CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူနွတ်ကို တွေ့ရစဉ်

ယူနွတ်သည်  အစ္စလာမ္မစ် အာဏာသိမ်းရေး ဦးဆောင်နေသလား

By CNI
CNI
Category: ဆောင်းပါး
Hits: 541

CNI International Article

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ် အာဏာသိမ်းမှု ဖြစ်ပွားနေပြီလောဟု မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။

အစိုးရအဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်တွင် အစ္စလာမ်မစ် မဟာမိတ်ကွန်ရက်များ၊ ပြည်ပထောက်လှမ်းရေး အေဂျင်စီများနှင့် အယူအဆရေးရာ နောက်လိုက်များသည် ဘင်္ဂလားဒေ့ရှ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ ဖြိုဖျက်နေကြသည်။

နောက်ကွယ်မှ ကြိုးကိုင်သူမှာ အခြားသူမဟုတ်။ တစ်ချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ချီးကျူးဂုဏ်ပြု ခံခဲ့ရသည့် မိုဟာမက် ယူနွတ် ( Muhammad Yunus) ဖြစ်ပြီး လက်ရှိတွင် အစ္စလာမ်မစ်ယိမ်းသည့် အုပ်ချုပ်ပုံကို ဦးဆောင်နေသူအဖြစ် ဝေဖန်ခံနေရသည်။

ထိုအခြေအနေသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီစနစ်ကိုသာမက တောင်အာရှနှင့် အရှေ့တောင်အာရှ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။

ယူနွတ် အစိုးရအဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဗိုလ်ချုပ်များ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်တပ်အရာရှိ ၂၅ ဦးကို စွဲချက်တင်ခဲ့သည်။

၎င်းတို့သည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေသည့် အခြေအနေအောက်တွင် စွဲချက်တင်ခံခဲ့ရပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အမှုရင်ဆိုင်နေရသည်။

ဒေသခံမီဒီယာများကမူ ဘင်္ဂလားဒေ့ရှ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ အပါအဝင် အရာရှိပေါင်း ၁၅၀ ကျော် ပစ်မှတ်ထား ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ခေါင်းဆောင်ကို တွေ့ရစဉ်

ထိုကဲ့သို့ မလိုသူများကို ဖယ်ရှားရှင်းလင်းသည့် လုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေး မနွယ်သည့် စစ်တပ်ကို အသွင်ပြောင်းရန် ရည်ရွယ်ပုံပေါ်နေသည်။

လေ့လာသူများကလည်း ယူနွတ်၏ အစိုးရအဖွဲ့သည် အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကဲ့သို့ပင် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော်ဟူသည့် အယူဝါဒကို စစ်တပ်အတွင်း အစားထိုးရန် ရည်ရွယ်ထားဖွယ် ရှိကြောင်း သတိပေးခဲ့သည်။

ထောက်လှမ်းရေး သတင်းများ၏ လေ့လာဆန်းစစ်မှုများအရ ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် ISI နှင့် တူရကီထောက်လှမ်းရးအဖွဲ့များသည် ယူနွတ် အစိုးရအဖွဲ့ကို ကြားဝင်ခြယ်လှယ်သည့် ပြည်ပအင်အားစုများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ ISI သည် ဘင်္ဂလားဒေ့ရှ်၏ ဂျမတ် အီ အစ္စလာမီ (Jamaat-e-Islami) ပါတီနှင့် အခြား လူသိများ သည့် အစ္စလာမ်မစ်အဖွဲ့များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သည်။

လက်ရှိတွင် တူရကီသည်လည်း မွတ်ဆလင်ကမ္ဘာတွင် လှုပ်ရှားမှုများ မြင့်တက်နေမှုနှင့်အတူ ပါကစ္စတန်နှင့် တူရကီတို့သည် ၎င်းတို့၏ လက်တံကို ပိုမိုဆန့်ထုတ်သည့် အနေဖြင့် ယူနွတ်၏ အတွင်းစည်းနှင့် မဟာမိတ် NGO များကို ဘဏ္ဍာရေး အထောက်အပံများပေးခြင်း၊ အယူဝါဒရေးရာနှင့် အခြားအထောက်အကူများ ပံ့ပိုးပေးနေပုံ ပေါ်သည်။

ထိုကွန်ရက်များမှတဆင့် ယူနွတ်၏ အစိုးရအဖွဲ့ကို အစ္စလာမ်မစ်ယိမ်းသည့် အစိုးရအဖြစ် ပြောင်းလဲနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ် 

ထို့ပြင် ဆော်ဒီနှင့် ကာတာတို့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေကြသည်။

ထိုဒုက္ခသည် စခန်းများသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တို့ကို ပစ်မှတ် ထားနေသည့် ဂျီဟတ်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းသည့် နေရာများ ဖြစ်လာသည်ဟုလည်း သတင်း များ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကို ပြည်သူ၏ ယုံကြည်မှု လျော့ကျစေရန် သတင်းအမှားများ ဖြန့်ခြင်းဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးကဲ့သို့ အဖွဲ့အစည်း များသည် စစ်သွေးကြွများကို တန်ပြန်သည့် စစ်ဆင်ရေးများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး HuJI-B ၊ JMB နှင့် ISIS အဖွဲ့များနှင့် ဆက်နွှယ်သည့် စစ်သွေးကြွကွန်ရက်များကို ဖျက်ဆီးခဲ့သည်။

လက်ရှိအချိန်တွင် DGFI ကဲ့သို့ အစိုးရထောက်လှမ်းရေးအဖွဲ့များသည် တရားဥပဒေနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသည်။

ထူးခြားချက်တစ်ခုမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝက်ကာ အူဇ် ဇာမန် (Waker Uz Zaman) နှင့် ၎င်း၏ ထိပ်သီး လက်ထောက်များမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြသဖြင့် ယူနွတ်၏ အစီအစဉ်တွင် ၎င်းတို့လည်း အလိုတူ၊ အလိုပါ ဖြစ်နေဖွယ် ရှိ၊ မရှိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

ထိုအချိန်အတောအတွင်း နိုင်ငံရေးနှင့် စစ်ရေးအသိုင်းအဝိုင်းအတွင်း ယူနွတ်အစိုးရအဖွဲ့သည် တော်လှန်ရေး အစိုးရအဖြစ် ကြေညာရန် စီစဉ်နေကြောင်း ပြောကြားနေကြသည်။

ထိုအစီအစဉ်အရ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အီရန်ကဲ့သို့ပင် သမ္မတနှင့် စစ်တပ်အကြီးအကဲ များကို ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်မျိုး ပြောင်းလဲလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

ထိုအစီအစဉ်အရ ဒါဇင်နှင့်ချီသည့် စစ်မှုထမ်းများသည် အမှုအခင်းများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထိုအချိန်အတောအတွင်း ဂျီဟတ်များ၏ တိုက်ခိုက် နိုင်ခြေရှိသည်ဆိုသည့် ထောက်လှမ်းရေး သတိပေးချက် များကြောင့် ဒါကာမြို့တော်ရှိ အမေရိကန်သံရုံး အနီးဝန်းကျင်တွင် လုံခြုံရေးကို တင်းကျပ်ခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ် 

အကယ်၍ အစ္စလာမ်မစ် အင်အားစုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်း နိုင်ငံရေးသာမက ပြည်ပမူဝါဒများအထိပါ လွှမ်းမိုးလာလိမ့်မည်ဟုလည်း လေ့လာသူများက သတိ ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေး အသွင်ပြောင်းလဲမှုသည် တောင်အာရှ၏ လုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပုံဖော်နိုင်သည်။

တူရကီ၊ ပါကစ္စတန်တို့နှင့် အယူဝါဒအရ မဟာမိတ်ဖွဲ့ထားသော ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ အရှေ့ဘက် လုံခြုံရေး စစ်နံ (India’s eastern security flank) ကို ထိခိုက်စေပြီး ဘင်္ဂလားပင်လယ်အော်တွင် အစ္စလာမ္မစ် လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်စေမည်ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော မတည်ငြိမ်မှုသည် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိစေမည်ဖြစ်သည်။

အားနည်းလာသည့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ စီးပွားရေး အရှိန်အဝါကိ ပိုမိုမှီခိုလာရမည်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုသည် အိန္ဒိယဦးဆောင်သော ချိတ်ဆက်ရေး အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။

မြန်မာနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရိုဟင်ဂျာစခန်းများမှ ပျံ့နှံ့လာသည့် အစွန်းရောက် ကွန်ရက် များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၊ အထူးသဖြင့် အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အချိန် မနှောင်းမီ လိုအပ်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။

အယူဝါဒရေးရာကို စစ်ပုံစံသွင်းခြင်းအား မျက်ကွယ်ပြုထားသဖြင့် ဘေးဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို မေ့မထားသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။

Source: Asia Times

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၆ ကမ္ဘ့ဖလား ပြိုင်ပွဲ ပြင်ဆင်မှုကို တွေ့ရစဉ်

FIFA Peace Prize က ဒေါ်နယ်ထရမ့်အတွက် ဖြစ်လာမလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 467

CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ငြိမ်းချမ်းရေးဆုတစ်ခုကို ဖန်တီးကြောင်း ကြေညာခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် ဝါရှင်တန်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမဲခွဲပွဲမှာ ဒီဆုကို ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်ဖို့စီစဉ်ထားပါတယ်။ 

ဖီဖာငြိမ်းချမ်းရေးဆုလို့ခေါ်တဲ့ FIFA Peace Prize ဟာ "ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတယ်"လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြောထားပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ဒေါ်နယ်ထရမ့်ဟာ ဖီဖာငြိမ်းချမ်းရေးဆုကို ရရှိမယ့် ပထမဆုံးသူ ဖြစ်လာမလားဆိုပြီး မေးခွန်းတွေရှိခဲ့ပါတယ်။ 

"ဒီဇင်ဘာ ၅ ရက်ကျရင် ခင်ဗျားတို့ မြင်တွေ့ရမှာပါ"လို့ အင်ဖန်တီနိုက မိုင်ယာမီရှိ America Business Forum မှာ ပြောခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်နဲ့ ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ်

အင်ဖန်တီနိုက "ပိုမို မငြိမ်မသက်ဖြစ်လာပြီး ကွဲပြားနေတဲ့ ကမ္ဘာကြီးမှာ ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်း ရေး စိတ်ဓါတ်ဖြင့် လူတွေကိုစုစည်းဖို့ ကြိုးစားအားထုတ်သူတွေရဲ့ ထူးချွန်တဲ့ ပံ့ပိုးမှုတွေကို အသိအမှတ် ပြုဖို့ အခြေခံတယ်"လို့ ဖီဖာငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်ပြီး အစောပိုင်းက ပြောခဲ့တာပါ။ 

ဖီဖာက ဒီနှစ်မှာ အင်ဖန်တီနို ချီးမြှင့်မယ့် ဆုကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေ ကိုယ်စား နှစ်စဉ် ချီးမြှင့်သွား မယ်လို့ ပြောထားပါတယ်။ 

ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ရီပတ်ဘလီကန်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွန်းအားပေးမှုတွေ ရှိခဲ့ ပေမယ့် ပြီးခဲ့တဲ့လက နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရခဲ့ခြင်းမရှိပါဘူး။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်နယ်ထရမ့်နဲ့ မကြာခဏ တွေ့ဆုံမှုတွေ ရှိနေတဲ့ အင်ဖန်တီနိုဟာ သူ၊ ဖီဖာနဲ့ ဒေါ်နယ်ထရမ့်တို့အကြား ဆက်နွယ်မှုကိုတော့ လျှို့ဝှက်ထားခြင်း မရှိတာပါ။ 

အင်ဖန်တီနိုက သမ္မတထရမ့်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာက သူကံကောင်းတယ်လို့ ပြောထား ပါတယ်။

ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ် 

အင်ဖန်တီနိုက "ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျနော်တို့လုပ်တဲ့ အရာအားလုံးမှာ သူက အလွန် အထောက်အကူ ပြုခဲ့ပါတယ်။ သူ့မှာ မယုံနိုင်လောက်တဲ့ စွမ်းအင်ရှိပြီး ဒါက ကျနော် အလွန်လေးစားရတဲ့ အရာပါ။ သူဟာ ပြောတဲ့ အတိုင်းလုပ်ပြီး သူထင်တဲ့ အရာတွေကိုလည်း ပြောပါတယ်။ သူဒီလို ပြောရဲလုပ်ရဲတဲ့ အရာတွေကြောင့် အောင်မြင် တာပါ"လို့ ပြောခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းတို့ကို ကမ္ဘာတစ်ဝှမ်းကနေ ကြည့်ရှုသူ ၁ ဘီလီယံခန့် ရှိမယ်လို့လည်း မျှော်လင့်ကြောင်း အင်ဖန်တီနိုက ပြောထားတာပါ။ 

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြို့ပေါင်း ၁၆ မြို့မှာ စံချိန်တင်ပွဲပေါင်း ၁၀၄ ပွဲ ကျင်းပသွား မှာ ဖြစ်ပါတယ်။

Source: AP

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထရမ့်၏ အာဆီယံခရီးစဉ်နှင့်  အမေရိကန်၏ အခန်းကဏ္ဍ

By CNI
CNI
Category: ဆောင်းပါး
Hits: 607

CNI Internatiolnal Article

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခြောက်ရက်ကြာ အာရှခရီးစဉ်သည် ၎င်း၏ ဒုတိယ သက်တမ်းအတွင်း အရှည်ကြာဆုံး ပြည်ပခရီးစဉ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထရမ့်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေး၊ တောင်ကိုရီးယားတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။

ထို့နောက် ဂျပန်တွင် ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကာ အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ပိုမိုပေါ်လွင်အောင် ပြသခဲ့သည်။

လက်ရှိတွင် အင်ဒို-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးအရ လှိုင်း၊ လေထန်သည့် ကာလအပိုင်းအခြား တစ်ခု အတွင်းသို့ ရောက်ရှိနေသည်။

တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေး ဖိအားနှင့် နည်းပညာ ပြိုင်ဆိုင်မှုများသည် ဒေသတွင်း အရွေ့အပြောင်းများကို ပုံစံအသစ် ပြောင်းလဲစေသည်။

သေးငယ်သည့် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ ထိုအပြောင်းအလဲများသည် အဖွဲ့ဝင်နိုင်ငံများအား ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားပြီး ပြည်ပအင်အားကြီး နိုင်ငံများ၏ ဖိအားဒဏ်မှ ကာကွယ်ပေးရန် ရည်ရွယ်ထားသည့် အာဆီယံ၏ ဗဟိုကျမှုရှိကြောင်း ကြေညာချက်ကို ဖော်ပြရာရောက်ခဲ့သည်။

အာဆီယံသည် ထိုကဲ့သို့ ဒေသတွင်း ဗဟိုကျသည့်နေရာ သို့မဟုတ် အချက်အချာကျပြီး အရေးကြီးသည့် အခန်းကဏ္ဍကို အရှေ့အာရှ ညီလာခံ၊ အာဆီယံ ဒေသတွင်း ဖိုရမ်တို့ အပါအဝင် အာဆီယံ ဦးဆောင်သော အစည်းအဝေးများတွင် ပြသခဲ့ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အခြားနိုင်ငံများကိုလည်း ပူးပေါင်း ပါဝင်စေခဲ့သည်။

အာဆီယံအဖွဲ့ဝင်များသည် အမေရိကန်နှင့်ရော တရုတ်နှင့်ပါ ဆက်လက် ထိတွေ့ဆက်ဆံနေပြီး အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုများသာမက တရုတ်က ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများကိုပါ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်

ထိုအချက်က အာဆီယံသည် ပိုမိုပြင်းထန်လာသည့် အမေရိကန်-တရုတ် အားပြိုင်မှုတွင် မည်သည့်ဘက်ကိုမှ ရွေးချယ်ခြင်းမရှိသည့် ဆုံးဖြတ်ချက်ကို ပြသရာရောက်ခဲ့သည်။

မည်သို့ပင်ဆိုစေ အာဆီယံ၏ အနေအထားသည် တရုတ်၏ နိုင်ထက်စီးနင်း ပြုလုပ်သည့် နည်းဗျူဟာများကို စုပေါင်းပြီး တုန့်ပြန်ဖြေရှင်းရာတွင်  အကန့်အသတ်ရှိခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ရေအမြောက်များ တပ်ဆင်ထားသည့် တရုတ်၏ ပင်လယ်ရေကြောင်း ပြည်သူ့စစ် သင်္ဘောများ၊ စီးပွားရေး အကျပ်ကိုင်မှုများနှင့် ကြွေးမြီ ထောက်ချောက် သံတမန် ပရိယာယ်များသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်ခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အုပ်ချုပ်မှုကဏ္ဍ အပါအဝင် အချို့အရေးကိစ္စများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား သဘောထား ကွဲလွဲမှုများကို တရုတ်က အခွင့်ကောင်းယူပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို လျော့နည်းအောင် လုပ်ဆောင်ခဲ့သည်။

မကြာသေးမီကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား သြဇာလွှမ်းမိုးရေး အတွက် ယှဉ်ပြိုင်နေချိန်တွင် အာဆီယံ၏ ကြားနေရပ်တည်ချက်သည် တဖြည်းဖြည်း လျော့ပါးလာကြောင်း သတိပေးခဲ့သည်။ 

ကမ္ဘောဒီးယားနှင့် လာအိုသည် တရုတ်၏ ဘဏ္ဍာရေးအကူအညီကို ဆက်လက် မှီခိုနေရဆဲဖြစ်ပြီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့သည်။

ထိုကဲ့သို့ မတူကွဲပြားသည့် အကျိုးစီးပွားများက ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို ရှုပ်ထွေးစေခဲ့သည်။

ထရမ့်၏ ခရီးစဉ်သည် အမေရိကန်က ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အာဆီယံကို အဓိက အစိတ်အပိုင်း အဖြစ် ရှုမြင်ထားပုံကို ထပ်လောင်း အတည်ပြုရာ ရောက်ခဲ့သော်လည်း အာဆီယံ၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်နှင့်သာ ရှိသည့်အချက်ကို အမေရိကန်က ကောင်းကောင်းနားလည်ထားသည်။

အာဆီယံသည် ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်ပြီး ဒေသတွင်း စံသတ်မှတ်ချက်များကို ချမှတ်နိုင်သော်လည်း တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် စစ်ရေးအရ ဩဇာလွှမ်းမိုးမှု နည်းပါးနေသည်။

 APEC အစည်းအဝေးမှာ တရုတ်သမ္မတရှီနဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်

ဗြိတိန်၊ ဩစတြေးလျနှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့တို့မှတဆင့် အမေရိကန်သည် ပင်လယ်ရေကြောင်း လုံခြုံရေးကို ကာကွယ်ရန် ပူးပေါင်း ကာကွယ်ရေး စွမ်းဆောင်ရည်အား တိုးမြှင့်နေသည်။

AUKUS သည် ပင်လယ်ရေကြောင်း ကင်းထောက်လှမ်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ဖွံ့ဖြိုးစ နည်းပညာများကဲ့သို့ အခန်းကဏ္ဍများတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အာဆီယံ၏ ဘက်မလိုက် ချဉ်းကပ်မှုကို လေးစားစွာ ဖြင့် ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်မှုကို အထောက်အကူ ပြုပေးနိုင်သည်။

ဂျပန်သည် ဂျပန်နိုင်ငံ၏ သံမဏိ လေဒီ (Iron Lady) ဟု လူသိများသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အစည်းအဝေး ပြုလုပ်ချိန်ကလည်း အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို အလေးထား ဖော်ပြခဲ့သည်။

တာကာအီချီက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန်နှင့် တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ပြီး တင်းမာစွာ ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

အမေရိကန်သည် ဖိလစ်ပိုင်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (EDCA) အရ အမေရိကန်တပ်ဖွဲ့များသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးရှိ ဖိလစ်ပိုင်စစ်စခန်း ၉ ခုကို အသုံးပြုခွင့် ရရှိထားသည်။

ထိုကဲ့သို့ AUKUS နှင့် Quad အဖွဲ့တို့၏ အစီအစဉ်များဖြင့် အမေရိကန်သည် အရှေ့တောင်အာရှဒေသကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် မဟာဗျူဟာကို ပြသခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခင်းအကျင်းတွင် အာဆီယံသည် အာရှ၏ အဓိကကျသည့် အဖွဲ့အစည်းဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို ထူထောင်ခဲ့သည့် လီကွမ်ယု (Lee Kuan Yew) က တစ်ချိန်က ပြောကြားခဲ့ဖူးသည်။

လီ၏ ပြောကြားချက်သည် ယနေ့တိုင် မှန်ကန်ဆဲဖြစ်သည်။ အာဆီယံ၏ စီးပွားရေးသည် ဂျီဒီပီအရ ဒေါ်လာ ၄ ထရီလျံရှိပြီး ကမ္ဘာ့ ပဉ္စမအကြီးဆုံး စီးပွားရေး အင်အားစုဖြစ်သည်။

အာဆီယံတွင် လူပေါင်း သန်း ၇၀၀ နီးပါး ရှိသည့်အနက် အများစုမှာ အသက် ၃၀ အောက် လူငယ်များဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အရှိန်အဟုန် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသများထဲတွင် တစ်ခု အပါအဝင် ဖြစ်နေ သည်။

APEC အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်

အမေရိကန်သည် အာဆီယံနှင့် ခိုင်မာသော စီးပွားရေး ဆက်ဆံရေးရှိသည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံသို့ အမေရိကန် ကုန်စည်တင်ပို့မှုသည် ဒေါ်လာ ၁၂၅ ဘီလီယံ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဆော့ဖ်ဝဲဝန်ဆောင်မှုများကဲ့သို့ ဝန်ဆောင်မှုကဏ္ဍတွင် တင်ပို့မှုသည် ဒေါ်လာ ၅၈ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇၄ ဘီလီယံအထိ ရောက်ရှိခဲ့သဖြင့် အမေရိကန်သည် အာဆီယံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်ခဲ့သည်။

အာဆီယံဒေသသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော ဒေသဖြစ်သည်။

အာဆီယံ၏ အကြီးမားဆုံး အားသာချက်မှာ ဆွေးနွေးမှုများကို ဖွင့်ပေးထားခြင်းနှင့် ပဋိပက္ခများကို တားဆီးခြင်း ဖြစ်သည်။

သို့သော် မြင့်တက်လာသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများ၊ ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် စီးပွားရေးဖိအားများက သံတမန်ရေး နည်းလမ်း တစ်ခုတည်းဖြင့် မလုံလောက်နိုင်ကြောင်း ပြသနေသည်။

ထို့ကြောင့် အမေရိကန်သည် အာဆီယံ မစွမ်းဆောင်နိုင်သည့် အချိန်မျိုးတွင် စွမ်းဆောင်နိုင်သော မဟာမိတ် အဖွဲ့များကို တည်ဆောက်ပြီး တစ်ချိန်တည်းမှာပင် အာဆီယံ၏ သံတမန်ရေး အခန်းကဏ္ဍကို ဆက်လက် ထောက်ခံရမည်ဖြစ်သည်။

ထို့ကြောင့် အာဆီယံနှင့် APEC အစည်းအဝေးများကို ထရမ့်၏ တက်ရောက်မှုသည် သင်္ကေတ တစ်ခုထက် ပိုမို အဓိပ္ပာယ်ရှိနေပြီး အာဆီယံသည် အမေရိကန်၏ အင်ဒို-ပစိဖိတ် မူဝါဒတွင် အဓိကကျသည့် နေရာမှ ပါဝင်နေ ကြောင်းကို ရှင်းလင်းစွာ ပြသခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ အာဆီယံ၏ ကြားနေ ရပ်တည်ချက်နှင့် အမေရိကန်၏ ယုံကြည်စိတ်ချစွာ မှီခိုအားထားနိုင်မှုတို့သည် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့ကြောင့် လက်ရှိတွင် အမေရိကန်အနေဖြင့် အာဆီယံနှင့် စစ်မှန်သည့် ကုန်သွယ်ရေး ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခြင်း၊ အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် သံတမန်ရေးဆိုင်ရာ အာရုံ စိုက်မှုကို ဆက်လက် ထိန်းသိမ်းထားသင့်သည်။

ထိုအခါမှသာ အရှေ့တောင်အာရှတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အမှန်တကယ် မဟာဗျူဟာကျပြီး တည်ငြိမ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်လ်ဒိုနဲ့ ကလပ်ကစားသမားဘဝ ဆုဖလားစောင့်ဆိုင်းမှု 

By CNI
CNI
Category: ဆောင်းပါး
Hits: 502

CNI Sport Article 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ပိုင်ဆိုင်ထား ပေမယ့် သူ့ရဲ့ကလပ် ကစားသမားဘဝမှာ နောက်ထပ် ဆုဖလား ရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာဟာ ကြာရှည် နေခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဘုရင့်ဖလားပြိုင်ပွဲမှာ အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရတာကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီမှာ အဓိက ဆုဖလားတွေ ရယူနိုင်ဖို့ ဝေးကွာနေတာပါ။ 

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက အာရပ်ကလပ် ချန်ပီယံများဖလား ပြိုင်ပွဲမှာ ဆုဖလား ရယူထားနိုင်ပေမယ့် ဒီဆုဖလားကို အဓိကဖလားလို့ သတ်မှတ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ်မှာ အခုထိ အဓိကဆုဖလား ရယူနိုင်ခြင်း မရှိသေးဘူးလို့ ပြောရမှာ ပါ။ 

အချက်အလက်တွေအရ ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘဝမှာ အဓိကဆုဖလား မရရှိတာ ၅ နှစ်ကြာခဲ့ပြီ လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ချိန်က ကိုပါအီတာလီယာဖလား ရယူနိုင်ခဲ့တာဟာ သူ့ရဲ့ ကလပ် ကစားသမားဘဝမှာ နောက်ဆုံးရယူနိုင်ခဲ့တဲ့ အဓိကဆုဖလား ဖြစ်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို ကစားခဲ့စဉ်

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဆုဖလား မရခဲ့သလို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ အဓိကဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ မဖြစ်ခဲ့ပါဘူး။ 

ဒီရာသီမှာ အယ်လ်နာဆာအသင်းရဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေကြောင့် ရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက် ဟာ ပိုပြီးအားကောင်းလာခဲ့တာပါ။ 

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဆုဖလားတစ်ခုကို စောစီးစွာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက်မှာ ကစားခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၃ ခုစလုံး ဆုဖလား ရယူနိုင်ခဲ့ခြင်း မရှိတာပါ။ 

အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ အဓိကဆုဖလား မရရှိတာကို အဆုံးသတ်ဖို့ စိတ်အား ထက်သန်နေသလို ရော်နယ်လ်ဒိုကလည်း ကလပ်ကစားသမားဘဝမှာ နောက်ထပ် အဓိကဆုဖလား ရရှိဖို့အတွက် ကြာရှည်စွာ စောင့်ဆိုင်း နေရတာကို အဆုံးသတ်ချင်နေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားတွေအဖြစ် ဆော်ဒီပရိုလိဂ်နဲ့ AFC Champions League Two ပြိုင်ပွဲတွေသာ ရှိတော့တာပါ။

အယ်လ်နာဆာအသင်းဟာ ဒီပြိုင်ပွဲ ၂ ခုစလုံးမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ထိပ်ဆုံးနေရာတွေကနေ ဦးဆောင်ထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဒီဆုဖလား ၂ ခုစလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းနဲ့ အဓိက ဆုဖလားတွေ ရယူဖို့၊သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် ပြည့်မြောက်အောင် သွင်းဂိုးတွေ သွင်းယူဖို့၊ ပေါ်တူဂီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဖို့ ရည်မှန်း ထားပါ တယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလား ကိုင်မြှောက်ပြီး သူ့ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုကို ပြည့်မြောက်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်နဲ့တရုတ် ပြိုင်ဆိုင်မှုကိုတွေ့ရစဉ်

သတ္တုများနှင့် မိုက်ခရိုချစ်ပ်များ ထောက်ပံ့ရေးစစ်ပွဲ ဘယ်လိုရပ်မလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 493

CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄

မြေရှားသတ္တုများကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် အချက်ကို လက်နက်သဖွယ် အသုံးချရန် ကြိုးပမ်းနေသော တရုတ်၏ လှုပ်ရှားမှုသည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ကျိုးပျက်လွယ်သည့် အခြေအနေ တစ်ရပ် အား ထပ်မံပေါ်ပေါက်စေခဲ့သည်။

အလားတူ နှစ်နိုင်ငံကြား ပျော့ကွက်ကိုနင်းကာ ချဉ်းကပ်နေသည့် ပြိုင်ဆိုင်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်ကို အရဲစွန့် လှုပ်ရှားရသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

တရုတ်သည် အမေရိကန်၏ နည်းပညာထိန်းချုပ်မှုနှင့် အလားတူ ပို့ကုန်ထိန်းချုပ်မှု အစီအစဉ်များကို လုပ်ဆောင် လာခဲ့သည်။ 

ထို့ကြောင့် တရုတ်လုပ် ပစ္စည်းများ အနည်းငယ်သာ ပါဝင်နေသည့် ထုတ်ကုန်များအတွက်ပင် လိုင်စင်ရယူရန် လိုအပ်နေသဖြင့် တရုတ်သည် ၎င်း၏ နည်းဗျူဟာကို ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

ရှင်းအောင် ပြောရမည်ဆိုလျှင် အမေရိကန်က ၎င်းတို့ ထုတ်လုပ်ထားသည့် ချစ်ပ်ပြားများကို ထိန်းချုပ်မည်ဆိုပါက တရုတ်ကလည်း မြေရှားသတ္တုများကို ထိန်းချုပ်မည် ဆိုသည့်သဘော ဖြစ်သည်။

ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား ပြိုင်ဆိုင်မှုသည် လက်ရည်ညီနေသည့် လက်ဝှေ့သမားနှစ်ဦး ထိုးသတ်နေ သော အခြေအနေနှင့် တူညီနေသည်။

ကုန်သွယ်မှုကိုတွေ့ရစဉ်

အမေရိကန်က ခေတ်မီ ချစ်ပ်ပြားများကို တရုတ်အား မဝယ်ယူနိုင်စေရန် ပိတ်ဆို့ထားသကဲ့သို့ တရုတ်ကလည်း လျှပ်စစ်ကားများမှအစ ခေတ်မီလက်နက် စနစ်များအထိ အသုံးပြုရန် လိုအပ်သည့် မြေရှားသတ္တုများကို ထိန်းချုပ် ထားသည်။

လက်ရှိတွင် နှစ်နိုင်ငံစလုံး၏ နိုင်ငံရေး အခြေအနေများမှာ တင်းမာနေသည်။

အမေရိကန်က ၎င်း၏ တားမြစ်ကန့်သတ်မှု စာရင်းတွင် တရုတ်ကုမ္ပဏီများကို ပိုမိုထည့်သွင်းလာပြီး ကုန်သွယ်ခွန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

တရုတ်ကလည်း ပို့ကုန်ထိန်းချုပ်မှုများနှင့် တရုတ်နိုင်ငံလုပ် ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ထုတ်ကုန်များ အတွက် လိုင်စင်လိုအပ်သည့် စည်းကမ်းများကို ချမှတ်ခဲ့သည်။

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက ၎င်းတို့သည် လက်ရှိပြိုင်ဆိုင်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းရှိကြောင်း ကြေညာထားကြသည်။

သို့သော်လည်း ထိုကြေညာချက် မျက်နှာဖုံးများ နောက်ကွယ်တွင် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက သိရှိ ထားကြသည်။

တရုတ်သည် ပို့ကုန်ကဏ္ဍအပေါ် မှီခိုအားထားနေရဆဲဖြစ်ပြီး ငွေကြေးကျုံ့ဝင်မှု ဖိအား (deflationary pressure) နှင့် အိမ်ခြံမြေစျေးကွက်တွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

ထို့အတူ အမေရိကန်သည်လည်း သတ္တုတွင်း တူးဖော်ရေးနှင့် သံလိုက်စက်ရုံအသစ်များ တည်ဆောက်နေ သော်လည်း ထိုစက်ရုံများကို နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် လက်တွဲဖြုတ်မည်ဟု စကားအရ ပြောဆိုခြင်းသည် လွယ်ကူသော်လည်း လက်တွေ့ အလုပ်လုပ်ဆောင်သည့် အခြေအနေမျိုးတွင် ခက်ခဲလိမ့်မည်ဖြစ်သည်။

ထိုအခက်အခဲများကို စက်မှုလုပ်ငန်း အများအပြားက ရင်ဆိုင်နေရသည်။ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် ထုတ်သည့် ပန်ကာများ၊ စက်ရုတ်များ၊ ဒေတာစင်တာများ၊ ကာကွယ်ရေးစနစ်များ အားလုံးသည် အရည်အသွေး မြင့်သည့် သံလိုက်များ လိုအပ်နေသည်။

ထိုကုန်ကြမ်းပစ္စည်းအများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေဆဲဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား အလုံးစုံ လက်တွဲဖြုတ်မည်ဆိုခြင်းသည် လက်တွေ့မကျပေ။ ၎င်းတို့၏ စက်မှုလုပ်ငန်းများသည် ဆယ်စုနှစ်များစွာအတွင်း အတူတူ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထောက်ပံ့ရေး ကွင်းဆက်များကို လက်နက်သဖွယ် အသုံးပြုမည်ဆိုပါက နှစ်ဖက်စလုံးအတွက် ထိခိုက် နစ်နာစေမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း အမေရိကန်နှင့် တရုတ်အပေါ် မှီခိုမှုများကို လျှော့ချသွားစေနိုင် သည်။

ထို့ကြောင့် ပထမအချက် အနေဖြင့် အခြေအနေနှင့် အချိန်အခါကို ရိုးသားစွာ လက်ခံရမည်ဖြစ်သည်။

ချစ်ပ်ပြား ပြိုင်ဆိုင်မှုကို တွေ့ရစဉ်

သတ္တုကုန်ကြမ်းများကို အချောထည် သံလိုက်များအဖြစ် ထုတ်လုပ်မည့် စနစ်သည် အချိန်ယူရမည်ဖြစ်ပြီး ရေရှည်တည်မြဲသည့် ကန်ထရိုက်များနှင့် တည်ငြိမ်သည့် စျေးနှုန်းမရှိပါက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

ဒုတိယအချက် အနေဖြင့် အရပ်ဖက် ကုန်သွယ်ရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ရန်လိုမှုများကို ရပ်ဆိုင်းထားရန် လိုအပ်သည်။

သတ္တုများနှင့် ချစ်ပ်ပြားများ အပြန်အလှန် ထိန်းချုပ်မှုကို လျှော့ချမည်ဆိုပါက မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်း များ၊ ဆေးဘက်သုံး ပစ္စည်းများနှင့် စွမ်းအင် စနစ်များကဲ့သို့ အရေးကြီးသည့် ကုန်ပစ္စည်းများကို ဆက်လက် ထုတ် လုပ်နိုင်မည်ဖြစ်ပြီး၊ တစ်ဖက်နှင့်တစ်ဖက် အနီးကပ်စောင့်ကြည့်ကာ တစ်ဖက်က စည်းကမ်းချိုးဖောက်ပါက တစ်ဖက်က လျှင်မြန်စွာ အရေးယူမည့် အစီအစဉ်လိုအပ်သည်။

တတိယအချက်မှာ အမှန်တကယ် အလုပ်ဖြစ်စေမည့် အရန်အစီအစဉ်များကို ရေးဆွဲထားရန်ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်နိုင်ငံ အပြင်ဘက်တွင် ပွင့်လင်းမြင်သာမှုရှိသည့် သတ္တုတွင်း တူးဖော်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် လုပ်ငန်းစုအဖြစ် ဖွဲ့စည်းရေးဖြစ်သည်။

ထိုအစီအစဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ဆန်းသစ်တီထွင်ခြင်း မဟုတ်ဘဲ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချမှု ပိုရှိစေမည်ဖြစ်သည်။

အာရှတိုက်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ်များ၊ ဘက်ထရီများနှင့် လျှပ်စစ်ပစ္စည်းအများစုကို ထုတ်လုပ်နေသည်။

 ကုန်သွယ်မှုကိုတွေ့ရစဉ်

ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား အားပြိုင်မှုတွင် ပထမဆုံး ထိခိုက်မည့် နိုင်ငံများမှာ ထိုနိုင်ငံများ ဖြစ်နေ သည်။

လက်ရှိတွင် အမေရိကန်နှင့် တရုတ်သည် တစ်ဖက်နှင့်တစ်ဖက် ရိုးသားမှုမရှိကြောင်း အပြန်အလှန် ပြောနေကြ သည်။

အမေရိကန်သည် ကမ္ဘာ့ပုလိပ်ကြီးအဖြစ် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲထားပြီး တရုတ်သည် ဩဇာ အာဏာကို ချဲ့ထွင်နေကြောင်း အမေရိကန်က စွပ်စွဲနေသည်။

နှစ်ဖက်စလုံးတွင် သူ့အကြောင်းပြချက်နှင့် သူရှိသည်ဆိုသော်လည်း စက်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များအတွက် အကောင်းဆုံး ဖြေရှင်းချက် မဟုတ်ပေ။

သက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် ထိန်းချုပ်မှုများကို ပိုပြီးတင်းကျပ်လေလေ ကုန်ကျစရိတ်များ ပိုပြီး မြင့်တက်လေလေဖြစ်ကာ စားသုံးသူများဘက်ကလည်း မတန်တဆစျေးများကို ပေးရမည်ဖြစ်သည်။

တရုတ်၏ မြေရှားသတ္တု မဟာဗျူဟာသည် သတိပေးချက်တစ်ခု ဖြစ်သည်။ ထောက်ပံ့ရေး ကွင်းဆက်များကို လက်နက်သဖွယ် အသုံးပြုပါက နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။

တည်ငြိမ်ပြီး လက်တွေ့ကျသည့် နည်းလမ်းမှာ အရပ်ဘက် ကုန်သွယ်မှုကို အခုချိန်မှာစပြီး တည်ငြိမ်စွာ ထိန်းသိမ်း ထားရန်၊ စစ်မှန်သည့် ရင်းနှီးမြှုပ်နှံမှု၊ အချိန်ဇယားနှင့်အတူ လုပ်ငန်းများကို တဖြည်းဖြည်း တည်ဆောက်
ရန်ဖြစ်ပြီး နှစ်ဘက်စလုံးကို ထိခိုက်နစ်နာစေမည့် အကျပ်အတည်းကို ရှောင်လွှဲရန်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားမှု

By CNI
CNI
Category: ဆောင်းပါး
Hits: 602

CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄

ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားတာ ၃ ပွဲသာ ရှိသေးပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ အသင်း ၅ သင်းထဲ က ၁ သင်းဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ 

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးဂိုးပေးရခြင်း မရှိသေး တာလည်း ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ နည်းပြဆီမြွန်နီရဲ့ အက်သလက်တီကို အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့တာပါ။ 

ဒီပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ စူပါကွန်ပျူတာရဲ့ နောက်ဆုံး ခန့်မှန်းချက်မှာ အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ၂၁.၁၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဘီလ်ဘာအိုနဲ့ အိုလံပီယာကို့စ်အသင်းတို့ကို အနိုင် ရခဲ့ပြီး ရာသီအစ အားကောင်းမှုတွေကြောင့် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။ 

နယူးကာဆယ်အသင်းကို တွေ့ရစဉ်

စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ် ရောက်ရှိနိုင်ဖို့ ၅၄.၃၈ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲ တက်နိုင်ဖို့ ၃၅.၅၇ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ PSG အသင်းဟာ ဗိုလ်လုပွဲကို ထပ်ပြီးတက်ရောက်နိုင်ဖို့ ၂၅.၅၉ ရာခိုင်နှုန်းရှိနေပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အတွက်တော့ ၁၄.၀၃ ရာခိုင်နှုန်းသာ ရှိနေတာပါ။ 

ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေ ဆိုးခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်၊ PSG အသင်းတို့ရဲ့ အနောက်မှာ ဗိုလ်စွဲဖို့ တတိယ ရာခိုင်နှုန်း အများဆုံး အသင်းအဖြစ် ရပ်တည် နေပါတယ်။ 

စူပါကွန်ပျူတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်ဖို့ ၁၂.၁၂ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားတာပါ။

ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်၊ အင်တာမီလန်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ စပါးအသင်းတို့ကလည်း စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ နံပါတ် ၁၁ နဲ့ ၁၂ နေရာတွေမှာ ရပ်တည်နေပါတယ်။ 

PSG အသင်းကို တွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားပြီး စပါးအသင်းက ၁ ပွဲ နိုင်၊ ၂ ပွဲ သရေကျထားပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်၊ မိုနာကို၊ လေဗာကူဆင်၊ ဘင်ဖီကာနဲ့ အေဂျက်စ်အသင်းတို့ဟာ နိုင်ပွဲမရရှိသေးဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းမဖြစ်မီ ထိပ်ဆုံး ၈ သင်း ထဲဝင်ပြီး League Phase ကို အဆုံးသတ်နိုင်ဖို့ အရင်ဆုံးလုပ်ရမှာပါ။ 

အာဆင်နယ်အသင်းဟာ League Phase လက်ကျန် ၅ ပွဲမှာ ခက်ခဲတဲ့ တွေ့ဆုံမှုတွေအဖြစ် ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်အသင်းတို့နဲ့သာ တွေ့ဆုံရဖို့ ရှိနေပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို အုပ်စုအဆင့်ကနေ တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

Source:thesun

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆန်မာရီနိုအသင်း ယှဉ်ပြိုင်နေစဉ်

ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အခွင့်အရေး 

By CNI
CNI
Category: ဆောင်းပါး
Hits: 627

CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇

နိုင်ငံတကာဘောလုံးလောကရဲ့ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံး အသင်းဖြစ်တဲ့ ဆန်မာရီနိုအသင်းဟာ ခြေစစ်ပွဲ စည်းမျဉ်းအောက်မှာ ကမ္ဘာ့ဖလား ဝင်ခွင့်ရနိုင်ဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါ တယ်။ 

ဆန်မာရီနိုအသင်းဟာ လာမယ့်လမှာ ကစားမယ့် ခြေစစ်ပွဲမှာ ကြီးကြီးမားမား ရှုံးနိမ့်မှသာ ဒီလိုအခွင့်အရေးမျိုးကို ပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။ 

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အောက်ဆုံးအဆင့် ၂၁၀ မှာရှိနေတဲ့ ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမှာလည်း နောက်ဆုံးနေရာ ရပ်တည်နေတာပါ။ 

ဆန်မာရီနိုအသင်းဟာ ခြေစစ်ပွဲ ၇ ပွဲစလုံးကို အရေးနိမ့်ထားပြီး ၁ ဂိုးသာ သွင်းယူနိုင်ကာ ၃၂ ဂိုး ခွင့်ပြုထားရတာ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ်မှာ ဖီဖာအဖွဲ့ဝင် ဖြစ်လာပြီးကတည်းက ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား ခြေစစ်ပွဲ တွေမှာ နိုင်ပွဲရယူနိုင်ခြင်း မရှိသေးပါဘူး။ 

ဒါပေမယ့် ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ နေးရှင်းလိဂ် အုပ်စုအဆင့်ဖြစ်တဲ့ D မှာ ဂျီဘရောလ်တာနဲ့ လက်ချင် စတိန်း အသင်းကို ကျော်ဖြတ်ပြီး အုပ်စုထိပ်ဆုံး နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဆန်မာရီနိုအသင်းကို တွေ့ရစဉ်

အဲဒါကြောင့်လည်း ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲထံသွားမယ့် လမ်းကြောင်းမှာ ရှိနေသေးတာ ဖြစ်ပါတယ်။ နေးရှင်းလိဂ်မှာ ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပလေးအော့ဖ် ကစားခွင့်ရဖို့ အခွင့်အရေးတွေရှိနေတာပါ။ 

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ဟာ ပလေးအော့ဖ်ကနေ ဝင်ခွင့် ၄ နေရာ ရရှိမှာဖြစ်ပြီး နေးရှင်းလိဂ်အုပ်စု ထိပ်ဆုံး အသင်းတွေလည်း ဒီဝင်ခွင့်နေရာကို ရရှိနိုင်တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအုပ်စုကနေ တိုက်ရိုက်ဝင်ခွင့်မရ ဒါမှမဟုတ် ပလေးအော့ဖ် နေရာမရတဲ့ အကောင်းဆုံး နေးရှင်းလိဂ် အုပ်စုထိပ်ဆုံး အသင်းတွေဟာ ပလေးအော့ဖ် လမ်းကြောင်းကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ 

ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အုပ်စုထိပ်ဆုံးနေရာ ရခဲ့တဲ့ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ၊ ချက်နဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွေမှာ ထိပ်ဆုံး ၂ သင်းနေရာ ရပ်တည် နေကြပြီး ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့် ဒါမှမဟုတ် ဒုတိယနဲ့ ပလေးအော့ဖ် ဝင်ခွင့်နေရာကို ရဖို့ရှိနေကြပါတယ်။ 

ဝေးလ်စ်၊ ရိုမေးနီးယား၊ ဆွီဒင်နဲ့ မြောက်အိုင်ယာလန်တို့ကလည်း နေးရှင်းလိဂ်ကနေ ပလေးအော့ဖ် ဝင်ခွင့် ၄ နေရာ ကို ရရှိဖို့ တန်းစီနေကြပါတယ်။ 

ဒီအသင်းတွေဟာ သူတို့အုပ်စုရဲ့ ထိပ်ဆုံး ၂ သင်းထဲကို ဝင်ရောက်ခဲ့ရင် နေးရှင်းလိဂ်အုပ်စု D မှာ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တဲ့ မော်လ်ဒိုဗာနဲ့ ဆန်မာရီနိုတို့အတွက် နေးရှင်းလိဂ် ပလေးအော့ဖ် နေရာကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာ ဖြစ်ပါတယ်။

မော်လ်ဒိုဗာအသင်းက ဆန်မာရီနိုထက် ကမ္ဘာ့အဆင့် ပိုပြီးမြင့်နေတာကြောင့် ပလေးအော့ဖ် နေရာကို ရယူနိုင်ဖို့ တန်းစီနေတာပါ။ 

ဆန်မာရီနိုအသင်း ယှဉ်ပြိုင်နေစဉ် 

ဆန်မာရီနိုအသင်းရဲ့ ခြေစစ်ပွဲအုပ်စုကို ကြည့်ရမယ်ဆိုရင် ရိုမေးနီးယားအသင်းဟာ အုပ်စုတတိယနေရာ ရပ်တည် နေပြီး ဒုတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့ရင် သူတို့ရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ် နေရာက ပိုပြီးအားကောင်းမှာ ဖြစ်ပါတယ်။ 

ရိုးမေးနီးယားအသင်းဟာ အုပ်စုဒုတိယနေရာက ဘော့စနီးယားအသင်းနဲ့ ၃ မှတ် ကွာဟနေပြီး သူတို့ ၂ သင်းဟာ လာမယ့်လမှာ ထိပ်တိုက်တွေ့ဆုံရမှာပါ။

ဘော့စနီးယားအသင်းဟာ ဒီပွဲပြီးရင် အုပ်စုထိပ်ဆုံးနေရာက သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရိုမေးနီးယားအသင်းကတော့ ဆန်မာရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရိုမေးနီးယားအသင်းဟာ ဘော့စနီးယားအသင်းကို အနိုင်ယူပြီး ဆန်မာရီနိုအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ရင် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယ နေရာယူကာ ပလေးအော့ဖ် ဝင်ခွင့်ရဖို့ရှိနေတာပါ။ 

ရိုမေးနီးယားသာ ဒုတိယနေရာ ရပ်တည်ခဲ့ရင် ဆန်မာရီနိုအတွက်လည်း ပလေးအော့ဖ် မျှော်လင့်ချက်ကို အထောက်အကူ ဖြစ်စေမယ်လို့ သိရပါတယ်။ 

အဲဒါကြောင့် ရိုမေးနီးယားအသင်းကို ဂိုးပြတ်အရှုံးဟာ ဆန်မာရီနိုအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိစေမှာပါ။ 

ဆန်မာရီနိုအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မှာ ဂိုးပြတ် အရေးနိမ့်ပြီး ပလေးအော့ဖ် ဝင်ခွင့်လမ်းကြောင်း တစ်နေရာကို ရရှိသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source: Dailymail

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

AI ၏ လွတ်လပ်ခွင့်နှင့် သတိထားရမည့် စစ်ပွဲများ

By CNI
CNI
Category: ဆောင်းပါး
Hits: 736

CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇

စက်တင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် (Penny Wong) သည် AI နည်းပညာအကြောင်းကို မိန့်ခွန်းပြောကြားခဲ့သည်။

AI နည်းပညာသည် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ နယ်ပယ်များတွင် အလွန် အကျိုးကျေးဇူးများသော်လည်း နျူကလီးယား လက်နက်များနှင့် မောင်းသူမဲ့စနစ်များတွင် AI နည်းပညာသည် လူသားမျိုးနွယ်၏ အနာဂတ်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

“နျူကလီးယားစစ်ပွဲကို လူသားတွေရဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားဆုံးဖြတ်ပြီး ထိန်းချုပ် ကန့်သတ်နိုင်ခဲ့ပါတယ်။ AI နည်းပညာမှာတော့ ဒါတွေမရှိပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိပါဘူး။ ဒီလက်နက်တွေဟာ စစ်ပွဲကို ပုံစံပြောင်းလဲနိုင်ပြီး အဆိုးရွားဆုံး အနေအထားအထိ ရောက်ရှိစေနိုင်ပါတယ်”ဟု ပန်နီဝေါင်က ပြောကြားခဲ့သည်။

AI စစ်ဆင်ရေးသည် ကြီးမားသည့် ခြိမ်းခြောက်မှုဟူသည့် အိုင်ဒီယာသည် လူထုကြားတွင် ပျံ့နှံ့နေပြီး ထိုနည်းပညာကို လုံခြုံစိတ်ချမှုရှိစေရန် တိုက်တွန်းမှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် နည်းပညာနှင့် စစ်ဆင်ရေးတွင် အဓိပ္ပာယ် မှားယွင်းကောက်ယူမှုများနှင့် ထင်ကြေးပေးမှုများက အမျိုးမျိုး ထွက်ပေါ်နေသည်။

သို့ဆိုလျှင် AI နည်းပညာသည် အနာဂတ် စစ်ပွဲပုံစံကို အမှန်တကယ် ပြောင်းလဲနိုင်မည်လော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေသလော ဆိုသည့် မေးခွန်းများကိုလည်း သုံးသပ်ကြည့်ရမည်ဖြစ်သည်။

စစ်ပွဲမှာ AI နည်းပညာကို ဘယ်လိုအသုံးပြုနေလဲ
********************************************
AI သည် နည်းပညာသစ် တစ်ခုဟု ပြော၍မရနိုင်ပေ။ AI ဆိုသည့် စကားလုံးသည် ၁၉၅၀ ပြည့်နှစ်များကတည်းက ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ယနေ့ခေတ်တွင်မူ ဘာသာစကားများ ထည့်သွင်းအသုံးပြုမှု၊ ကွန်ပျူတာနှင့် စက်ယန္တရား၏ သင်ယူလေ့လာ နိုင်စွမ်းအထိ အားလုံးကိုခြုံငုံပြီး AI ဆိုသည့် ခေါင်းစဉ်အောက်တွင် ထည့်သွင်းလာကြသည်။

ရှင်းရှင်းပြောရမည်ဆိုပါ AI သည် အချက်အလက်များကို စုဆောင်း ကောက်ယူပြီး ခန့်မှန်းချက် ထုတ်ခြင်း၊ အကြောင်းအရာ ဖန်တီးခြင်း သို့မဟုတ် ဆုံးဖြတ်ချက်များကဲ့သို့ ရလဒ်များကို ထုတ်လုပ်ပေးသည့် နည်းပညာဖြစ် သည်။ 

သို့သော် AI စနစ် အားလုံးသည်လည်း တူညီလှသည်တော့ မဟုတ်ပေ။

စစ်ဘက်ဆိုင်ရာတွင် AI ကို ပုံစံမျိုးစုံဖြင့် အသုံးပြုနေသည်။ အချို့ပုံစံများသည် စစ်သားများအတွက် နည်းပညာဖြင့် စစ်ရေးလေ့ကျင့်မှုများကဲ့သို့ လူကို ထိခိုက်စေခြင်းမရှိဘဲ အချို့ပုံစံများသည် ရန်သူများကို ပစ်မှတ်ထားရာတွင် အထောက်အကူရရန် AI ကို အသုံးပြုနေကြသည်။

ဥပမာပြရမည်ဆိုပါ အစ္စရေးစစ်တပ်သည် ဟားမာ့စ် အဖွဲ့ဝင်များကို ထောက်လှမ်းသိရှိရန် Lavender အမည်ရှိ AI tool များကို အသုံးပြုခဲ့သည်။

ထိုကဲ့သို့ လူသားများ၏ သေရေး၊ ရှင်ရေးကို AI ဖြင့် ခွဲခြားဆုံးဖြတ်ခြင်းသည် လူ့ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်စေခဲ့သည်။

တာဝန်ခံမှုပြဿနာ
******************
AI ကြောင့် ထိခိုက်နစ်နာမှုများ ကြုံတွေ့ရချိန်တွင် ဘယ်သူက တာဝန်ယူမည်နည်း၊ တာဝန်ခံမည်နည်း ဆိုသည့် မေးခွန်းကို လူအများက မေးခွန်းထုတ်နေကြသည်။ ထိုအချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွင် ဟာကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုကြသည်။

သို့သော် ထိုမေးခွန်းများသည် အသစ်အဆန်းတော့ မဟုတ်ပေ။ မြေမြုပ်မိုင်းများ၊ ဒုံးကျည်များကဲ့သို့ အခြား လက်နက်စနစ် နည်းပညာများသည်လည်း လူသားများ၏ ထိန်းချုပ်မှုမလိုဘဲ အသုံးပြုနိုင်သည်။ 

သို့သော် ထိုလက်နက်များနှင့်ပတ်သက်ပြီး လူအများက တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကို မေးခွန်းထုတ်ခြင်း မရှိခဲ့ပေ။

သို့ဆိုလျှင် AI ကို အဘယ်ကြောင့် တမူထူးပြီး မေးခွန်းထုတ်နေကြပါသနည်း။ AI ကို အခြား စက်ယန္တရား စနစ်များ ကဲ့သို့ပင် လူသားများက ဖန်တီး၊ စီမံပြီး အသုံးပြုနေခြင်းဖြစ်သည်။

စစ်တပ်တွင် အထက်၊ အောက် အမိန့်နာခံမှုရှိပြီး AI ကို မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် အသုံးပြုမည် ဆိုခြင်းကို လူသားများက ဆုံးဖြတ်ရခြင်းဖြစ်သည်။

AI သည် သူ့ဘာသာသူ သီးခြားရပ်တည်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် AI သည် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်နိုင်မည်ဆိုသည့် အိုင်ဒီယာသည် မှားယွင်းနေသည်။

AI သည် တာဝန်ခံမှု မရှိသည့် အချက်မှာ မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် AI သည် ပြီးပြည့်စုံသည့် နည်းပညာတစ်ခု မဟုတ်ပေ။ မည်သည့် စက်ယန္တရားကမှ လူသားများ၏ ဆင်ခြင်တုံတရားလောက် ပြည့်စုံခြင်း မရှိပေ။

ထို့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် စကားသည် AI နှင့် အခြားစက်ယန္တရားများကို တီထွင်အသုံးပြုသည့် လူသားများနှင့်သာ သက်ဆိုင်သည်။

ပြဿနာအစ လူသားက
********************
AI အပါအဝင် ဆန်းပြားရှုပ်ထွေးလှသည့် ကွန်ပျူတာစနစ်များသည် ၎င်းတို့၏ နည်းပညာ သံသရာ စက်ဝိုင်း အတွင်းမှာပင် လည်ပတ်နေခြင်း ဖြစ်သည်။ 

ပရိုဂရမ်များ ထည့်သွင်းခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ နည်းပညာစနစ် လည်ပတ်ခြင်းနှင့် ထိုနည်းပညာများကို အဆုံးသတ်ခြင်း (ဖျက်သိမ်းပစ်ခြင်း) အစရှိသည့် သံသရာ စက်ဝိုင်းအတွင်းမှာပင် ရှိနေသည်။

အဆင့်တိုင်းတွင် လူသားများက ရွေးချယ်မှုများ ပြုလုပ်ရခြင်းဖြစ်သည်။

ရည်မှန်းချက်များကို သတ်မှတ်ခြင်း၊ စနစ်များကို စမ်းသပ်ခြင်း၊ ဘေးကင်းလုံခြုံမှု ရှိနေစေရန် လုပ်ဆောင်ခြင်း၊ တရားဥပဒေနှင့်အညီ အသုံးပြုခြင်း အစရှိသည့် အချက်များကို လူသားများက ဦးဆောင်စီမံရခြင်းဖြစ်သည်။

လူသားများ၏ ရွေးချယ်မှုကသာ  AI ကို အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ကို ကွဲပြားစေလိမ့်မည်ဖြစ်သည်။

AI ကို လူသတ်ရန် အသုံးပြုမည်ဆိုပါက ထိုစနစ်ကို အသုံးပြုရန် ဆုံးဖြတ်သည့် လူသားတွင်သာ တာဝန်ရှိမည် ဖြစ်သည်။ 

AI သည် အသုံးချခံ စနစ်တစ်ခုသာဖြစ်ပြီး လူသားသည် အသုံးချသူ၊ တစ်နည်းအားဖြင့် လက်သည်တရားခံ ဖြစ်သည်။ (ရှင်းအောင် ပြောရမည်ဆိုပါက လူတစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်သူသည် လူသတ်မှုဖြင့် အပြစ်ရှိသူဖြစ်ပြီး သူအသုံးပြုသည့် သေနတ်သည် အပြစ်ရှိသည်ဟု သတ်မှတ်၍မရပေ။)

ထို့ကြောင့် AI သည် စစ်ပွဲတွင် အပြောင်းအလဲများကို ဖြစ်ကောင်း ဖြစ်စေနိုင်လိမ့်မည်။ သို့သော် ထိုသို့သော အပြောင်းအလဲများအတွက် အဓိက တာဝန်ရှိသူမှာ AI ကို အသုံးပြုသည့် လူသားများသာဖြစ်သည်။

အချုပ်ဆိုရပါက စစ်ပွဲတိုင်းတွင် AI ကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ထွက်ပေါ်လာသည့် ရလဒ် များသည် လူသားများ၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်

အင်ဒိုနီးရှားလား စက္ကူကျားလား

By CNI
CNI
Category: ဆောင်းပါး
Hits: 620

CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁

အင်ဒိုနီးရှားနိုင်ငံသည် ရည်မှန်းချက် ပြင်းပြမှုနှင့် တွန့်ဆုတ် ဝန်လေးနေမှု ဆိုသည့် လမ်းဆုံလမ်းခွ နေရာသို့ ရောက်ရှိနေသည်။ 

ရှင်းအောင် ပြောရမည်ဆိုပါက ရည်မှန်းချက် ပြင်းပြမှုလမ်းသည် အတက်လမ်းဖြစ်ပြီး တွန့်ဆုတ် ဝန်လေးမှု လမ်းသည် အကျလမ်းဖြစ်သည်။

အင်ဒိုနီးရှားကို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလိုသည့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ မျှော်မှန်းချက်သည် ဆွဲဆောင်မှုရှိပြီး နားလည်ရလွယ်ကူသည်။

လူဦးရေ သန်း ၂၈၀ ကျော်ရှိပြီး အာရှတိုက်တွင် အကြီးဆုံးသော စီးပွားရေး အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်နေသည့် အင်ဒိုနီးရှားသည် သမုဒ္ဒရာနှစ်ခုကို ပေါင်းကူးထားသည့် ပထဝီဝင် တည်နေရာ၌ ရှိနေသဖြင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု အလားအလာ၏ ဗဟိုချက်တစ်ခု ဖြစ်နေသည့်အချက်ကို ငြင်းဆိုနိုင်မည် မဟုတ်ပေ။

သို့သော် ဩဇာလွှမ်းမိုးမှု အလားအလာသည် အာဏာကြီးမားမှုနှင့်  တိုက်ရိုက် အချိုးမကျသေးပေ။

လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက အင်ဒိုနီးရှားသည် ၎င်း၏ ရည်မှန်းချက် သို့မဟုတ် လုပ်နိုင်စွမ်းတို့ကို ဖော်ပြခြင်း မပြုခဲ့ဘဲ ခေါင်းဆောင်မှုပိုင်းကဏ္ဍကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့သည်။

နိုင်ငံ့အင်အား၊ စစ်တပ် အဆင့်မြှင့်တင်မှု၊ ကိုယ့်အားကိုယ်ကိုးသည့် စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ လက်တံ ကျယ်မှုများဖြင့် ပရာဘိုဝို၏ လေလုံးထွား ပြောဆိုမှုများသည် အင်ဒိုနီးရှားကို အရှေ့တောင်အာရှတွင် အချက်အချာကျသည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံလိုသော ၎င်း၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည်။

သို့သော် ပရာဘိုဝို၏ ရည်မှန်းချက်သည် မဟာဗျူဟာထက် တည်ငြိမ်ရေးကို ဦးစားပေးပြီး ရလဒ်ထက် အမှတ်သညာကို ဦးစားပေးသည့် ဗျူရိုကရက် ယဉ်ကျေးမှုနှင့် ထိပ်တိုက်တွေ့နေသည်။

ဒေသတွင်း အရေးကိစ္စများတွင်လည်း အင်ဒိုနီးရှားသည် စကားသံကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပြီး လက်တွေ့ ဆောင်ရွက်ချက်များတွင်မူ ပျော့ပြောင်းခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်

ဒေသတွင်း ဩဇာအာဏာလျော့ကျလာမှု
*************************************

အတိတ်ကာလက အင်ဒိုနီးရှားသည် အာဆီယံ၏ လေးစားအားကျဖွယ် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ ရသည်။ 

အင်ဒိုနီးရှားသည် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကူညီပေးခြင်း၊ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

သို့သော် မကြာသေးမီက ပဋိပက္ခများတွင် အင်ဒိုနီးရှားသည် အင်အားကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

ဥပမာပြရလျှင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသပဋိပက္ခ ဖြစ်ပွားချိန်တွင် ကြားဝင်ဖြန်ဖြေပေးသူများ အင်ဒိုနီးရှားမဟုတ်ဘဲ မလေးရှားနိုင်ငံ ဖြစ်ခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား အရေးတွင် အင်ဒိုနီးရှားနိုင်ငံသည် ထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ပေးခဲ့သည်။ 

ထိုအချက်က အာဆီယံတွင် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု လျော့ကျလာသည့် အချက်ကို ဖော်ပြရာရောက်ခဲ့ သည်။

တောင်တရုတ်ပင်လယ်တွင်လည်း ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ရေတပ်က နှောင့်ယှက်ခဲ့သည့် ဖြစ်စဉ်များတွင် အင်ဒိုနီးရှားသည် ဦးဆောင်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည်။

အာဆီယံ၏ တုံ့ပြန်ချက်သည်လည်း ဓာတ်ပြားဟောင်းကို ဖွင့်နေသကဲ့သို့ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို လုပ်ဆောင်ရန်သာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး စစ်မှန်သည့် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ချေ။

လက်ရှိတွင် မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့သော နိုင်ငံငယ်များသည် အာဆီယံတွင် ခေါင်းဆောင်မှု ကဏ္ဍကို ပိုမိုရယူလာကြသည်။

ကြီးမားသည့် နိုင်ငံ့အရွယ်အစားနှင့် သမိုင်းကြောင်းရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံမှာမူ အင်အားကြီးနိုင်ငံ ဆိုခြင်းထက် အတိတ်ကာလက ပြယုဂ်တစ်ခုအဖြစ်သာ ရှိလာခဲ့သည်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေရှင်းရေး မလေးရှားဝန်ကြီးချုပ်က စေ့စပ်ပေးနေစဉ်

အင်စတီကျူးရှင်းပိုင်းဆိုင်ရာ အားနည်းချက်
*****************************************

အင်ဒိုနီးရှား၏ စစ်တပ်သည် အင်အား ကြီးမားသော်လည်း ခေတ်မမီတော့ဘဲ စီစဉ်တကျ ဖြစ်မှုတွင်လည်း အားနည်းနေသည်။

ပရာဘိုဝိုသည် စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ကြိုးပမ်းနေသော်လည်း တိုးတက်မှုသည် နှေးကွေးနေဆဲ ဖြစ်သည်။

စင်္ကာပူနှင့် မလေးရှားကဲ့သို့ နိုင်ငံငယ်များသည် ၎င်းတို့၏ ကာကွယ်ရေးနှင့် သံတမန် ပရိယယ်တို့ကို ပိုမို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။ 

စီးပွားရေးအရ အင်ဒိုနီးရှားသည် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G 20) အဖွဲ့ဝင်ဖြစ်သဖြင့် စီးပွားရေးအင်အား တောင့်တင်းသော်လည်း အဂတိလိုက်စားမှု၊ ထိရောက်မှု အားနည်းမှုနှင့် ကုန်ထုတ်စွမ်းအား အားနည်းမှုတို့က တိုးတက်မှုကို နောက်ပြန်ဆွဲချနေသကဲ့သို့ ဖြစ်သည်။

ကြီးမားသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုနှင့် ကုန်ကျစရိတ် ကြီးမြင့်မှုတို့နှင့် မကြာခဏ ရင်ဆိုင်ခဲ့ရ ကာ ဗျူရိုကရေစီ ယန္တရားကလည်း ဆန်းသစ် တီထွင်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။

ဩဇာကြီးမားသည့် အခွင့်ထူးခံ လူတန်းစားများက နိုင်ငံရေးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး သည်လည်း တစ်သမတ်တည်း မရှိပေ။

ထိုအားနည်းချက်များက နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ ယုံကြည်လေးစားခံရမှုကို လျော့ကျစေခဲ့သည်။

နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင်စနစ် တစ်ခုကို ကောင်းမွန်စွာ ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနိုင်ငံများကို ဦးဆောင်ရန် မဖြစ်နိုင်ပေ။

အာဏာအပျော့ ကျဆင်းမှု
*************************

အင်ဒိုနီးရှား၏ အာဏာအပျော့သည်လည်း ကျဆင်းနေသည်ကို တွေ့ရသည်။ အင်ဒိုနီးရှား၏ ယဉ်ကျေးမှုသည် အလွန်ကြီးမားပြီး ပေါင်းစုံထွေးရော ယှက်တင်နေသည်။

သို့သော် တောင်ကိုရီးယား၏ K-Pop ဖျော်ဖြေရေးလုပ်ငန်း၊ ဂျပန်၏ ရုပ်ပြစာစောင်၊ အန်နီမေးရှင်း၊ ဂိမ်းနှင့် ဂီတ သို့မဟုတ် အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်နယ်ပယ်များနှင့် နှိုင်းယှဉ်ပါက အင်ဒိုနီးရှား၏ အာဏာအပျော့သည် ကမ္ဘာအဆင့်သို့ ပေါက်ရောက်ခြင်း မရှိသေးပေ။

ပြည်တွင်းတွင် ဆန်းသစ်တီထွင်သည့် လုပ်ငန်းများသည် အရှိန်အဟုန် ကောင်းနေသည့်တိုင် ဆင်ဆာ ဖြတ်တောက် မှုများနှင့် ငွေကြေးအင်အား နည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ထင်သလောက် ပေါက်ရောက် ခဲ့ခြင်း မရှိပေ။

ထိုအခြေအနေများကြောင့် အင်ဒိုနီးရှား လူငယ်အများစုသည် စိတ်ပျက်လာခဲ့ကြပြီး ၎င်းတို့၏ စိတ်ကူးဉာဏ် ကွန့်မြူးမှုများအတွက် ပြည်ပနိုင်ငံများကို အားကိုးလာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် စင်္ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသည် တူညီသည့် မဟာဗျူဟာ များဖြင့် ၎င်းတို့၏ အာဏာအပျော့ကို နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် လေးစားမှု ရရှိစေရန် ကြိုးပမ်းနေ ကြသည်။

 အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ် 

ပြုပြင်ပြောင်းလဲချိန်တန်ပြီ
************************
အင်ဒိုနီးရှားအနေဖြင့် အမှန်တကယ် ဩဇာအာဏာကြီးမားသည့် နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိမည်ဆိုပါက ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ်ရမည်ဖြစ်သည်။

ဗျူရိုကရေစီစနစ်သည် နိုင်ငံရေးသမားများအတွက် မဟုတ်ဘဲ ပြည်သူများအတွက် ဖြစ်ရမည်ဖြစ်သည်။

တရားရုံးများကို လွတ်လပ်မှု ပေးရမည်ဖြစ်ပြီး စစ်တပ် အနေဖြင့်လည်း ပရော်ဖက်ရှင်နယ် ဆန်ရမည်ဖြစ်ကာ နိုင်ငံရေး မနွယ်သင့်ပေ။

အဂတိလိုက်စားမှုကိုလည်း အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး တိုက်ဖျက်ရမည်ဖြစ်သည်။

ထို့ပြင် ပညာရေးနှင့်ဆန်းသစ် တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

လူငယ်များအနေဖြင့် ကောင်းမွန်စွာ ပညာမသင်ကြားရဘဲ ကောင်းမွန်စွာ ပျိုးထောင်မခံရပါက ထိုလူငယ်မျိုးဆက် သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

ယနေ့ခေတ်တွင် စစ်မှန်သည့် အာဏာသည် ဗဟုသုတ၊ တီထွင်ကြံဆမှုနှင့် နည်းပညာတို့မှ ပေါက်ဖွားလာသည် ဆိုခြင်းကို သတိချပ်သင့်ပေသည်။

သံတမန် ဆက်ဆံရေးတွင်လည်း အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အိမ်တွင်းပုန်း လုပ်မနေသင့်ဘဲ ရှေ့ထွက် ဦးဆောင် ရမည်ဖြစ်သည်။ အာဆီယံတွင် "ကြားနေ" ဆိုသည့် ရပ်တည်ချက်သည် စကားလုံးတစ်လုံးထက်ပိုပြီး အဓိပ္ပာယ် မရှိနိုင်ပေ။

အကျပ်အတည်းများ ဖြစ်လာခဲ့မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အစီအစဉ်များ ရေးဆွဲသင့်ပြီး ဒေသတွင်း အခင်းအကျင်းကို ကာကွယ်ရန် အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။

လွတ်လပ်ပြီး အမှီအခို ကင်းသည်ဆိုသည့် အဓိပ္ပာယ်မှာ အမေရိကန်နှင့် တရုတ်ကို ရှောင်စရာမလိုဘဲ ထိုနှစ်နိုင်ငံ စလုံးနှင့် ထိတွေ့ဆက်ဆံရမည့် အဓိပ္ပာယ်ဖြစ်သည်။

အချိန်နှင့် ဒီရေသည် လူကိုမစောင့်
*******************************
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို အတွက်မူ စစ်မှန်သည့် ပြောင်းလဲမှုများကို ပြုလုပ်ရန် အခွင့်အလမ်းကာလက တိုတောင်းလှသည်။

လက်ရှိတွင် ၎င်းအား နိုင်ငံရေး ထောက်ခံမှု အားကောင်းနေပြီး စီးပွားရေး တည်ငြိမ်နေသည် ဆိုသည့်တိုင် အချိန်သည် အတိုင်းအတာ တစ်ခုအထိသာရှိသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုမှစပြီး ပြောင်းလဲမည်ဆိုမှသာ အာဆီယံတွင် ခေါင်းဆောင်မှုကဏ္ဍကို ပြန်လည် ရရှိနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အသံသာကျယ်ပြီး အဆန်မပါသည့် သင်္ကြန် အမြောက်ကဲ့သို့ ဖြစ်နေဦး မည်ဖြစ်သည်။

ဒေသတွင်း ခေါင်ဆောင် ဖြစ်လာရန်အတွက် အင်ဒိုနီးရှားတွင် အရင်းအမြစ်များနှင့် လူထုထောက်ခံမှုအား ရှိနေသည်။ သို့သော် စိတ်ဓာတ်တက်ကြွမှုနှင့် ရဲစွမ်းသတ္တိပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။

ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်ရန် တွန့်ဆုတ်နေခြင်းက ခေါင်းဆောင်နေရာကို ရရှိစေလိမ့်မည် မဟုတ်ပေ။

ထိုကြောင့် ပရာဘိုဝို အနေဖြင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်မည်လော သို့မဟုတ် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု တဖြည်းဖြည်း ကျဆင်းသွားသည့် အခြေအနေကို ထိုင်ကြည့်နေမည် လော ဆိုသည့် အချက် ၂ ချက်ကို ရွေးချယ်ရမည်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တူချယ်လ်နဲ့ ဘယ်လင်ဂမ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်၊ ဂရီလစ်ရှ်နဲ့ ဖိုဒန်တို့အတွက် တူချယ်လ်ရဲ့ သတိပေးသံ 

By CNI
CNI
Category: ဆောင်းပါး
Hits: 629

CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ အောက်တိုဘာထဲ ကစားနေတဲ့ နိုင်ငံတကာ ပွဲတွေအတွက် အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်၊ အဲဗာတန်အသင်းက ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းက ဖိုဒန်တို့ကို ချန်လှပ်ခဲ့ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ပခုံးခွဲစိတ်မှုကြောင့် မကြာသေးမီကမှ ရီးရယ်လ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် နည်းပါးမှုကြောင့် ချန်လှပ်ခံခဲ့ရပြီး ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဂရီလစ်ရှ်နဲ့ ဖိုဒန်တို့က လည်း အင်္ဂလန်အသင်း လူစာရင်းနဲ့ ထပ်ပြီးဝေးကွာနေတာပါ။ 

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ရုန်းကန်ခဲ့ရပြီးနောက် ဒီနွေရာသီမှာ အဲဗာတန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများအပြား ပြုလုပ်ပြီး ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဂရီလစ်ရှ်ဟာ နည်းပြတူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခဲ့ရခြင်း မရှိသေးပါဘူး။ 

ဖိုဒန်ကလည်း ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံစံကောင်းအချို့ ကို ပြန်လည်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 ဖိုဒန်နဲ့ ဂရီလစ်ရှ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားတွေ ဖြစ်ခဲ့ပေမယ့် နည်းပြတူချယ်လ်ရဲ့ လက်ထက်မှာ လူစာရင်းထဲ ပါဝင်နိုင်ဖို့ ခက်ခဲနေတာပါ။ 

ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ သူ့ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားအချို့ကို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်နေတာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ မတိုင်မီ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ပွဲကြီး ပွဲကောင်းတွေ အနိုင်ရဖို့ ကြယ်ပွင့် ကစားသမားတွေ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် တူချယ်လ်က သူ့ရဲ့လူစာရင်းထဲမှာ နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူမှာမဟုတ်ဘဲ အသင်းလိုက် စုစည်းမှုနဲ့ တည်ဆောက်သွားမယ်လို့ ပြောခဲ့တာပါ။ 

တူချယ်လ်ရဲ့ ဒီပြောစကားကြောင့် ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ အပါအဝင် သူ့ရဲ့လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။ 

အင်္ဂလန်အသင်းသားတွေကို တွေ့ရစဉ် 

အဲဒါကြောင့် လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေဟာ လာမယ့် ကလပ်အသင်းပွဲတွေမှာ သူတို့ပြသနေတဲ့ စွမ်းဆောင်ရည်ပုံစံထက် ပိုပြီးကောင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။ 

ဒါမှလည်း အင်္ဂလန်ရဲ့ နောက်လာမယ့် ပွဲတွေအတွက် လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိလာမှာ ဖြစ်ပါ တယ်။ 

နည်းပြတူချယ်လ်ဟာ အင်္ဂလန်ကစားသမားတွေနဲ့ ၃ ကြိမ် စခန်းသွင်းပြီး အလုပ်တွဲလုပ်ထားသလို ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ နောက်ထပ် ၂ ကြိမ်သာ စခန်းသွင်း လေ့ကျင့်နိုင်တော့မှာပါ။ 

တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားပြီး အသင်း လိုက် စုစည်းမှုနဲ့ အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ဖို့ လိုအပ်တယ်လို့ ပြောထား ပါတယ်။ 

အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာထဲမှာ နိုင်ငံတကာပွဲစဉ်တွေ ထပ်ကစားဖို့ရှိနေပြီး ဒီပွဲတွေအတွက် လူစာရင်းမှာ ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ မရွေးချယ်ခံရရင် သူတို့တွေရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ မျှော်လင့်ချက် အဆုံးသတ်သွားပြီလို့ ပြောရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပါလက်စတိုင်းအလံနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထရမ့်၏ ဂါဇာအစီအစဉ်က စိတ်ကူးယဉ်မှု တစ်ခုလား

By CNI
CNI
Category: ဆောင်းပါး
Hits: 673

CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၁ ချက်ပါ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ ပြန်လွှတ်ပေး ရေးနှင့် ပါလက်စတိုင်းနိုင်ငံ ဖော်ဆောင်ရေး အလားအလာတို့ကို ထည့်သွင်းရေးဆွဲခဲ့သည်။

ထရမ့်သည် အိမ်ဖြူတော်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)  နှင့်အတူ ရပ်ပြီး "စစ်ပွဲ အဆုံးသတ်ရန် အလွန်နီးကပ်နေပြီ" ဟု ကြွေးကြော်ခဲ့ပြီး ထိုစစ်ပွဲ အဆုံးသတ်သည့်နေ့သည် "ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့" ဟု ကြေညာခဲ့သည်။

ယခင် အမေရိကန်သမ္မတများ လက်ထက်ကလည်း အရှေ့အလယ်ပိုင်း အရေးနှင့်ပတ်သက်ပြီး Oslo Accords ၊ the Road Map နှင့် the Annapolis Conference ကဲ့သို့ ညီလာခံများ၊ သဘောတူညီမှုများ ရှိခဲ့ဖူးပြီး ထရမ့်၏ ပထမ သက်တမ်းတွင်လည်း ၎င်း၏ ကိုယ်ပိုင် အစီအစဉ်ဖြစ်သည့် Deal of the Century ငြိမ်းချမ်းရေး အစီအစဉ် ရှိခဲ့ဖူးသည်။

အချိန်တိုင်းမှာပင် အမေရိကန်သမ္မတများက ချော့တစ်ချီ၊ ခြောက်တစ်လှည့် နည်းဗျူဟာသည် မှန်ကန်သည့် ရွေးချယ်မှုဟု ယူဆခဲ့ကြသည်။

အမေရိကန်သမ္မတ တစ်ဦး၏ ဩဇာတိက္ကမနှင့် ဒေသတွင်း မဟာမိတ်အင်အား လုံလောက်မှုတို့ကို ထိုနည်းဗျူဟာ နှင့် ပေါင်းစပ်ပြီး နယ်နိမိတ်နှင့် အမျိုးသားရေး ပဋိပက္ခတို့ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားကြသည်။

ထရမ့်သည် ၎င်း၏ အစီအစဉ်ကို ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့မှ ခေါင်းဆောင်များအား တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမေရိကန်၏ စိတ်ကူးယဉ်ဆန်မှုကို ထင်ဟပ်စေခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးနေတဲ့ ဂါဇာဒေသကို တွေ့ရစဉ်

အမေရိကန်၏ စိတ်ကူးယဉ်ဆန်သည့် အချက်မှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အာရပ်၊ မွတ်ဆလင်နိုင်ငံများကြား သဘောထားချင်း တူညီမှုရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။ 

သို့သော် လက်တွေ့မှာ ပိုမိုရှုပ်ထွေးနေသည်။

ထိုဒေသတွင်း နိုင်ငံများတွင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများရှိပြီး အမေရိကန်၏ ရည်မှန်းချက်များအတိုင်း အလိုက်သင့် လိုက်ပါဖွယ်မရှိပေ။

ပင်လယ်ကွေ့နိုင်ငံများက အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည် ထူထောင်လိုကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် သတ်မှတ်ချက်များ၊ အချိန်ဇယားများအတိုင်းသာ ဆက်ဆံရေး ထူထောင်ချင်ကြသည်။

တူရကီသမ္မတ အာဒိုဂန် (Erdogan) သည် ပြည်တွင်းနိုင်ငံရေး ထောက်ခံမှု ရရှိရန်အတွက် ပါလက်စတိုင်း အရေးတွင် ၎င်း၏ ခိုင်မာအားကောင်းသည့် ခေါင်းဆောင်မှုကဏ္ဍကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည်။

အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဒေသများ တည်ငြိမ်ရေးကို လိုလားသော်လည်း ဂါဇာဒေသ အုပ်ချုပ်ရေး စနစ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့ကြသည်။

ဂါဇာဒေသ အုပ်ချုပ်ရေး အစီအစဉ်သည် ထရမ့်၏ အဆိုပြုချက်ထဲတွင် ပါဝင်သည်။ ထိုအစီအစဉ်ကို ဟားမာ့စ် အုပ်ချုပ်မှုအလွန် ဂါဇာဒေသဟုလည်း ခေါ်သည်။

 အမေရိကန်သမ္မတတွေဖြစ်တဲ့ ဘိုင်ဒန်၊ ထရမ့်နဲ့ နေတန်ယာဟုကို တွေ့ရစဉ် 

သို့သော် ထိုအစီအစဉ်သည် ဂါဇာတွင် ဟားမာ့စ်အဖွဲ့သည် စစ်ရေးအရ ရှုံးနိမ့်ပြီး  နိုင်ငံရေးအရ ခေါင်းမထောင် နိုင်တော့သည့် အခြေအနေမှသာ ဖြစ်လာနိုင်သည်။

အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး အရှိန်မြှင့်ခဲ့ပြီးနောက် ၁ နှစ်နီးပါး ကြာမြင့်ခဲ့သည့်တိုင် ဟားမာ့စ်အဖွဲ့သည် ဂါဇာ ဒေသ၏ အသိုင်းအဝိုင်းအတွင်း အမှတ်တံဆိပ် တစ်ခုအဖြစ် စွဲထင် ကျန်ရစ်နေဆဲဖြစ်ပြီး စစ်ရေးစွမ်းဆောင် ရမည်ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ခေါင်းဆောင်မှု ဖွဲ့စည်းပုံမှာ လျော့ရဲနေသော်လည်း ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်တွင် ယူဆ ထားသကဲ့သို့ ဟားမာ့စ်တို့၏ အတွေးအခေါ်နှင့် တော်လှန်ရေး ကွန်ရက်များ ပျောက်ကွယ် သွားလိမ့်မည် မဟုတ် ပေ။

နောက်ထပ် တစ်ချက်မှာ ဂါဇာတွင် ဟားမာ့စ်တို့ ဖယ်ရှားခံခဲ့ရမည်ဆိုပါက ၎င်းတို့နေရာတွင် မည်သူကို အစားထိုး မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

ဟားမာ့စ်နှင့် စင်ပြိုင်ဖြစ်သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestinian Authority) သည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကိုသာ လွှမ်းမိုးထားပြီး ဂါဇာဒေသခံများကိုမူ လွှမ်းမိုးနိုင်ခြင်းမရှိပေ။

သို့မဟုတ်ပါက မည်သည့်နိုင်ငံကမှ စေလွှတ်လိုခြင်း မရှိသည့် နိုင်ငံတကာတပ်ဖွဲ့ကို ဂါဇာတွင် ဖြန့်ကြက်ချထား မည်လော။ ထိုတပ်ဖွဲ့များကိုရော အာရပ်နိုင်ငံများက ခွင့်ပြုမည်လော၊ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ် နေဆဲဖြစ်သည်။

ထရမ့်၏ အစီအစဉ်ထဲတွင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပါရှိသော်လည်း အသေးစိတ် အချက်အလက်များ မပါရှိပေ။ ထို့ကြောင့် ထိုအစီအစဉ်သည် နှောင့်နှေးကြန့်ကြာနိုင်သည်။

လက်ရှိ အစ္စရေးအစိုးရကမူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဘဲ ပြင်းထန်စွာ ကန့်ကွက် နေသည်။

တစ်ချိန်က နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အိုင်ဒီယာသည် ရေပန်းစားခဲ့သော်လည်း လက်ရှိတွင် မြေပြင်မှ အရှိတရားများနှင့် ဝေးကွာနေဆဲဖြစ်သည်။

အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေး၏ လူနေရပ်ကွက် တိုးချဲ့မှုများက ပါလက်စတိုင်း ခေါင်းဆောင်များကို သဘောထား ကွဲလွဲစေခဲ့ကာ နှစ်ဖက်စလုံး၌ အစွန်းရောက်မှုများကို မြင့်တက်စေခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်၏ အစီအစဉ်ကို ထောက်ခံနေခြင်းမှာ စိုးရိမ်စရာ ကောင်းလှသည်။

ဂါဇာမြေပုံနဲ့ ‌ဒေါ်နယ်ထရမ့်၊ နေတန်ယာဟုကို တွေ့ရစဉ်

နေတန်ယာဟုသည် ၎င်း၏ နိုင်ငံရေးသမား သက်တမ်းတစ်လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် ခဲ့သော်လည်း အပြောင်းအလဲ အနည်းငယ်သာ ဆောင်ကြဉ်းနိုင်ခဲ့သည်။

ထို့ကြောင့် သူသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အလားအလာနှင့်ပတ်သက်သည့် ထရမ့်၏ အစီအစဉ်သည် အကောင်အထည် ပေါ်လာနိုင်ခြင်း မရှိကြောင်း ယူဆပြီး ဟန်ပြ ထောက်ခံနေခြင်းလည်း ဖြစ်နိုင်သည်။

ထရမ့်၏ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် သဘောထားမှာ စီးပွားရေး သမားတစ်ဦး၏ ရှုထောင့်ကို ပေါ်လွင်စေခဲ့ သည်။

မှန်ကန်သင့်တော်သူ တစ်ယောက်ကို မှန်ကန်သည့် ကမ်းလှမ်းမှုများ ပေးနိုင်မည်ဆိုပါက မည်သည့် ပြဿနာကို မဆို ဖြေရှင်းနိုင်လိမ့်မည်ဟု ထရမ့်က ယူဆထားသည်။

သို့သော် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် စီးပွားရေး သဘောတူညီချက်တစ်ခု မဟုတ်ပေ။ 

မြေယာ၊ အထောက်အထား၊ လုံခြုံရေးနှင့် အမျိုးသားရေး အခွင့်အရေးတို့အတွက် ကာလကြာရှည်စွာ ရုန်းကန် နေရသည့် ပြသနာတစ်ခုဖြစ်သည်။

ထို့ကြောင့် သေချာပေါက်နီးပါး ကျရှုံးမည့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ဖန်တီးခြင်းဖြင့် ထရမ့်၏ အစီအစဉ် သည် အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

အောင်မြင်မှု မရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အယုံအကြည် ကင်းမဲ့မှုကို မြင့်တက်စေပြီး သဘောထား တင်းမာသူများကို အားကောင်းစေကာ အနာဂတ် သံခင်းတမန်ခင်း ဆက်ဆံရေးကို ပိုမိုခက်ခဲစေလိမ့်မည် ဖြစ် သည်။

ဂါဇာစစ်ပွဲသည် ကြီးမားသောဒုက္ခများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို အရေးပေါ် လိုအပ်နေ ချိန်တွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် လက်တွေ့ကျသင့်သည်။

အမေရိကန်၏ အစီအစဉ်တစ်ခုတည်းက ပဋိပက္ခကို ချက်ချင်း အဖြေရှာ နိုင်လိမ့်မယ်ဆိုသည့် ယုံကြည်ချက်မျိုးကို တစ်ဖက်သတ် ဆွဲကိုင်ထားနိုင်မည်မဟုတ်ပေ။

ထရမ့်ကတော့ ဂါဇာစစ်ပွဲ ပြီးကာနီးပြီဟု ပြောဆိုနေသည်။ သို့သော် သူသည် ယခင်ကလည်း ထိုစကားမျိုးကို မကြာခဏ ပြောဆိုခဲ့ဖူးသည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် အတိတ်ကာလမှ ကျရှုံးမှုများကို သင်ခန်းစာယူပြီး ရိုးရှင်းသော ရည်မှန်းချက်များ မချမှတ်ပါက စိတ်ပျက်စရာ ရလဒ်များနှင့်အတူ သံသရာ လည်နေဦးမည်ဖြစ်ပေသည်။

Source: Asia Times

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေကို တွေ့ရစဉ်

နည်းပြတွေထုတ်ဖို့ ယူနိုက်တက် ဘယ်လောက် သုံးစွဲထားလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 637

CNI Sport Article 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲ အများအပြား ပြုလုပ်ထားပေမယ့် အခုအချိန်ထိ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာမိုရင်လည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရပြီး အသင်းအနေနဲ့ သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မတိုင်မီ ထုတ်ပယ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်း ပေးချေရမှာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ဒီကာလမတိုင်မီ ထုတ်ပယ်ခဲ့ရင် နည်းပြတွေ ထုတ်ပယ်ဖို့ သုံးစွဲခဲ့တဲ့ စာရင်းထဲ ဒီပမာဏကိုထည့်ပြီး ပေါင်းထည့်ရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ဒီရာသီမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးပမ်းနေရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို အသင်းထံ ခေါ်ဆောင်ဖို့ ပေါင် ၁၁ သန်း ပေးခဲ့ရပြီး ထုတ်ပယ်ခဲ့ရင် ဒီထက်ပိုတဲ့ ပမာဏကို ပေးချေရမှာ ဖြစ်ပါတယ်။ 

အာမိုရင်ဟာ ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်အသင်းရဲ့ ၆ ဦးမြောက် အမြဲတမ်း နည်းပြဖြစ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ထွက်ခွာအပြီးမှာ သူ့ရဲ့နေရာ ဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို ၆ နှစ် စာချုပ် ချုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၁၀ လအကြာမှာ ထုတ်ပယ်ခဲ့ပြီး သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို လျော်ကြေးအဖြစ် ပေါင် ၅.၂ သန်းပေးခဲ့ရပါတယ်။

ဒါက ယူနိုက်တက်အသင်းရဲ့ မျက်မှောက်ခေတ် နည်းပြ ထုတ်ပယ်မှုတွေမှာ အသက်သာဆုံး ပေးခဲ့ရတဲ့ ပမာဏလို့ ပြောရမှာပါ။

ယူနိုက်တက်အသင်းဟာ မိုယက်စ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဗန်ဟားလ်ကို ၂ ရာသီကြာ ကိုင်တွယ်စေခဲ့ကာ FA ဖလားရရှိပြီးနောက် ၂ ရက်အကြာမှာ ထုတ်ပယ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဗန်ဟားလ်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ထုတ်ပယ်ကြေးအဖြစ် ပေါင် ၈.၄ သန်းပေး ခဲ့ရတာပါ။ 

ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေနဲ့ ပေးချေရတဲ့ငွေကို တွေ့ရစဉ်

မန်ချက်စတာကလပ်ဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ မော်ရင်ဟိုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ပယ်ခဲ့ပြီး ပေါင် ၁၉.၆ သန်း ပေးခဲ့ရပါတယ်။

ဒါက ယူနိုက်တက်အသင်း သမိုင်းမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တဲ့အတွက် အကြီးမားဆုံး ပေးချေခဲ့ရတဲ့ ပမာဏဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့ နေရာမှာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။ 

ဒါပေမယ့် ဆိုးလ်ရှားလည်း အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ ထုတ်ပယ်ခံရပြီး ပေါင် ၉.၁ သန်း ပေးချေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ရာသီကုန်မှာတော့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ FA ဖလား ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ရာသီ အစ ပိုင်းမှာ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရတာပါ။

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်

ရက်ဂ်နစ်နဲ့လမ်းခွဲခဲ့မှုအတွက် ပေးခဲ့ရတဲ့ လျော်ကြေးကို ရှင်းရှင်းလင်းလင်း မသိခဲ့ရဘဲ သူဟာ ယာယီနည်းပြအဖြစ် ကိုင်တွယ်အပြီးမှာ အသင်းရဲ့ အတိုင်ပင်ခံ ရာထူးအတွက် ၂ နှစ် တာဝန်ယူဖို့ ရှိခဲ့ပါတယ်။

ရက်ဂ်နစ်ဟာ ဒီတာဝန်ကို မယူဘဲ ထွက်ခွာခဲ့ပေမယ့် သူ့ရဲ့ထွက်ခွာမှုအတွက် ယူနိုက်တက်အသင်းဟာ ပေါင် ၁၄.၇ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တာက အခြားအသင်းတွေ ထက်စာရင် နည်းပါးနေသေးတာပါ။

ချယ်လ်ဆီးအသင်း အပါအဝင် အသင်း အများအပြားဟာ ၂၀၀၃ ခုနှစ်ကတည်းက သူတို့ရဲ့နည်းပြတွေကို အပြောင်းအလဲပြုလုပ်ဖို့ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ 

Source: Thesun

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အယ်ရှာရားကို တွေ့ရစဉ်

အကြမ်းဖက်သမားအဖြစ်မှ ကုလမြင့်ပေါ်က အယ်ရှာရား

By CNI
CNI
Category: ဆောင်းပါး
Hits: 715

CNI International Article

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇

လွန်ခဲ့သည့် နှစ်များအတွင်း အဘူ မိုဟာမက် အယ် ဂျိုလာနီ (Abu Mohammed al-Jolani) ဟု လူသိများခဲ့သည့် အာမက် အယ်ရှာရား (Ahmed al-Sharaa) သည် အမေရိကန်မြေပေါ်သို့ ခြေချခဲ့မည်ဆိုပါက ချက်ချင်းဖမ်းဆီး ခံရလိမ့်မည်ဖြစ်သည်။

အမေရိကန်ကလည်း ဆီးရီးယား၏ အယ်နျူဆရာ တပ်ဦး (al-Nusra Front) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဟောင်း ဖြစ်သည့် ရှာရားကို အရပ်သားများအား ပစ်မှတ်ထားမှု၊ ဆီးရီးယား နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ပြုလုပ်မှုအတွက် ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးထုတ်ခဲ့ဖူးသည်။

သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီးရီးယားအာဏာရှင် ဘာရှာအာဆတ် (Bashar al-Assad) ၏ အစိုးရ အဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် အာဏာရလာခဲ့သည့် ရှာရားသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆီးရီးယားသမ္မတအဖြစ် ရောက်ရှိလာခဲ့သည်။

ထို့ပြင် သူသည် နယူးယောက်တွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆီးရီးယားသမ္မတအဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။

သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားသည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

"ကျနော်တို့ဟာ နှစ်ပေါင်းများစွာကြာ တရားမမျှတမှု၊ ဆင်းရဲချို့တဲ့မှုနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို အရောင်တင်ပြီး နိုးထလာနိုင်ခခဲ့ပါပြီ" ဟု မီးခိုးရာင် အနောက်တိုင်းဝတ်စုံနှင့် နီညိုရောင် လည်စည်းကို ဝတ်ဆင်ထားသည့် ရှာရားက ပြောကြားခဲ့သည်။

ရှာရားသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် လာခဲ့သော်လည်း ၎င်း၏ အတိတ်ကာလက လက်နက်ကိုင် လှုပ်ရှားမှုများကြောင့် ၎င်းကိုယ်ကိုယ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ် ပုံဖော်ရာတွင် စိန်ခေါ်မှုများ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အကြမ်းဖက်သမားအဖြစ်မှ ဆီးရီးယားသမ္မတ ဖြစ်လာတဲ့ အယ်ရှာရားကို တွေ့ရစဉ်

ဆီးရီးယားတွင် ဂိုဏ်းဂဏ ကွဲပြားမှုကြောင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ကမ္ဘာက မစိုးရိမ်ရန် အာမခံချက် ပေးနေရပြီး တစ်ချိန်တည်းမှာပင် အမေရိကန်၊ အစ္စရေးတို့နှင့် ထိလွယ်ရှလွယ်ရှိသည့် အကြောင်းအရာများအား ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။

ပြည်တွင်းတွင်လည်း ၎င်းအပေါ် လူထု၏ ထောက်ခံမှုကို ဆက်လက်ရရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။

အမေရိကန်သို့ ရှာရား ရောက်ရှိလာမှုသည် ပုံမှန်ထက် ထူးကဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ရှာရားသည် မန်ဟက်တန် (Manhattan) မြို့လယ်ခေါင်ရှိ သီးသန့်ကလပ်တစ်ခုကို တက်ရောက်ခဲ့သည်။ 

ထိုကလပ်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များ၊ သတင်းထောက်များနှင့် ပြည့်နှက်နေသည်။

ရှာရားသည် ထိုကလပ်တွင် အရှေ့အလယ်ပိုင်း အင်စတီကျု (Middle East Institute) ၏ ဧည့်ခံမှုဖြင့် မီးလင်းဖို ရှေ့တွင်ထိုင်ကာ ဂျီဟတ်တစ်ဦးအဖြစ်မှ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိလာခဲ့သည့် ၎င်း၏ ရှည်လျား သည့် ဘဝခရီးစဉ်ကို ပြောပြခဲ့သည်။

ဂျီဟတ်အဖြစ်မှ နိုင်ငံရေးသမားဘဝသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သဖြင့် ၎င်းအပေါ် သံသယဝင်နေမှုများကို အပြုသဘောဆောင်စွာ တုံ့ပြန်ဖြေရှင်းခဲ့သည်။

အယ်ကေဒါ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည့် ရှာရားက ၎င်း၏ အတိတ်ကာလက လှုပ်ရှားမှုများကို ကြည့်ပြီး လက်ရှိ လုပ်ဆောင်မှုများကို အကဲဖြတ်ခြင်းမပြုရန် ပြောကြားခဲ့သည်။

"လမ်းပေါ်မှာ ကလေးတစ်ယောက် သတ်ဖြတ်ခံရတာကို မြင်တဲ့လူတိုင်းက တော်လှန်ရေး လုပ်ပါလိမ့်မယ်။ ဖိအားတွေကြောင့် လူတွေဟာ ရသမျှနည်းလမ်းအားလုံးနဲ့ အသုံးပြုကြပါလိမ့်မယ်" ဟု ရှာရားက ပြောကြားခဲ့ သည်။

ကုလအထွေထွေညီလာခံမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အယ်ရှာရားကိုတွေ့ရစဉ်

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းမပြောမီ တစ်ရက်အလိုက ရှာရားသည် စီအိုင်အေ ညွှန်ကြားရေးမှူး ဟောင်းဖြစ်ပြီး အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်သည့် ဒေးဗစ် ပီးထရော့စ် (David Petraeus) မျက်နှာ ချင်းဆိုင် တွေ့ဆုံခဲ့သည်။

စိတ်ဝင်စားဖို့ ကောင်းသည့်အချက်မှာ ပီးထရော့စ်သည် အီရတ်ရှိ နိုင်ငံတကာတပ်ဖွဲ့များကို ဦးဆောင်ခဲ့ရချိန်က ရှာရားနှင့်အတူ အယ်ကေဒါအဖွဲ့ဝင်များကို ဖမ်းဆီး အကျဉ်းချခဲ့ဖူးသူဖြစ်သည်။

ထို့ကြောင့် ရှာရားသည် တစ်ချိန်က ၎င်းအား ဖမ်းဆီးခဲ့ဖူးသည့် အမေရိကန် စစ်ဗိုလ်ချုပ်ကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောဆိုနိုင်ခဲ့သည်။

"တစ်ချိန်တုန်းကတော့ ကျနော်တို့ဟာ တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ အခုတော့ ဆွေးနွေး ညှိနှိုင်းနိုင်ပြီဆိုတော့ ကောင်းတာပေါ့။ စစ်ပွဲကို ဆင်နွှဲခဲ့ဖူးသူတွေကပဲ ငြိမ်းချမ်းရေးရဲ့ အရေးကြီးပုံကို ပိုသိကြပါလိမ့်မယ်" ဟု ရှာရားက တစ်ချိန်က ၎င်း၏ ရန်သူဖြစ်ခဲ့သည့် ပီးထရော့စ်ကို ပြုံးရွှင်စွာဖြင့် စကားပြောဆိုခဲ့သည်။

ဆီးရီးယားတွင် ရှာရား၏ ခေါင်းဆောင်မှု ကဏ္ဍနှင့်ပတ်သက်ပြီး အမေရိကန်၌ အခြား အစီအစဉ်များ မရှိကြောင်း၊ ရှာရားသည် ဆိးရီးယားပြည်တွင်းစစ်ကို ဟန့်တားနိုင်သည့် အခွင့်အရေး တစ်ခုဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဂိုဏ်းဂဏ ကွဲပြားမှုများကို နှိမ်နင်းမှု၊ အစ္စရေးအပေါ် ထားရှိသည့် မူဝါဒနှင့် ပြည်တွင်းလုံခြုံရေး ကိစ္စတို့နှင့်ပတ်သက်ပြီး ရှာရားသည် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့သည်။

"သူ (ရှာရား) က လက်နက်ကိုင် တစ်ဦးမဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်တယ်ဆိုတာကို သက်သေ ပြဖို့အတွက် စိန်ခေါ်တွေ အများကြီးကို ဖြတ်ကျော်နေရပါတယ်။ အရာအားလုံးကို ဂရုတစိုက်နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်သွားရပါလိမ့်မယ်" ဟု ရှာရားနှင့် တွေ့ဆုံခဲ့သည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပီးထရော့စ်ကလည်း Hay’at Tahrir al-Sham လက်နက်ကိုင် သူပုန်အဖွဲ့ ခေါင်းဆောင်ဟောင်းဖြစ်သည့် ရှာရားကို ပုဂ္ဂိလ်ရေးဆန်သည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်။

အမေရိကန်သည် ရှာရား၏ Hay’at Tahrir al-Sham လက်နက်ကိုင်အဖွဲ့ကို ဇူလိုင်လကမှ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

 အယ်ရှာရား အင်တာဗျူးဖြေနေစဉ်

"ခင်ဗျားအနေနဲ့ ဒီဖိအားတွေကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းခဲ့ရတာလဲ။ တစ်ခုခုလုပ်ဖို့အတွက် စဉ်းစားဖို့ အချိန် ရောရရဲ့လား။ ညဘက်တွေရော ကောင်းကောင်းအိပ်ပျော်ရဲ့လား။ ကျနော် ဆီးရီးယားကို ရောက်ဖူးပါတယ်။ ခင်ဗျားကို ထောက်ခံသူတွေ အများကြီးရှိပါတယ်။ ကျနော်လည်း အပါအဝင်ပါပဲ။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ် မိပါတယ်" ဟု ပီးထရော့စ်က ပြောကြားခဲ့သည်။

ရှာရား၏ မိန့်ခွန်းများအတွင်း အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် အခွင့်အလမ်းရှိကြောင်း၊ သို့သော် ဆီးရီးယားသည် အစ္စရေး၏ နိုင်ငံခြားရေးမူဝါဒကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆီးရီးယားပြည်သူများက အစ္စရေးကို ဒေါသထွက်နေသဖြင့် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မည့် အစီအစဉ်သည် နှောင့်နှေးကြန့်ကြာ ခဲ့ရကြောင်း ရှာရားက ပြောကြားခဲ့သည်။

နယူးယောက်သို့ ရောက်ရှိလာသည့် ရှာရား၏ အဓိက ရည်မှန်းချက်များထဲတွင် ဆီးရီးယားအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများကို ရုပ်သိမ်းရေးလည်း ပါဝင်သည်။

ထရမ့်သည် ဇွန်လက ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးခဲ့သော်လည်း ၂၀၁၉ ခုနှစ်က Caesar Syria Civilian Protection အက်ဥပဒေအရ အခြားပိတ်ဆို့မှုများကို ထပ်မံရုပ်သိမ်းပေးရန် လွှတ်တော်၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။

ရှာရားသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) အစည်းအဝေး မပြုလုပ်မီ သတင်း ထောက်များနှင့် တွေ့ဆုံချိန်တွင် ဆီးရီးယားအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် ရူဘီယို၏ အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။

"ဆီးရီးယားပြည်သူတွေဟာ ပိတ်ဆို့မှုတွေကြောင့် ထပ်ပြီး အသက်တွေ မဆုံးရှုံးသင့်တော့ပါဘူး။ ဆီးရီးယား ပြည်သူတွေက အလုပ်လုပ် ချင်ကြပါတယ်။ ပိတ်ဆို့မှုတွေသာ ဖယ်ရှားပေးလိုက်ပါ။ အဲဒါဆိုရင် သူတို့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး" ဟု ရှာရားက ပြောကြားခဲ့သည်။

Source: The Guardian

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စ‌ရေးအလံနဲ့ ကမ္ဘာ့ဖလားကို တွေ့ရစဉ်

အစ္စရေးကို ကမ္ဘာ့ဖလားပိတ်ပင်မှု ထရမ့် ရပ်တန့်နိုင်မလား

By CNI
CNI
Category: ဆောင်းပါး
Hits: 705

CNI Sport Article 

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးအသင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်မယ့် ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ရပ်တန့်ဖို့ အတွက် ကြားဝင်ရောက်လာဖို့ ရှိနေပါတယ်။ 

အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က စက်တင်ဘာလ အစောပိုင်းက ပြောထားတာပါ။ 

ကုလသမဂ္ဂ အကြီးအကဲအချို့နဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အစ္စရေးနိုင်ငံကို အားကစားဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ 

ကာတာနိုင်ငံကလည်း သူတို့လေကြောင်း တိုက်ခိုက်မှုခံခဲ့ရပြီးနောက် အစ္စရေးနိုင်ငံနဲ့ ကလပ်အသင်းတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဥရောပကလပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် တို့ကို တောင်းဆိုမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်နိုင်ငံ ပြည်နယ်ဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ "အစ္စရေးနိုင်ငံ ဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့ အရာမှန်သမျှကို အပြည့်အဝ ရပ်တန့်ဖို့ သူတို့လုပ်ဆောင်သွား မယ်"လို့ BBC Sport ကို ပြောခဲ့တာပါ။ 

ဖီဖာဟာ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို တုံ့ပြန်မှု မရှိသေးပေမယ့် လာမယ့် အပတ်ထဲမှာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းထားတဲ့ ဖီဖာ အကြီးအကဲ အင်ဖန်တီနိုအတွက်တော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနိုင်ဖွယ်ရှိနေတာပါ။ 

အင်ဖန်တီနိုက ပဋိပက္ခတွေထဲမှာ ပါဝင်နေတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူဖို့ ခက်ခဲပေမယ့် ဂါဇာမှာ ဖြစ်နေတဲ့ အရာတွေကို မြင်တွေ့ရတာဟာ သူ့ကို အလွန်ခံစားစေတယ်လို့ ဒီရက်သတ္တပတ်ထဲ နယူးယော့ခ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။

အစ္စရေးအသင်း ယှဉ်ပြိုင်နေစဉ်

အင်ဖန်တီနိုဟာ ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံက လက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်တာပါ။ 

အစ္စရေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ 

အစ္စရေးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ် ရရှိထားကာ လာမယ့် အောက်တိုဘာ မှာ နော်ဝေ၊ အီတလီအသင်းတို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ရမှာပါ။ 

အစ္စရေးအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အီတလီအသင်းနဲ့ ရမှတ်တူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ 

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(ဥရောပဇုန်)မှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းတွေဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး ဒုတိယရပ်တည်တဲ့ အသင်းတွေဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

ဥရောပဘောလုံးနိုင်ငံတွေဟာ အစ္စရေးကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ချင်တဲ့ သူတို့ရဲ့ ဆန္ဒတွေဟာ ပိုပြီးကြီးထွားလာနေကြပါတယ်။ 

အစ္စရေးအနေနဲ့ ခြေစစ်ပွဲ မအောင်မြင်ဘူးဆိုရင်လည်း လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဥရောပကလပ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်စေချင်နေပါတယ်။ 

အဲဒါကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က အစ္စရေးကို သူတို့နဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ချနိုင်မလား ဒါမှမဟုတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ရောက်မှုကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မလားဆိုတာ မကြာမီ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗင်နီဇွဲလားသမ္မတ မာဒူရို၊ တရုတ်သမ္မတရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို တွေ့ရစဉ်

ထရမ့်၏ ဗင်နီဇွဲလား စွန့်စားခန်းနှင့် တရုတ်၏ အခန်းကဏ္ဍ

By CNI
CNI
Category: ဆောင်းပါး
Hits: 868

CNI Article

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က အမေရိကန်ရေတပ်၏ ဖျက်သင်္ဘောတစ်စီးသည် ကာရစ်ဘီယံတောင်ပိုင်းတွင် သင်္ဘောတစ်စီးကို ပစ်ခတ်နှစ်မြှုပ်ခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။

ထိုသင်္ဘောသည် ဗင်နီဇွဲလား၏ Tren de Aragua ဒုစရိုက်ဂိုဏ်းနှင့် ဆက်နွှယ်သည့် မူးယစ်ဆေးဝါးများ တင်ဆောင်လာသော သင်္ဘောဟု အမေရိကန်က ကြေညာခဲ့သည်။

ရက်ပိုင်းအကြာတွင် ဗင်နီဇွဲလား တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန်၏ USS Jason Dunham စစ်သင်္ဘောအနီး၌ သတိပေးသည့် အနေဖြင့် အနီးကပ်ပျံသန်းခဲ့သည်။

အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်ကမူ ထိုလုပ်ဆောင်ချက်ကို ပြင်းထန်သည့် ရန်လိုမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအစိုးရက ကာရစ်ဘီယံရေပြင်တွင် သင်္ဘောတစ်စင်းအား နှစ်မြှုပ်ခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုကို ရှုံ့ချခဲ့ပြီး ထိုတိုက်ခိုက်မှုသည် ဗင်နီဇွဲလားအစိုးရအား အပြောင်းအလဲဖြစ်စေရန် လုပ်ဆောင်သည့် ရှေ့ပြေးနိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗင်နီဇွဲလားအစိုးရသည် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို စစ်စည်းရုံးကာ အမေရိကန်က ကျူးကျော် လာပါက တော်လှန်ရေးအစိုးရအဖြစ် ပြောင်းလဲသွားမည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) က ပြောကြားခဲ့သည်။

ထရမ့် အစိုးရအဖွဲ့ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်သည် ကာကွယ်ရေး သက်သက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ပင်လယ်ရေကြောင်း ကင်းလှည့်မှုမှအစ ပွာတိုရီကိုကျွန်းတွင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ ဖြန့်ကြက်ချထားမှုသည် ကာကွယ်ရေး သက်သက်ဆိုသည့် စကားလုံးထက် အဓိပ္ပာယ်များစွာ ပိုမိုသက်ရောက် နေသည်။

အထူးသဖြင့် အမေရိကန်သည် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုအဖြစ် ပြောင်းလဲနေပြီး လက်တင်အမေရိကတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိပ်တိုက်တွေ့ရန် အရဲစွန့်လှုပ်ရှား ဖွယ်ရှိသည်။

ဆယ်စုနှစ်များစွာကြာ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိ တပ်ဖွဲ့များအပေါ် မှီခိုအားထားခဲ့သည်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို သရုပ်ဖော်ထားစဉ်

သို့သော် ကာရစ်ဘီယံဒေသတွင် USS Iwo Jima စစ်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်သည့် စစ်သင်္ဘောအုပ်စုကို ဖြန့်ကြက်ချထားမှုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် မဟုတ်ဘဲ အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ရပ်အတွက် ပြင်ဆင်မှုများနှင့် ဆင်တူနေသည်။

အဘယ်ကြောင့်ဆိုသော် ဗင်နီဇွဲလားသည် စွမ်းအင်များ တူးဖော်ပြီး ပြည်ပသို့ ရောင်းချနေရသည့် စီးပွားရေး အင်အားနည်းသော နိုင်ငံမဟုတ်တော့ပေ။

ဗင်နီဇွဲလားသည် ကမ္ဘာ့အနောက်ခြမ်းဒေသတွင် တရုတ်၏ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံများထဲတွင် ပါဝင် လာခဲ့ကာ တရုတ်သည် ၎င်း၏ ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်၌ ဗင်နီဇွဲလားအတွက် ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာဘီလျံနှင့်ချီ ထောက်ပံ့ပေးနေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်သည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်များတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို စစ်ပုံစံ သွင်းခြင်းဖြင့် အမေရိကန်၏ နောက်ကျောဘက်၌ တရုတ်၏ ဩဇာတည်ထောင်မှုကို သည်းခံမည် မဟုတ်ကြောင်း အရိပ်လက္ခဏာ ပြနေခြင်းဖြစ်သည်။

အမေရိကန်ပြည်တွင်းတွင်မူ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအရေး၊ ကြီးလေးသည့် ရာဇဝတ်မှုများနှင့် တန်းတူ သတ်မှတ်ထားသည့် ထရမ့်၏ နိုင်ငံရေး အယူအဆသည် အားကောင်း လာခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် မူးယစ် အကြမ်းဖက် သမားများကို စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနေသည့် အသွင်ဖြင့် ပုံဖော်နေခြင်းဖြစ်သည်။

သို့သော် တရုတ်ကမူ ထိုအခြေအနေကို မတူကွဲပြားစွာ ရှုမြင်ထားသည်။

တရုတ်ကုမ္ပဏီများသည် ဗင်နီဇွဲလား၏ ရေနံ၊ လျှပ်စစ်စွမ်းအင်နှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။

ထို့ကြောင့် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်ရှိ အမေရိကန် စစ်သင်္ဘော အုပ်စုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အကြောင်းပြပြီး တရုတ်၏ ခြေကုပ်ယူမှုကို အားနည်းစေရန် ကြိုးပမ်းဖွယ်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်

အမေရိကန်ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် ရေတပ်သင်္ဘောများဖြင့် ကင်းလှည့်မှုများ ပြုလုပ်ပြီး တရုတ်ကို ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။

ယခုအခါတွင်မူ တရုတ်သည် ဗင်နီဇွဲလားနိုင်ငံကို ခြေကုပ်ယူပြီး အမေရိကန်ကို ပြန်လည်ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု အမေရိကန်အစိုးရက ယူဆနေသည်။

မာဒူရို အတွက်မူ အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုသည် ၎င်းအတွက် အန္တရာယ်များသလို နိုင်ငံရေး အကျိုးအမြတ်လည်း ရရှိနိုင်သည်။

အမေရိကန်က ဖိအားပေးလေလေ၊ မာဒူရိုသည် ၎င်း၏ အာဏာသက်တမ်း ရှည်ရေးအတွက် တရုတ်နှင့် ရုရှား ဘက်သို့ ရောက်ရှိသွားလေလေ ဖြစ်ပေလိမ့်မည်။ 

ထို့ကြောင့် အမေရိကန်၏ မဟာဗျူဟာသည် ဗင်နီဇွဲလားကို တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်သွားစေမည့် အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။

လက်ရှိ အချိန်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို လက်တင်အမေရိကနိုင်ငံများ၏ အစိုးရများက သတိထားနေကြသည်။

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (laudia Sheinbaum) ကမူ တစ်ဖက်သတ် စစ်ရေးအသွင်ဆောင်သည့် လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။

ဘရာဇီးလ်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဆဲလ်ဆို အမ်မိုရင် (Celso Amorim) ကလည်း လက်တင်အမေရိကသည် ပြည်ပ၏ ကြားဝင်စွက်ဖက်မှုများကြောင့် နာကျင်ခံစားခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း အမေရိကန်ကို သတိပေး ခဲ့သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အမေရိကန်၏ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သည့် ကိုလံဘီယာနိုင်ငံကမူ ပဋိပက္ခဖြစ်လာမည့် အရေးကို စိုးရိမ်ကြောင်း လေသံပစ်လာခဲ့သည်။

တရုတ်ကမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။

တရုတ်သည် လွန်ခဲ့သည့် နှစ်များကတည်းက အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို ဆန့်ကျင်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု မက်လုံးများကို အသုံးပြုခဲ့သည်။

အကယ်၍ အမေရိကန်အနေဖြင့် စစ်အင်အားပြ ခြိမ်းခြောက်သည့် နိုင်ငံခြားရေးမူဝါဒကို အရှိန်မြှင့်မည်ဆိုပါက တရုတ်ကလည်း ၎င်း၏ အာဏာအပျော့ကိုသုံးပြီး စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်မည်ဖြစ်သည်။

အမေရိကန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အထူးသဖြင့် ဗင်နီဇွဲလားကို အကြောင်းပြုပြီး တရုတ်နှင့် Proxy War ဆင်နွှဲမည်ဆိုပါက ဒေသတွင်း တည်ငြိမ်မှုကို အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှုမှာ မူးယစ်ဆေးဝါး ဆိုခြင်းထက် ပထဝီနိုင်ငံရေး ပဋိပက္ခ ဖြစ်နိုင်သည် ဆိုသည့်အချက်ကို သတိမပြုမိပါက အမေရိကနိုင်ငံများတွင် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွား စေလိမ့်မည်ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်အတွက် ဆင်ခြေပေးလို့ မရတော့တဲ့နှစ်လား 

By CNI
CNI
Category: ဆောင်းပါး
Hits: 825

CNI Sport Article

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် အပါအဝင် အခြား အကြောင်းအရာတွေကြောင့် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတယ်လို့ ဆင်ခြေပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီက အာဆင်နယ်အသင်းရဲ့ ဒီရာသီလူစာရင်းဟာ အခြား အသင်းတွေထက် အလွန်တောင့်တင်းတာကြောင့် ဒီနှစ်မှာ ဆုဖလားတစ်ခုခု ရယူရမှာဖြစ်ပြီး ဘာဆင်ခြေမှ ပေးလို့ မရတော့ဘူးလို့ ပြောလာခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုပြီး နေရာ တိုင်းမှာ ကစားသမား အင်အားဖြည့်ထားခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ လက်ရှိ လူစာရင်းကို ကြည့်ရရင် တစ်နေရာမှာ ကစားသမား ၂ ဦးဟာ အသင့် အနေအထား ရှိနေပြီး ၂ သင်းစာ လူစာရင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားဖြစ်တဲ့ ဆာကာနဲ့ အိုဒီဂတ် အပါအဝင် ကစားသမားအချို့ ဒဏ်ရာ ကြောင့် အနားယူရတဲ့ အချိန်မှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးမယ့် ကစားသမားမရှိလို့ အခက်တွေ့ခဲ့တယ်ဆိုတာ အားလုံးမြင်တွေ့ခဲ့ရတာပါ။

အွန်နရီကို တွေ့ရစဉ် 

ဒီရာသီအစပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ ဆာကာ၊ အိုဒီဂတ်၊ ဆာလီဘာ၊ ဟာဗတ်ဇ်နဲ့ ဂျီးဆပ်စ်တို့ ဒဏ်ရာ အခြေအနေ ကြုံတွေ့နေရချိန်မှာ အခက်တွေ့နိုင်မလားဆိုပြီး စောင့်ကြည့်မှုတွေ ခံခဲ့ရပါတယ်။ 

ဒါပေမယ့် နွေရာသီမှာ ခေါ်ယူခဲ့တဲ့ မက်ဒူကီ၊ အီဇီ၊ ယိုကီရက်စ်၊ မိုစကွဲယား၊ ဇူဘီမန်ဒီတို့က ဒီနေရာတွေကို အသင့် ဝင်ရောက်ပြီး အာဆင်နယ်အသင်းအတွက် ခြေစွမ်းတွေ ပြသနိုင်ခဲ့ကြတာပါ။ 

ဒါကြောင့် နည်းပြအာတီတာဟာ အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ သူ့အတွက် အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်လို့ ရနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိ အနေအထားဟာ ဆုဖလား တစ်ခုခု ရယူနိုင်ဖို့ အချိန်တန်နေပြီလို့ ပြောရမှာပါ။ 

အမှန်တော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ဆုဖလားတွေရယူဖို့ နီးစပ်ခဲ့ပြီး နောက်ဆုံးမှာ ခြေချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး မနှစ်ကရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်အသင်းရဲ့ ဒီရာသီ ကစားထားတဲ့ ၅ ပွဲကို ကြည့်ရမယ်ဆိုရင် ပွဲတိုင်းအကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး နေရာတိုင်း အမှားအယွင်း နည်းခဲ့တာပါ။ 

ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၄ ပွဲ အနိုင်ရထားပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရေး နိမ့်ထားတဲ့ ၁ ပွဲသာ ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ 

ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၁၁ ဂိုးသွင်းထားပြီး ၁ ဂိုးသာ ပေးဂိုးပေးခဲ့ရတာပါ။ ဒီပေးခဲ့ရတဲ့ ၁ ဂိုးကလည်း လီဗာပူးလ်အသင်း ကွင်းလယ်လူ ဆိုဘို့ဆလိုင်းရဲ့ ဖရီးကစ် ကန်ချက်ကနေ ပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ခံစစ်ကစားပုံ အလွန်ကောင်းမွန်ခဲ့ပြီး သူတို့ကို ပြိုင်ပွဲတွေမှာ ဘယ်အသင်းကမှ ၂ ဂိုး အထက်ပိုပြီး သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ်

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်း ပိုကောင်းမွန်လာသလို တိုက်စစ်ပိုင်းမှာ ယိုကီရက်စ်ကလည်း သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။

လူစားဝင်ပြီး ကစားနေရတဲ့ မာတင်နယ်လီနဲ့ ထရော့ဆာဒ်တို့ကလည်း ပွဲထွက် လူစာရင်းထဲ ဝင်နိုင်ဖို့ ဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတာကြောင့် အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲ အားပြိုင်မှုတွေကလည်း အသင်းကို ပိုပြီးအားကောင်းလာစေမှာပါ။

အာဆင်နယ်အသင်း အနေနဲ့ လက်ရှိ ပြသနေတဲ့ ပုံစံကို ရာသီကုန်အထိ ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူတို့ အတွက် ဆုဖလား တစ်ခုခုဟာ ပြေးလွှတ်မှာ မဟုတ်သလို ဆင်ခြေပေးနေရတာတွေလည်း အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို ဒီရာသီမှာ အဆုံးသတ် သွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 2 of 16

  1. You are here:  
  2. Home
  3. ဆောင်းပါး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar