CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျေလာဗရော့ကိုတွေ့ရစဉ်(Reuters)

တတိယကမ္ဘာစစ်အရေး ရုရှားသတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1554

CNI International News

ကိယက်ဗ်၊ ဧပြီ ၂၆

နျူကလီးယားပဋိပက္ခ ဖြစ်လာမည့်ခြိမ်းခြောက်မှုကို လျှော့မတွက်ရန်နှင့် တတိယကမ္ဘာစစ်ကို နှိုးဆွခြင်းမပြုရန် ရုရှား ထိပ်တန်းသံတမန်က သတိပေးခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

မော်စကို(ရုရှား)သည် အရှေ့ဘက်ခြမ်း ထိုးစစ်အသစ်၏ ရှေ့တန်းစစ်မျက်နှာနှင့် အလှမ်းဝေးသော ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ မီးရထားလမ်းနှင့် လောင်စာဆီ သိုလှောင်ရုံများကို ပစ်မှတ်ထား၍ ဧပြီ ၂၅ ရက်တွင် တိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို ရုရှားထိပ်တန်း သံတမန်က သတိပေးခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သည် ယူကရိန်းထံသို့ လက်နက်များ ယခင်ကထက် ပိုမို၍ အလျင်စလို ပို့ပေးနေခဲ့ရာ အနောက်အုပ်စု မဟာမိတ်နိုင်ငံများထံမှ အကူအညီသည် ၂ လကျော်ကြာ ဖြစ်ပွားနေခဲ့သော စစ်ပွဲအတွက် အပြောင်းအလဲ ဖြစ်စေခဲ့သည်။

“ရုရှားက မအောင်မြင်ဘူး။ ယူကရိန်းက အောင်မြင်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ကြေညာခဲ့သည်။

၎င်းနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ကိဗ်ယက်မြို့တော်ထဲသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လာခဲ့ကြရာ ယူကရိန်းသမ္မတ ဇာလန်းစကီး နှင့် တွေ့ဆုံပြီးနောက် တစ်ရက်အကြာ ဘလင်ကင်က ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းအတွက် ဆိုဗီယက်ခေတ်လက်နက်များ လုံးဝမဟုတ်ရင်တောင် အမေရိကန် ထုတ်လုပ်ခြင်းမရှိသော လက်နက် ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ဒေါ်လာ ၁၆၅ သန်းတန်ဖိုးကို ပေးအပ်ရန် ဘလင်ကင်က ကတိပြုခဲ့သည်။ ထို့ပြင် စစ်သုံး ထောက်ပံ့ရေးပစ္စည်းများ ထပ်မံဝယ်ယူနိုင်ရန် ဒေါ်လာ သန်း ၃၀၀ ကျော်လည်း ထောက်ပံ့သွားမည်ဖြစ်သည်။

ရုရှားက ယူကရိန်းကို ဒုံးကျည်ဖြင့်ပစ်ခတ်နေစဉ်(GETTY IMAGES)

“အမေရိကန်က ယူကရိန်းကို အချုပ်အခြာအာဏာပိုင်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်ရှိစေချင်ပေမယ့် ယူကရိန်းကို ကျူး ကျော်တာမျိုး အလားတူကိစ္စ ထပ်မလုပ်နိုင်တဲ့အထိ ရုရှားအားပျော့သွားတာ မြင်ချင်တယ်” ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က ၎င်း၏ သဘောထားမှတ်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားကို အားပျော့စေလိုသည့် အော်စတင်၏ သဘောထား မှတ်ချက်များသည် အမေရိကန်၏ မဟာဗျူဟာ ပန်းတိုင်များဆီသို့ ရောက်ရှိရန် အပြောင်းအလဲ ဖြစ်စေလိုသည့် ဆန္ဒကို ကိုယ်စားပြုပုံရသည်။

ယခင်က အမေရိကန်၏ ရပ်တည်ချက်နှင့် စစ်ရေးရည်မှန်းချက်မှာ ယူကရိန်း အနိုင်ရရေးနှင့် ယူကရိန်း၏ နေတိုးအဖွဲ့ဝင် အိမ်နီးချင်းများ ရုရှားခြိမ်းခြောက်ခံရခြင်းမှ ခုခံကာကွယ်ရန်ဖြစ်သည်။

“အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်တွေဟာ ကျနော်တို့ရဲ့ တရားဝင် ပစ်မှတ်ဖြစ်လိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ တပ်ဖွဲ့တွေဟာ ယူကရိန်းအနောက်ပိုင်းက လက်နက်သိုလှောင်ရုံတွေကို ပစ်မှတ်ထားခဲ့တယ်” ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ အမေရိကန် ထိပ်တန်း သံတမန် ၂ ဦး(GETTY IMAGES)

“လူတိုင်းကတော့ တတိယကမ္ဘာစစ်ကို ဘယ်လိုမှ မဖြစ်စေချင်တဲ့ ဂါထာမန္တန်တွေ ရွတ်နေကြတာပဲ” ဟု လာဗရော့က ရုရှား ရုပ်သံလိုင်းတစ်လိုင်းနှင့် သီးသန့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်များသည် ယခုပဋိပက္ခတွင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ပါဝင်လာစေဖို့ တောင်းဆို ခြင်းဖြင့် ရုရှားကို နှိုးဆွခဲ့ကြကြောင်း မော်စကိုဘက်မှ စွပ်စွဲခဲ့သည်။

“လက်နက်များ ပေးအပ်ခြင်းဖြင့် နေတိုးတပ်ဖွဲ့များသည် မီးလောင်ရာ ဓာတ်ဆီဖျန်းနေကြကြောင်း” ရုရှားနိုင်ငံခြားဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်တမ်းတင် ဖော်ပြထားသည်။

Source: AP

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှား၏ကျူးကျော်စစ်သည် ထိုင်ဝမ် တုန်လှုပ်စေရေး တရုတ်ကိုစေ့ဆော်ပေး

By CNI News
CNI News
Category: ဆောင်းပါး
Hits: 3199

CNI Article News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၀

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်သည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သော်လည်း အဆုံးအဖြတ်ကို မမြင်ရသေးပေ။ ယူကရိန်းသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)တွင် ပါဝင်လိုသည့် ကတိကဝတ်များ စွန့်လွှတ်ပြီဟု ပြောကြား လာသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စစ်ရေးအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်မှာ ရှုပ်ထွေးဝေဝါးနေဆဲ ဖြစ်သည်။

ယူကရိန်းမြို့ကြီးများကို ရုရှားက အဆက်မပြတ် ဗုံးကြဲနေပြီး အရှေ့ဥရောပ နိုင်ငံအသီးသီးသို့ ယူကရိန်းဒုက္ခသည် ရောက် ရှိလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက ပိုမိုဆိုးရွားလာခဲ့သည်။

သို့သော် ယခုတွင်တော့ ယူကရိန်း၏ တင်းတင်းမာမာ ခုခံတွန်းလှန်နေချိန်တွင် ပူတင် မူလက စီစဉ်ထားသည့် ကျူးကျော်စစ် ၏ အဖြေမှာ အကွင်းကွင်း မုန့်တီဟင်းပမာ ရှင်းရှင်းလင်းလင်း တွေ့ရလာပြီဖြစ်သည်။ တရုတ်ခေါင်းဆောင်များသည် ၎င်းတို့ မဟာမိတ် ရုရှား၏လက်နက်ကိုင် ကျူးကျော်စစ်ကြောင့် အံ့အားသင့်သွားခဲ့ပြီး ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး သကာလ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် အခွင့်အရေးပေါ်လာခဲ့သည်။

အင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေဖြင့် တရုတ်သည် တာဝန်သိ ပါဝါပိုင်ရှင် ပုံသဏ္ဌာန်ကို ပြသခဲ့ပြီး ‘ကြားနေရေး’ကိုသာ ပြောကြားနေခဲ့သည်။ အမေရိကန်ကတော့ ရုရှားစစ်ရေးကို တရုတ်ကူညီနေကြောင်း အတိအလင်း စွပ်စွဲပြီး ဖြစ်သည်။

နိုင်ငံတကာပိတ်ဆို့ အရေးယူများကြောင့် မော်စကိုသည် ၎င်း၏စီးပွားရေးကို အရှိန်အဟုန်မပြတ် ထိန်းထားနိုင်ဖို့နှင့် ယခု ယူကရိန်းသို့ ထိုးစစ်ကို ထိန်းနိုင်ဖို့ ဘေဂျင်း၏အကူအညီကို အသည်းအသန် လိုအပ်နေသည်က အမှန်ပင်ဖြစ်၏။

ပူတင်ကိုတွေ့ရစဉ်(AP)

မတ်လ ၁၈ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယူကရိန်း အခြေအနေအပေါ် နှစ်နာရီခန့်ကြာ အွန်လိုင်းမှတဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှု၌ တရုတ်၏ ကောက်ချက်ချပုံမှာ “ကျူးကျော်မှုဆိုတာ ကျနော်တို့ မြင်ချင်တဲ့အရာမဟုတ်” ဟု ရှီက ဘိုင်ဒန်ကို ပြောကြားခဲ့ကြောင်း သိရသည်။ “ဒီဖြစ်ရပ်တွေဟာ နိုင်ငံတွေအချင်းချင်း စစ်မြေပြင်မှာ တွေ့ဆုံတဲ့အဆင့်အထိ မရောက်သင့် ပါဘူး”ဟု ရှီက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းအရေး၌ ရုရှားဘက်ကို ထောက်ခံကြောင်း တရုတ်အစိုးရ အရာရှိများက ကြေညာချက်အမျိုးမျိုး ထုတ်ပြန်ခဲ့ပြီး ဖြစ် သည်။ ဘိုင်ဒန်ကလည်း ရုရှားကို ရှုတ်ချဖို့ တောင်းဆိုချက်ကို ရှီနှင့် ဆွေးနွေးစဉ် ထပ်မံတောင်းဆိုခဲ့သည်။

ယူကရိန်းစစ်မျက်နှာ၌ ရုရှားကို တရုတ်က စစ်ရေး အထောက်အပံ့ ဆက်ပေးနေခြင်းမျိုး ထပ်တွေ့ခဲ့လျှင် ထိုအပြုအမူ၏ နောက်ဆက်တွဲ အကျိုးဆက်များ တရုတ်ခံစားရမည်ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်လောင်း သတိပေးခဲ့သည်။

