၊ မတ်လ ၇

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက သူတို့ကို လူမျိုးရေး ခွဲခြားတယ် ဆိုပြီး ဂါလာတာစာရေးအသင်းက စွပ်စွဲမှုပြုလုပ်ခဲ့တဲ့ သတင်းဟာ မီဒီယာတွေရဲ့ အထက်မှာ ခေါင်းကြီးပိုင်းအဖြစ် နေရာယူထားခဲ့တာ ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ ကစားခဲ့တဲ့ အစ္စတန်ဘူလ် ဒါဘီပွဲစဉ်အပြီးမှာ ဂါလာတာစာရေး အသင်းရဲ့ အရန်ခုံတန်းဟာ "မျောက်တွေလို ခုန်ပေါက်နေတယ်"လို့ မော်ရင်ဟိုက မှတ်ချက်ပေးခဲ့တာပါ။ 

မော်ရင်ဟိုရဲ့ မှတ်ချက်စကားအပေါ် ဂါလာတာစာရေးအသင်းက ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်မယ် ဆိုပြီး ထုတ်ပြန်ခဲ့သလို မော်ရင်ဟိုနဲ့ ဖီနာဘာချီအသင်းတို့ကလည်း ဂါလာတာစာရေးအသင်းကို တရားစွဲဆိုမှုတွေ ပြန်လည်ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

တူရကီလိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဂါလာတာစာရေးအသင်းနဲ့ ဖီနာဘာချီအသင်းတို့ဟာ မော်ရင်ဟိုရဲ့ ဖြစ်ရပ် အတွက်လည်း အပြိုင်အဆိုင် ဖြစ်ခဲ့ကြတာပါ။ 

မော်ရင်ဟိုကို တွေ့ရစဉ်

လူမျိုးရေး ခွဲခြားတယ်လို့ စွပ်စွဲခြင်းခံထားရတဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ လူမျိုးရေးခွဲခြားမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက "ဂါလာတာစာရေးအသင်းက ကျနော့်ကို တိုက်ခိုက်တဲ့ နည်းလမ်းမှာ လိမ္မာပါးနပ်မှု မရှိပါဘူး။ သူတို့ဟာ ကျနော့်ရဲ့အတိတ်ကို မသိခဲ့ပါဘူး။ အာဖရိကလူမျိုးတွေ၊ အာဖရိက ကစားသမားတွေ၊ အာဖရိက ပရဟိတ အဖွဲ့အစည်းတွေနဲ့အတူ အာဖရိကနဲ့ ကျနော့်ရဲ့ ဆက်နွယ်မှုကို သူတို့မသိခဲ့ကြပါဘူး"လို့ ပြောခဲ့တာပါ။ 

တကယ်လည်း မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ အာဖရိက ကစားသမားတွေနဲ့ အလွန် ရင်းနှီး ကျွမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ချိန်က ဒရော့ဘာ၊ အက်ဆီယန်၊ ကာလူး၊ မီခေးလ်တို့နဲ့ မော်ရင်ဟိုရဲ့ ဆက်ဆံရေးကို မြင်တွေ့ခဲ့ရမယ်ဆိုရင် မော်ရင်ဟိုက လူမျိုးရေးခွဲခြားတဲ့ သူမဟုတ်ဘူးဆိုတာ မြင်တွေ့ရမှာပါ။ 

မော်ရင်ဟိုနဲ့ ဒရော့ဘာကို တွေ့ရစဉ်

မော်ရင်ဟိုကို ဂါလာတာစာရေးအသင်းက စွပ်စွဲခဲ့ချိန်မှာ ဒရော့ဘာနဲ့ အက်ဆီယန်တို့ဟာ သူတို့ရဲ့နည်းပြ ဘက်ကနေ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ 

မော်ရင်ဟိုက သူ့ကစားသမားဟောင်းတွေရဲ့ အသံဟာ အလွန်အရေးကြီးတဲ့ အသံဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

ဒါအပြင် မော်ရင်ဟိုက သူ့ဆီမှာ မကောင်းတဲ့ အရည်အချင်းတွေရှိပေမယ့် လူမျိုးရေးခွဲခြားမှုတော့ မပါဝင်ဘူးလို့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့ပါတယ်။ 

မော်ရင်ဟိုက "လူတစ်ဦးအနေနဲ့ ကျနော်က ဘယ်သူလဲဆိုတာကို လူတိုင်းသိပါတယ်။ ကျနော့်ရဲ့ မကောင်းတဲ့ အရည်အချင်းကိုလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် လူမျိုးရေးခွဲခြားတာက ကျနော့်ရဲ့ မကောင်းတဲ့ အရည်အချင်းတွေထဲက တစ်ခုမဟုတ်ပါဘူး။ လုံးဝကို ဆန့်ကျင်ဘက်ပါ။ အရေးကြီးဆုံးက ကျနော်က ဘယ်သူလဲဆိုတာ ကျနော်သိပါတယ်။ လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲတဲ့ တိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ ရွေးချယ်မှုတစ်ခုပါ"လို့ ပြောခဲ့တာပါ။ 

မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ရောက်ရှိလာပြီးကတည်းက အဖြစ်အပျက် အများအပြားဖြစ်ခဲ့ပြီး လူမျိုးရေး ခွဲခြားတယ်လို့ စွပ်စွဲမှုဟာ နောက်ဆုံးဖြစ်ခဲ့တဲ့ အရာဖြစ်ပါတယ်။ 

မော်ရင်ဟိုဟာ ဒီမတိုင်ခင်က တူရကီဒိုင်တွေနဲ့ ဘောလုံးတာဝန်ရှိသူတွေရဲ့ စံနှုန်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် ပွဲပယ်နဲ့ ဒဏ်ကြေးငွေတွေ ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

မော်ရင်ဟို အနေနဲ့ လက်ရှိဖြစ်နေတဲ့ လူမျိုးရေး ခွဲခြားမှုပြဿနာကို ထပ်ပြီး ဖြေရှင်းရဖို့ ရှိနေတာပါ။ 

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို အောင်မြင်မှုတွေ ရယူပေးဖို့ တူရကီကို ရောက်လာခဲ့ပေမယ့် အဖြစ်အပျက် အများကြီးကို ရင်ဆိုင်နေရပြီး ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မလား ဒါမှမဟုတ် ရာသီအကုန်မှာ ထွက်ခွာသွား မလား ဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ယူနိုက်တက်အတွက် မရှိမဖြစ် သို့မဟုတ် ဘရူနိုဖာနန်ဒက်စ် 

By CNI
CNI
Category: ဆောင်းပါး
Hits: 1314

CNI Sport Article

၂၀၂၅ ခုနှစ်၊ မတ်လ ၂

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာကတည်းကနေ အခုအချိန်ထိ အသင်းအတွက် မရှိမဖြစ် အလွန်အရေးပါတဲ့ ကစားသမား ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ 

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ဝေဖန်မှု အခံရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် သူကတော့ အသင်းအတွက်သာ အကောင်းဆုံး အာရုံစိုက်နေတဲ့သူပါ။ 
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်အသင်းဟာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်လောက် အသင်းအပေါ် အကျိုးပြုနိုင်တဲ့ ကစားသမားဟာ လက်ချိုးပြီးရေတွက်လို့ရပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကစားတဲ့ ပွဲတိုင်းကို ပါဝင်ကစားချင်ပြီး ပွဲတိုင်းကိုလည်း ရေကုန် ရေခမ်းကစားတဲ့ ကစားသမားမျိုးပါ။ လက်ရှိအချိန်မှာ ဘရူနိုဖာနန်ဒက်စ်လောက် အသင်းအပေါ် ပေးဆပ်ပြီး ကစားတဲ့ ကစားသမားတွေဟာ နည်းပါးနေတာဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်တွေ အားမလိုအားမရ ဖြစ်တာကြောင့် စိတ်ပျက်လက်ဖြစ်တဲ့ သူ့ရဲ့ခန္ဓာကိုယ် ဘာသာစကားကိုတော့ ဘောလုံးပွဲ ဝေဖန်သူတွေနဲ့ ကစားသမားဟောင်းတွေက နှစ်သက်မှု မရှိကြပါဘူး။ 

ဒါပေမယ့် ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်တဲ့ နည်းပြတိုင်းရဲ့အဓိက ကစားသမား အဖြစ် အမြဲတမ်းရှိနေမယ့် စွမ်းဆောင်ရည်ကို ပြသနေတာဖြစ်ပါတယ်။ 

ဒီနေ့ခေတ် ဘောလုံးလောကမှာ ကစားသမား အများအပြားဟာ ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူ နေကြပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ ဒဏ်ရာကြောင့် လွဲချော်တဲ့ပွဲက အလွန်နည်းပါးခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာရနေရင်တောင် ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးဖို့ အကောင်းဆုံး ကြိုးစားတဲ့သူဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ပါဝင်ကစားတဲ့ ပွဲတိုင်းတော့ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ အလွဲလွဲ အချော်တွေရှိနေပေမယ့် ယူနိုက်တက်အသင်းဟာ သူ့အပေါ် မှီခိုနေရတယ်ဆိုတဲ့ အချက်တွေတော့ ရှိနေတာပါ။ 

အနီးစပ်ဆုံးပြောရရင် အစ်စဝှစ်ချ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း ရရှိခဲ့တဲ့ ၃ ဂိုးစလုံးဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ တည်ကန်ဘောတွေ ကနေတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတွေထဲမှာ ၂၃ ဂိုး ပါဝင်ပတ်သက်မှုရှိခဲ့တာပါ။

အာဆင်နယ်အသင်း ကစားသမားဟောင်း အီယန်ရိုက်က ဘရူနိုသာမရှိရင် ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန် မှာ တိုက်ပွဲဝင်နေရမယ်လို့ မှတ်ချက်ပေးထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရပ်တည်နေတာကြောင့် ဘရူနိုဖာနန်ဒက်စ်က သူအပါအဝင် အသင်းမှာရှိတဲ့သူတွေ အားလုံးကို ဒီထက်ပိုပြီး လုပ်ပေးနိုင်ဖို့ တောင်းဆိုထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေပေမယ့် လာမယ့်ရာသီ အသင်းရဲ့ပြုပြင်ပြောင်းလဲမှုမှာ ဆက်ရှိ/မရှိဆိုတာက စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်အသင်းအတွက် အရာအားလုံးကိုပေးတဲ့ ဘရူနိုဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ထိန်းပေးဖို့ တောင်းဆိုသူတွေရှိသလို သူ့ကိုရောင်းချဖို့ တောင်းဆိုတဲ့သူတွေကလည်း ရှိနေပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အတွက်ပဲ သူရဲ့ခေါင်းထဲမှာ ရှိနေတာပါ။ 

အသက် ၃၀ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် လက်ရှိအချိန်အထိ ၂၇၂ ပွဲ ပါဝင်ကစားထားပြီး ၈၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ထားပါတယ်။ 

ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ ကာရာဘောင်းဖလားတို့ကို ရယူထားနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ အသင်းကို ရာသီကုန်ချိန်မှာ အရင်နှစ်တွေကလို ဆုဖလားအောင်မြင်မှုတွေ ရယူပေးဖို့ ဦးဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းငြိမ်းချမ်းရေး ဒေါ်နယ်ထရမ့် ဖော်‌ဆောင်နေပုံကို ပြသထားစဉ်

ယူကရိန်းငြိမ်းချမ်းရေး၊ ဥရောပ-ဒေါ်နယ်ထရမ့်ကြားက အက်ကြောင်း 

By CNI
CNI
Category: ဆောင်းပါး
Hits: 1109

CNI International Article

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၃

ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် မြူးနစ်လုံခြုံရေးညီလာခံ၏ ပထမနေ့တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (J.D. Vance) ၏ မိန့်ခွန်းကို ဥရောပမဟာမိတ်များက စိတ်ရှုပ်ထွေးမှု၊ စိတ်ပျက်မှုနှင့် စိုးရိမ်မှုရှိခဲ့ကြောင်း ပြသခဲ့ကြသည်။

ဗန့်စ်သည် ယူကရိန်းနှင့်ပတ်သက်သည့် တိကျသော မူဝါဒများကို အနည်းငယ်မျှသာ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူသည် ယူကရိန်းအရေးထက် ဥရောပတွင် ဒီမိုကရေစီ တည်ဆောက်ရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရေးတို့ကို ဥရောပခေါင်းဆောင်များအား အထက်စီးမှ ပြောဆိုခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ ဥရောပ‌ခေါင်းဆောင်များကိုတွေ့ရစဉ်

ဥရောပခေါင်းဆောင်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ထိတ်လန့်ဖွယ်မူဝါဒ အပြောင်းအလဲကြောင့် ဂယက် ရိုက်ခတ်မှုများအတွက် အသင့်ပြင်ထားကြသည်။

ဗန့်စ်၏ မိန့်ခွန်းသည် ထရမ့်၏ နိုင်ငံရေး အခြေခံကိုသာမက ဥရောပ၏ လက်ယာယိမ်း အင်အားစုများအတွက် လည်း ရည်ရွယ်ခဲ့သည်။ 

ထိုကြောင့် လာမည့် ဂျာမနီရွေးကောက်ပွဲတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ဖွယ် ရှိနေသည်ဟု ကျွမ်းကျင် သူများက ယူဆနေကြသည်။

အမေရိကန်အပေါ် ထားရှိသည့် ဥရောပ၏ သဘောထားလည်း ပြောင်းလဲဖွယ်ရှိသဖြင့် အတ္တလန္တိတ် ဖြတ်ကျော် ဆက်ဆံရေးကို မရေမရာဖြစ်စေခဲ့သည်။။

အမေရိကန်နှင့် ဥရောပနိုင်ငံ အများအပြားသည် မဟာမိတ်အဖြစ် ဆက်ရှိနေမည် ဆိုသည့်တိုင် ဥရောပသည် ထရမ့် လက်ထက်တွင် အမေရိကန်၏ မူဝါဒအသစ်များကို မေးခွန်းထုတ်လာကြသည်။

သို့ဆိုလျှင် ထိုအခြေအနေသည် အမေရိကန် ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် အခြေခံ စံနမူနာ အပြောင်းအလဲတစ်ခု ဖြစ်လာစေနိုင်သည်။

လက်တွေ့ကျသည့် ရှုထောင့်မှကြည့်လျှင် ရုရှား-ယူကရိန်း စစ်ပွဲကို အမေရိကန်နှင့် ဥရောပတို့က တုန့်ပြန်ပုံများ သည် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခုဖြစ်သည်။

အမေရိကန်၊ ရုရှား၊ ယူကရိန်းနှင့် ဥရောပနိုင်ငံ အသီးသီးတွင် ကွဲပြားသော သဘောထားများနှင့် မဟာဗျူဟာ ရည်မှန်းချက်များရှိသည်။

အမေရိကန်သည် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်၊ ယူကရိန်းအတွက် အကူအညီများ လျှော့ချရန်နှင့် ဥရောပကို လုံခြုံရေး တာဝန်ပိုယူရန် တွန်းအားပေး လုပ်ဆောင်နေသည်။

ရုရှားသည် ၎င်း၏ ပထဝီဝင် နိုင်ငံရေး၊ လုံခြုံရေး၊ နေတိုး၏ အင်အားချဲ့ထွင်မှုနှင့် ၎င်း၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် ပိတ်ဆို့မှုများ လျော့ပါးသက်သာစေရန် အာရုံစိုက်ဖွယ်ရှိသည်။

ယူကရိန်သမ္မတ ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ယူကရိန်း၏ ဦးစားပေးကိစ္စမှာ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန်နှင့် အမျိုးသားလုံခြုံရေးကို သေချာစေရန်ဖြစ်ပြီး အမေရိကန်က ၎င်း၏ဗျူဟာကို ပြင်ဆင်နေချိန်တွင် ယူကရိန်းဘက်မှ လိုက်လျော ပေးရဖွယ်ရှိသည်။

တစ်ချိန်တည်းမှာပင် ဥရောပတိုက်အတွင်း ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်တွင်းရေး သဘောထား ကွဲလွဲမှုများ ရှိနေသည်။

အမေရိကန်-ရုရှား ဆွေးနွေးပွဲသည် ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်လာစေနိုင်သည့် အခြေအနေအပေါ် ဥရောပခေါင်းဆောင် အများအပြားက စိုးရိမ်နေကြသည်။

ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ထရမ့်၏ “အမေရိကန် ပထမ” (“America first”) ချဉ်းကပ်မှုသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥရောပကို ပိုမိုစည်းလုံးညီညွတ်မှုဆီသို့ ဦးတည်သွားစေနိုင်သည်။

သို့သော်လည်း အချို့ဥရောပနိုင်ငံများတွင် အချိန်တိုအတွင်း ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်နိုင်စွမ်းမရှိသဖြင့် ယူကရိန်းအတွက် ထရမ့်က ကြားဝင်ဆောင်ရွက်ပေးသော ငြိမ်းချမ်းရေးအစီအစဉ်ကို ဥရောပက လက်မခံချင် သော်လည်း လက်ခံရဖွယ်ရှိသည်။

ပဋိပက္ခများ ပိုပြီး အရှိန်မြင့် မလာမီအချိန်မှာပင် ထာဝရငြိမ်းချမ်းရေး ရရှိရန် အချိန်ယူလုပ်ဆောင်ရမည် ဖြစ်ပါသည်။

အကယ်၍ ငြိမ်းချမ်းရေး အဆိုပြုချက်များကို လက်ခံရန် ဥရောပကို အမေရိကန်က ဖိအားပေးခဲ့မည်ဆိုပါက အမေရိကန်အနေဖြင့် ဥရောပနှင့် လုံခြုံရေး၊ စီးပွားရေး အစရှိသည့် အရေးကိစ္စများအတွက် ဆက်ဆံရေးပုံစံ အသစ်ကို ဖော်ဆောင်ရန် လိုအပ်သည်။

 ဥရောပလွှတ်တော်ကိုတွေ့ရစဉ်

အကယ်၍ အမေရိကန်နှင့် ရုရှားသည် ရေရှည်တွင် ယေဘုယျကျသည့် အချို့ကို ရှာတွေ့နိုင်ပြီး ဥရောပနိုင်ငံ များကလည်း ဥရောပတိုက်၏ လုံခြုံရေးမူဘောင်ကို ပြန်လည်ပြင်ဆင်ရာတွင် ပါဝင်နေမည်ဆိုပါက စစ်ပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ 

 လက်တွေ့ကျသော ရှုထောင့်မှကြည့်လျှင် ရှည်လျားသော ပဋိပက္ခသည် ဥရောပနှင့် ရုရှား အတွက်သာမက ယူကရိန်းအတွက် ဆိုးကျိုးများသာ ဖြစ်စေမည်ဖြစ်သည်။

ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းသည်သာ အားလုံး၏ အကျိုးစီးပွားအတွက် ကောင်းမွန်စေမည်ဖြစ်သည်။

သို့သော်လည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် အဓိကအချက် ၄ ချက်ရှိသည်။

ပထမအချက်မှာ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင် ဖြစ်လိုသည့် ရည်ရွယ်ချက်ကို စွန့်လွှတ်ရန်နှင့် ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်း၏ နယ်မြေများကို ရုရှားအား ပေးအပ်ရမည့် အချက်ဖြစ်သည်။ ထိုအချက်ကို ယူကရိန်းက လက်ခံရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။

ယူကရိန်းကို လိုက်လျောရန် အမေရိကန်က ဖိအားပေးခဲ့မည်ဆိုသည့်တိုင် အဆိုပါ အခြေခံကွဲလွဲမှုများကို ဖြေရှင်းနိုင်ခြင်း ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

ဒုတိယအချက်မှာ အမေရိကန်၏ ဖိအားပေးမှုများ ရှိနေသော်လည်း ဥရောပနိုင်ငံများသည် အမေရိကန်နှင့် အပြည့်အဝ လိုက်လျောညီထွေရှိရန် မသေချာသေးပေ။

တတိယအချက်မှာ ခေါင်းဆောင်အချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံသည့် သံတမန် ဆက်ဆံရေးနှင့် ညှိနှိုင်း မှုများအတွင်း အမေရိကန်၏ ရပ်တည်ချက်သည် အချိန်မရွေး ပြောင်းလဲသွားနိုင်ခြင်းဖြစ်သည်။

စတုတ္ထအချက်မှာ ဥရောပနိုင်ငံများစွာရှိ လူထု၏ အမြင်သည် ယူကရိန်းအပေါ် အလွန်စာနာ သနားနေခြင်း ဖြစ်သည်။

ထို့ကြောင့် ထရမ့် အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ချင်သည်ဆိုပါက ဥရောပနိုင်ငံများ၏ သဘောတူညီချက်ကိုလည်း ရရှိရန် လိုအပ်လှပေသည်။

Source: South China Morning Post

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီကိုတွေ့ရစဉ်

ရီးရယ်လ်နဲ့ သမိုင်းရေးထိုးချင်သူ သို့မဟုတ် ဘတ်ပီ

By CNI
CNI
Category: ဆောင်းပါး
Hits: 1221

CNI Sport Article

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူပြီးနောက် ရှင်းလင်းတဲ့ သတင်းစကားပေးပို့ခဲ့ပါတယ်။ 

ဒီစကားကတော့ ရီးရယ်လ်အသင်းနဲ့ သမိုင်း စာမျက်နှာသစ်တစ်ခု ရေးထိုးချင်တယ်လို့ ပြောခဲ့တာပါ။ ဘတ်ပီဟာ အခုအချိန်မှာ ရီးရယ်လ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနေပေမယ့် သူ့ရဲ့ ဘာနေဗျူးခရီးစဉ် အစပိုင်း ဟာ ချောမွေ့မှုမရှိခဲ့ပါဘူး။ 

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်း ကို ရောက်ရှိလာပြီးနောက် အများကြီး မျှော်လင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

 ဘတ်ပီကိုတွေ့ရစဉ်

ဒါပေမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ အစပိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ 

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ဘယ်တောင်ပံမှာ ကစားရတာကို အနှစ်သက်ဆုံး ဖြစ်ပေမယ့် ရီးရယ်လ် အသင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာကြောင့် သူ့အတွက် အခက်တွေ့ခဲ့ပြီး အထောင်တိုက်စစ်မှူး နေရာနဲ့ အသားကျအောင် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက် ၁၁ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဘောလုံး သုံးသပ်သူတွေ၊ အသင်းပရိသတ်တွေရဲ့ ဝေဖန်မှု ကြီးကြီးမားမားကို ခံစားခဲ့ရတာပါ။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ အဆင်မပြေဖြစ်ခဲ့တဲ့ ဟာဇတ် အပါအဝင် ကစားသမားတချို့နဲ့ နှိုင်းယှဉ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့အတွက် ပြင်သစ်လူစာရင်းကနေ နုတ်ထွက်ပြီး ရီးရယ်လ်အသင်းအတွက် ပိုအာရုံစိုက်ခဲ့လို့ ပြင်သစ်အသင်း ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလည်း ခံခဲ့ရတာပါ။  

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝအစ အထနှေးတာကနေ အမြန်ဆုံး ရုန်းထွက်ပြီး မကြာခင်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ ကတိပေးခဲ့ပါတယ်။ 

တကယ်လည်း ဘတ်ပီဟာ ဒါကိုလုပ်နိုင်ခဲ့ပြီး ရီးရယ်လ်အသင်းမှာ သူ့ရဲ့ခြေစွမ်းတွေ၊ သွင်းဂိုးတွေကို ဆက်တိုက် မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

ဘတ်ပီဟာ အခုဆိုရင် ရီးရယ်လ်အသင်းအတွက် ကစားထားတဲ့ ၃၈ ပွဲမှာ ၂၈ ဂိုးသွင်းပြီး ဒီအထဲမှာ ဟက်ထရစ် သွင်းဂိုး ၂ ကြိမ် ပါဝင်ကာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေကို ထပ်မံပြသနိုင်ခဲ့တာပါ။

ဘတ်ပီက "လိုက်လျောညီထွေဖြစ်အောင် လုပ်ရတဲ့ ကာလက ကုန်ဆုံးသွားခဲ့ပါပြီ။ အခုအချိန်ကတော့ ကျနော့်ရဲ့ အရည်အသွေးတွေကို ပြသရတော့မှာပါ။ ရီးရယ်လ်နဲ့ သမိုင်းကြောင်း ရေးထိုးပြီး ခေတ်တစ်ခုကို သတ်မှတ်ချင် ပါတယ်"လို့ ပြောခဲ့ပါတယ်။ 

 ဘတ်ပီကိုတွေ့ရစဉ်

ဘတ်ပီဟာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်ရနေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ နောက်ထပ် ပစ်မှတ်ကတော့ ရီးရယ်လ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ပါ။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝမှာ ဥရောပစူပါဖလားနဲ့ ဖီဖာတိုက်ကြီးများဖလား ချန်ပီယံဆုတွေ ကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘတ်ပီ အဓိကရယူချင်တဲ့ ဆုဖလားကတော့ ချန်ပီယံလိဂ်ဖလားဖြစ်ပြီး ဒါကြောင့်လည်း ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ 

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ဗိုလ်လုပွဲသာ တက်နိုင်ခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး လက်ရှိချန်ပီယံလည်း ဖြစ်တာ ကြောင့် ဘတ်ပီဟာ စပိန်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ကိုင်မြှောက်ချင်နေတာ ဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဘတ်ပီဟာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် မျှော်လင့်ချက်ကို အသက်ဆက်နိုင်မှာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ၃ ခုစလုံးရဲ့ ဆုဖလား လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဆုဖလား ၃ လုံးရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိနေပါတယ်။ 

ရီးရယ်လ်အသင်းနဲ့ သမိုင်းကြောင်းကို ရေးထိုးချင်နေတဲ့ ဘတ်ပီအနေနဲ့ အသင်းအောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပါးစပ်ဖျားက ဖက်ဒရယ်၊ဒီမိုကရေစီနဲ့ ဦးနှောက်က အကျိုးစီးပွား

By CNI
CNI
Category: ဆောင်းပါး
Hits: 1463

CNI Article

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ 

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက် ၁၉၆၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံသည် ပါလီမန်စနစ် ကို ကျင့်သုံးပြီး ပြည်တွင်းစစ်ကြားမှာ အရှေ့တောင်အာရှ ကျားကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအနေဖြင့် ရပ်တည်ခဲ့သည်။

ထိုစဉ်အချိန်က ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးနိုင်ခဲ့သော်လည်း ဖက်ဒရယ်စံနှုန်းများကတော့ အားနည်းခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆို/ဆွေးနွေးနေဆဲ ကာလဖြစ်သည်။

ထို့နောက် အယူဝါဒမျိုးစုံဖြစ် ပေါ်ပေါက်လာသော လက်နက်ကိုင်အင်အားစုများက မြန်မာနိုင်ငံတစ်ဝန်း သိမ်းပိုက် ထိန်းချုပ်ထားရာ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သာ ဦးနုအစိုးရက အုပ်ချုပ်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့သည်။

သို့သော် ဦးနုအစိုးရသည် လူထုက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဖြစ်သည့်အတွက် လူထု ထောက်ခံမှု ရထားသလို နိုင်ငံတကာ၏ ထောက်ခံမှုကိုလည်း ရထား၍ အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်ကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေးကာ ရောင်စုံသူပုန်ဟု ခေါ်ဆိုခဲ့သော လက်နက်ကိုင်အင်အားစုများကို ပြန်လည် တိုက်ခိုက်ခဲ့သည်။

အဆိုပါ ပြည်တွင်းစစ် အတွင်းမှာပဲ မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင့်အတန်းများ နှင့် ဒီမိုကရေစီစံနှုန်းများသည် မြင့်မားလှ၍ ဖက်ဒရယ်စနစ်ကိုသာ အဓိကထား ညှိနှိုင်းဖော်ဆောင်ရန် လိုအပ်ခဲ့ သည်။

ထိုစဉ်အချိန်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် အားလုံး တန်းတူညီမျှမည်ဟု ဆို၍ အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဆွေး‌နွေးခဲ့ကြရာ တိုင်းပြည်ပြိုကွဲနိုင်သည်ဟုဆိုပြီး ဦးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်သည်။

အထက်ပါ အခြေအနေများကို ထိုင်းနှင့်စင်္ကာပူနိုင်ငံများက သင်ခန်းစာယူ၍ ၎င်းတို့၏ နိုင်ငံများကို တည်ဆောက်ခဲ့ ကြရာ ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံ အနေအထားနှင့် ထိုင်း-စင်္ကာပူ အနေအထားကို နှိုင်းယှဉ်ကြည့်ပါက အလွန်ကွာခြားသွားပြီကို တွေ့နိုင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ထားကြသော အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဖက် အင်အားစုများ၊ အုပ်ချုပ်ရေး အင်အားစုများ၊ အုပ်ချုပ်ခံ လူတန်းစားများ အရှေ့တောင်အာရှ၏ ကျားကြီးကနေ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ်ကာ သင်ခန်းစာယူ၍ အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုတည်ဆောက်ကြမလဲ အဖြေရှာသင့်သည်။

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းရှိ အင်အားစုများသည် သင်ခန်းစာများယူ၍ နိုင်ငံကို တည်ဆောက်ရန် ကြိုးပမ်းရမည့်အစား ဒီမိုကရေစီ-ဖက်ဒရယ်ဆိုသော စကားလုံးကို ပါးစပ်ဖျားက မချဘဲ စည်းရုံးရေး သပ်သပ် ကြွေးကြော်နေကြပြီး အတွေးအခေါ် ဦးနှောက်ထဲမှာတော့ အကျိုးစီးပွားအတွက် တည်ဆောက်နေကြသည်ဟု ထောက်ပြလာနေကြသည်။

ထို့ကြောင့် ဒီမိုကရေစီ တကယ် တည်ဆောက်လိုပါသလား၊ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တည်ဆောက် လိုပါသလားဆိုသော အတွေးပေါင်း မြောက်များစွာနှင့် သံသယပေါင်းများစွာ လူထုကြားထဲ ပေါ်ပေါက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော လက်နက်ကိုင်ထားသော အင်အားစုများသည် ဖက်ဒရယ်တည်ဆောက်နိုင်ရေး ညှိနှိုင်းနေ ကြရာမှာ နှစ်ပေါင်းဆယ်စုနှင့်ချီလာသည့်တိုင် သေချာရေရာသော အခြေအနေရအောင် မယူနိုင်သေးသည့် အချိန်မှာပဲ ၊ ဖက်ဒရယ်ထက် ကျော်လွန်သော စဉ်းစားချက်များနှင့် လိုအပ်ပါက နိုင်ငံထူ‌ထောင်နိုင်ရေး ပြင်ဆင် ထားရန်ဆိုသော စဉ်းစားပြင်ဆင်နေမှုများပါ ရှိလာနေသည်။

ထို့အပြင် ဒီမိုကရေစီ ကာကွယ်ထိန်းသိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အာဏာရှင် အမြစ်ဖြုတ်ရေး၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုသော ကြွေးကြော်မှုများဖြင့် လျှောက်လှမ်းခဲ့သော်လည်း လက်တွေ့မြေပြင်မှာတော့ တွေ့ဆုံဆွေးနွေးရေးကို သွားနေကြရပြီး ကိုယ်ရရှိထားသော အနေအထားအတွက် ပိုင်နိုင်အောင် ကြိုးပမ်းနေကြသည်ကို တွေ့လာရသည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုသော ပါးစပ်ဖျားက စည်းရုံးရေး စကားသည် အသက်/သွေးချွေး နှင့်ရင်းနှီးကြရသော်လည်း ဦးနှောက်ထဲက အကျိုးစီးပွားကို မြင်တွေ့လာရသောအခါမှာတော့ ဥပေဏ္ခာပြုခံရပြီး သမိုင်းဖြစ်သွားကြသည်။

ကမ္ဘာ့ပေါ်တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိသည့်အနက် ဖက်ဒရယ်စနစ်ကို ကျင့်သုံး၍ ထူထောင်ထားသော နိုင်ငံမှာ နိုင်ငံပေါင်း ၂၈ သာရှိသည်။

ထိုနိုင်ငံများအနက် တချို့သော နိုင်ငံများသည် ပြန်လည်၍ ပြည်တွင်းစစ်ဖြစ်ပွားနေသလို ခွဲထွက်ရေး တောင်းဆိုမှု ပြဿနာများလည်း ယနေ့အထိ မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်။

ဥပမာ- အိန္ဒိယ၊ အီသီယိုပီးယား၊ ဆိုမာလီယာ၊ အီရတ်၊ ပါကစ္စတန်၊ ဆူဒန် စသည့် နိုင်ငံများကို လေ့လာကြည့် နိုင်ပါသည်။

ယခုကဲ့သို့သော တိုင်းပြည် အခြေအနေကို ဘယ်လိုနည်းလမ်း ရှာဖွေကုစားကြမည်နည်း။ တချို့ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး လူတစ်ဦးတည်းမှာ ရှိနေသော အာဏာသုံးရပ်ကို ဖြန့်ခွဲ၍ အရပ်သားအစိုးရ ပေါ်ပေါက် သည့်အခါမှာ ထွက်ပေါက်တစ်ခု ရှာဖွေရန် စဉ်းစားလျက်ရှိသည်။

တချို့ကတော့ အပြုတ်တိုက်ပြီးတော့မှ အခင်းအကျင်းသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ကြရန် စဉ်းစားနေကြ သည်။

တချို့ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါက်တစ်ခု ရှာဖွေမည်ဆိုသော အင်အားစုများသည် ရွေးကောက် ပွဲ ကျင်းပပြီးလို့မှ ၎င်းတို့ပြောသည့် ထွက်ပေါက်ကို ရှာဖွေမတည်ဆောက်နိုင်ဘူးဆိုပါက မည်ကဲ့သို့ တာဝန်ခံမလဲ မေးခွန်းထုတ်နေကြသည်။

တချို့ကတော့ အပြုတ်တိုက်ရေးဆိုသော စဉ်းစားချက်မှာ လက်တွေ့ဖြစ်နိုင်ခြေ အလွန်နည်းပါးသည့်အတွက် အပြုတ်မတိုက်နိုင်ဘဲ ဆွေးနွေးပွဲကို သွားကြသည့်အခါမှာ အသက်ပေးခဲ့ရသူများအတွက် အပြုတ်တိုက်ရေး ကြွေး ကြော်ခဲ့သူများ မည်ကဲ့သို့ တာဝန်ခံမလဲ မေးခွန်းထုတ်နေကြသည်။

အဆိုပါ အခြေအနေများကြားမှာ မြန်မာနိုင်ငံသူ/သားများသည် အုပ်ချုပ်သူ လူတန်းစားများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်ထားသော အင်အားစုများအပေါ် တဖြေးဖြေးဖြင့် ယုံကြည်မှုများ ကင်းမဲ့ လာပြီး တိုင်းပြည်ကနေ ထွက်ခွာနိုင်အောင်သာ ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံက ထွက်နိုင်မှ သူတို့၏ အနာဂတ်ကို ရှာဖွေနိုင်မည်ဟု မြင်လာခဲ့ကြသည်။

ထို့ကြောင့် ပါးစပ်ဖျားက ဖက်ဒရယ်၊ ဒီမိုကရေစီနှင့် ဦးနှောက်က အကျိုးစီးပွားဆိုသော တည်ဆောက်မှု လမ်းကြောင်းကို သွားနေသည်ဟု လူထုက ယူဆလာနေပြီဖြစ်သည်။ ထိုယူဆချက်ကို မည်ကဲ့သို့ ပြန်လည် ကုစားကြမည်နည်း။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီလွန်မာ့စ်နဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

အီလွန်မာ့စ်၏ ရွှေ့ကွက် ဘာလဲ၊ ဘယ်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1391

CNI Knowledge

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အမေရိကန်အစိုးရ၏ လုပ်ငန်းစဉ်များကို ကူညီပေးသည့် အစိုးရအကျိုးဆောင်ဌာန(DOGE)ကို ဦးဆောင်နေသော အီလွန်မာ့စ် (Elon Musk) ၏ အခန်းကဏ္ဍသည် အပေါ်ယံအားဖြင့် ကြည့်မည်ဆိုပါက ဖက်ဒရယ်ဗျူရိုကရေစီ စနစ်၏ ထိရောက်မှုမရှိသည့် အားနည်းချက်များအားလုံးကို ရှင်းလင်းပစ်ရန်ဖြစ်သည်။

သို့သော် အတွင်းကျကျ လေ့လာကြည့်ရမည်ဆိုပါက ဖက်ဒရယ်အသုံးစရိတ်များ လျှော့ချဖြတ်တောက်မှုနှင့် ထိရောက်ပြီး တွက်ခြေကိုက်သည့် စနစ်ဖော်ဆောင်မှုသည် ပြဿနာဖြစ်စေနိုင်သော စိတ်မှန်းဖြစ်နိုင်ခြေများကို ပေါ်ပေါက်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခင်က အမေရိကန် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဌာန အဖြစ် လူသိများသည့် ဌာနက အစိုးရအကျိုးဆောင်ဌာနအဖြစ် အမည်ပြောင်းလဲပြီး မာ့စ်ကို အထူးအစိုးရ ဝန်ထမ်း အဖြစ် သုံးနှုန်းခေါ်ဆိုကာ ထိုဌာနကို ဦးဆောင်စေခဲ့သည်။

မာ့စ်တို့ အဖွဲ့၏ ရည်ရွယ်ချက်များမှာ အစိုးရအဖွဲ့အတွက် လုပ်ငန်းများကို အချိန်တိုတိုနှင့် ထိရောက်မှု ရှိစေရန် ဖြစ်ပြီး မလိုအပ်သည့် အရာများကို ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။

ထိုပုံစံသည် အမေရိကန်နည်းပညာ ဗဟိုချက်ဖြစ်သည့် Silicon Valley ပုံစံ အုပ်ချုပ်မှုစနစ်နှင့် ဆင်တူနေသည်။

 ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

သို့သော် အမေရိကန်အစိုးရ၏ လုပ်ငန်းစဉ်များတွင် မာ့စ်၏ ပါဝင်ပတ်သက်နေမှုသည် ကိုယ်ကျိုးကို မငဲ့ကွက်သည့် အားထုတ်ကြိုးပမ်းမှုစစ်စစ် မဖြစ်နိုင်ပေ။

မာ့စ်သည် ကော်ပိုရိတ် လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားပြီး AI နည်းပညာတွင် ရည်မှန်းချက်များ၊ ဘဏ္ဍာရေး အင်အားအတွက် အလိုဆန္ဒများရှိနေနိုင်သည်။

လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အစိုးရ၏ စနစ်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး အေဂျင်စီများကို ပြန်လည် ဖွဲ့စည်းနိုင်စွမ်းတို့အရ မာ့စ်သည် သူ့ကိုယ်တိုင် အတွက်သာမက Tesla လျှပ်စစ်ကားကုမ္ပဏီ ၊ SpaceX အာကာသ ကုမ္ပဏီများ အပါအဝင် သူ့ကုမ္ပဏီများအတွက်လည်း မဟာဗျူဟာမြောက် အကျိုးရလာဒ်များကို ဆွဲထုတ်နိုင်စွမ်း ရှိနေသည်။

ထိုအခြေအနေနှင့် နှိုင်းယှဉ်ပြနိုင်သည့် ဖြစ်ရပ်တစ်ခုသည် သမိုင်းတွင်လည်း ရှိခဲ့သည်။

၁၆၀၀ ပြည့်နှစ်က British East India Company အမည်ရှိ ပင်လယ်ကူးသင်္ဘောကုမ္ပဏီသည် အိန္ဒိယသမုဒ္ဒရာ တွင် ကုန်သွယ်ခွင့်အတွက် အထူးအခွင့်အရေးများရရှိခဲ့ပြီး ထိုအချိန်က အာရှတွင် ဗြိတိသျှ လက်အောက်ခံ ကိုလိုနီနိုင်ငံများကို ထင်သလို ထိန်းချုပ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

အီလွန်မာ့စ်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုတွေ့ရစဉ်

ယခုလည်း အမေရိကန်တွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အစိုးရ လုပ်ငန်းများအား လွှဲယူနေသည့် လက္ခဏာများကို မြင်တွေ့နေရသည်။

ကိုလိုနီခေတ် ပြီးဆုံးသွားပြီးနောက် ၂၁ ရာစုသို့ ရောက်ရှိလာချိန်တွင် အချက်အလက်များကို စိတ်ကြိုက် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ်များက အဓိကကျလာခဲ့သည်။

ဆက်သွယ်ရေး စနစ်များသည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်လာခဲ့ပြီး ခိုင်မာအားကောင်းလာခဲ့သည်။

မာ့စ်၏ ကော်ပိုရိတ်အင်ပါယာကို လေ့လာကြည့်ပါက အာဏာကို ဆွဲကိုင်မှုသည် ပိုမိုထင်ရှားလာခဲ့သည်။ 

မာ့စ်သည် ဖက်ဒရယ်ကန်ထရိုက်များ၊ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများစွာကို ထိန်းချုပ်ထားသည်။

မာ့စ်၏ SpaceX ၊ Tesla ၊ The Boring Company ၊ Neuralink နှင့် xAI ကုမ္ပဏီများအားလုံးသည် အစိုးရ၏ ကြီးကြပ်မှုအောက်တွင် အခွင့်အလမ်းများကို လိုသလို ဖန်တီးနိုင်သည့် စျေးကွက်များထဲ၌ လည်ပတ်နေခြင်း ဖြစ်သည်။

DOGE အကြီးအကဲ တစ်ဦးအနေဖြင့် မာ့စ်သည် အစိုးရ၏ လျှို့ဝှက်အဆင့် စနစ်များနှင့် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

ထိုအချက်အလက်များထဲတွင် လူမှုလုံခြုံရေး နံပါတ်များ၊ ဘဏ်အကောင့်များ၏ အချက်အလက်များနှင့် အခွန် မှတ်တမ်းများလည်း ပါဝင်နေသည်။

မာ့စ်တို့ အဖွဲ့သည် အစိုးရ၏ ငွေပေးချေမှု စနစ်များကိုပင် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ထိုအပြောင်းအလဲများသည် လူမှုလုံခြုံရေးနှင့် ကန်ထရိုက်တာများအတွက် ငွေကြေးပေးချေမှုများကို တားမြစ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းတို့ ပြုလုပ်ရန် ပိုမိုလွယ်ကူစေသည်ဟု ဆိုသည်။

ထိုအချက်အလက်များကို ဖတ်ရှုနိုင်ခြင်းရှိသဖြင့် DOGE ဝန်ထမ်းများသည် အမေရိကန်နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များကို မိတ္တူယူနိုင်လိမ့်မည်ဖြစ်သည်။

အီလွန်မာ့စ်နဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထို့ကြောင့် တရားရုံးက ထိုကဲ့သို့ အစိုးရအချက်အလက်များကို ဝင်ရောက်ကြည့်ရှုမှုအား ယာယီပိတ်ဆို့ခဲ့ သော်လည်း အန္တရာယ်များ ရှိနေဆဲဖြစ်သည်။

မာ့စ်၏ AI ကုမ္ပဏီဖြစ်သည့်  xAI ကုမ္ပဏီသည် အစိုးရ အချက်အလက်များကို Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာနှင့် ပေါင်းစပ်ဖွယ်ရှိနေသည်။

ထိုအခြေအနေအရ မာ့စ်သည် စီးပွားရေး အပြောင်းအလဲများကို ခန့်မှန်းနိုင်စွမ်းရှိလာနိုင်ပြီး မဲဆန္ဒရှင်များ အပေါ်ကိုလည် လွှမ်းမိုးနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်သည်။

DOGE သည် မာ့စ်၏ ကုမ္ပဏီများကို ကြီးကြပ်ကွပ်ကဲနေသည့် အေဂျင်စီများကိုလည်း ဖျက်သိမ်းဖွယ် ရှိနေသည်ဟု ဝေဖန်ရေးသမားများက သတိပေးခဲ့သည်။

အစုရှယ်ယာနှင့် ငွေကြေးလဲလှယ်ရေး ကော်မရှင် (SEC) နှင့် အမျိုးသား အဝေးပြေးလမ်းမ လုံခြုံရေး အုပ်ချုပ်ရေး အဖွဲ့တို့ကဲ့သို့ အဖွဲ့အစည်းများသည် လုပ်ပိုင်ခွင့်များ ကျဆင်းလာဖွယ်ရှိသည်။

မာ့စ်သည် ဒစ်ဂျစ်တယ်ငွေကြေး ကဏ္ဍတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေမှုက စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

ထရမ့်၏ ဒစ်ဂျစ်တယ်ငွေကြေးနှင့် DOGE နှင့် သဟဇာတဖြစ်နေသည့် Dogecoin အမည်ရှိ ဒစ်ဂျစ်တယ်ငွေကြေး တို့ ပေါင်းစပ်မှုသည် တိုက်ဆိုင်မှုတစ်ခု ဆိုသည်ထက် ပိုနေသည်။

ထို့ကြောင့် ဆန့်ကျင်ကန့်ကွက်မှုများ မြင့်တက်လာသော်လည်း လမ်းများပေါ်ထွက်ပြီး ဆန္ဒပြမှုများက မာ့စ်ကို ဟန့်တားရန် လုံလောက်လိမ့်မည် မဟုတ်ပေ။

လွှတ်တော်၏ ဆောင်ရွက်ချက်များ နှေးကွေးနေချိန်တွင် မာ့စ်၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းနေသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် ထိုအခြေအနေကို တုန့်ပြန်ရန် နှောင့်နှေးကြန့်ကြာနေမှုသည် အန္တရာယ်ကြီးသည့် အခြေအနေတစ်ခုကို ရောက်ရှိစေမည်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပင်နယ်တီ ကန်နေစဉ်

ပင်နယ်တီကန်သွင်းတဲ့ စည်းမျဉ်းကို ပြောင်းလဲသင့်ပြီလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 1888

CNI Sport Article

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ဖီဖာဒိုင်လူကြီးများကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ကမ္ဘာကျော် ဒိုင်လူကြီးဟောင်း  ကော်လီနာက ပင်နယ်တီကန်သွင်းတဲ့ စည်းမျဉ်းဥပဒေတွေကို ပြောင်းလဲဖို့ အဆိုပြုခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ပင်နယ်တီ ကန်သွင်းမှုကို ပြောင်းလဲချင်တဲ့ ကော်လီနာရဲ့ အဓိကအကြောင်းရင်းက ဂိုးသမားတွေကို ကာကွယ်မှု ပိုပြီးပြုလုပ်နိုင်စေဖို့ အခွင့်အရေး ပိုပေးချင်နေတာပါ။ 

ကော်လီနာဟာ အချိန်ပိုအပြီး ပင်နယ်တီ အဆုံးအဖြတ်တွေမှာ ကန်သွင်းတဲ့ ပင်နယ်တီ ပုံစံမျိုးကို ပွဲကစားချိန် မိနစ် ၉၀ အတွင်း ကန်သွင်းတဲ့အချိန် အသုံးပြုစေချင်နေတာ ဖြစ်ပါတယ်။ 

လက်ရှိ ပွဲကစားချိန်မိနစ် ၉၀ အတွင်းရရှိတဲ့ ပင်နယ်တီတွေမှာ ကန်သွင်းတဲ့သူဟာ ဂိုးသမားကာကွယ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်ပြီးကန်သွင်းကာ ဂိုးရယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။ 

အဲဒါကြောင့်လည်း ကော်လီနာဟာ ဂိုးသမားတွေအတွက် မျှတစေမယ့် ပင်နယ်တီကန်သွင်းတဲ့ စည်းမျဉ်းကို ပြောင်းလဲဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ကော်လီနာကို တွေ့ရစဉ် 

ကော်လီနာက "လက်ရှိပုံစံက ကန်သွင်းသူနဲ့ ဂိုးသမားအကြားမှာ ကွာခြားချက်က အလွန်ကြီးမားတယ်လို့ ကျနော် ထင်ပါတယ်။ ပျှမ်းမျှကြည့်မယ်ဆိုရင် ပင်နယ်တီ ၇၅ ရာခိုင်နှုန်းက ဂိုးဝင်ကြပါတယ်။ ဒါအပြင် ဂိုးသမားက ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ကန်သွင်းဖို့ အခွင့်အရေးလည်း ရပါတယ်။ ကျနော့် အမြင်အရဆိုရင် ဂိုးသမားတွေအနေနဲ့ ဒါကို မကျေမနပ်ဖြစ်သင့်တယ်"လို့ La Repubblica ကိုပြောခဲ့တာပါ။ 

ကော်လီနာက ပင်နယ်တီ ကန်သွင်းမှု စည်းမျဉ်းပြောင်းလဲဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB)နဲ့ ဆွေးနွေးမှုမှာ ပြောထားတယ်လို့ သိရပါတယ်။ 

ကော်လီနာဟာ သူပြောင်းချင်တဲ့ ပင်နယ်တီ ကန်သွင်းမှုစည်းမျဉ်းကြောင့် ပင်နယ်တီ မကန်သွင်းခင် ဂိုးဧရိယာ အနားမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကိုလည်း ဖယ်ရှားပစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကော်လီနာက "ဒါကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော စည်းမျဉ်းက တစ်ကြိမ်တည်း ကန်သွင်းတာပါ။ အချိန်ပို အပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာ ကန်တဲ့ပုံစံပါ။ ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်ပြီးကန်သွင်းခွင့် မရှိပါဘူး။ ဂိုးဝင်တာပဲဖြစ်ဖြစ်၊ မဝင်တာပဲဖြစ်ဖြစ် ဂိုးတည်ကန်ဘောနဲ့ ပွဲကိုပြန်စတင်ရပါမယ်။ ဒါက ပင်နယ်တီ မကန်သွင်းခင် ဂိုးဧရိယာအနားမှာ လူအများအပြား ရှိနေတာကို ဖယ်ရှားပစ်နိုင်မှာပါ"လို့ ပြောခဲ့ပါတယ်။

ပင်နယ်တီ ကန်နေစဉ်

ဒီစည်းမျဉ်းသာ အတည်ပြုနိုင်ခဲ့ရင် ဂိုးသမားတွေအတွက် ကောင်းမွန်တဲ့ အချက်ဖြစ်လာမှာဖြစ်သလို ကန်သွင်း မယ့် သူတွေအတွက်လည်း ဂိုးဝင်အောင် ကန်သွင်းနိုင်ဖို့အတွက်သာ အာရုံစိုက်နိုင်တော့မှာပါ။

ဒါပေမယ့် ကော်လီနာရဲ့ ဒီစည်းမျဉ်း အဆိုပြုချက်အပေါ် ထောက်ခံတဲ့ သူတွေရှိသလို ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ 

ဒီစည်းမျဉ်းအပေါ် အငြင်းပွားမှုတွေကလည်း ပိုတိုးလာနိုင်ပြီး ပင်နယ်တီ ကန်သွင်းတဲ့ စည်းမျဉ်းကို ပြောင်းလဲ သင့်ပြီလားဆိုတဲ့ မေးခွန်းတွေကလည်း ရှိနေတာပါ။ 

တကယ်လို့ ကော်လီနာ အဆိုပြုထားတဲ့အတိုင်းသာ ပင်နယ်တီကန်သွင်းတဲ့ စည်းမျဉ်းပြောင်းလဲခဲ့ရင်တောင် အရင်ဆုံးစမ်းသပ်ပြီးမှ ထိပ်တန်းလိဂ်တွေမှာ အသုံးပြုသွားမှာဖြစ်လို့ အချိန်အနည်းငယ် စောင့်ရဦးမှာဖြစ်ပါတယ်။ 

ကော်လီနာကို တွေ့ရစဉ်

၁၉၈၈ ခုနှစ်က အီတလီစီးရီး C1 မှာ ဒိုင်လူကြီးဘဝကို စတင်ခဲ့တဲ့ ကမ္ဘာကျော်ဒိုင်လူကြီးဟောင်း ကော်လီနာဟာ ဘရာဇီးလ်နဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို တာဝန်ယူခဲ့တာပါ။

ကော်လီနာဟာ ၁၉၉၉ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကို ယူနိုက်တက်အသင်း အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

၂၀၀၅ ခုနှစ်မှာ အနားယူခဲ့တဲ့ ကော်လီနာဟာ အီတလီဘောလုံးဒိုင်လူကြီးများ အဖွဲ့အစည်း၊ ယူကရိန်း ဘောလုံး အဖွဲ့ချုပ်နဲ့ UEFA ဒိုင်လူကြီးများကော်မတီမှာ ထိပ်တန်းရာထူးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Dailymail

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်

ဆုဖလားလက်မဲ့ရာသီကို အာဆင်နယ် အဆုံးသတ်နိုင်မှာလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 1576

CNI Sport Article

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇

အာဆင်နယ်အသင်းဟာ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရကာ ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။ 

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာထားရတာကြောင့် သူတို့ဟာ ဒီရာသီမှာ ပြည်တွင်း ဖလား ၂ ခုစလုံးကို ဆုံးရှုံးထားရတာပါ။

အဲဒါကြောင့် အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာ ရပ်တည်နေတဲ့ လီဗာပူးလ် အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၆ မှတ် လျော့နည်းနေတာကြောင့် လီဗာပူးလ်အသင်း အမှားအယွင်း လုပ်တာကို စောင့်ဆိုင်းရမှာပါ။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်လို့ ဆုဖလား ရရှိချင်တယ်ဆိုရင် လာမယ့်ပွဲတွေမှာ အကောင်းဆုံး ရလဒ်တွေကို ရယူပြရတော့မှာ ဖြစ်ပါတယ်။ 

 အာဆင်နယ်နည်းပြ အာတီတာကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ ကိုင်တွယ်မှုနဲ့ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ အသင်းအဖြစ် ရပ်တည် နေပေမယ့် အသင်းတစ်သင်းဟာ ခြေစွမ်းပိုင်း ကောင်းနေရုံတင်မရဘဲ ဆုဖလားတွေရယူနိုင်ဖို့လည်း လိုအပ်တာပါ။ 

အာဆင်နယ်အသင်းဟာ နောက်ဆုံး ၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပန်းဝင်ခါနီးမှာ ခြေချော်မှုတွေကြောင့် ဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း ပရိသတ်တွေကတော့ အသင်းဆုဖလား ရရှိတာကို မြင်တွေ့ချင်ကြပေမယ့် ဆုဖလား မရယူနိုင်ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်နေကြတာပါ။ 

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ လက်ထက် ၂၀၂၀ ခုနှစ်မှာ FA ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဟာ သူတို့အတွက် တစ်ခုတည်းသော ကြီးမားတဲ့ ဆုဖလားအဖြစ် ရှိနေပါတယ်။ 

လန်ဒန်ကလပ်ဟာ ၂၀၂၃ ခုနှစ်က ကွန်မြူနတီဒိုင်းကို ရယူနိုင်ခဲ့ပေမယ့် ဒိုင်းရယူနိုင်ခဲ့တဲ့အပေါ် အာဆင်နယ် အသင်း ပရိသတ်တွေဟာ ကျေနပ်မှုမရှိခဲ့ပါဘူး။ 

အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အခြားထိပ်တန်း ကလပ်တွေက ဆုဖလားတွေ အသီးသီး ကိုင်မြှောက်နိုင်ချိန်မှာ သူတို့ဟာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်း နေရတာဟာ စိတ်ပျက်စရာကောင်းတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ လူစာရင်းအင်အား ဖြည့်တင်းခဲ့ပေမယ့် နည်းပြအာတီတာလိုချင်နေတဲ့ နေရာတွေအတွက်တော့ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာပါ။ 

အာဆင်နယ်အသင်းရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းပေမယ့် သူတို့ရဲ့ ကစားသမားအချို့ ဒဏ်ရာရခဲ့မယ် ဆိုရင် ဆိုးရွားသွားတဲ့ပုံစံကို မြင်တွေ့နေရပါတယ်။ 

ဆာကာ၊ အိုဒီဂတ်တို့ရဲ့ နေရာမှာ ပြန်ဖြည့်နိုင်မယ့် ကစားသမား အင်အားမရှိသလို တိုက်စစ်ပိုင်းကတော့ အာဆင်နယ်အသင်းရဲ့ အားအနည်းဆုံးလို ဖြစ်နေတာပါ။ 

အာဆင်နယ်အသင်းဟာ သွင်းဂိုးတွေ ရရှိနေပေမယ့် တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်က ပုံမှန်ခြေစွမ်း မရှိသလို ဂျီးဆပ်စ်ကလည်း ဒဏ်ရာကြောင့် အနားယူနေရတာက ပိုပြီးများပါတယ်။ 

အဲဒါကြောင့် အာဆင်နယ်အသင်း နည်းပြအာတီတာက အသင်းကို တိုက်စစ်မှူးသစ် ခေါ်ယူပေးဖို့ တိုက်ရိုက်ပြောခဲ့ သလို အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ပြီး သွယ်ဝိုက်ပြောခဲ့တာလည်း ရှိတာပါ။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေမှာ အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ လိုချင်နေတဲ့ တိုက်စစ်မှူး ခေါ်ယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

အာဆင်နယ်အသင်းဟာ ခေါ်ယူမယ့် တိုက်စစ်မှူးသစ်တွေကို စာရင်းပြုစုထားပေမယ့် ဒီကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး များပြားမှုတွေကလည်း ခေါ်ယူနိုင်ဖို့ အခက်တွေ့စေခဲ့တာပါ။ 

ရုပ်သံဘောလုံး ဝေဖန်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက တိုက်စစ်မှူးသစ် ခေါ်ယူပေးနိုင်ခဲ့ ခြင်းမရှိတဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး တိုက်စစ်မှူးသစ် မခေါ်ယူလည်း ဂိုးသွင်းနိုင်စွမ်းရှိတဲ့သူတွေ အသင်းမှာရှိတယ်ဆိုတာ ပြသခဲ့တာပါ။ 

အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်

ဒါပေမယ့် နယူးကာဆယ်အသင်းနဲ့ပွဲမှာတော့ တိုက်စစ်မှူးကောင်းမရှိတဲ့ ဟာကွက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အသင်းဟာ ရှိတဲ့လူစာရင်းနဲ့ ရာသီအကုန်ထိ ဆက်သွားရတော့မှာဖြစ်ပြီး ဆာကာ၊ ဂျီးဆပ်စ်နဲ့ မာတင်နယ်လီတို့ အမြန်ဆုံး ပြန်ကောင်းလာဖို့ပဲ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအတွက် အခုအချိန်မှာ အရေးကြီးဆုံးက နောက်ထပ် ဆုဖလား လက်မဲ့ရာသီကို ထပ်ပြီး မဖြတ်သန်းရဖို့ပါ။ 

နည်းပြအာတီတာ အနေနဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ရင်တောင် ဆုဖလား မရယူပေးနိုင် ရင် သူ့ရဲ့နည်းပြရာထူးကလည်း အာမခံချက် မရှိနိုင်တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒူဘိုင်းမှာ စခန်းသွင်း လေ့ကျင့်မှုပြုလုပ်ပြီး ပြန်လာရင် အခုထက် ပိုကောင်းလာမယ်ဆို တဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေပါတယ်။ 

အာဆင်နယ်အသင်း အနေနဲ့ ဒီရာသီမှာ ရယူနိုင်စရာအဖြစ် ကျန်ရှိနေတဲ့ ဆုဖလား ၂ လုံးကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်နေပြီး ဒါမှဆုဖလား မျှော်လင့်ချက်တွေ ဆက်ပြီးရှင်သန်နေမှာပါ။ 

အဲဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ ဆုဖလား လက်မဲ့ရာသီကို အဆုံးသတ်နိုင်မလား ဒါမှမဟုတ် ဆက်ပြီးဖြတ်သန်းရမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

နေပြည်တော်ရဲ့ ခြေလှမ်းက အလှမ်းဝေးနေဆဲလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1256

CNI Article

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် ၅ နှစ်အတွင်းသို့ စတင် ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အဆုံးသတ်မည့် အလားအလာကို မမြင်တွေ့ရသေးပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) သည် ရေရှည် အစီအစဉ်ဆွဲခဲ့သည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် မျှော်လင့်နေပြီး အောက်တိုဘာလထဲတွင် ရွေးကောက်ပွဲပြုလုပ်ဖွယ် ရှိနေသည်။

သို့သော် မြေပြင်တွင် ဖြစ်ပွားနေသည့် အခင်းအကျင်း အပါအဝင် ပြောင်းလဲနေသည့် ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအခြေအနေများအရ ရွေးကောက်ပွဲကို လာမည့်နှစ်အထိ ရွှေ့ဆိုင်းရဖွယ်ရှိနေသည်။

မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခဲ့မည်ဆိုသည့်တိုင် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ပြီးခဲ့သည့်နှစ်က လာအို၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း နစကသည် အာဆီယံအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ရန်အတွက် နိုင်ငံရေးမနွယ်သည့် အမြင့်ဆုံးအရာရှိတစ်ဦးဖြစ်သော အမြဲတမ်း အတွင်းဝန်အဆင့် အရာရှိကို စေလွှတ်ခဲ့သည်။

လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းဖြစ်သည့် ဦးအောင်ကျော်မိုးသည် နစက၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ ထိုင်ခုံနေရာကို ထိန်းသိမ်းထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြုလုပ်သည့် အစည်းအဝေးတိုင်းတွင် ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု၊ နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ အာဏာပိုင်များထံ မှတ်ပုံတင်ခွင့်ပြုမှု၊ ထိုလုပ်ငန်းစဉ်းကို လေ့လာ ရန် နိုင်ငံတကာ လေ့လာသူများကို ဖိတ်ကြားမှုနှင့် လူဦးရေစာရင်း အပြီးသတ်ကောက်ခံမှု အပါအဝင် နစက၏ အနာဂတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး နစက၏ လျော့ပါးခြင်းမရှိသည့် သန္နိဋ္ဌာန်ကို ထပ်တလဲလဲ ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ် ထိုင်ခုံလွှတ်နေစဉ်

သို့သော် အာဆီယံ အသိုင်းအဝိုင်းသည် နစကထံမှ ပိုမိုခိုင်မာသည့် လုပ်ဆောင်ချက်ကို မြင်တွေ့ချင်နေကြသည်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ပေါင်းစုံပါဝင်သည့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရေးတို့ကဲ့သို့ ကိစ္စရပ်များတွင် နစက၏ ခိုင်မာသော ဆောင်ရွက်ချက်ကို မြင်တွေ့ချင်နေကြသည်။

၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးပြီး လူပေါင်း ၃ သန်းခွဲခန့် ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အာဆီယံက ၎င်းတို့၏ တောင်းဆိုမှုများကို အကောင်အထည်ပေါ်လာစေရန် ဆန္ဒရှိနေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မလေးရှား၏ မြန်မာ့အရေး အထူးသံတမန်ဖြစ်သည့် အိုသာသ်မန် ဟာရှင်မ် (Othman Hashim) သည် နေပြည်တော်သို့ သွားရောက်ပြီး နစကခေါင်းဆောင်များ အပါအဝင် အခြား သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားသည် မြန်မာနိုင်ငံတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေး သည် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက နစကသည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ လက်နက်ကိုင်အဖွဲ့များအတွင်း နစက၏ ဆွေးနွေးညှိနှိုင်းရေး ချဉ်းကပ်မှုအပေါ် မယုံကြည်နိုင်သေးပေ။

အင်အားတောင်တင်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ ၎င်းတို့၏ နယ်မြေများနှင့် စီးပွားရေးကို ထိန်းချုပ်နိုင်ရန် ဆက်လက် တိုက်ပွဲဝင်ချင်နေကြသည်။

နစကနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် ဆန္ဒရှိနေကြသည့် အဖွဲ့များလည်းရှိသည်။ မည်သို့ပင်ဆိုစေ ထိုအဖွဲ့များသည် ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး ၎င်းတို့အချင်းချင်း သဘောထားချင်း တိုက်ဆိုင်မှုများလည်း မရသေးပေ။

 

UWSA တပ်ဖွဲ့ကို တွေ့ရစဉ်

မကြာသေးမီက မလေးရှားနိုင်ငံ လန်ကာဝီ (Langkawi)ကျွန်းတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း နစက အနေဖြင့် အနာဂတ်၌ မည်သို့လုပ်ဆောင်ရန် စီစဉ်နေသည်ဖြစ်စေ၊ ထိုအစီအစဉ်များသည် ပေါင်းစုံပါဝင်ရမည် ဖြစ်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်း အာဆီယံအသိုင်းအဝိုင်းက ဦးအောင်ကျော်မိုးကို ပြောကြားခဲ့သည်။

နစကသည် ၂၀၂၁ ခုနှစ်၊ ဧပြီလက သဘောတူခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအနည်းငယ်သာ ရရှိအောင် လုပ်ဆောင်ခဲ့ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပြောကြားခဲ့သည်။

မလေးရှား၏ ဥက္ကဋ္ဌသက်တမ်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) သည် မြန်မာ့အရေးကို တက်ကြွစွာ ချဉ်းကပ်လုပ်ဆောင်သွားမည်ဖြစ်သည်။

အန်ဝါသည် နစကနှင့် လက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးညှိနှိုင်းရန်၊ အပစ်အခတ်ရပ်စဲရန် နည်းလမ်းမျိုးစုံသုံးပြီး စည်းရုံးမည်ဖြစ်သလို တစ်ဖွဲ့ချင်းစီနှင့် တွေ့ဆုံချင်း၊ အဖွဲ့များအားလုံးနှင့် စုပေါင်းတွေ့ဆုံခြင်းတို့ ပြုလုပ်ရန် နည်းလမ်းရှာနေသည်။

အာဆီယံသည် NUG နှင့် အခြား အတိုက်အခံအဖွဲ့များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် လည်း စီစဉ်နေသည်။

မြန်မာ၏အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ဆွေးနွေးပွဲများအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှာပင် ထိုင်းနှင့် NUG ၏ ကိုယ်စားလှယ်များသည် မြန်မာ့အရေးကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ဇန်နဝါရီ ၃၁ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) က သဘာပတိအဖြစ် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် မြန်မာ့အရေး အထူးလုပ်ငန်း တာဝန်အဖွဲ့သည် နယ်စပ် ဒေသလုံခြုံရေးနှင့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် အစိုးရအေဂျင်စီ ၂၀ ကျော်နှင့် စီမံခန့်ခွဲခဲ့သည်။

ထိုအားထုတ်ကြိုးပမ်းမှုများသည် နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အလှူရှင်နိုင်ငံများအကြား ဆွေးနွေးမှုများ ဖြစ်မြောက်စေရန် လမ်းဖွင့်ပေးရာ ရောက်လိမ့်မည်ဟု ထိုင်းအာဏာပိုင်များက မျှော်လင့်ထားသည်။

အာဆီယံအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်ကို တွေ့ရစဉ်

ထိုအချိန်အတောအတွင်း ထိုင်း-မြန်မာနယ်စပ်တွင် ရာဇဝတ်ဂိုဏ်းများက တရုတ်သရုပ်ဆောင်တစ်ဦးအား ပြန်ပေးဆွဲခဲ့သည့် ဖြစ်စဉ်သည် လက်ရှိဖြစ်ပွားနေသည့် အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ပျက်ယွင်းနေသည့် အခြေအနေအပေါ် စိုးရိမ်မှုများ ပြန်လည် မြင့်တက်စေခဲ့ပြီး နိုင်ငံပေါင်းစုံတွင် စနစ်တကျ ဖွဲ့စည်းထားသည့် ရာဇဝတ်ဂိုဏ်းများသည် နယ်စပ်ဒေသတွင် လှုပ်ရှားနိုင်စွမ်းရှိနေမှုအပေါ် မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများဖြစ်သည့် တရုတ်၊ လာအို၊ အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ သည် မကြာသေးမီက အစည်းအဝေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေ ရေး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ပိုမိုတွန်းအားပေးရန် လိုအပ်ကြောင်း သဘောတူခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးပြီး NLD ပါတီအား ခွင့်ပြုရေး၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်နား ရေးနှင့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အစရှိသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုချက်များမှာလည်း ပြည့်မြောက်ခြင်း မရှိသေးပေ။

ထိုတောင်းဆိုချက်များ ပြည့်မြောက်ခြင်း မရှိပါက စီစဉ်ထားသည့် ရွေးကောက်ပွဲသည်လည်း အဆင်ပြေချောမွေ့ လိမ့်မည်မဟုတ်ဘဲ အာဆီယံကလည်း ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်မည့် အလားအလာ ရှိနေမည် ဖြစ်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ကမ္ဘာ့စင်မြင့်ထက်တွင် အာဏာပြနေသည့် ထရမ့်

By CNI
CNI
Category: ဆောင်းပါး
Hits: 2121

CNI Article

၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁

နိုင်ငံတကာဆက်ဆံရေး သီအိုရီတွင် မတူကွဲပြားသည့် နိုင်ငံများ၊ ထိုနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှု၊ ပဋိပက္ခများနှင့်ပတ်သက်ပြီး အမျိုးသားအကျိုးစီးပွားကို ဆုံးဖြတ်ချက် ချမှတ်မှုကဲ့သို့ ပုဂ္ဂိုလ်စွဲကင်းသည့် အခန်း ကဏ္ဍများကို ထောက်ရှုပြီး အကဲဖြတ် ချင့်တွက်လေ့ရှိသည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာချိန်တွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍတို့တွင် ထရမ့်၏ လုပ်ဆောင်မှုများသည် ကမ္ဘာ့အရေးကို ရိုက်ခတ်စေရန် ခြိမ်းခြောက်ရာ ရောက်ခဲ့သည်။

ထိုအခြေအနေက ကမ္ဘာ့ခေါင်းဆောင်များ၏ ပင်ကိုယ်စရိုက်များနှင့် မူဝါဒများသည် ကမ္ဘာ့သမိုင်းကို ပုံဖော်စေနိုင် ခဲ့သည့် အစဉ်အလာကို ပြန်ပြောင်းမှတ်မိစေခဲ့သည်။

နိုင်ငံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ဆက်ဆံရေးအတွက်လည်း လမ်းညွှန်မြေပုံတစ်ခု ဖြစ်ခဲ့သည်။

ထိပ်သီးအဆင့် သံတမန်ဆက်ဆံရေးတွင် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေး ခင်မင်မှုသည် အလွန်သိသာ ထင်ရှားသည့် ကွဲပြားခြားနားမှု တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ထို့ပြင် Trump သည် ခေါင်းဆောင်များအကြား ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေးကို အပြုသဘော ဆောင်စွာ ပုံဖော်နိုင်သည်ဟူသည့် အယူအဆကို အလွန်ယုံကြည်သူဖြစ်သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ထရမ့်သည် အမေရိကန်နှင့် အဓိက နိုင်ငံများအကြား ဆက်ဆံရေးကို ပုံဖော်ရာ တွင် အထောက်အကူ ဖြစ်စေရန်အတွက် သံတမန်ဆက်ဆံရေးကို ချဉ်းကပ်ရာ၌ ကိုယ်ရေးကိုယ်တာဆန်သည့် ချဉ်းကပ်မှုဖြင့် ချမှတ်ဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်က ထရမ့်သည် ရာထူးလက်ဝယ်ရှိနေစဉ် မြောက်ကိုရီးယားနိုင်ငံအတွင်း ခြေချခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။

ထိုအချိန်က ထရမ့်သည် ကိုရီးယားနှစ်နိုင်ငံ၏ စစ်မဲ့ဇုန်ကို ဖြတ်သန်းကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးကို ရှေးရှုကာ Abraham Accords သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ပြီး အာဖဂန်စစ်ပွဲအား အဆုံးသတ်ခြင်း အပါအဝင် ထိပ်တိုက်တွေ့မှုများကို ရှောင်ကြဉ်ခဲ့ သည်။

ထရမ့်ကဲ့သို့ ကမ္ဘာ့ခေါင်းဆောင် အများစုကလည်း ၎င်းတို့၏ ကိုယ်ပိုင်အမှတ်သညာဖြင့် သံတမန်ဆက်ဆံရေးကို ချဉ်းကပ် ဆောင်ရွက်လာကြပြီး ၎င်းတို့၏ လူမှုမီဒီယာများအား အသုံးပြုပြီး သံတမန်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြ သည်။

ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးခင်မင်မှုက နိုင်ငံအချင်းချင်း ဆက်ဆံရေးအတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည့် အချက်ကို နားလည်လာခဲ့ကြသည်။

ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ပုဂ္ဂိုလ်ရေးခင်မင်မှုနှင့် တစ်ယောက်အကြောင်းကို တစ်ယောက်က နားလည်ထားသည့် အားသာချက်က ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တစ်ဖက်လူ၏ အားနည်းချက်၊ အားသာချက်ကို သိရှိနိုင်ပြီး အလျှော့အတင်း ပြုလုပ်နိုင်ခြင်းဖြစ်သည်။

ထရမ့်သည် သူ့ကိုယ်သူ ကြားဝင်စေ့စပ်ပေးသူအဖြစ် ပုံဖော်ခဲ့ပြီး အခြားနိုင်ငံများမှ ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကမ်းလင့်ထောက်ကူမှုများ ပြုလုပ်ခဲ့သည်။

ထိုချဉ်းကပ် လုပ်ဆောင်ချက်များသည် ထရမ့်၏ ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့သည့်  “Trump: The Art of the Deal” ဆိုသည့် စာအုပ်ထဲမှ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်သည် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်တိုင် အာဏာရှင်များ အပါအဝင် ပြည်ပခေါင်းဆောင် များနှင့် ဆက်ဆံရာတွင် မြှောက်ပင့်ပြောဆိုသည့် နည်းစနစ်ကိုလည်း လိမ်မာပါးနပ်စွာ ကျင့်သုံးခဲ့သည်။

ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို "ထူချွန်ပြောင်မြောက်သည့် အမျိုးသား" "အလွန်ကောင်း သည့် မိတ်ဆွေ" အစရှိသည့် စကားလုံးများ သုံးနှုန်းပြောဆိုခဲ့ကာ ရုရှားသမ္မတ ပူတင် (Vladimir Putin) ကိုလည်း လိမ်မာပါးနပ်သူ စိတ်ဓာတ်ခိုင်မာသူအဖြစ် ပြောဆိုခဲ့ဖူးသည်။

ထရမ့်သည် တူရကီသမ္မတ အာဒိုဂန် (Erdogan) ၏ အုပ်ချုပ်ပုံသည် အလွန့်အလွန် ခိုင်မာမှုရှိကြောင်းလည်း ချီးကျူးပြောကြားခဲ့ပြီး ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံအပြီးတွင်လည်း ၎င်းတို့နှစ်ယောက် ချစ်ကျွမ်း ဝင်ခဲ့ကြကြောင်း ဟာသနှောပြီး ပြောဆိုခဲ့သည်။

ထို့ပြင် ထရမ့်သည် တရုတ်သို့ သွားရောက်လည်ပတ်ရန်လည်း စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီက ထရမ့်၏ မခန့်မှန်းနိုင်သည့် ပြဿနာရှာပုံကို သိရှိထားသည့်တိုင် သဘောတူညီချက် ရယူရန် အာရုံစိုက် လုပ်ဆောင်လေ့ရှိသည့် ထရမ့်၏ ချဉ်းကပ်ပုံကို သဘောကျခဲ့သည်။

ထရမ့်၏ စရိုက်လက္ခဏာသည် ခေါင်းဆောင်မှုကဏ္ဍ၏ အစဉ်အလာ အိုင်ဒီယာများနှင့် မတူကွဲပြားဘဲ တစ်မူ ထူးခြားနေသည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ထရမ့်သည် ဂျိုးဘိုင်ဒန် (Joe Biden) ကဲ့သို့ မဟုတ်ဘဲ မိန့်ခွန်းများကို စာရွက်စာတမ်းများ ကြည့်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်လေ့ရှိသည်။

ထရမ့်သည် စကားကြမ်းကြမ်း ပြောတတ်သော်လည်း တချို့ကိစ္စများတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ သည်။

ဥပမာပြရမည်ဆိုပါက ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီး ပိတ်ဆို့မှုများ ချမှတ်ခဲ့ သော်လည်း အီရန်နှင့် စစ်ပွဲဖြစ်ပွားမည့် အခြေအနေကို ရှောင်လွှဲခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားကို ပစ်ခတ်မည်ဟု ၂၀၁၇ ခုနှစ်က ခြိမ်းခြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် စင်္ကာပူ၌ ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံခဲ့သည်။

ထရမ့်သည် လက်တွေ့ အကျိုးမျှော်ဝါဒီ ဖြစ်သည်။ သူသည် တရုတ်ကို စီးပွားရေး ခြိမ်းခြောက်မှုများ ပြုလုပ်မည် ဟု ပြောကြားခဲ့သည့်တိုင် ကုန်သွယ်ရေး ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ 

ရှီကို မြှောက်ပင့် ပြောဆိုနေချိန်တွင် တစ်ချိန်တည်းမှာပဲ တရုတ်သွင်းကုန်များကို အခွန်တိုးကောက်ခဲ့သည်။

ထရမ့်၏ အာဏာသည် ၎င်း၏ ရပ်တည်ချက် သဘောထားကြောင့်သာ မဟုတ်ဘဲ အခြားသူများ မည်သို့တွေးခေါ် နေသည်ဆိုသည့် အချက်အပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိခြင်းဖြစ်သည်။

ထိုအာဏာသည် ထရမ့် သမ္မတသက်တမ်း ကုန်သွားသည့်တိုင် ဆက်လက် တည်မြဲနေဦးမည်ဖြစ်ပြီး ၎င်း၏ ကွန်ဆာဗေးတစ် လူထုကြိုက်ဝါဒသည် နိုင်ငံတကာ နိုင်ငံရေးလောကကို ဆက်လက် ပုံဖော်နေဦးမည်ဖြစ်သည်။

Source: The Hill

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေမာကို တွေ့ရစဉ်

၁၂ နှစ်နီးပါးအကြာမှာ ငယ်ဘဝကလပ်ထံ ပြန်လာသူ သို့မဟုတ် နေမာ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1788

CNI Sport Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁

ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပြီး ဆန်းတို့စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ 

နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ် မဖျက်သိမ်းခင်မှာကတည်းက မေဂျာလိဂ်ကလပ် အသင်းအချို့ အပါအဝင် ကလပ်အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံခဲ့ရတာပါ။ 

ဒါပေမယ့် နေမာဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းထံ ၁၂ နှစ်နီးပါးအကြာမှ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

နေမာဟာ ဆန်းတို့စ်အသင်းထံ ပြန်လာမယ်ဆိုရင် အယ်လ်ဟီလယ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် အများကြီး လျှော့ယူရမယ်ဆိုတာ သိပေမယ့် သူကတော့ ငယ်ဘဝကလပ်ထံ ပြန်လာဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ်စီးရီးဘီကို တန်းဆင်းခဲ့ရပြီး ဒီရာသီမှာ စီးရီးအေပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ နေမာအသင်းထံ ပြန်လာမှာဖြစ်လို့ အလွန်ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်

နေမာဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်နေရပေမယ့် ဆန်းတို့စ်အသင်းဟာ သူ့ကို အများကြီး မျှော်လင့်နေကြတာပါ။

နေမာဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းတွေကြောင့် ကစားသမားဘဝကို ထိခိုက်မှုရှိခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းမှာ ကစားခဲ့တဲ့ ၁ နှစ်ခွဲအတွင်း ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာကို ကြည့်ရင် သူ့ရဲ့ဒဏ်ရာ အခြေအနေကို သိနိုင်တာပါ။ 

အဲဒါကြောင့်လည်း အယ်လ်ဟီလယ်အသင်းက နေမာဟာ ထိပ်တန်းအဆင့်မှာ ကစားမနိုင်တော့ဘူးလို့ ယူဆပြီး စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ 

နေမာဟာ ဒဏ်ရာကင်းပြီး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ပြိုင်ဘက် ကစားသမားတွေအတွက် ကြောက်စရာ အကောင်းဆုံး ကစားသမားအဖြစ်ရှိနေပြီး ဆန်းတို့စ်အသင်းဟာ ဒီလိုအနေအထားဖြစ်အောင် နေမာကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ လိုအပ်နေတာပါ။ 

နေမာအတွက် ဆန်းတို့စ်အသင်းထံ ပြန်လာတာဟာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်ဖို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ နေရာတစ်နေရာရဖို့ ရည်မှန်းချက်တွေရှိနေတာ ဖြစ်ပါ တယ်။ 

နေမာဟာ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတာကြောင့် သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိသေးတယ် ဆိုတာကို ဆန်းတို့စ်အသင်းမှာ သက်သေပြသနိုင်ဖို့ ကြိုးစားသွားဖို့ရှိနေတာပါ။ 

နေမာနဲ့ပီလီကို တွေ့ရစဉ်

ဆန်းတို့စ်အသင်းမှာ နေမာအနေနဲ့ ပထမအကြိမ် ကစားခဲ့တုန်းက ကိုပါလီဘာတေးဒိုးစ်ဆုဖလား အပါအဝင် ဆုဖလား အောင်မြင်မှုအချို့ ရယူပေးနိုင်ခဲ့ပြီး ဥရောပထိပ်သီး အများအပြားရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရကာ ဘောလွန်းဒီအော ဆန်ခါတင် စာရင်းထဲကိုလည်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

နေမာ ပြန်လာတာဟာ သူ့အတွက်ရော၊ ဆန်းတို့စ်အသင်းအတွက်ရော၊ ဘရာဇီးလ်လိဂ်အတွက်ရော အများကြီး သက်ရောက်မှုတွေ ရှိမယ်ဆိုတာ သေချာနေတာပါ။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီး ပီလီနဲ့ နေမာတို့လို ကစားသမားတွေကို ကမ္ဘာ့စင်မြင့်ပေါ် တင်ပေးခဲ့ တဲ့ ဆန်းတို့စ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရုန်းကန်ခဲ့ရပြီး မနှစ်က ရာသီကဆိုရင် တန်းပါဆင်းခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုကို ၈ ကြိမ်အထိရရှိခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဒီဆုဖလားနဲ့ ဝေးကွာခဲ့သလို အဓိကပြိုင်ပွဲကြီးတွေမှာလည်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာပါ။ 

အဲဒါကြောင့် ဆန်းတို့စ်အသင်းဟာ နေမာ အသင်းထံ ပြန်လာမှုနဲ့အတူ အဓိကဆုဖလားတွေကို ပြန်ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

နေမာအနေနဲ့ ဆန်းတို့စ်အသင်းရဲ့ ဒုတိယအကြိမ် ကစားသမားဘဝမှာ ဘယ်လောက်ကြာကြာ ကစားမလဲဆိုတာ မသိပေမယ့် ပထမအကြိမ် ကစားခဲ့သလို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ 

အဲဒါကြောင့် ၁၂ နှစ်နီးပါးအကြာမှ ဆန်းတို့စ်အသင်းထံ ပြန်လာခဲ့တဲ့ နေမာအနေနဲ့ ငယ်ဘဝကလပ်ကို အောင်မြင်မှုတွေ ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နစကဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို‌ တွေ့ရစဉ်

မြန်မာပြည် မြောက်ပိုင်းစစ်ပွဲက တရုတ်ရဲ့ ကစားပွဲလား

By CNI
CNI
Category: ဆောင်းပါး
Hits: 2454

CNI Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ ‌မြောက်ပိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ‌မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့(TNLA-MNDAA-AA)တို့ ကြား စစ်ပွဲများဖြစ်ပွားလာခဲ့သည်မှာ  ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ကနေ နစက လက်ထက်ထိပင် ဖြစ်သည်။

အဆိုပါ စစ်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ သည်မှာလည်း ယနေ့ထိတိုင်ပင်ဖြစ်သည်။

ထိုစစ်ပွဲများထဲကနေ တရုတ်၏ အခန်းကဏ္ဍ အပြင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက် များကို လေ့လာကြည့်သည့်အခါမှာတော့ ထူးခြားသော ရပ်တည်ချက်များကို တွေ့လာရသည်။

မည်သည့် ထူးခြားမှုများလဲဆိုပါက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တုန်းက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည် မြန်မာ့တပ်မတော်ကို ပူးတွဲပြီး တိုက်ခိုက်လျက်ရှိသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ပူးတွဲ တက်ရောက်ဆွေးနွေးလျက်ရှိသည်။ 

၎င်းတို့သည် တစ်ဖွဲ့ချင်း ဆွေးနွေးရမည်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံလေ့မရှိသလို အပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ ထုတ်ပြန်ပါကလည်း ပူးတွဲထုတ်ပြန်လေ့ရှိသည်။ အလားတူ ထုတ်ပြန်ချက်များ ထုတ်ပြန် သည့်အခါမှာလည်း ပူးတွဲ၍သာ ထုတ်ပြန်လေ့ရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်း ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူခဲ့ပြီးနောက် ပေါ်ပေါက်လာသော နိုင်ငံရေးပဋိပက္ခအတွင်းမှာ တော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် တရုတ်၏ မူဝါဒများကို နှိုင်းယှဉ်လေ့လာကြည့်လျှင် ထူးခြားလာသည်ကို တွေ့နိုင်သည်။

TNLA-MNDAA-AA ခေါင်းဆောင်များကို တွေ့ရစဉ်

ဖြုတ်ချခံခဲ့ရသောကြောင့် NLD ပါတီခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များ အပါအဝင် တက်ကြွလှုပ်ရှား သူများ၊ အနုပညာရှင်များ၊ ဒီမိုကရေစီလိုလားသူများက မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေးအတွက် လမ်းပေါ် နိုင်ငံရေး အပြင် လက်နက်ကိုင်တော်လှန်ခြင်းဆိုသော နည်းလမ်းနှစ်သွယ်ဖြင့် ကြိုးပမ်းလာခဲ့သည်။

ထို့နောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် နွေဦးတော်လှန်ရေးကို အမှီပြု ပြီး ၂၀၀၉ ခုနှစ်က လက်လွတ်ဆုံးရှုံးခဲ့ရသော အထူးဒေသ(၁) ပြန်လည်ရရှိရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးဟုဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ BPLA၊ BRNA၊ KNDF၊ PLA၊ DPLA၊ MYD-PDF၊ PDFs တို့က ပူးတွဲတိုက်ခိုက်ပေးခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ TNLA က ဦးဆောင်၍ ဖော်ဆောင်ခဲ့သလို ရှမ်း-မန်း စစ်ဆင်ရေးကိုလည်း တပြိုင်တည်း ဖော်ဆောင်ခဲ့သည်။

ထို ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ MNDAA သည် လားရှိုးမြို့ အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့ကို သိမ်းပိုက်ခဲ့သလို TNLA ကလည်း မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ခမ်း တို့ကို သိမ်းပိုက်ထားသည်။

အလားတူ MDY-PDF ကလည်း မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးတို့ကို သိမ်းပိုက်ထားသည်။ 

တခြားတစ်ဖက်မှာတော့ AA သည် ရခိုင်ပြည်နယ်အတွင်းမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မောင်တော၊ တောင်ကုတ်၊ မင်းပြား၊ ပေါက်တော၊ သံတွဲ၊ ဂွ၊ အမ်း စသည့် မြို့နယ်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထားသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ အပါအဝင် ကုန်သွယ်ရေးလုပ်နေသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ယခင်က ပူးတွဲထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အထက်ပါ စစ်ပွဲများတွင် မြန်မာ့တပ်မတော်သည် စစ်ရေးအရ နောက်ဆုတ်ပေးနေရမှုများကြောင့် တရုတ်နိုင်ငံ သည် စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။ 

ထိုသို့ စိုးရိမ်မှုများ ပေါ်ပေါက်လာနေစဉ်မှာပဲ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများသည် မြန်မာပြည်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်း ကြောင့် တရုတ်သည် မြန်မာပြည်အရေးကို ထည့်ထည့်ဝင်ဝင် ပါဝင်လာရန် ဖြစ်တည်လာခဲ့သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် နစကကို ကျားဖြန့်နှိမ်နင်းပေးရန် တောင်းဆို ဆွေးနွေးခဲ့သော်လည်း ထိထိ ရောက်ရောက် ကိုင်တွယ်ခြင်း မရှိသည့်အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ကျားဖြန့်နှိမ်နင်းရေး မဟာဗျူ ဟာကို ချပြ၍ တရုတ်အား စွဲဆောင်ကာ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့သည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က လက်နက်ခဲယမ်းနှင့် နည်းပညာများ ထောက်ပံ့ကူညီပေးခဲ့သည်ဟု ပြည်တွင်း/ပြည်ပက သံတမန် အသိုင်းအဝိုင်းနှင့် လက်နက်ကိုင် တိုက်ခိုက်နေသူများက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် တရုတ်၏ အကူအညီဖြင့် ရခိုင်ပြည်နယ် အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှသည် နစကနှင့်မြန်မာ့တပ်မတော်၏ အာဏာဗဟိုချက်ဖြစ်သော နေပြည်တော်အထိ စစ်ဆင်ရေးကို ချဲ့ထွင်ရန် ပြင်ဆင် ခဲ့ကြသည်။

သို့သော်လည်း တရုတ်သည် မြန်မာ့တပ်မတော် ပြိုကွဲပါက အတိုက်အခံ အင်အားစုများတွင် ဗဟိုအာဏာကို ထိန်းကြောင်းပေးနိုင်မည့် အင်အားစု မရှိ၍ မြန်မာနိုင်ငံ အစိတ်စိတ်အမွာမွာ ပြိုကွဲသွားနိုင်သည်ဟု ရှုမြင် လာသည့်အတွက် နှစ်ဖက်စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ဆွဲတင်ခဲ့သည်။

တရုတ်၏ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ဆွဲတင်လာခြင်းကို မြန်မာ့တပ်မတော်နှင့်နစက အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့သည် လွန်ဆန်နိုင်ခြင်းမရှိဘဲ နှစ်ဖက်ဆွေးနွေး လာနေကြရသည်ကိုလည်း တွေ့မြင် နေရသည်။

တစ်ခု ထူးခြားသည်မှာ ယခင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်များတုန်းက မည်သည့် အရေး ကိစ္စကိုမဆို ဖော်ဆောင်သည့်အခါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ပူးတွဲ၍သာ လုပ်လေ့ရှိသော်လည်း ယခု နစက လက်ထက်မှာတော့ ၎င်းတို့၏ ပူးတွဲဖော်ဆောင်မှု မူဝါဒကနေ တစ်ဖွဲ့ချင်း ဖော်ဆောင်ရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့လာရသည်။

တရုတ်ဝန်ကြီးချုပ်နှင့် နစကဥက္ကဋ္ဌကို တွေ့ရစဉ်

ဥပမာအနေဖြင့် လေ့လာကြည့်မည်ဆိုပါက အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးရေး၊ တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရေး၊ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ကာကွယ်ပေးရေး စသည့် အခြေခံ အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ပူးတွဲ ထုတ်ပြန်မှု မရှိတော့ဘဲ တစ်ဖွဲ့ချင်း သီးသန့် ထုတ်ပြန်လာနေသည်ကို တွေ့လာရသည်။

အလားတူ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်ပနိုင်ငံများကို လေ့လာသူအဖြစ်သာ ပါဝင်ခွင့်ပြုလေ့ရှိရာမှာ ယခုအခါမှာတော့ တရုတ်သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် နစက၏ ဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်အဖြစ် တက်ရောက်နေခြင်းကိုပင် ခွင့်ပြုနေရကြောင်း သိရသည်။

ထို့ကြောင့် မြန်မာပြည် မြောက်ပိုင်းစစ်ပွဲသည် တရုတ်၏ ကစားပွဲဖြစ်နေပြီလားဆိုသော မေးခွန်း ထုတ်မှုများ ရှိလာနေသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မြန်မာနိုင်ငံသူ/သားများကသာ ဖြေရှင်းရမည်ဆိုသော မူဝါဒသည် လက်ရှိမှာတော့ တရုတ်၏ ကစားပွဲနောက်သို့ အလိုက်သင့် လိုက်ပါနေရပြီးလားဆိုသည်မှာလည်း စဉ်းစားစရာ ဖြစ်လာသည်။

ထို့ကြောင့် မြန်မာပြည်မြောက်ပိုင်းက စစ်ပွဲကနေ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်‌ရေး အဖြေရှာ မည့် ကစားပွဲကို တရုတ်၏ကစားပွဲအဖြစ် ဖြစ်ခွင့်ပေးမလား ကိုယ်တိုင်ဖြေရှင်းနိုင်သော ကစားပွဲအဖြစ် ပြန်လည် ပြောင်းလဲနိုင်မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်။

တဆက်တည်းအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ရာမှာ တရုတ်ပုံဖော်သော အနာဂတ်နိုင်ငံတော် ဖြစ်လာမလား မြန်မာနိုင်ငံသူ/သားများ ကိုယ်တိုင် ပုံဖော်တည်ဆောက်မည့် အနာဂတ် နိုင်ငံတော် ဖြစ်လာမလားဆိုကိုလည်း ဆက်လက် စောင့်ကြည့်ရပေမည်။

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်စီးတီးအသင်းကိုတွေ့ရစဉ်

ကစားသမားဖြည့်တင်းမှုတွေနဲ့ မန်စီးတီးရဲ့ရာသီ စတင်တော့မှာလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 1402

CNI Sport Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄

ဒီရာသီမှာ မန်စီးတီးအသင်း ကြုံတွေ့နေရတဲ့ ရလဒ်တွေဟာ ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ဆိုးရွား နေပြီး အဓိကပြိုင်ပွဲတွေရဲ့ ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ စောစီးစွာထွက်ခွာ နေရပြီဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ ရုန်းကန်နေရသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း စောစီးစွာ ထွက်ခွာရမယ့် အခြေအနေကို ရှောင်နိုင်ဖို့ ကြိုးပမ်းရမှာပါ။ 

မန်စီးတီးအသင်း ဒီလိုမျိုးရလဒ်ဆိုးတွေ ကြုံတွေ့နေတာမှာ အဓိက ကစားသမား အများအပြားကို ဒဏ်ရာတွေ ကြောင့် ဆုံးရှုံးခဲ့ရတာက အဓိကအချက်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ် ဖြည့်တင်းမှု နည်းပါး ခဲ့တာကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အသလက်တီကိုအသင်းထံ ရောင်းချခဲ့ပြီးနောက် သူ့ရဲ့နေရာမှာ ပြန်အစားထိုးခဲ့ခြင်း မရှိတာက အသင်းအပေါ် သက်ရောက်မှုတွေ အများကြီးရှိခဲ့တာပါ။ 

မန်စီးတီးနည်းပြ ဂွာဒီယိုလာကို တွေ့ရစဉ်

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ကိုယ်တိုင်က နွေရာသီမှာ ကစားသမားသစ် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာက အမှားအယွင်း ဖြစ်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ 

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ခေါင်းမမာနိုင်တော့ဘဲ အသင်းကို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ထဲ ဝင်ရောက်စေခဲ့တာပါ။ 

မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ ကောင်းမွန်ခဲ့ပြီး အသင်းမှာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့ သူတွေရဲ့နေရာမှာ အစားထိုးဖို့အတွက် လူငယ်ကစားသမားတွေကို အဓိကပစ်မှတ်ထားပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လိုအပ်နေတဲ့ နောက်တန်းနေရာနဲ့ တိုက်စစ်နေရာကို အဓိကဖြည့်တင်းခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ဒီရာသီဖရန့်ဖတ်အသင်းမှာ ဂိုးသွင်းခြေစွမ်းပြသနေတဲ့ အသက် ၂၅ နှစ် အရွယ်ရှိ အိုမာမာမော့ရှ်ကို ခေါ်ယူခဲ့ပြီး နောက်တန်းနေရာအတွက် လန်းစ်အသင်းက အသက် ၂၀ နှစ်အရွယ်ရှိ ခူဆာနော့ဗ်နဲ့ ဘရာဇီးလ်ဆယ်ကျော်သက် ဗစ်တာရိုက်စ်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးခေါ်ဖို့ လုပ်နေတဲ့ ကစားသမား ၃ ဦးကိုတွေ့ရစဉ် 

ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ မန်စီးတီးအသင်း နောက်ထပ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ သူတွေကလည်း လူငယ်ကစားသမားတွေပဲဖြစ်လို့ သူတို့ဟာ ရေရှည်အတွက် ရည်ရွယ်ထားတယ်ဆိုတာ တွေ့ရပါတယ်။

ဒီကစားသမားတွေဟာ နည်းပြဂွာဒီယိုလာ လက်အောက် ကစားရမှာဖြစ်လို့ အများကြီး တိုးတက်လာဖို့ အလားအလာရှိနေပြီး ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်တွေမှာ သူတို့ရဲ့ အရေးပါမှုတွေကို မြင်တွေ့ရဖို့ရှိနေတာပါ။ 

သူတို့တွေဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ လိုအပ်ချက်တွေကို အပြည့်အဝ မဟုတ်ရင်တောင် တစ်ဝက်လောက် ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အသင်းဟာ ရလဒ်ဆိုးတွေကို ရပ်တန့်ပြီး ပြန်လာနိုင်မယ်ဆိုတာ သေချာနေပါတယ်။ ဒါဆိုရင် ရာသီရဲ့ ဒုတိယရာသီဝက်မှာ မန်စီးတီးအသင်းရဲ့ ရာသီစတင်မှုတွေကို စိတ်ဝင်တစား စောင့်ကြည့်ရ တော့မှာပါ။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းကလည်း ရာသီကုန် ပန်းဝင်ခါနီးပြီဆိုရင် ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိတက်တဲ့ အစဉ်အလာတွေ ရှိတာကြောင့် ကစားသမားသစ်တွေဟာ ကစားသမား ဟောင်းတွေနဲ့ အတူ လက်တွဲပြီး ဒီအစဉ်အလာကို ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

မန်စီးတီးအသင်းကိုတွေ့ရစဉ်

လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်တွေက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရဖို့နဲ့ FA ဖလားပြိုင်ပွဲမှာ နောက်ဆုံး အဆင့်အထိ ရောက်ရှိဖို့ပဲ ဖြစ်ပါတယ်။ 

လာမယ့်ပွဲစဉ်တွေဟာ မန်စီးတီးအသင်းအတွက် အလွန်အရေးပါနေတဲ့ ပွဲစဉ်တွေဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကလပ်ဘရုဂျက်အသင်းနဲ့ပွဲစဉ်တွေ ဖြစ်တာပါ။

အဲဒါကြောင့် ကစားသမားသစ်တွေဟာ ပါဝင်ခွင့်ရနိုင်မယ့် ပရီးမီးယားလိဂ် ပွဲကြပ်တွေမှာ မန်စီးတီးအသင်းကို ဘယ်လောက်အထိ အကူအညီပေးနိုင်မလဲဆိုတာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကျားဖြန့်ကို နှိမ်နင်းမည့် သရုပ်ဖော်ပြထားစဉ်

တရုတ်နှင့် အာဆီယံ၏ ဘုံရန်သူဖြစ်လာသည့် ကျားဖြန့်

By CNI
CNI
Category: ဆောင်းပါး
Hits: 1174

CNI International Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄

မကြာသေးမီက အာဆီယံနိုင်ငံများမှ အရာရှိများသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုကို တရုတ်နှင့်ပူးပေါင်း တိုက်ဖျက်လိုသည့် ခိုင်မာသော စိတ်ဆန္ဒကို ဖော်ပြခဲ့သည်။

ဆိုက်ဘာရာဇဝတ်မှုကို ပူပေါင်းဆောင်ရွက်မှုမှတဆင့် ထိရောက်စွာ တိုက်ဖျက်ခြင်းသည် တရုတ်နှင့် အာဆီယံ အကြား ပြည့်စုံကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်တစ်ခုဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မလေးရှားနိုင်ငံတွင် အစည်းအဝေး ပြုလုပ်ခဲ့ချိန်က ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် တရုတ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)ကလည်း ဇန်နဝါရီ ၁၆ ရက်က ဘေကျင်းတွင် အာဆီယံ ၁၀ နိုင်ငံမှ သံတမန်များနှင့်ပြုလုပ်သည့် အစည်းအဝေးအတွင်း တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်း လောင်းကစားလုပ်ငန်းနှင့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင်တာများသို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရသည့် ဖြစ်စဉ်များသည် လူထု၏အာရုံကို ဖမ်းစားခဲ့သည်။

တရုတ်နဲ့ အာဆီယံ ကိုယ်စားလှယ်များကိုတွေ့ရစဉ်

မကြာသေးမီ နှစ်များအတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ကျားဖြန့်ကဲ့သို့ နိုင်ငံဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှုများ မြင့်တက်လာခြင်းသည် ပြည်သူများ၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ကာ နိုင်ငံများအကြား ငြိမ်းချမ်းစွာ ထိတွေ့ဆက်ဆံမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး တရုတ်နှင့် အာဆီယံ၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့သည်။

ထိုကဲ့သို့ ဆိုးရွားသည့် အခြေအနေကြောင့် အာဆီယံနှင့်တရုတ်အကြား နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုကို ပူးပေါင်းတိုက်ဖျက်ရေးသည် အလွန်အရေးကြီးလာခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်ပြည်တွင်းတွင် ဆိုက်ဘာရာဇဝတ်မှုများ အပါအဝင် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်သည့် တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်များ၏ အားထုတ် ကြိုးပမ်းမှုများသည် သိသာသော အောင်မြင်မှုများ ရရှိခဲ့သည်။

သို့သော် ထိုကဲ့သို့ ဆိုက်ဘာရာဇဝတ်မှုများအနက် ၁၀ ခုတွင် ၈ ခုမှ ပြည်ပမှဖြစ်ကြောင်း အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ပြည်ပမှ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ 

အချို့ အာဆီယံနိုင်ငံများတွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ တရားရေးစနစ်တွင် ဟာကွက်များရှိနေခြင်း အစရှိသည့် အခြေအနေများကြောင့် ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းကို ဆက်လက် လည်ပတ်နိုင်စွမ်း ရှိနေသည်။

ထိုကဲ့သို့ ဆိုက်ဘာရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းက ထိုနိုင်ငံများ၏ ပုံရိပ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ကျဆင်းစေခဲ့သည်။

 ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ ကျားဖြန့်ရှိနေတဲ့ ရွှေကုက္ကိုလ်ကို ညွန်းပြနေစဉ်

အာဆီယံနိုင်ငံအများစုသည် ဆိုက်ဘာရာဇတ်မှု၏ သားကောင်များ ဖြစ်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အကြား ထိုင်းတွင် ဆိုက်ဘာရာဇဝတ်မှုပေါင်း ၃၃၀,၀၀၀ အထိရှိခဲ့ပြီး ဘတ် ၃၇ ဘီလျံကျော် ဆုံးရှုံးနစ်နာခဲ့သည်။

ထို့ကြောင့် တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် အလွန်အရေးကြီးသည်။

ပထမဆုံးအနေဖြင့် အနာဂတ်တွင် ထောက်လှမ်းရေး အချက်အလက်များ မျှဝေမှုနှင့် တရားဥပဒေစိုးမိုးရေး၏ ထိရောက် အသုံးဝင်မှုတို့အပေါ် ပိုမိုလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် အာရုံစိုက် လုပ်ဆောင် သင့်သည်။

ဒုတိယအချက်အနေဖြင့် အာဆီယံနှင့် တရုတ်၏ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များအနေဖြင့် စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု အကျိုးရလဒ်တစ်ခု ထူထောင်ရန် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ရန်၊ ပုံမှန် အစည်းအဝေးများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

ကျားဖြန့်အရေး BGF-DKBA- တရုတ်လုပ်ငန်းရှင်များ ဆွေးနွေးနေစဉ် 

တတိယအချက်အနေဖြင့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်၊ တရားဥပဒေ စိုးမိုးရေးအေဂျင်စီများကို လေ့ကျင့်သင်ကြားပေးမှုကို မြှင့်တင်ရန်ဖြစ်သည်။

နောက်ဆုံးအချက်မှာ အာဆီယံနှင့် တရုတ်အနေဖြင့် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရန် ခိုင်မာသည့် တရားရေး အကာအကွယ် ရရှိစေရန်အတွက် ဥပဒေကို တင်းကျပ်ရမည်ဖြစ်သည်။

တရုတ်နှင့် အာဆီယံနိုင်ငံများသည် ဆိုက်ဘာရာဇဝတ်မှုကို ပူးပေါင်းတိုက်ဖျက်ရန် တူညီသည့် သဘောဆန္ဒ ရရှိခဲ့ပြီးဖြစ်သည်။

ပထဝီနိုင်ငံရေးအခြေအနေ မတူညီမှုများ ရှိနေသည့်တိုင် ဆိုက်ဘာရာဇဝတ်မှုကို တရုတ်နှင့် အာဆီယံ၏ ဘုံရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

လောက်ကိုင်ဒေသမှ ကျားဖြန့်ဂိုဏ်းကို တရုတ်က ဖမ်းသွားစဉ်

ဥပမာအားဖြင့် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် တင်းမာမှု မြင့်တက်နေသည့် ဖိလစ်ပိုင် သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ လောင်းကစားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော တရုတ်နိုင်ငံသား ၄ ဦးကို တရုတ်သို့ လွှဲပြောင်းအပ်နှံရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့သည်။

ထိုဖြစ်စဉ်သည် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများရှိနေသည့် တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ခဲ့သည်။

အနာဂတ်တွင်လည်း တရုတ်သည် ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်း၊ လူမှောင်ခိုကူးမှု အစရှိ သည့် နယ်စပ်ဖြတ်ကျော် တရားမဝင်လှု ပ်ရှားမှုများကို အမြစ်ဖြတ် ချေမှုန်းရန်၊ ပိုမိုဘေးကင်းလုံခြုံသည့် ဒေသတွင်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရန်၊ သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူများ ဘေးကင်းလုံခြုံစေရန် အာဆီယံနိုင်ငံများနှင့်အတူ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်သည်။

Source: Global Times

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်နယ်ထရမ့်ကို ကနေဒါအလံနဲ့အတူ တွေ့ရစဉ်

ကနေဒါကို အရယူဖို့ ထရမ့် ဘယ်လိုကြိုးစားမလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1448

CNI International Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇

“ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျနော်တို့ဟာ ဘာတစ်ခုကိုမှ အင်အားသုံးပြီး သိမ်းယူခဲ့တာမျိုး မရှိပါဘူး” ဆိုသည့် စာသားကို ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဝါရှင်တန်အခြေစိုက် National Intelligencer and Washington Advertiser အမည်ရှိ သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သည် Guadalupe Hidalgo စာချုပ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မက္ကဆီကို နယ်နိမိတ် ၅၅ ရာခိုင်နှုန်းကို ထိုခေတ်က ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ထိုစာချုပ်သည် လူပေါင်းများစွာ သေဆုံးစေခဲ့သည့် မက္ကဆီကန်-အမေရိကန် စစ်ပွဲကို အဆုံးသတ်စေခဲ့သည်။

လူပေါင်းများစွာ သေဆုံးခဲ့သည့်တိုင် အမေရိကန်၏ ရည်မှန်းချက်များသည် မက္ကဆီကို တစ်နိုင်ငံလုံးကို ရယူရန် ဖြစ်ပြီး ထိုစာချုပ်တွင် အင်အားသုံး သိမ်းပိုက်ခြင်းထက် တစ်နိုင်ငံ၏ နယ်နိမိတ်ကို တခြားတစ်နိုင်ငံအား လွှဲပြောင်းပေးအပ်ပိုင်ခွင့်ရှိသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

ထိုကဲ့သို့ နောက်ခံ ရာဇဝင်များရှိခဲ့သည့် အမေရိကန်နိုင်ငံသမိုင်းကို ကနေဒါနိုင်ငံသား အားလုံးအနေဖြင့် အာရုံ စိုက်ရန် လိုအပ်သည်။ 

အခြားစာချုပ် တစ်ခုတွင်လည်း အမေရိကန်သည် လက်ရှိ အမေရိကန်ပြည်နယ်များဖြစ်သည့် ကယ်လီဖိုးနီးယား (California) ၊ နီဗားဒါး (Nevada) ၊ အူတား (Utah) ၊ နယူးမက္ကဆီကို (New Mexico) ၊ အရီဇိုးနား (Arizona) ၊ ကော်လိုရာဒို (Colorado) ၊ အိုကလာဟိုးမား (Oklahoma) ၊ ကန်ဆပ် (Kansas) နှင့် ဝိုင်အိုမင် (Wyoming) တို့ကို အမေရိကန်၏ လက်အောက်ခံ ပြည်နယ်များအဖြစ် သွတ်သွင်းခဲ့သည်။ 

ထို့ပြင် နိုင်ငံအနောက်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ နယ်နိမိတ်ကိုလည်း တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့ သည်။

ကနေဒါနိုင်ငံကိုတွေ့ရစဉ်

ကနေဒါသည်လည်း အမေရိကန်၏ နောက်ထပ် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။ 

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ချက်ချင်းဖြစ်လာမည် မဟုတ်သော်လည်း ကနေဒါ နိုင်ငံသားအားလုံးအတွက် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများတွင် မဲပေးခွင့်များ ဆုံးရှုံးနိုင်သည့် အမေရိကန် ၏ နယ်နိမိတ်တစ်ခု ဖြစ်လာနိုင်သည်။

ထိုအလားအလာနှင့်ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုများလည်း ပေါ်ပေါက်နေသည်။ ကျွမ်းကျင်သူ အများစုကမူ ကနေဒါနှင့်ပတ်သက်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မှတ်ချက်များ သည် လေလုံးထွားပြောဆိုမှုများသာဖြစ်ကြောင်း ယူဆထားကြသည်။

သို့သော် အချို့ကမူ ထရမ့်၏ မှတ်ချက်စကားများသည် ဆွေးနွေးညှိနှိုင်းရေး နည်းဗျူဟာတစ်ခု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်ထားကြသည်။

၁၉၃၉ ပြည့်နှစ်က အမေရိကန် စစ်ပွဲရေးရာဝန်ကြီးဌာနက ရေးဆွဲခဲ့သည့် War Plan Red အမည်ရှိ စစ်ပွဲ အစီအစဉ်များတွင် လိုအပ်လာပါက ကနေဒါကို မည်ကဲ့သို့ ကျူးကျော် ဝင်ရောက်ရမည်ဆိုခြင်းကို အသေးစိတ် ဖော်ပြပါရှိခဲ့သည်။

ထိုအစီအစဉ်များထဲတွင် ကနေဒါ၏ ဟာလီဖက်စ် (Halifax) မြို့ကို အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်ရေး၊ နယူးဘရန်းစ်ဝစ် (New Brunswick) ကို လျင်မြန်စွာ ဝင်ရောက်ပြီး ကွီးဘက်မြို့ (Québec City) နှင့် မွန်ထရီယယ် (Montréal) မြို့တို့ကို သိမ်းပိုက်ကာ နီယာဂါရာရေတံခွန် (Niagara Falls) အထိ သိမ်းပိုက်မည့် ကြောက်မက်ဖွယ် အစီအစဉ် အသေးစိတ်များ ပါဝင်ခဲ့သည်။

သမိုင်းကြောင်း အစဉ်အလာအရ အမေရိကန်သည် ကနေဒါ ခေါင်းဆောင်များကို ထိတ်လန့်ကြောက်ရွံ့စေရန် လုပ်ဆောင်ခဲ့ကြသည်။

ဗြိတိန်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဝိတိုရီယ ဘုရင်မကြီး (Queen Victoria) ကလည်း ကနေဒါ၏ မြို့တော် ဖြစ်သည့် အော့တဝါ (Ottawa) သည် အမေရိကန်၏ ကျူးကျော်ဝင်ရောက်မှုကြောင့် ပျက်စီးသွားနိုင်ကြောင်း ခံစားခဲ့ရသည်။

ကနေဒါ ပြည်တွင်းစစ် ကာလက အမေရိကန် စပိုင်များနှင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မည့် သူများသည်  မွန်ထရီယယ်မြို့တွင် ခြေကုပ်ယူခွင့်ရရှိခဲ့ပြီး အမေရိကန်၏ မဟာမိတ်တပ်ဖွဲ့များသည် ကနေဒါကို ဝင်ရောက် တိုက်ခိုက်မည့် အရေးကို ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျွန် အေ မက်ဒေါ်နယ် (John A Macdonald) က စိုးရိမ်ခဲ့ သည်။

အမေရိကန်သမ္မတ Dwight Eisenhower က Hawaii ကို ၅၀ မြောက်ပြည်နယ်ဖြစ်လာဖို့ ၁၉၅၉ ခုနှစ်၊ သြဂုတ်လတွင် ဝါရှင်တန်ရှိ ကြယ် ၅၀ ပွင့်အလံအသစ်ကို လွှင့်တင်ခဲ့စဉ် (ဓာတ်ပုံ-  Byron Rollins)

၁၉၁၁ ခုနှစ် ရွေးကောက်ပွဲတွင်မူ ကနေဒါ၏ လစ်ဘရယ်ပါတီက အမေရိကန်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး အတွက် တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ်ဟောင်း ရောဘတ် ဘော်ဒန် (Robert Borden) ၏ ကွန်ဆာဗေးတစ်များ ထောက်ခံခဲ့သည့် အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို တားဆီးနိုင်ကြောင်း ပြသခဲ့ သည်။

အမေရိကန်အနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေအောက်တွင် နယ်နိမိတ်များကို ရယူပိုင်ဆိုင်ခွင့်လည်း ရှိနေသည်။ 

အခြေခံဥပဒေ၏ အခန်း ၂ ၊ ပိုဒ်ခွဲ ၂ တွင်မူ “သူ (သမ္မတ)သည် အထက်လွှတ်တော်၏ သဘောဆန္ဒနှင့် အကြံပေးမှုတို့နှင့်အတူ စာချုပ်များချုပ်ဆိုရန် အခွင့်အာဏာရှိပြီး အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ သဘောတူညီမှုကို ရရှိရန်လိုအပ်သည်”ဟု ဖော်ပြထားသည်။

အမေရိကန်အထက်လွှတ်တော်သည် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုနှင့်အတူ အဆိုပါ စာချုပ်များကို အတည်ပြုခဲ့ပြီးနောက် အမေရိကန်သည် “မည်သည့်အရာကိုမှ အင်အားသုံး သိမ်းယူခြင်းမရှိ” ဆိုသည့် ကြွေးကြော်သံနှင့်အတူ စာချုပ်များကို လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည်။

၁၈၄၈ ခုနှစ်က အမေရိကန်သမ္မတ ဇာချရီ တေလာသည် မက္ကဆီကို၏ နယ်မြေများကို သိမ်းယူရန် လွှတ်တော်တွင် Guadalupe Hidalgo စာချုပ် အဆိုပြု တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုပေးခဲ့သည်။

၁၈၉၈ ခုနှစ်ကလည်း အမေရိကန်လွှတ်တော်က အောက်လွှတ်တော် ပူးတွဲကြေညာချက် ၂၅၉ ကို ထုတ်ပြန်ခဲ့ သည်။ ထိုကြေညာချက်တွင် သမ္မတ ဝီလျံ မက်ကင်လေး၏ ဟာဝိုင်အီနယ်မြေအား သိမ်းယူသည့်စာချုပ်ကို အတည်ပြုကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဟာဝိုင်အီတွင် ဆန္ဒပြမှုများ၊ အသနားခံစာ တင်သွင်းမှုများနှင့် ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဟာဝိုင်အီကို အမေရိကန်၏ ပြည်နယ်အဆင့်သို့ ရောက်ရှိစေရန် နှစ်ပေါင်း ၆၀ ခန့် အချိန်ယူခဲ့ရပြီး ၁၉၅၇ ခုနှစ်ရောက်မှ ဟာဝိုင်အီနယ်မြေသည် အမေရိကန်၏ တရားဝင်ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်၏ မူလဇစ်မြစ် သမိုင်းကြောင်းတွင် အမေရိကန်သည် တော်လှန်ရေးအတွင်းမှ ပေါက်ဖွားလာသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသော်လည်း စင်စစ်တွင် ထိုတော်လှန်ရေးသည် အမေရိကန်၏ နယ်မြေ အနည်းငယ် ကိုသာ ကိုယ်စားပြုသည်။

ကျူးဘားနိုင်ငံအတွင်း တွေ့ရစဉ်

အမေရိကန်၏ ကျန်သည့် နယ်မြေ အစိတ်အပိုင်းများကို အခြားနယ်မြေများအား သိမ်းပိုက်ပြီး နိုင်ငံအတွင်းသို့ သွတ်သွင်းခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်သည် နယ်မြေများကို ဝယ်ယူမှုများ၊ အခြားနိုင်ငံများ၏ နယ်မြေအလျှော့ပေးမှုများ၊ သိမ်းယူမှုများဖြင့် ပြည်နယ်ပေါင်း ၅၀ နှင့် ပြည်ပနယ်နိမိတ်ပေါင်း ၁၄ ခုအထိ ရှိလာစေရန် ချဲ့ထွင်ခဲ့သည်။

၁၈၀၃ ခုနှစ်တွင် လူဝီစီယားနား (Louisiana) ပြည်နယ်ကို ပြင်သစ်နိုင်ငံထံမှ ဝယ်ယူခြင်းမှအစ ၁၉၄၇ ခုနှစ်တွင် ဂျပန်တို့က မာရှယ်ကျွန်းစု (Marshall Islands)ကို အမေရိကန်အား လွှဲပေးရမှုအဆုံး၊ အမေရိကန်၏ နယ်မြေ ချဲ့ထွင်မှုများသည် တရားဝင်မှုရှိကြောင်း အခြေခံဥပဒေက သတ်မှတ်ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် နယ်နိမိတ်များကို တရားဝင် ရယူပြီးချိန်တွင် လွှတ်တော်အနေဖြင့် ထိုနယ်နိမိတ်များကို စီမံခန့်ခွဲရန် သို့မဟုတ် ပြန်လည်ရောင်းချရန် လုပ်ပိုင်ခွင့်ရှိကြောင်း အခြေခံဥပဒေ၏ အခန်း ၂ ၊ ပိုက်ခွဲ ၄ တွင် ဖော်ပြထားသည်။

အကယ်၍ နယ်မြေတစ်ခုကို စာချုပ်တစ်ခုမှတဆင့် မတော်မတရား ရယူသည့် အချိန်မျိုးတွင် ထိုနယ်မြေကို ပြန်လည် စွန့်လွှတ်နိုင်သည်။ မာရှယ်ကျွန်းစုသည် အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်သည်။

အမေရိကန်သည် မာရှယ်ကျွန်းစုကို ဂျပန်ထံမှ ရရှိခဲ့ပြီးနောက်ပိုင်း ထိုကျွန်းကို နျူကလီးယားဗုံးများ စမ်းသပ် ဖောက်ခွဲသည့် နေရာအဖြစ် အသုံးပြုခဲ့သည်။ 

ထို့နောက် အမေရိကန်က ၁၉၇၉ ခုနှစ်တွင် အခြေခံဥပဒေတစ်ခုကို အတည်ပြုခဲ့ပြီး မာရှယ်ကျွန်းစုကို လွတ်လပ်ရေးပေးခဲ့သည်။

အမေရိကန်သမ္မတ ယူလစ်စီ အက်စ် ဂရန့်က ၁၈၇၀ ပြည့်နှစ်တွင် ဒိုမီနီကန် သမ္မတနိုင်ငံရှိ ဆန်တို ဒိုမင်ဂို (Santo Domingo) မြို့ကို လက်အောက်ခံအဖြစ် သတ်သွင်းရန် အဆိုပြုခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဟေတီ၏ ကျူးကျော်မှုရန်ကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ထိုသို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သော်လည်း လွှတ်တော်က အတည်မပြုခဲ့သဖြင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

၁၈၉၈ ခုနှစ်က အမေရိကန်သည် ကျူးဘား၊ ပွာတိုရီကို၊ ဖိလစ်ပိုင်နှင့် ဂူအမ်ကျွန်းတို့ကို ကျူးကျော်ပြီး စပိန်ကို စစ်ကြေညာခဲ့သည်။ 

၆ လအတွင်းမှာပင် ပြင်သစ်သည် အလျှော့ပေးခဲ့ပြီး နယ်မြေတစ်ခုခြင်းစီကို အမေရိကန်အား လွှဲအပ်ရသည့် စာချုပ်များ ချုပ်ဆိုခဲ့သည်။ 

အမေရိကန်သည ကျူးဘားမှလွဲပြီး ကျန်သည့် နယ်မြေများအားလုံးကို အချုပ်အခြာအာဏာပိုင်ခဲ့သည်။ ၁၉၄၆  ခုနှစ်တွင်မူ အမေရိကန်က ဖိလစ်ပိုင်၏ လွတ်လပ်ရေးကြေညာမှုကို အသိအမှတ်ပြုခဲ့သည်။

ကျူးဘားကို ဖယ်ချန်ခဲ့ခြင်းသည် ကော်လိုရာဒိုပြည်နယ်မှ အထက်လွှတ်တော်အမတ် ဟင်နရီ တယ်လာ (Henry Teller) ကြောင့်ဖြစ်သည်။ တယ်လာသည် ကျူးဘား၏ သကြားများ အမေရိကန် စျေးကွက်များအတွင်း စုပြုံ ဝင်ရောက်လာမည့် အခြေအနေကို စိုးရိမ်ခဲ့ပြီး ထိုအချက်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အထက်လွှတ်တော်က ကျူးဘားကို အမေရိကန်၏ လက်အောက်သို့ သွတ်သွင်းခဲ့ခြင်းမရှိပေ။ 

သို့သော် ၄ နှစ်အကြာတွင် ကော်နက်တီကတ် (Connecticut) လွှတ်တော်အမတ် အော်ဗီလီ ပလက် (Orville Platt) က ဂွါတာနာမို ပင်လယ်အော်တွင် အမေရိကန်၏ အမြဲတမ်းစစ်စခန်းတစ်ခုကို ထူထောင်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ 

ထို့ကြောင့် ကျူးဘားကျွန်းပေါ်တွင် အမေရိကန်စစ်စခန်း တစ်ခုရှိခဲ့ပြီး အမေရိကန်က ကျူးဘားကို အချိန်မရွေး ဝင်ရောက်ကျူးကျော်ခွင့်ရှိခဲ့သည်။

လက်ရှိတွင် အမေရိကန်က ကနေဒါကို လက်အောက်ခံအဖြစ် သွတ်သွင်းနိုင်ခြေ ရှိ/မရှိကို ကျိန်းသေပေါက် ပြော၍မရသေးပေ။ သို့သော် ကနေဒါအနေဖြင့် အမေရိကန်၏ သမိုင်းကြောင်းကို လေ့လာပြီး သတိထားရန် လိုအပ်နေသည်။

ထရမ့်ကလည်း ကနေဒါကို အမေရိကန်နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။

ကနေဒါအနေဖြင့် မိမိသဘောဆန္ဒဖြင့် လိုက်လျောခြင်း၊ အမေရိကန်၏ ဝယ်ယူခြင်း  သို့မဟုတ် အင်အားသုံး သိမ်းပိုက်ခြင်းတို့သည် တရားဝင်သည်ဆိုသည့် စာချုပ်တစ်ခုကို အမေရိကန်နှင့် ချုပ်ဆိုသည့်အခါမှသာ ထိုသို့ ပူးပေါင်းရန် ဖြစ်လာမည်ဖြစ်သည်။

ထို့နောက် ထိုစာချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုနှင့်အတူ လွှတ်တော်၏ အတည်ပြုမှုကို လိုအပ်မည်ဖြစ်သည်။ 

ထရမ့်ဘက်တွင် အထက်လွှတ်တော်၌ ၎င်းအား ထောက်ခံမည့် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံမရှိပေ။

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ကနေဒါကို အရယူခြင်းသည် ဆုလာဘ်တစ်ခု ဆိုခြင်းထက် နိုင်ငံရေးနှင့် ဘဏ္ဍာရေးအရ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ရန် လိုအပ်ပေသည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13

Page 9 of 18

  1. You are here:  
  2. Home
  3. ဆောင်းပါး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar