- By CNI
- Category: နိုင်ငံရေး
- Hits: 1153
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) များ၏ နယ်မြေထိန်းချုပ်မှု ဘယ်လို ဖြစ်ပေါ်နေသလဲဆိုသည့် အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များကြား လေ့လာသုံးသပ်၍ မေးခွန်းထုတ်မှုများ ရှိနေကြသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ် အချို့မှာ EAO အဖွဲ့အစည်း အချင်းချင်းအကြား နယ်မြေအငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ခိုက်ပြီး ရယူထားသည့် နယ်မြေအချို့ကို ပိုင်ဆိုင်သည်ဟု ယူဆနေကြောင်း၊ ခိုင်မာသည့် ဘုံအစိုးရမရှိဘဲ တိုင်းပြည်မှာ ငြိမ်းချမ်းရေး မရရှိနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဲဒါတွေကတော့ ဘယ်တော့မှ ဖက်ဒရယ်စနစ်လုပ်လို့ မရဘူး။ ခိုင်မာသော ဘုံအစိုးရမရှိဘဲနဲ့ တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေးက မရှိနိုင်ဘူးဆိုတာ လက်တွေ့ လက်ညိုးထိုးပြလို့ ရတာပေါ့နော်၊ အဲဒီတော့ ငါလူတွေ အသေခံရ လို့ ဒီနယ်မြေကို ငါရထိုက်တယ်ဆိုတဲ့ TNLA ရဲ့ ယူဆမှုက နမ့်ခမ်းကို သူရယူတယ် အဲဒီလိုပဲ ယူဆတယ်၊ ဒါသိပ် မှားတာပေါ့နော်၊ သိန္ဒီစော်ဘွားကြီး လွတ်လပ်ရေးရပြီးခါစ သတ်မှတ်ပေးတဲ့ကချင် ရှမ်းပြည်မြောက်ပိုင်း ကချင် လူနည်းစု ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဆိုပြီးတော့ တရားဝင် သတ်မှတ်ပေးထားတဲ့ အထဲမှာ နမ့်ခမ်းမပါဘူး။ မူဆယ်နဲ့ နမ့်ခမ်း ပါတယ်၊ ပလောင်မပါဘူး။ ပလောင်ကို အစကတည်းက ပေးမထားဘူး။ သူက ပလောင် တောင်တန်းမှာ နမ့်ဆန်စော်ဘွားကြီးရဲ ကွပ်ကဲမှုအောက်မှာ ပလောင်တောင်တန်းက အစကတည်းက ရှိထားပြီး သား။ မိုးကုတ်၊ ဖောင်းဆိုင် အခုကျနော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကာ/လုံ အဖွဲ့ဝင်ဖြစ်တဲ့ ဦးတီခွန်မြတ်က ဖောင်းဆိုင်စော်ဘွားရဲ့သား သူက ဖောင်းဆိုင်ပြည်သူ့စစ်ခေါင်းဆောင် သူလည်း ကချင်ပဲ၊ အဲဒါကို ကချင်ကနေပြီးတော့ တစ်ခါ MNDAA ကိုးကန့်ကနေပြီးတော့ မောင်းထုတ်တာ ကိုးကန့်က အဲဒီနေရာနဲ့ မဆိုင်ဘူး။ ကိုးကန့်က သံလွင်မြစ်ရဲ့ အရှေ့ဖက်ပဲ ဖြစ်တယ်၊ ဒါမျိုးတွေပေါ့နော်၊ သမိုင်းအစဉ်အလာမရှိဘဲနဲ့ လာလုပ်နေတာ၊ ဒါတွေက အထောက်အထားလည်း မရှိဘူး။ သူတို့ အချင်းချင်းတော့ ကျနော်ထင်တယ်လေ ဒါက ဘာပြသလဲဆို တော့ ဒီလူဒီလူတွေရဲ့ စနစ်က မအောင်မြင်ဘူး။ ခိုင်မာတဲ့ ဘုံအစိုးရတစ်ခု ပြန်ဖြစ်လာမှပဲ အားလုံးက မြန်မာပြည် က အင်္ဂလိပ်လက်အောက်ကနေ ငြိမ်သလို ငြိမ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ကချင်အမျိုးသားတော်လှန်ရေးနေ့ ကျင်းပရန် ပြင်ဆင်နေချိန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ တားဆီးကန့်ကွက်ခဲ့သလို ကွတ်ခိုင်မြို့ရှိ KIA ၏ ဆက်ဆံရေးရုံးကို ဖယ်ရှားခိုင်းသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ထို့အတူ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ KIA ရုံးကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)က ချိတ်ပိတ်သည့် ဖြစ်စဉ်များလည်း ရှိခဲ့သလို ကွတ်ခိုင်မြို့နယ်အတွင်းမှာ MNDAA နှင့် TNLA ကြား နယ်မြေအငြင်း ပွား၍ ပစ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် TNLA ကြား နယ် မြေအငြင်းပွားနေသလို အုပ်ချုပ်ရေးအားပြိုင်လျက်ရှိသည်။
အဆိုပါ နယ်မြေအငြင်းပွားမှု ပြဿနာများမှာ ယခင်ကတည်းက ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဲဒါကတော့ ဖြစ်မှာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် နှစ်ပေါင်း ၆၂ ခုနှစ်ကနေစပြီးတော့ ဒီဖက်မှာ လုံးဝကို တိုင်းရင်းသားတွေကို လှည့်မကြည့်ခဲ့တာလေ၊ မင်းတို့လည်း နေသာသလိုနေ ငါတို့လည်း နေသာသလိုနေ မယ်၊ မင်းတို့ ဘာမှ သိပ်ပြန်မပြောနဲ့ ဒါပဲ၊ ခိုင်းတာလုပ် ပြောတာနားထောင်၊ အဲဒီအဆင့်က တက်မှ မလာတာ။ နှစ်ပေါင်းများစွာ၊ အဲဒီပြဿနာတွေက နည်းတဲ့ပြဿနာတွေ မဟုတ်ဘူးလေ၊ ဒီကြားထဲမှာ ကူမင်တန်ပြဿနာတွေ နောက်တစ်ခါ အမေရိကန် CIA ပြဿနာတွေ၊ နောက်တစ်ခါ တရုတ်ပြန်ကနေ ၈၈ နောက်ပိုင်းမှာ လုံးဝ ဝင်ရောက် လာပြီးတော့ ဗမာပြည်ကို ပြန်ပြီးတော့ သူ့ပိုင်နက်နယ်မြေသဘော ကြိုးစားတဲ့ဟာတွေ အဲဒီဟာတွေ နောက် ဗမာအစိုးရကနေပြီးတော့ စစ်အာဏာရှင်ကနေပြီးတော့ NLD ကို ဝိုင်းတိုက် ချေမှုန်းဖို့အတွက် တိုင်းရင်းသားတွေ ကို မင်းတို့ လုပ်ချင်ရာလုပ်ဆိုပြီး လွတ်ပေးထားပြီးတော့ အဲဒီလိုပဲ သူတို့လည်း ပျော်သလို နေခဲ့တာပဲ၊ နှစ်ပေါင်း များစွာ ပျော်သလိုနေခဲ့တာပဲ၊ အဲဒါတွေ အခုစုပြုံရှင်းဖို့ကတော့ လွယ်တော့ မလွယ်ဘူးထင်တယ်နော်၊ အဲဒီဟာက အခု သေနတ်တွေလည်း ကိုင်ထားပြီဆိုတော့ သေနတ်ကိုင်ထားတဲ့ လူအချင်းချင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် မလေးစားလည်းဘဲ မလေးစားရင် သေမှာပဲလေ အဲဒီတော့ မလေးစားချင်လည်း နေကြပေါ့၊ အဲဒါပဲ ရှိတာပဲ” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP နှင့် TNLA အကြားတွင် သော်လည်းကောင်း၊ SSPP နှင့် MNDAA အကြားတွင် သော်လည်းကောင်း၊ TNLA နှင့် KIA အကြားတွင် သော်လည်းကောင်း၊ KIA နှင့် MNDAA အကြားတွင် သော်လည်း ကောင်း၊ MNDAA နှင့် TNLA အကြားတွင် သော်လည်းကောင်း နယ်မြေအငြင်းပွားမှုများနှင့် အုပ်ချုပ်ရေးအားပြိုင် မှုများ ဖြစ်ပေါ်နေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း မြန်မာ့တပ်မတော်၊ SSPP၊ KIA၊ TNLA၊ MNDAA၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် ပြည်သူ့စစ်များလည်း လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1039
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀
အိန္ဒိယအခြေစိုက် ဇိုမီးတော်လှန်ရေးအစည်းအရုံး/ဇိုမီးတော်လှန်ရေးတပ်မတော်(ZRO/ZRA)နှင့် ချင်းပြည်နယ် အတွင်း ဝင်ရောက်လာသော ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ/ဇိုမီးတော်လှန်ရေးတပ်မ တော်-အရှေ့ပိုင်းတိုင်း(ZPCC/ZRA-Eastern command)တို့သည် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် (၃)နိုင်ငံရှိ ဇိုမီးမျိုးနွယ်စုများကို စုစည်းပြီး ဇိုမီးနိုင်ငံထူထောင်ရေး ရည်မှန်းလုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF)က မေလ ၉ ရက်နေ့တွင် စွပ်စွဲထုတ်ပြန်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ZRO/ZRA သည် အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေသည့် Zomi လူမျိုးစု အမည်ခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ကာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၌ အခြေစိုက်ခဲ့ကြသည်ဟု CNF က ထုတ်ပြန်ခဲ့သည်။
ထို့နောက် အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ZRO/ZRA သည် ၂၀၁၃ ခုနှစ်တွင် ZPCC/ZRA(Eastern Command) နာမည်ဖြင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်လှုပ်ရှားလာခဲ့ကြကြောင်း၊ အိန္ဒိယ နိုင်ငံ၊ မဏိပူရ်ပြည်နယ် အခြေစိုက် ZRO/ZRA ၏ နိုင်ငံရေး ရည်မှန်းချက်သည် ဇိုမီးလူမျိုးစု အမည်ခံပြီး မဏိပူရ် ပြည်နယ်အတွင်း နိုင်ငံရေးအရ တခြားမျိုးနွယ်စုများအပေါ် Paite မျိုးနွယ်စု လွှမ်းမိုးသော မဏိပူရ်ပြည်နယ် အခွင့်အရေးဖြစ်သည်ဟု CNF က စွပ်စွဲခဲ့သည်။
CNF က “ မြန်မာနိုင်ငံအတွင်း ချင်းလဲန်း(ချင်းပြည်နယ်)တွင် လှုပ်ရှားနေသည့် ZPCC/ZRA(Eastern Comman d)၏ နိုင်ငံရေး ရည်မှန်းချက်သည် ချင်းလဲန်းအတွင်း တီးတိန်၊ တွန်းဇံမြို့နယ် နှစ်ခုနှင့် စစ်ကိုင်းတိုင်းရှိ ကလေး- ကဘော်ဒေသတို့ကို စုစည်းပြီး သီးသန့် ဇိုမီးပြည်နယ်ရရှိရေးဖြစ်သည်။ အိန္ဒိယအခြေစိုက် ZRO/ZRA နှင့် ချင်းလဲန်းအတွင်း ဝင်ရောက်လာသော ZPCC/ZRA(Eastern Command)တို့၏ အန္ဓိမနိုင်ငံရေး ရည်မှန်းချက် သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံရှိ ဇိုမီးမျိုးနွယ်စုများကို စုစည်းပြီး ဇိုမီးနိုင်ငံထူထောင်ရေးဖြစ်သည်” ဟု ထုတ်ပြန် စွပ်စွဲခဲ့သည်။

CNF ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ZRO/ZRA(ZPCC/ZRA)သည် အဖွဲ့အစည်းရပ်တည်ရေးအတွက် အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ်အတွင်း က တွန်းဇံမြို့နယ် Phoisat, Suang hoih, Seimei, Mualpi ရွာ သစ်တောကြိုးဝိုင်းတွင် ဒေသအခြေစိုက် မြန်မာ့တပ်မတော်ထံ အခွန်ဆောင်ပြီး ဧကပေါင်းများစွာသော ဘိန်းခင်းပိုင်ဆိုင်ထားသည့်အပြင် ဒေသခံ ပြည်သူများကိုလည်း ဘိန်းစိုက်ပျိုးခွင့်ပြုပြီး အခွန်ကောက်ကြကြောင်း၊ နယ်စပ်ဂိတ်များနှင့် တီးတိန်နှင့် တွန်းဇံ မြို့နယ်အတွင်း မြန်မာ့တပ်မတော်မှ ဆောင်ရွက်နေသည့် တင်ဒါမှလည်း အခွန်ကောက်ခံကြသည်ဟုလည်း CNF က စွပ်စွဲ ထုတ်ပြန်ခဲ့သည်။
CNF နှင့်နီးစပ်သူတစ်ဦးကတော့ ZRA ကို CNF က တိုက်ခိုက်နေခြင်းမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်လိုခြင်းနှင့် အခွန်ကောက်ခံနိုင်ရေးအတွက် ဖြစ်သည်ဟု ပြောသည်။
၎င်းက “အခု CNF က ချင်းပြည်နယ်အတွင်းမှာ လွှမ်းမိုးနိုင်ဖို့ လုပ်နေတာ၊ ZRA ကို သူတို့ သွားတိုက်တာက လည်း တကယ်တော့ ကုန်သွယ်ရေးလမ်းကြောင်း ထိန်းချင်လို့ပါ။ အခုတောင် ချင်းပြည်နယ်မှာ ကုန်စည်တွေ ကို ၂ ရာခိုင်နှုန်းကောက်နေပြီ။ CNF ကို ဟားခါးနဲ့ ထန်ထလန်က လူတွေ ကြိုက်ရင်ကြိုက်လိမ့်မယ်။ ဒါပေမဲ့ တခြားဒေသက ချင်းလူမျိုးတွေက မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် နယ်စပ်က လူတွေက CNF ထက် စကစကိုတောင် ပိုလွှမ်းနေကြတယ်။ စကစ နယ်စပ်ကို ထိန်းထားတုန်းက ဘာပဲဖြစ်ဖြစ် လုပ်ကိုင်စားသောက် လို့ရတယ်။ အခု CNF က နယ်စပ်ဂိတ်ကို တိုက်လိုက်လို့ အိန္ဒိယဘက်ကလည်း ပိတ်လိုက်တော့ ဘာမှလုပ်ကိုင် စားသောက်လို့မရတော့ဘဲ ကုန်စည်တွေ ပျက်ပြီး အခက်အခဲတွေဖြစ်လာတယ်”ဟု ပြောသည်။
လက်ရှိတွင် ZRA နှင့် CNF ကြား တီးတိန်မြို့နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေသလို နယ်စပ်ဂိတ်အနီးမှာ လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

CNF တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့နောက် ချင်းလက်နက်ကိုင် ၆ ဖွဲ့ကလည်း CNF ကို တီးတိန်နှင့် တွန်းဇံမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှု မလုပ်ရန် ပူးတွဲထုတ်ပြန် သတိပေးထားသည်။
CNF ကတော့ ZRA နှင့် တီးတိန်အခြေစိုက် ခလရ ၂၆၈ တို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် (၁) Zogam Charter ရေးဆွဲနိုင်ရေးအတွက် SAC မှ ဦးဆောင်ပေးရမည်၊ (၂) Zomi state တည် ထောင်နိုင်ရေးအတွက် SAC မှ ဦးဆောင်ပေးရမည်၊ (၃) ZRA အား နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသိ အမှတ်ပြုရမည်၊ (၄) ZPCC/ZRA ကို တီးတိန်နှင့် တွန်းဇံတွင် လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရမည်၊(၅) တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ PDF, CDF တို့ကို ZPCC/ZRA က အမြစ်ပြတ် ရှင်းလင်းပြီး ကလေး၊ ကဘော်၊ တမူးရှိ အဖွဲ့အစည်းများကိုလည်း တိုက်ထုတ်ရမည်၊ (၆) ZPCC/ZRA က CDM ပြုလုပ်သူများအား ဖမ်းဆီးရမည်၊ (၇) ZPCC/ZRA က CNF,CDF,PDA တို့ကို ပြည်သူများ အမြင်မှားအောင် ဇာတ်လမ်းအမျိုးမျိုးဆင် နာမည်ဖျက်ပြီး ရန်သူလို သဘောထားတိုက်ခိုက်ရမည် စသည့် အချက်များကို သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန် စွပ်စွဲထား သည်။
ZRA ကတော့ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမရှိသလို တစ်စုံတစ်ရာ သဘောတူညီမှု ရယူထားခြင်း မရှိကြောင်း ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2060
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၉
နစက အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဟု နစကသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ ညတွင် သတင်းထုတ် ပြန် ပြောကြားသွားခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာဟွန်ဆန် တို့ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သော အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ပြန်စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ကျနော်တို့အနေနဲ့ကတော့ ပါတီစုံဒီမိုကရေစီစနစ် အာမခံပြီ ဖြစ်တယ်။ပြီးရင် ကျနော်တို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံ ပြီဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့အနေနဲ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်မှာဖြစ်တယ်။ ဆောင်ရွက်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိတယ်၊ ပြီးရင် ကျနော်တို့အနေနဲ့ Rod Map ပေါ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီဖြစ်တယ်။ ဒီရှေ့လုပ်ငန်းစဉ်တွေအတိုင်း မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့လည်း သံဓိဋ္ဌာန်ချထားပြီဖြစ်တယ်”ဟု ပြောသည်။

ရွေးကောက်ပွဲ မဲစာရင်းစစ်နေကြစဉ်
နစက၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန်ဆိုသော အချက်ပါဝင်သည်။
သို့သော် မည်သည့် အချိန်ကာလတွင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ကိုတော့ နစကဘက်က တိတိကျကျ ပြောကြားထားခြင်း မရှိသေးပေ။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ နိုင်ငံတဝှမ်း လူဦးရေ သန်းခေါင် စာရင်း ကောက်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်၍ပြီးပါက ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
နစကသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း သို့မဟုတ် အရှိန်လျှော့ချ နိုင်ရေး ဆောင်ရွက်ရန် လိုအပ်နေသလို တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိရေး လုပ်ဆောင်ရန် လိုအပ်ပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်၍ အနည်းဆုံး ၂၀၂၅ ခုနှစ်လောက်မှသာလျှင် ကျင်းပနိုင် ခြေရှိသည်ဟု နိုင်ငံရေးပါတီများက သုံးသပ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အာဏာရယူခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အိမ်စောင့်အစိုးရကိုဖွဲ့စည်း၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပသွားရန် ပြင်ဆင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1952
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၈
ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာနိုင်သလား ဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေကြသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၇ ရက် နေ့က အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ထို့အတူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် RCSS၊ KNU၊ KNO၊ KNPP တို့အပြင် NUG တို့ဖြင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်လာနေမှုများကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ တရုတ်အထူးကိုယ်စားလှယ်ကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ ဗမာပြည်ရဲ့ အခြေအနေက တော်တော်ကို ဘေးပတ်ဝန်းကျင်နိုင်ငံတွေ အထူးသဖြင့် အာဆီယံ အသိုင်းအဝိုင်း နိုင်ငံတွေနဲ့ အိမ်နီးနားချင်း နိုင်ငံတွေကနေ အထူးစိုးရိမ်တဲ့ အခြေအနေတွေ ဖြစ်လာတယ်၊ ဒါကြောင့်လည်း တစ်ခါမှ ဒီလောက်ပြင်းထန်တဲ့ စစ်ပွဲတွေ ကျနော်တို့ ၁၉၄၈၊ ၄၉ မှာ တစ်ခါပဲ ရန်ကုန်အစိုးရ ဆိုပြီးတော့ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးကို ထပ်ရောက်တယ်လို့ ကျနော်တို့ မြင်တယ်၊ အဲဒါကြောင့် ပြည်တွင်းစစ် ပြင်းထန်နေတဲ့အချိန်မှာ ဒီလိုပဲ ပတ်ဝန်းကျင်နိုင်ငံတွေကို ဆက်လက်ပြီးမှ သူတို့ဆီကိုလည်း စစ်မီးတွေ ရိုက်ခတ် မှာတို့ စီးပွားရေးအရ ထိခိုက်မှာတို့ ဒါတွေကို ဝိုင်းဝန်းပြီးတော့ စိုးရိမ်ကြတာနဲ့ တူပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးစားလာကြတာတွေ အားထုတ်လာကြတာတွေ ကျနော်တို့ တွေ့ရတယ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့၊ ထိုင်းနိုင်ငံအစိုးရရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြိုးစားမှုတွေကတော့ ချုံပြောရရင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ရောက်နိုင်ဖို့အတွက် ကြိုးစားအား ထုတ်ကြတယ်လို့ မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ ပဋိပက္ခတွေ ပြင်းထန်ပါစေ၊ ဒီကိစ္စတွေ ချုပ်ငြိမ်းဖို့အတွက်က တွေ့ဆုံဆွေးနွေးပြီးတော့မှ စားပွဲဝိုင်းပေါ်မှာ အပြုသဘောနဲ့ ဆွေးနွေးကြမှသာလျှင် ဒီပဋိပက္ခတွေက အဆုံးသတ်နိုင်မယ်လို့ ကျနော်တို့က အဲဒီလို အလေးအနက် ယုံကြည်ပါတယ်၊ ကျနော်တို့က တော့ အခုလို ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတစ်ခုအပေါ်မှာ အခုလက်ရှိ တွေ့ကြံနေရတဲ့ ခံစားချက်တွေကိုလည်း အားလုံးက သိရှိနားလည်ပြီလို့ ကျနော်တို့ ယူဆတယ်၊ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတစ်ခုကတော့ ပေါ်ပေါက်နိုင်ကောင်း ပေါ်ပေါက်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်ခင်ဗျ” ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းအရ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာကာ လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ယခု ၂၀၂၄ ခုနှစ်ကို နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျယ်လာရေး အစပြုခြေလှမ်းကောင်းများ လှမ်းလာနိုင်သည့် နှစ်တစ်နှစ်ဟု မျှော်လင့်ကြောင်း EAO ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် အရာရှိကြီးများကိုတွေ့ရစဉ်
၎င်းက “တွေ့ဆုံဆွေးနွေးမှု အသစ်ကတော့ အမှန်တကယ် လိုအပ်ပါတယ်။ ပေါ်လာနိုင်သလားဆိုတာကတော့ ခုနကလည်း ကျနော်ပြောပြီးပါပြီ၊ ကျနော်တို့ကလည်း ဒီလိုမျိုး ကျနော်တို့နိုင်ငံမှာ မကြုံစဖူး စစ်ဘောင်က ကျယ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က ကျဉ်းမြောင်းတဲ့ကာလ မကြုံစဖူး ကျနော်တို့ နိုင်ငံရေးရော အဖက်ဖက်က ကျနော်တို့ အခက်အခဲ အကျပ်အတည်း ဖြစ်နေတဲ့ကာလမှာ ဖြစ်နိုင်သလား ဆိုတာထက်ပေါ့လေ၊ ဖြစ်လာနိုင်ဖို့အတွက်ကိုတော့ အစပြု ခြေလှမ်းကောင်း လှမ်းလာနိုင်တဲ့ နှစ်တစ်နှစ်လို့ပဲ ကျနော်တို့ အဲဒီလောက်ပဲ မျှော်လင့်ချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
ပြည်တွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက်ရှိနေသည်။
ထိုအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာက ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1795
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၈
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင် ခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲ တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်က ကျင်းပခဲ့ကြသည်။
အဆိုပါ လူထုတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး ခေါင်းဆောင်များမှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် ဗုဒ္ဓဂါယာဆရာတော် ဘဒ္ဒန္တ စန္ဒဝရက သဘာပတိချုပ်အဖြစ် တာဝန်ယူခဲ့ပြီး မဲဆမိတ် ဆရာ တော် ဘဒ္ဒန ္တ စန္ဒမှ အခမ်အနားမှူးအဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် KNU ၏ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မောင်ဧ၊ DKBA မှ ဗိုလ်မှူးကြီး စောကျော်သန်းဋ္ဌေး၊ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုး၊ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်က ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲမှာ ကရင်လက်နက်ကိုင် ခေါင်းဆောင်များကိုတွေ့ရစဉ်
အလားတူ ကြက်တူရွေး ဆရာတော် ဘဒ္ဒန ္တ စန္ဓောဘာသ၊ ဖာပွန်မြို့နယ် ကော့ကရက်ကျောင်းဆရာတော် ဦးတေဇနိယ၊ မြဝတီမြို့ တောင်ကလေးဆရာတော် ဘဒ္ဒန ္တ အဂ္ဂဝံသ၊ ပိုင်ကျုံနှစ်ခြင်းသင်းအုပ် စောစိုးလယ်တို့ လည်း တက်ရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံပွဲသို့ ဘာသာရေးခေါင်းဆောင်များ၊ ဖားအံခရိုင် နယ်မြေခေါင်းဆောင်များနှင့် ဒေသခံ ပြည်သူလူထု စုစုပေါင်း လူဦးရေ ၁၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့သိမ်း တိုက်ပွဲကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဧပြီလအစောပိုင်းမှာ ဖော်ဆောင်ခဲ့ သည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးများ ရပ်တန်းခဲ့သလို ဒေသတွင်းနေ ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည့် အတွက် မြို့အတွင်းရှိ နေအိမ်များ ပျက်စီးခဲ့သလို ဒေသတွင်းနေ ပြည်သူလူထုများလည်း သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် ဘာသာရေး ခေါင်းဆောင်များနှင့် ကရင် လက်နက်ကိုင် ခေါင်းဆောင် တချို့က ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2042
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၇
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၇)၏ မဟာမိတ်အဖွဲ့ ၁/၂၀၂၄ ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပနေသည်။
အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မဟာမိတ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအ ရုံး(LDU)တို့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2061
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၇
မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေး ထိုင်းနိုင်ငံက အဖြေတစ်ခုရအောင် လုပ်နိုင်မည်ဟု သုံးသပ်မိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင် ဦးနု လက်ထက်ကတည်းက ထိုင်းနိုင်ငံတွင် အခြေပြု၍ လှုပ်ရှားခဲ့ ကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် တွေ့ဆုံမှုက မြန်မာ့နိုင်ငံရေးပြဿနာကို လေ့လာကာ အကြံပြုနိုင်ရေး ကြိုးစား ခြင်းဟု သုံးသပ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ လွတ်မြောက်နယ်မြေလို့ အမည်ခံလို့ရတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဖြစ်နေတော့ ဆိုတော့ ဘယ်လိုပဲ ကြည်ကြည့် ပြီးခဲ့တဲ့ 1027 က တရုတ်နယ်စပ်က စပြီးတော့ လှုပ်ရှားလိုက်တဲ့ စစ်ဆင်ရေးကြီး ဖြစ်ပြီးခါမှ တလောကမှ ပြီးသွားတဲ့ မြဝတီပေါ့ဗျာ၊ မြဝတီရဲ့ အနေအထားနဲ့ ထိုင်းအစိုးရရဲ့ ရပ်တည်ချက် အဲဒီအပေါ်မှာ အမေရိကန်ရဲ့ ပါဝင်မှုနဲ့ NDAA ကတော့ တနည်းမဟုတ်ရင် တနည်း ဖြင့် ဆက်နွယ်နေမယ်လို့ ထင်ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ထိစပ်နေတဲ့ဟာဖြစ်တော့ ပါဝင်ပတ်သက်မှဖြစ်မယ့် အနေအထားလို့ သုံးသပ်ပုံရပါတယ်၊ ဒါကြောင့်လည်း ပဲ သက်ဆင် ဝန်ကြီးချုပ်ဟောင်းက တွေ့ဆုံပြီးမှ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြောင်းအရင်းတွေကို လေ့လာတယ်ဆိုကတည်းကိုက လက်ရှိထိုင်းအစိုးရကို အတိုင်းအတာအထိ သူ့ဖက်က အကြံပြုနိုင်တဲ့ အနေ အထား ရောက်အောင် ကြိုးစားတယ်လို့ သုံးသပ်လို့ ရပါတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေးမှာ အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ အိမ်နီးနားချင်းဖြစ်တဲ့ လာအိုက အခု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့အခါမှာလည်း သူတို့ကို တိုက်ရိုက် အကြံပြုနိုင်တဲ့ နိုင်ငံစာရင်းတွေလည်း ထွက်ထားပြီး ဖြစ်တဲ့အခါကြတော့ ထိုင်းရဲ့ကြိုးစားမှုက အဖြေတစ်ခုကို တော့ ရအောင်လုပ်နိုင်မယ့် အနေအထား အဲဒီလို သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။

မြ၀တီမြို့ တိုက်ခိုက်သော လက်နက်ကိုင်များကိုတွေ့ရစဉ်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှု မတိုင်ခင်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် တွေ့ဆုံမှုမှာ ကုန်သွယ်ရေးအပေါ် ဦးစားပေးမှု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဖိအားပေးမှုများ လုပ်ဆောင်လာပါက လက်ရှိတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တယ် ဗမာပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာပဲ အထူးသဖြင့် လက်ရှိအစိုးရက ဘာမှ ပါဝင်ပတ်သက်၊ ပါဝင်ပတ်သက်တာဆိုတာ တုန့်ပြန်မှု အနေနဲ့ ထွေထွေထူးထူး မရှိတဲ့အပေါ်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ နောက်တစ်ခု ကျနော်တို့ နယ်စပ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အထူးသဖြင့် ကုန်သွယ်ရေး အခြေအနေတွေကြောင့်လည်း ပါလိမ့်မယ်လို့ ကျနော်တော့ မြင်တယ်။ သူတို့အနေနဲ့ ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေကြောင့် အများကြီး မူတည်လိမ့်မယ်ထင်တယ်၊ အထူးသဖြင့် ဒီလိုမျိုး သူတို့အနေနဲ့ ကုန်သွယ်ရေးကို ပိုပြီးတော့မှ ဦးစားပေးတဲ့ဟာမျိုးတွေ တိုင်းရင်းသားလက်နက်ကိုင်ကို ဖိအားပေးတဲ့ဟာမျိုးတွေ ဖြစ်လာမယ်ဆိုရင် တော့ လက်ရှိ တော်လှန်ရေးအပေါ် သက်ရောက်မှုတော့ ရှိလာနိုင်တယ်” ဟု ပြောသည်။

KNPP တပ်ဖွဲ့ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ပတ်သက်ကြောင်း၊ အခြေခံ အလုပ်သမားများမှာ မြန်မာပြည်မှ လာရောက်ကြောင်း၊ ထို့အတူ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာလည်း ဘီလီယံနှင့်ချီ၍ ရှိနေကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။
မြန်မာ-ထိုင်း နယ်နိမိတ် ထိစပ်မှုမှာ မိုင်ပေါင်း ၁၃၀၀ ကျော်ရှိပြီး နယ်စပ်တစ်လျှောက် KNU၊ RCSS/SSA၊ KNPP၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် တော်လှန်ရေးအင်အားစု အများအပြား လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2250
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၆
မဟာဗျူဟာထိုးစစ်များ ဆင်နွှဲရန် အင်အားထောင်ချီပါသည့် အင်အားတည်ဆောက်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်ကာလ ပြည်သူ့ အစီရင်ခံစာတွင် ဖော်ပြခဲ့ ခြင်းဖြစ်သည်။
လတ်တလော စစ်ရေးတွင်လည်း ရန်သူယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး/ ငယ် မြောက်များစွာကို လက်ရ သိမ်းပိုက်နိုင်ပြီး ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းသည် အရေးကြီးသော စစ်ရေးတိုးတက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားသည်။
NUG က “PDF ရဲဘော်များ၏ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမည် ဖြစ်သကဲ့သို့ PDF ဒရုန်းတပ်ဖွဲ့ကို လည်း အင်အားတိုးချဲ့လျက်ရှိသည်။ ယခုအခါ စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင်အားထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည်ဆောက်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်များ ဆင်နွှဲရန် ဖြစ်သည်။ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဥ်ယန္တရားတပ် စသော လက်ရုံးတပ်များကိုလည်း အင်အား တိုးချဲ့တည်ဆောက်နေသည်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကြောင့် NUG မှ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းခဲ့သည်မှာ ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲကို တွေ့ရစဉ်
မြန်မာ့တပ်မတော်မှာ နိုင်ငံတော်အဆင့် သတ်မှတ်သည့် အောင်ဇေယျစစ်ကြောင်းကို မိမိတို့ ခုခံကာကွယ်ခဲ့ ကြောင်း၊ စစ်ဒေသခွဲ ၃ မှ ရန်သူ့စစ်ကြောင်းများ ထိုးစစ်ဆင်လာသည့်အပေါ် ကာကွယ်ပေးမှု၊ ကြိုတင်ပြင်ဆင်ခွင့် ကြိုတင်ပြင်ဆင်ရန် လုံလောက်သည့် ခဲယမ်း၊ ကြိုတင်ပြင်ဆင်ရန် လုံလောက်သည့် ရန်ပုံငွေများ ပေးခဲ့ခြင်း မရှိကြောင်း ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဇွဲက သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်လွှင့် ပြောကြား ခဲ့သည်။
၎င်းက “ကျနော်တို့ အစိုးရ(NUG)အနေနဲ့ ဒီသတင်းတွေကို ကြားပြီးတဲ့အခါမှာ စစ်ဆင်ရေး ပြင်ဆင်မှု ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျနော်ကြားချင်တယ်၊ ကျနော်သိချင်တယ်၊ ဖြေရှင်းချက်လည်း လိုချင်တယ်၊ ကျနော်တောင်း လည်း တောင်းထားတယ်၊ ပြီးလို့ရှိရင်လည်း ရန်သူ ဒရုန်းတွေကို သုံးပါ့မယ်၊ နိုင်ငံတော်အဆင့် စစ်ဆင်ရေး လာပါမယ်ဆိုပြီးတော့မှ ကာကွယ်မှု၊ ရန်သူစစ်ဆင်ရေးကို တန်ပြန်တိုက်ခိုင်နိုင်မှု ကာကွယ်ပေးမှုနဲ့ ပတ်သက်လို့ ဘာရည်ရွယ်ချက် ဘာ Plan တွေရှိခဲ့သလဲဆိုတာလည်း ကျနော်သိချင်တယ်၊ ကျနော်တို့သည် ရန်သူရဲ့ အောင်ဇေယျ စစ်ဆင်ရေးကို ခုခံကာကွယ်တဲ့နေ့မှာ ကိုယ့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ခုခံကာကွယ်ခဲ့ တာကလွဲရင် ကျနော်တို့ကို ဘယ်သူကမှ စစ်ကူစစ်ထောက် မလာခဲ့သလို အစိုးရ(NUG)အနေနဲ့လည်း ဘာပြင်ဆင် စုဖွဲ့မှုမှ မလုပ်ပေးခဲ့သလို ကျနော်တို့ နောက်ဆုံး နယ်မြေကနေပြီးမှ မြို့ထဲကနေ ဆုတ်လိုက်တဲ့ အချိန်ထိကို ကျနော်တို့ကို ဆက်သွယ် အကြောင်းကြားလာခြင်းမျိုး လုံးဝအခုချိန်ထိ မလုပ်သေးဘူးပေါ့၊ ဒါကတော့ ပြည်သူ လူထုသိအောင် ကျနော်တို့ ပြောပြတာ၊ ပြည်သူလူထုထင်နေတာက အစိုးရရဲ့ စီစဉ်ပံ့ပိုးပေးမှု၊ လက်နက်ခဲယမ်း အလုံအလောက်ရှိရဲ့သားနဲ့ ကျနော်တို့က နောက်ဆုတ်သွားတယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်၊ ကျနော်တို့ နောက်ဆုတ်တဲ့အချိန်မှာ စစ်ကြောင်းတစ်ကြောင်းလုံး တပ်ရင်း တစ်ရင်းလုံးမှာ ကျည် ၂၁၀ ပဲ ရှိတော့တဲ့ အချိန် တော့မှာ ကျနော်တို့ နောက်ဆုတ်ခဲ့တာပေါ့နော်၊ လက်ခံကျည်အပြင်ကို နောက်ခံကျည် ၂၁၀ ပဲ ရှိတော့တဲ့ အချိန် တော့မှ ကျနော်တို့ နောက်ဆုတ်ခဲ့တာပေါ့နော်၊ နောက်ဆုတ်တဲ့ အခါမှာလည်း ကျနော်တို့ လက်နက်ခဲယမ်း အကုန်ပါခဲ့တယ်၊ ရန်သူဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း ၃၁ လက်ပါ ပြန်ယူလာနိုင်ခဲ့တယ်ပေါ့” ဟု ပြောသည်။
မဟာဗျုဟာ ထိုးစစ်ဆင်ခြင်းသည် တော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲသို့ ရောက်ရှိစေမည်ဖြစ်ပြီး ယခုကဲ့သို့ အဆုံးအဖြတ်ကာလတွင် စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီရေးသည် အသက်တမျှ အရေးကြီးသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ KIA ဒုစစ်ဦးစီးချုပ်ကို တွေ့ရစဉ်
သို့သော် မြဝတီမြို့သိမ်း တိုက်ပွဲနှင့်ပတ်သက်ပြီး နောက်ဆုတ်သွားခဲ့ရခြင်းကြောင့် NUG နှင့် KNU အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ရန်သူ့ဘက်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးအပြင် တပ်မ ၅၅၊ တပ်မ ၄၄ ပူးပေါင်းတပ်မဖြင့် ထိုးစစ်ဆင်မှုကို တပ်ရင်းအဆင့် ကာကွယ်မှုသာ ပြုလုပ်နိုင်ခဲ့ပြီး ထိုးစစ်ဆင်မှု ၆ ရက်မြောက်နေ့မှာ ကောကရိတ်မြို့မှ ဆုတ်လိုက် ကြောင်း၊ ကော်သူလေးအာမီတပ်ဖွဲ့ဝင် အနည်းငယ် ပူးပေါင်းပါဝင်မှုမှလွဲ၍ မည်သည့် အဖွဲ့အစည်းမှ ပူးပေါင်းမှု မရှိကြောင်း ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထုတ်လွှင့်ပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၄) ဖွဲ့ (K3C) နှင့် NUG အကြား ညှိနှိုင်းရယူထားသော ဘုံသဘော ထား ရပ်တည်ချက်ကို တော်လှန်ရေးအင်အားစု အားလုံး၏ ဘုံသဘောထား ဖြစ်သည်အထိ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ ထောက်ခံပါဝင်မှုနှင့် ခံနိုင်ရည်ကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ တော်လှန်ရေး ရဲဘော်များအား ရုပ်ပိုင်းအရ လက်နက်ငယ်များသာမက လက်နက်ကြီးနှင့် ဒရုန်းသုံးစွဲနိုင်စွမ်းကို မြှင့်တင်ခြင်း၊ ခဲယမ်းမီးကျောက် အလုံအလောက် ဖြည့်တင်းခြင်းနှင့် စိတ်ပိုင်းအရ တော်လှန်ရေး ယုံကြည်ချက်နှင့် ဇွဲသတ္တိကို မြှင့်တင်ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေ အလျင်မပြတ် ရရှိအောင် စီမံခြင်း စသည့်အခြေအနေများကို ဆောင်ရွက်နေသည် ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2033
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃
စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့်နည်းလမ်းမရှိတော့ခြင်း ကြောင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားမှာ အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု SSPP/SSA မှ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ထောင်နိုင်ရန်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သော ကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။
၎င်းက “ နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲ ကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်း ပြီး နောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေး နိုင်တော့တဲ့အဆုံး လက်နက်ကိုင် တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

SSPP နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ဉီးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန် ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။
၎င်းက “တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ပြောသည်။
SSPP/SSA သည် ဉီးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ပ ဏာမ အပစ်ရပ်စာချုပ်(Bilateral)များ လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်သည်။

SSPP တပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် မြန်မာ့တပ်မတော် တိုက်ပွဲများ တခါတရံ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် နယ်မြေအငြင်းပွား၍ စစ်ရေးတင်း မာလျက်ရှိသည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များအတွင်း SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးသည်။
SSPP/SSA သည် UWSA၊ KIA၊ MNDAA၊ AA၊ TNLA၊ NDAA တို့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။