အမှန်စစ်စစ်မှာ တရုတ်သည် ၎င်းမဟာမိတ် ရုရှား၏ မဟာဗျူဟာ အမှားအတွက် ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးကို လိုလားခြင်းမရှိသည့် အရိပ်လက္ခဏာများ တိုးပွားလာနေသည်။

ရုရှား၏ အသေအပျောက်များမှ ခပ်ကင်းကင်းနေပြီး လတ်တလော ပဋိပက္ခကိုသာ ကူညီဖြေရှင်းပေးဖို့ ဘေဂျင်းအစိုးရအား ထင်ရှားသည့် တရုတ်ပညာရှင်နှစ်ဦးဖြစ်သော Wang Huiyao နှင့် Hu Wei တို့က ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုခဲ့ကြသည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ဂန်း (Qin Gang)က “မကြာခင် တွေ့ရတော့မယ့် အကျပ်အတည်းကို တရုတ်က သိခဲ့ရင် တားဆီးဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

သို့သော် ခေတ်ပြိုင်ဖြစ်နေသည့် တရုတ်နိုင်ငံသည် ရုရှားပျက်စီး ဆုံးရှုံးမှုများမှ ကင်းကင်းနေရန်နှင့် မော်စကိုအပေါ် အနောက်အုပ်စု ပိတ်ဆို့မှု အလားအလာ နည်းပါးစေရန် ကြိုးပမ်းနေချိန်တွင် ထိုင်ဝမ်ကလည်း စစ်ရေးအနိဋ္ဌာရုံများမှ သင်ခန်းစာများကို ဂရုတစိုက် ထုတ်ယူလို့နေသည်။

ရုရှား၏ စစ်ရေးလှုပ်ရှား လည်ပတ်မှု အားနည်းချက်များကို ဖော်ထုတ်ပြလိုက်သော ယူကရိန်း၏ ခိုင်မာတောင့်တင်းသည့် ခုခံတွန်းလှန်နိုင်စွမ်းသည် ထိုင်ဝမ်၏ စစ်ဗျူဟာမှူးများအပြင် ဘေဂျင်းမှ မထွေးမအန် ဖြစ်နေရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းလေး၏ လက်ရှိလူဦးရေကိုလည်း လှုံ့ဆော်ပေးခဲ့သည်။

တရားဝင် စစ်တမ်းအသစ် တစ်စောင်၏အဆိုအရ ထိုင်ဝမ်နိုင်ငံသား ၇၀ ရာခိုင်နှုန်း ကျော်သည် တရုတ်နှင့်စစ်ရေး ရင်ဆိုင်ရပြီ ဆိုလျှင် ထိုင်ဝမ်ကို လက်နက်ကိုင် ခုခံကြရန် ဆန္ဒပြင်းပြနေကြောင်း တွေ့ရသည်။

စစ်ဘက်ဆိုင်ရာ အရန်တပ်ဖွဲ့များ၏ လေ့ကျင့်မှု ပြန်လည်စတင်နေခြင်းအတွက် ထိုင်ဝမ်လူထု ထောက်ခံမှုလည်း တိုးလာနေ ပြီး လိုအပ်လာပါက ထိုင်ဝမ်၏ ဧရာမအင်အားကြီးနိုင်ငံ ကျူးကျော် ဝင်ရောက်လာမည့် အရေးအတွက် လုံးဝ ခုခံကာကွယ် နိုင်ရန် လိုလားနေသည်။ သည့်ထက်ပို၍ လိုအပ်လာလျှင် စစ်မှုထမ်းလုပ်သက် သက်တမ်းတိုးပေးဖို့ ဖြစ်သည်။

ပူတင်ကျူးကျော်မည့် အစီအစဉ်ကို တရုတ် ကြိုသိသလား/မသိသလားဆိုသည်မှာ ယခုအချိန်တွင် အမျိုးမျိုးအဖုံဖုံ ငြင်းခုံလို့ ကောင်းကြတုန်း ဖြစ်သည်။

တရုတ်သည် ရုရှားကို ဟန့်တားမည့်အစား ယူကရိန်းအပေါ် ရုရှားစစ်ရေး အစီအစဉ်များနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး သတင်းများကို ကရင်မလင် သမ္မတနန်းတော်သို့ လွှဲပြောင်းပေးရေးကိုသာ ရွေးချယ်ခဲ့ကြောင်း ဘိုင်ဒန် အစိုးရက ပြောထားသည်။

နယူးယောက်တိုင်းမ် မီဒီယာ၏အဆိုအရ “ဘေဂျင်းသည် မော်စကိုသို့ သတင်းအချက်လက်များ မျှဝေခဲ့ကြောင်း၊ ရုရှား၏ အစီအစဉ်နှင့် လုပ်ရပ်များကို တရုတ်ဟန့်တားမည် မဟုတ်ကြောင်း” အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက တွေ့ရှိ ခဲ့သည်ဟု သိရသည်။

ပိုမိုရှင်းလင်းသည့် အချက်တစ်ချက်မှာ တရုတ် အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ရုရှားကျူးကျော် တိုက်ခိုက်နေသည့် ကာလ ဤမျှလောက် တာရှည်သွားမည်ဟု မမျှော်လင့်မိခဲ့ခြင်း ဖြစ်သည်။  

လက်ရှိ အခြေအနေတွင် ရုရှားသည် ယူကရိန်းသို့ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ဘက်ပေါင်းစုံ စစ်ဆင်ရေး ဆင်နွှဲနေသော်လည်း အနည်းငယ်သာ တိုးတက်မှုရှိပြီး စစ်မျက်နှာအားလုံးတွင် သိသိသာသာ တွန့်ဆုတ်မှု ရှိနေကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ပြောရမည်ဆိုလျှင် ရုရှားနှင့်တရုတ် နှစ်နိုင်ငံစလုံးသည် ယူကရိန်းသို့ ကျူးကျော်မှုအပေါ် အနောက်အုပ်စု တုံ့ပြန်သည့် ပိတ်ဆို့ အရေးယူမှု အသစ်များကို လျှော့တွက်ထားပုံရသည်။

ရုရှားဗဟိုဘဏ်နှင့် ထိပ်တန်းခေါင်းဆောင်များပင်လျှင် မမျှော်လင့်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ် သည်။ ထို့အတွက် အထီးကျန်ဖြစ်သွားရသည့် မော်စကိုသည် တရုတ်၏ ထောက်ပံ့ကူညီမှု အပေါ်မှာပဲ မျှော်လင့်ချက် အားလုံး ပုံချရလေတော့၏။

ရုရှားနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်နီးပါးမှာ ထုတ်သုံးနိုင်ခြင်း မရှိသေးဘဲ ပိတ်ဆို့ခံထားရသည်။ မော်စကိုအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး အန်တွန်စီလူယာနော့ဗ် (Anton Siluanov) က “တရုတ်နိုင်ငံနဲ့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်ထိန်းထားနိုင်တုန်းပါ။ အနောက်အုပ်စုဈေးကွက်တွေ ပိတ်ထားတဲ့ နေရာတွေမှာလည်း ထိန်းထားနိုင်တယ်” ဟု ကြေညာ ခဲ့သည်။

ပြီးခဲ့သည့်လက ကရင်မလင်အကြံပေး ဆာဂျေကာရာဂါနော့ဗ်က “တရုတ်ဟာ ကျနော်တို့နဲ့ မဟာဗျူဟာမြောက် ဆက်ပြီး လက်တွဲ ရဦးမှာပါ။ ခက်ခဲကျပ်တည်းတဲ့ အခြေအနေတစ်ရပ်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အထောက်အပံ့တွေအတွက် ဘေဂျင်းကိုပဲ အားကိုးရတော့မယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုအသစ်နှင့် စစ်ရေးမျက်နှာစာတွင် ရုရှားက စိတ်ပျက်စရာ လုပ်ပြနေသဖြင့် တရုတ်သည် မဟာမိတ်အပေါ် ၎င်း၏ ကတိကဝတ် အတိုင်းအတာကို ပြန်စဉ်းစားဖို့ အလားအလာရှိနေသည်။

တရုတ်နိုင်ငံသည် စွမ်းအင် တင်သွင်းမှုအနေဖြင့် ရုရှားက ဈေးပေါပေါဖြင့် ထုတ်ရောင်းနေရသော သယံဇာတများ၊ ရုရှား၏ မဟာဗျူဟာမြောက် တည်နေရာများနှင့် စစ်ရေးနည်းပညာများကို လတ်တလော လိုသလောက် သဲ့ယူနိုင်နေသည်။

သို့သော် ထိုသို့ သဲ့ယူခြင်းအတွက် တရုတ်ထံတွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ထိတွေ့ရမည့် အန္တရာယ် လည်း ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘေဂျင်းအခြေစိုက် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သည် ရုရှားနိုင်ငံသို့ ချေးငွေများကို ဆိုင်းငံ့ထားခဲ့ပြီး တရုတ်ကုမ္ပဏီများက မော်စကိုသို့ လေယာဉ်အပိုပစ္စည်းများ ထောက်ပံ့ပေးရန် ငြင်းဆိုထားသည်။

ခေတ်မီသော အနောက်တိုင်း လက်နက်များ အပါအဝင် ကမ္ဘာ့အကောင်းဆုံး တပ်ဆင်ထားသော လက်နက်ကိုင် တပ်ဖွဲ့များထဲ မှတစ်ခု ကြွားဝါလာကာ ယခုအခါ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ကြည်း၊ ရေနှစ်သွယ် ကျူးကျော်ဝင်ရောက်လာမှုကို တွန်းလှန် ရန် ပိုမိုယုံကြည်မှုရှိသည်ဟု ယူဆရသည်။

ရုရှား၏ ရန်လိုမှုကို ရင်ဆိုင်ရချိန်တွင် အနောက်နိုင်ငံများက စစ်ရေးနှင့် သံတမန်ရေးအရ ပံ့ပိုးကူညီမှုများဖြင့်  ထိုင်ဝမ်ကို အားပေးဖွယ်ရှိသည်။ ယူကရိန်းသည် အမေရိကန်၏ မဟာမိတ် မဟုတ်သော်လည်း ဘိုင်ဒန်အစိုးရက ဥရောပနိုင်ငံအတွက် ကာကွယ်ရေး အကူအညီ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံကို ရက်ရက်ရောရော ထုတ်ပေးခဲ့သည်။

ဂျာမနီ အပါအဝင် ဥရောပ အင်အားကြီး နိုင်ငံများသည် ရုရှားစီးပွားရေး၏ အဓိကကဏ္ဍများတွင် ပြင်းထန်သော ပိတ်ဆို့အရေး ယူမှုများကို ညှိနှိုင်းဆောင်ရွက်နေချိန်၌ ယူကရိန်းသို့ သက်ရောက်မှု မြင့်မားသော လက်နက်များကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

အရေးကြီးဆုံးမှာ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခမှန်သမျှအပေါ် လူအများ၏ သဘောထားတွင် ကြီးမားသော အသွင်ကူးပြောင်းမှု ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ ထိုင်ဝမ်စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ကာကွယ်ရေးအတွက် စစ်တိုက်လိုကြောင်း ဖော်ပြခဲ့ကြဖူးသည်။

ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်(AFP)

သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထိုအရေအတွက်သည် ၇၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ကြောင်း တိုင်ပေအခြေစိုက် ထိုင်ဝမ်နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအသင်းမှ သိရသည်။

ထို့အပြင် ထိုင်ဝမ် အရပ်သား အများအပြားသည် ကြီးမားသော စစ်ပွဲတွင်မဆို ကြီးမားသော ကြိုးပမ်းအားထုတ်မှုတွင် ပါဝင် ကူညီနိုင်စွမ်းရှိစေမည့် ဖင်လန်ပုံစံ “အလုံးစုံကာကွယ်ရေး” အယူဝါဒအတွက် လူထုထောက်ခံမှု တိုးပွားလာနေသည်။

ဆိုင်စုဝမ် အစိုးရအဖွဲ့သည် အသက် ၁၈ နှစ်မှ ၃၈ နှစ်ကြား အမျိုးသားများအတွက် နိုင်ငံ၏ မဖြစ်မနေ စစ်မှုထမ်းရမည့် သက်တမ်းကို လေးလမှ အနည်းဆုံး တစ်နှစ်အထိ တိုးချဲ့လုပ်ဆောင်လို့ နေသည်။ မကြာသေးမီက စစ်တမ်းများအရ ထိုင်ဝမ် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးသည် ထိုကဲ့သို့သော လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသနေသည်။

အမျိုးသမီး သမ္မတဆိုင်သည် ယူကရိန်း၏ ခုခံမှုကိုကြည့်ရင်း စိတ်အားထက်သန် နေသောကြောင့် ၎င်း၏ ထိပ်တန်း လက်ထောက်များနှင့်အတူ ဥရောပရှိ ယူကရိန်းနိုင်ငံအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သမ္မတ၏လစာ တစ်လစာ အပြည့် လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။

“ကမ္ဘာ့ဒီမိုကရေစီရဲ့ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ထိုင်ဝမ်ဟာ  ပျက်ကွက်မှာ မဟုတ်ပါဘူး။ ယူကရိန်းကို ကျမတို့ အပြည့်အဝ ထောက်ခံပါတယ်” ဟု ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် ၎င်း၏ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ထိုင်ဝမ်သမ္မတက ပြောကြားခဲ့သည်။

Source: Asia Times

(Asia Times ဝက်ဘ်ဆိုက်တွင် မတ်လ ၁၉ ရက် ရက်စွဲဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

 

Share
Tweet
Share
Share
powered by social2s

ပူတင်၏ KGB အတိတ်ဟောင်းက ယူကရိန်းကို ထောက်လှမ်းနိုင်ခဲ့သလား

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1942

 CNI Article News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

ဗလာဒီမာပူတင်သည် ခေတ်အဆက်ဆက် ရုရှား နိုင်ငံ့ခေါင်းဆောင်များထဲတွင် အထင်ရှားဆုံးသော ထောက်လှမ်းရေး အရာရှိ ဟောင်းဟု ပြောလျှင် ရနိုင်သည်။

သို့သော် ယခုရက်ပိုင်းအတွင်း ရုရှားထောက်လှမ်းရေး FSB ထိပ်ပိုင်း ခေါင်းဆောင်များကို ပူတင်တစ်ယောက် အကြီးအကျယ် ဒေါသထွက်နေသည်။

ယူကရိန်းသို့ ကျူးကျော်ရာ၌ တွက်ကိန်း အလွဲအချော်များစွာ ကြုံလာခဲ့ရသဖြင့် ပူတင်၏ ကျွမ်းကျင်လှသော ထောက်လှမ်း ရေး နောက်ခံ အချင်းအရာများသည် အင်အားကြီး နိုင်ငံများ၏ ထိပ်တန်းနိုင်ငံရေး ကစားကွက်အဖြစ် ရှုမြင်ကြည့်လျှင် ထောက်ပြ ဝေဖန်စရာဖြစ်လာခဲ့ကြောင်း ဝါရှင်ပို့စ်က ရေးသားဖော်ပြခဲ့သည်။

ပူတင်၏ နှစ်သိမ့်ဖျောင်းဖျတတ်မှုနှင့် လျှို့ဝှက်ကျင်လည်စွာ ကြိုးကိုင်နိုင်မှုတို့က သူ့နိုင်ငံရေးကို တက်ကြွလာစေခဲ့ပြီး ထိုသို့ စွမ်းရည်များသုံး၍ ရုရှားနိုင်ငံခြားရေးမူဝါဒနှင့် ပြည်တွင်းလုံခြုံရေး အစီအမံများကို မကြာခဏ အောင်မြင်စေခဲ့သည်မှာ ငြင်း၍ မရပေ။

ပူတင်သည် နိုင်ငံခြားတိုင်းပြည်များ၏ ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်နိုင်မှု၊ မဟုတ်မမှန် လုပ်ကြံသတင်းများ သုံး၍ အနောက်အုပ်စု ခေါင်းဆောင်ဟောင်းများကို ရုရှားနှင့် ပိုမိုနီးကပ်လာအောင် ဆွဲဆောင်နိုင်မှုတို့က ၎င်း၏ ရက်စက် တတ်မှုနှင့် ဆိုဗီယက်ခေတ် KGB ထောက်လှမ်းရေးအရာရှိဘဝက လိမ္မာပါးနပ်မှုတို့ ပေါင်းစပ်ပြသနိုင်ခဲ့သည်။

ပူတင်သည် အမျိုးစုံ ကြိုးခုန်၍ ကစားတတ်သူဖြစ်သည်။ ချေချင်းညှာကို နှိမ်နင်းနိုင်ခဲ့သည်။ ခရိုင်းမီးယားကို ခပ်တည်တည် ဖြင့် သိမ်းသည်။ ပြည်တွင်းရှိ သတင်းထောက်များနှင့် နိုင်ငံရေး ပခုံးချင်း ယှဉ်လာသူများကို ခြိမ်းခြောက်သည်။ ပြည်ပရန်သူက သူ့ဆီလာ၍ အဆိပ်ခတ်လျှင်လည်း ပြစ်ဒဏ်မပေးဘဲ ပုတ်ထုတ်တတ်သည်။

ရုရှားပြည်တွင်း သူ့အာဏာ တည်ဆောက်ရေးအတွက် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့ပြီး ငွေကြေး ဆိုင်ရာ အမြတ်အစွန်း တပွေ့တပိုက်ဖြင့် အငြိမ်းစားယူလျှင် အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ နေနိုင်ဖို့ စိတ်တိုင်းကျ အိမ်ဆောက်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မျက်မှောက်ကာလ ယူကရိန်းသို့ ကျူးကျော်မိခြင်းမှာ ပူတင်အတွက် ပထမဆုံးသော မဟာဗျူဟာ အမှားဖြစ်လာပြီး အကယ်၍ ရုရှားလူ့မလိုင်အလွှာ (သို့မဟုတ်) သူ့လုံခြုံရေး တာဝန်ယူသူများ ပေါ့ဆမိလျှင်တော့ ပူတင် နိဂုံး ချုပ်ဖို့အထိ ဦးတည်လာနိုင်စရာ ရှိနေသည်။

ယူကရိန်းနှင့်ပတ်သက်၍ ခိုင်လုံသည့် ထောက်လှမ်းရေးသတင်းများ အဆက်မပြတ် ရရှိရေးမှာ ပူတင်အောင်ပွဲခံဖို့ လက်တွေ့ ကျသည့် စစ်ရေး အစီအစဉ်များ ချမှတ်ရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးပဲ ဖြစ်သည်။

ထိုအခြေအနေမှာပဲ ပူတင် ဘာတွေ ဘယ်လို မှားသွားတာလဲဟု မေးစရာရှိလာသည်။

 ပူတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး

ပူတင် လက်ရှိကိုင်တွယ်နေရသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အနှစ်ချုပ်ကြည့်လျှင် အဓိကအချက်(၂)ချက် တွေ့ရမည် ဖြစ်သည်။ ပထမအချက်မှာ သူ၏ အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးများ၏ အကြံဉာဏ်ကို လျစ်လျူရှုမိ ခြင်း ဖြစ်နိုင်သည်။

နောက်တစ်ချက်မှာ သူ့ရှေ့မှ သွားလေသူ အာဏာရှင်များကဲ့သို့ လက်အောက်ငယ်သားများက သူကြားချင်သည့် အကြောင်း အရာများကိုပဲ ရွေးချယ်၍ အစီရင်ခံနေကြသဖြင့် လွဲချော်သည့် ဆုံးဖြတ်ချက်များ ချမှတ်မိသလား မေးခွန်းထုတ်စရာ ရှိသည်။

“အာဏာမှသည် အမှန်တရားဆီသို့” ဟူသည့်မန္တန်မှာ ခေတ်သစ် ထောက်လှမ်းရေး ဗျူရိုကရေစီ ယန္တရားအတွက် နေ့ည ရွတ်ဖတ်စရာ ဖြစ်လာသော်လည်း တစ်ခါတစ်ရံတွင် ထောက်လှမ်းရေး အေဂျင်စီတစ်ခုမှ ပေးနိုင်သည့် အမြင့်ဆုံး ဝန်ဆောင်မှု ပုံစံမှာ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်တွင် ပါလေ့ရှိသည့် မှော်ဆန်ဆန် တွေးခေါ်နိုင်စွမ်းရှိသော သူလျှိုခေါင်းဆောင်ပိုင်းကို အလွဲသုံးစား လုပ်ပစ်ရခြင်းဖြစ်သည်။

ပူတင် သုံးစွဲနေသည့် ထောက်လှမ်းရေးယန္တရားသည် ယူကရိန်းအစိုးရကို ဖြုတ်ချဖို့အကွက်ချရာ၌ “ဘာကြောင့် စစ်ရေးကျူး ကျော်မှ အောင်မြင်မည်” ဆိုသည့် အကြောင်းတရားနှင့်ပတ်သက်၍ အကဲဖြတ်ချက်တစ်ရပ် ဖန်တီးခဲ့လေသလားဟု စောဒက တက်စရာ ရှိလာခဲ့ပြီ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ထောက်လှမ်းရေး ဉာဏ်ရည်ဉာဏ်သွေးသည် သူသစ္စာခံရသည့် နိုင်ငံရေးခေါင်းဆောင်ကို မှန်သလား၊ မှားသလား မေးခွန်းများ မေးရန်နှင့် ယူဆချက်များကို ဆင်ခြင်သုံးသပ်ရန်တို့အတွက် အသုံးတော်ခံရသည်။

ယူကရိန်းစစ်စုံတွဲ(AFP)

၁၉၉၁ ခုနှစ် ယူကရိန်း လွတ်လပ်ရေး ရပြီးကတည်းက အထက်ပါ အချက်များကို ပူတင် ကောင်းစွာ နားမလည်ခဲ့သည်မှာ ယခု စစ်ပွဲက သက်သေခံနေသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အရှေ့ဘက်ခြမ်းကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းသည် ပူတင်အတွက် သမိုင်းကို ငြင်းဆန်လှည့်စားစရာနှင့် ဂုဏ်ယူစရာ စိတ်ကူးယဉ်မှုတစ်ခုအတွက် လက်စွမ်းပြဖို့ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ဆိုက်ရောက်သွားသည်။

ယခုအခါတွင်တော့ ဇာလန်းစကီးသည် ခမ်းနားဝင့်ကြွားစရာ အရည်အချင်းအရှိဆုံး ဦးဆောင်မှု ပေးနိုင်/မပေးနိုင်ဆိုသည်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများပင် ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။

သို့သော် ၂၀၁၃ ခုနှစ်ဆီက မိုင်ဒန် (Maidan) ဆန္ဒပြမှုများကို ပြန်လည် အမှတ်ရရင်းဖြင့် မျိုးချစ်စိတ်၏ အတွင်းကျဆုံး သွေးကြောကို ဖောက်ချပစ်ဖို့ အဆင်သင့်ဖြစ်လား (သို့တည်းမဟုတ်) အနည်းဆုံးတော့ ပူတင်ကို ဖြစ်နိုင်ခြေရှိသော ရလဒ်များ အဖြစ် ယူကရိန်းအရေးက လက်ယပ်ခေါ်ခဲ့သလား စသည်ဖြင့် တွေးတော သုံးသပ်စရာများစွာ ရှိနေသည်။

ယခု အကျပ်အတည်းသည် ပူတင်၏ရုရှားတွင် ထောက်လှမ်းရေး ကျွမ်းကျင်ပိုင်နိုင်မှုအပိုင်း၌ တစ်ဆို့နေပုံရသဖြင့် ထောက်လှမ်းရေးအုပ်စု အားနည်းချက် တစ်ခုတည်းကြောင့်ဟု တထစ်ချပြော၍ မရပေ။

ပူတင်ထုတ်သုံးသည့် သတင်းအချက်အလက် စစ်ဆင်ရေးယန္တရားသည်လည်း ယူကရိန်း၏ခုခံတွန်းလှန်မှု စစ်မျက်နှာစာတွင် ရုတ်တရက် အသံပင် မကြားလိုက်ရသလို ရယ်စရာကောင်းနေသည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်းက ပျက်စီးမှုများ(AFP)

ရုရှားသမ္မတ ပူတင်ကို လေ့လာသုံးသပ်သူကြသူများသည် နိုင်ငံတကာရှုထောင့်မှနေ၍ ကရင်မလင် သမ္မတနန်းတော်၏ အဆိုး ဆုံး အခြေအနေသို့ ပြောင်းလဲသွားပုံကို ဟောကိန်းထုတ်ရန် ပျက်ကွက်သွားကြပုံ ရပါသည်။ ပူတင်၏ ရန်လိုတိုက်ခိုက်မှုများ ကို အနောက်အုပ်စုနိုင်ငံများက အပျော့စားနည်းဖြင့်သာ တုံ့ပြန်ကြသဖြင့် ထိုအချက်မှာ ပိုမို၍ စောဒကတက်စရာ ဖြစ်လာခဲ့ သည်။

ယူကရိန်း၏ ကာကွယ်ရေးအတွက် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့အနေဖြင့် ဟန်ဆောင်ပန်ဆောင် “ဦးနှောက်သေ” ပြမည်ဟု ခန့်မှန်းပြီး နိုင်ငံရေးဟောကိန်းထုတ်သူများ ပဉ္စလက်ဖန်တုံးကို အမှန်သုံးလေသလားဟု တွေးဆစရာလည်း ရှိနေသည်။

ဤစစ်ပွဲ၏ အဆုံးသတ်၌ အရှုံးအမြတ်ကို တွက်ကြည့်လျှင် ဂျာမနီသည် ဥရောပလုံခြုံရေးကဏ္ဍတွင် ပို၍ ရှေ့ရောက်ချင် လာ သည်။ ဗြိတိန်သည် လန်ဒန်ရှိ ခဝါချစရာ ငွေကြေးများကို ထွေးပိုက်ထားမည် (သို့မဟုတ်) ဆွစ်ဇာလန်နိုင်ငံသည် အကျင့် စာရိတ္တရေးရာနှင့် ဘဏ်လုပ်ငန်းကို ရောနှော အသုံးချသွားမည် စသည့် ခြေလှမ်းများကို မြင်နေရသည်။

ယေဘုယျအားဖြင့် ကောက်ချက်ချရလျှင် ပူတင်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိတစ်ဦးအဖြစ်သာ ရှိခဲ့ပြီး အနောက် အုပ်စုနိုင်ငံများ၌ တာဝန်ထမ်းဆောင်နေကြသည့် ရေပေါ်ဆီ လူတန်းစားများနှင့် ပူးပေါင်းရန် ဘယ်တုန်းကမှ ရွေးချယ်ခဲ့သူ မဟုတ်သလို ထောက်လှမ်းရေး အကဲခတ်ကောင်းသူအဖြစ်လည်း လေ့ကျင့်သင်ကြားခံရသူလည်း မဟုတ်ပေ။

ရုရှား-ယူကရိန်းစစ်အတွင်းက ယူကရိန်းစစ်ရှောင်များ(AFP)

ယခုရက်ပိုင်းတွင်တော့ ပူတင်သည် သူ၏အောင်မြင်မှုကို ဖြစ်နိုင်ခြေကို အလှည့်ဖျားခံရခြင်းအတွက် ရုရှားထောက်လှမ်းရေး အကြီးတန်း အရာရှိများအပေါ် သူ့ဒေါသများ ပုံကျလာခဲ့သည်။

ရုရှားပြည်တွင်းရေးကို ကိုင်ရသည့် FSB ထောက်လှမ်းရေးဌာနမှ အရာရှိနှစ်ဦးကို ယူကရိန်းအရေး၌ အလွဲသုံးစားမှုဖြင့် နေအိမ် အကျယ်ချုပ် ချထားသည်ဟု ဆိုသော်လည်း ပူတင်သည် သူ့ကိုယ်သူ လှည့်စားမိသဖြင့် အပြစ်ရှိကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပြီး ဖြစ်သည်။

တရုတ်စစ်ဗိုလ်ချုပ်ကြီး ဆွန်ဇူးကတော့ ကိုယ်ခံပညာဖြင့် အောင်ပွဲခံမည်ဆိုလျှင် မိမိကိုယ်တိုင်စွမ်းရည်နှင့် ရန်သူ့စွမ်းရည်ကို သိထားရမည်ဟု အကြံပေးခဲ့ဖူးသည်။

ယူကရိန်းကို သူသိမ်းဖို့အတွက် ပူတင်သည် ရုရှားအရင်းအမြစ်များဖြင့် မှားယွင်းစွာ ယူဆတည်ဆောက်ထားသော စစ်ရေး ဗျူဟာကို ရွေးချယ်မိခဲ့ပြီး ပစ်မှတ်ထားသော ရန်သူ၏ သန္နိဋ္ဌာန်နှင့် ဇွဲလုံလတို့ကို လွဲမှား တွက်ဆမိခဲ့သည်။ ထို့ပြင် ကိယက်ဗ် မြို့တော်သို့ နိုင်ငံတကာမှ နေ့စဉ်ပေးပို့နေသည့် များပြားလှစွာသော ပံ့ပိုးကူညီမှု ပမာဏကိုလည်း ထည့်စဉ်းစားမိခဲ့ခြင်းလည်း အလျဉ်းမရှိပေ။

ယခုတလော ပူတင်၏ မရိုးမရွ ကျူးကျော်မှုခြင်း၏ လွဲချော်မှုများကို ကမ္ဘာက ကောင်းစွာ မှတ်တမ်းတင်နေပြီ ဖြစ်သည်။ ထောက်လှမ်းရေးကို ယုံစား၍ မထင်မှတ်သော အလှည့်အပြောင်းများကား ကွက်ကွက်ကွင်းကွင်း မြင်နေရပြီ ဖြစ်ပေ သတည်း။            ။

Source: Washington Post

 

(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် David V. Gioe နှင့် Huw Dylan တို့၏ မတ်လ ၁၇ ရက် ရက်စွဲဖြင့် ရေးသားဖော်ပြချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်လိုက်ပါသည်)

  

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13

Page 13 of 13

  1. You are here:  
  2. Home
  3. ဆောင်းပါး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar