
- By CNI
- Category: နိုင်ငံရေး
- Hits: 877
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တစ်ခုအဖြစ် ပါဝင်ရန် ကရင်နီတော်လှန်ရေး အင်အားစုများ စုပေါင်းကာ ကရင်နီအစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်မှုကို စတင်ကြောင်း ဇွန်လ ၁၂ ရက် နေ့မှာ ထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလ အစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊ ပြည်နယ် အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ် ဖော်ဆောင်နိုင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ် ကို အစပျိုး၍ လက်တွေ့ အကောင်အထည်ဖော်ရန် စသဖြင့် ပါရှိသည်။
ကယား(ကရင်နီ) ဒေသတစ်ခုလုံးကို လွှမ်းမိုးကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို အကောင် အထည် ဖော်လာနိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။
CRPH နဲ့ NUG က ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “အဲဒါကတော့ အခုအခြေအနေမှာ ကျနော်တို့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကရင်နီပြည်နယ်က ဒေသ တစ်ခုလုံးရဲ့ ပြည်သူ့အုပ်ချုပ်ရေးကို လွှမ်းမိုးပြီးတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ ကိစ္စတွေ ပေါ့ဗျာ၊ အဲဒါတွေကို အကောင်အထည် ဖော်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ ကျနော်တို့ ယူဆပါ တယ်။ အဲဒီလို အခြေအနေနဲ့ ကိုက်ညီစွာ ကျနော်တို့ ပြည်နယ်အစိုးရ တစ်ရပ်ဖွဲ့ဖို့ သူတို့အနေနဲ့ စီစဉ်တာ ဖြစ်ပါ တယ်။ အဲဒါကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် NUG က ချမှတ်ထားတာနဲ့ ကိုက်ညီတဲ့ အနေအထားတစ်ခု အဲဒါကြောင့် ဒါဟာ ကရင်နီပြည်နယ်ရဲ့ ထူးခြား အောင်မြင်တဲ့ တိုးတက်မှု တစ်ရပ်အဖြစ် ကျနော်တို့က ကြိုဆိုရ မှာ ဖြစ်ပါတယ် ခင်ဗျ” ဟု ပြောသည်။
လက်ရှိ ကရင်နီပြည်အစိုးရအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ခူးဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ ခွန်းဘီးထူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး (၁) အဖြစ် ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂) အဖြစ် ဗညားခွန်အောင် နှင့် ဘဏ္ဍရေးမှူး အဖြစ် မော်ဖိုးမြာတို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်က စတင် တာဝန်ယူခဲ့ကြကြောင်း သိရသည်။
ကယားပြည်နယ်အ၀င်ကိုတွေ့ရစဉ်
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်ရွယ်ချက်များမှာ စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်ရန်၊ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သို့ အသွင် ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စု တစ်ဝှမ်းရှိ အင်အားစုအားလုံးနှင့်အတူ လက်တွဲကြိုးစား ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် KNPP၊ KNDF မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1065
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာများ အဓိက အများဆုံးသွားရောက်လုပ်ကိုင်ကြသည့် ထိုင်းနှင့် မလေးရှားတို့တွင် မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းဆီးစစ်ဆေးမှုများ၊ တင်းကြပ်မှုများကို အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများထက် ပိုမိုပြုလုပ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် ယခင်က မြန်မာရွှေ့ပြောင်းများအား တင်းကြပ်မှုသိပ်မရှိခဲ့ကြောင်း၊ ယခုနှစ်ပိုင်း၌ မြန်မာ လူဦးရေ သည် ပိုမိုများပြားလာပြီး နေရာတိုင်းနီးပါးတွင် မြန်မာများကိုတွေ့မြင်နေရသည့်အတွက် မြန်မာ ရွှေ့ပြောင်း လုပ်သားများအား အဓိကထား၍ ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီ ဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ပြောသည်။
“ပြီးသွားရင် နှစ်ကြီးသမားတွေကလည်း တော်ရုံတန်ရုံ သူများအလုပ် မလုပ်တော့ဘဲနဲ့ ကိုယ်ပိုင် Business တွေလုပ်တယ်။ စူပါမားကတ် အသေးလေးတွေ၊ မြန်မာပစ္စည်းအမျိုးမျိုးပေါ့ လမ်းဘေးမှာ ရောင်းတာတို့၊ အသီးအနှံအရွက်ကအစ အဲဒါတွေ ရောင်းချနေတဲ့အတွက် ဒီနိုင်ငံသားတွေကလည်း သူတို့ရဲ့ Business တွေ ထိခိုက်တဲ့အတွက်ပေါ့။ အဲဒါလေးတွေ နည်းနည်း complain တက်တော့ ပိုပြီးတော့ တင်းကြပ်လာတာပေါ့။ လက်ရှိအနေအထားကတော့ Overstay အများဆုံးစာရင်းအရဆိုရင်တော့ ကျနော်တို့ မြန်မာပါပဲ။
coffee shop တို့၊ လမ်းဘေးမှာဈေးရောင်းတာတို့ ဘာတို့ကြတော့ သူတို့နိုင်ငံရဲ့ Work Permit နဲ့ မကိုက်ညီဘူးလေ။ သူတို့က ပါမစ်တော့ ရှိတယ်။ ဒါပေမယ့် စက်ရုံပါမစ်တို့၊ ဆောက်လုပ်ရေးပါမစ်တို့က ဈေးရောင်းလို့မရဘူး၊ စားသောက် ဆိုင်မှာ လုပ်လို့မရဘူး။ အဲဒါတွေလည်း နေရာမရှောင်တော့ဘူး ကိုယ်ကိုင်ထားတဲ့ ပါမစ်က ဘာမှန်းမသိဘဲနဲ့ အဆင်ပြေတဲ့အလုပ်ကိုဝင်လုပ်နေတဲ့အတွက် တင်းကြပ်တာပေါ့နော်။ ကိုယ်တွေ မြန်မာတွေဘက်ကလည်း မှားတာပေါ့။ မှားတယ်ဆိုတာ သူတို့က အဲဒါကိုပဲ အဓိကထားလိုက်ကြီးကြပ်ပြီး ဖမ်းဆီးနေတာ” ဟု ၎င်းက ပြောသည်။
ပုံ-ထိုင်းနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို တာဝန်ရှိသူများက ကြီးကြပ်နေစဉ်
မြန်မာနိုင်ငံသားများသည် စည်းကမ်းပိုင်းဆိုင်ရာများတွင်လည်း အခြားနိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများနှင့် ယှဉ်ပါက ဖောက်ဖျက်မှုများရှိသည့်အတွက် ၎င်းအချက်များလည်းပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိပါက ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား သေချာစွာ သိရှိနားလည်ရန်လိုကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
ထို့အပြင် အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများထက် ပိုမိုတင်းကြပ်ခြင်းသည် ၎င်းတို့နိုင်ငံများတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားဦးရေမှာ အဆမတန်များပြားပြီး တရားမဝင်နေထိုင်မှုများလည်း အဓိကအများဆုံးရှိသည့် အတွက်ဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
ထိုင်းနှင့် မလေးရှားတို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအား တင်းကြပ်မှုများပြုလုပ်လာသကဲ့သို့ အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် ဖိနှိပ်ဆက်ဆံခြင်းများကိုလည်း အခြားနိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားများသာ အဓိက ခံစားရကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“ဒီနှစ်နိုင်ငံကို သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေဟာ အထူးသဖြင့် ပညာအရည်အချင်း မလိုအပ် ဘူး။ မင်းတို့ရဲ့ ခွန်အားနဲ့ အလုပ်အကျွေးပြုလို့ရတယ်ဆိုတော့ အလွယ်တကူအလုပ်လာကြတယ်။ နောက်တစ်ခု အလွန်နီးစပ်တဲ့နိုင်ငံလည်းဖြစ်တဲ့အတွက် ဝင်ရတာလွယ်ကူတယ်။ အဲဒီအပေါ်မှာ တစ်ဖက်နိုင်ငံရဲ့ လ.ဝ.က အက် ဥပဒေနဲ့ ခိုးဝင်တဲ့သူတွေကို ဖမ်းဆီးပြီးတော့ ပြည်တော်ပြန်အဖြစ် နယ်စပ်ကို ပြန်မပို့ခင်မှာ အချုပ်တွေ၊ ထောင် တွေထဲမှာ ငွေညှစ်တာမျိုးတွေ၊ ကားခတို့၊ မြန်မြန်ပို့စေချင်တယ်ဆိုရင် ပိုက်ဆံပေးရတာတို့ ဒီလို အဂတိ မကင်းတဲ့ အပြုအမူမျိုးတွေကို ခေတ်အဆက်ဆက် လုပ်ခဲ့တယ်။ အရင် အရင်အရပ်သားအစိုးရကတည်းက ရှိခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံသားတွေကို ဒီလို နှိပ်စက်လာတိုင်း ငွေကြေးတွေ တောင်းခံလာတိုင်း၊ မြန်မာအစိုးရက တစ်စုံတစ်ရာ ထိရောက်တဲ့အကူအညီတွေ မပေးနိုင်ဘူးဆိုတာကို အရင်အစိုးရလက်ထက်တွေကတည်းက ရှိခဲ့တာဖြစ်တယ်။ ဒီဟာအားလုံးရဲ့ ရေသောက်မြစ်ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ သံရုံးတွေက အလုပ်မလုပ်တာကို ပေါ်လွင်တယ်လို့ ပြောလိုတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုကဲ့သို့ ကြုံတွေ့ခံစားနေရသည်များကို သက်ဆိုင်ရာ မြန်မာသံရုံးများမှ တာဝန်ရှိသူများအနေဖြင့် သေချာစွာ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးမည်ဆိုပါက ယင်းအခြေအနေများမှာ လျော့နည်းသွားနိုင်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရာတွင် မြန်မာရွှေ့ပြောင်း အများဆုံး နေထိုင်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့သို့ အဓိကထား ရှာဖွေဖမ်းဆီးနေသည့်အပြင် မလေးရှားနိုင်ငံတွင်လည်း အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် မြန်မာများအား အဓိကထား စစ်ဆေးနေကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1155
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြု ကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးများဖြစ်သည့် ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နှင့် မြန်မာကွန်မြူနီတီတို့ ဇွန်လ ၁၀ ရက်နေ့ က တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေး မျက်မှောက် အခြေအနေများကို NUG မှ ဝန်ကြီးများက ရှင်းလင်း ပြောပြခဲ့သည်ဟု NUG ဘက်က ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 681
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါက လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းကာ တည်ငြိမ်လာမည်ဟု ပြောနေကြသလို တခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲ ကျင်းပပေးရုံဖြင့် တည်ငြိမ်အေး ချမ်းမှုရမည်ဟု မပြောနိုင်ကြောင်း သုံးသပ်နေကြသည်။
နစက-က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲမှ တက်လာသော အစိုးရကို လက်နက်ကိုင် အဖွဲ့အစည်းများမှ လက်ခံမှုအပိုင်းတွင် မူတည်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “အဲဒါတော့ နည်းနည်း ပြောရခက်တယ်၊ ဘာကြောင့်လဲဆိုတော့ အခု နစက-ကတော့ သူ ကြေညာထားတဲ့အတိုင်း သူဒီရွေးကောက်ပွဲ ဆက်လုပ်မယ်ပေါ့၊ သွားမယ် ဒါက သူ့အပိုင်းတစ်ပိုင်း ဒါပေမဲ့ တစ်ဖက်က လက်နက်ကိုင်နေတဲ့ အဖွဲ့တွေက အစိုးရသစ်တစ်ရပ် ရွေးကောက်ပွဲနဲ့ တက်လာတာကို လက်ခံပြီး တော့ သူတို့ ရှေ့ဆက်သွားနိုင်ဖို့ သူတို့ဖက်က သဘောထား ရှိသေးတာကိုး။ သူတို့ဖက်က သဘောထားက ကျနော် တို့ လေ့လာမိသလောက်က တော်တော်များများက အပြောင်းအလဲ နည်းနည်းများသလို အပြောင်းအလဲလည်း မြန်တတ်တော့ အဲဒါတော့ နည်းနည်း ပြောရခက်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အမြဲတမ်း အော်နေကြတယ်၊ legitimate ဖြစ်တယ်၊ ရွေးကောက်ပွဲတက်လာမှ တကယ်ကို တရားဝင်တို့ဘာတို့ အော်ကြတဲ့အချိန်မှာ တကယ် ရွေးကောက်ပွဲက ကျော်ဖြတ်ပြီးတက်လာတဲ့ တကယ့် အနိုင်ရပါတီကိုရော အခု ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေက လက်ခံကြမှာလည်း အဲဒါတစ်ချက်က သူတို့ဖက်ကို ကျနော်တို့က မေးခွန်းထုတ်စရာ ရှိတာကိုး သူတို့ဖက်က လက်ခံမှ ဒါမျိုးက ငြိမ်းချမ်းသွားမှာလို့ ပြောလို့ရမှာ သူတို့က ဒါကြီးကို လက်မခံဘူး။ ဒါနဲ့ ပတ်သက် ပြီးတော့ မကျေနပ်ဘူး။ လက်နက်ဆွဲကိုင်တဲ့ လမ်းစဉ်ပဲ ဆက်ယူနေဦးမယ်ဆိုရင်တော့ အေးချမ်းစရာ အကြောင်း မရှိဘူးပေါ့နော်။ ဒီလိုပဲ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာပြည်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲ တစ်ခုလုပ်မယ်ဆိုရင် Free and Fair ဖြစ်ဖို့ လိုတာပေါ့၊ အတိုက်အခံတွေ ဘာမှ မလှုပ်ရှား နိုင်အောင် သူတို့ လိုသလို ပုံဖော်နေတာမျိုးပေါ့နော်၊ သူတို့ ရွေးကောက်ပွဲ ကော်မရှင်က အမြဲတမ်း အဲဒီလိုမျိုး လုပ် နေတာတော့ ရှိတယ်၊ အဓိက အတိုက်အခံပါတီ NLD ကိုလည်း ပယ်ဖျက်လိုက်ပြီဆိုတော့ NLD ပါတီဝင်တွေလည်း ဖမ်းချုပ်ခံရတယ်၊ တရားစွဲခံရတယ်၊ သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတဲ့အခါမှာ ဒီရွေးကောက်ပွဲက လည်း နိုင်ငံတကာက ထောက်ခံတဲ့ ရွေးကောက်ပွဲ၊ အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ဒါကြောင့် သူ့ အနေနဲ့ ဘယ်လိုပဲ ပြောပြောပေါ့နော်၊ ရွေးကောက်ပွဲက အထမြောက်မယ့် အလားအလာ မရှိဘူး။ အထမြောက် မယ်ဆိုရင်တောင် သူ့ဖက်က ဖြစ်ကတတ်ဆန်း လုပ်ပြီးတော့ အပြတ်သဘောမျိုး လုပ်တဲ့ ရွေးကောက်ပွဲမျိုးပဲ ဖြစ် လာနိုင်တယ်၊ ခြုံပြီးပြောရရင်တော့ ရွေးကောက်ပွဲကတော့ Free and Fair ဖြစ်တဲ့ အခြေအနေမျိုး မရှိနိုင်ဘူး။ ဖြစ် လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပြည်သူတွေလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု လုံးဝ မရှိဘူး။ အသိအမှတ်လည်း ပြုမှာ မဟုတ်ဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ပေါ်လာပါက ပြည်သူလူထုကိုယ်စား ပြောပေးမည့် ကိုယ်စားလှယ်များ ရှိလာသည့်အတွက် သက်သာမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်အပြီးတွေ့ရသော ကယန်းတိုင်းရင်းသူတစ်ဦး
ဦးလီပေါ်ရဲ့က “ကျနော်တို့ အဲဒီအဆင့်လောက်တော့ မမှီဘူးထင်တာပဲ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့၊ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော်တွေ ရှိလာရင်တော့ ပြည်သူလူထုက နည်းနည်း သက်သာမှာပေါ့၊ ပြည်သူ့ ကိုယ်စား ပြောပေးမယ့် ကိုယ်စားလှယ်တွေ ထွက်လာမှာပေါ့၊ ရွေးကောက်ပွဲ လုပ်လိုက်လို့ တိုင်းပြည်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆင်ပြေမယ်၊ မပြေဘူးဆိုတာကတော့ ပြောလို့မရဘူး။ လွန်ခဲ့တဲ့ ကာလမှာ လည်း ရွေးကောက်ပွဲနဲ့ အစိုးရ နှစ်ကြိမ် အုပ်ချုပ်ခဲ့တာပဲလေ၊ ဒါပေမဲ့ ရှိတဲ့ အဖွဲ့အစည်းတောင် တချို့ ပျက်သွား တာပဲလေ” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို နစက-က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက် ထားရမည်ဟု ပြဋ္ဌာန်းခဲ့သည်။
ထို့နောက် သတ်မှတ် ကာလအတွင်း မှတ်ပုံ ပြန်မတင်သည့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 542
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် အိန္ဒိယသံရုံးတို့ ဇွန်လ ရက်နေ့က တွေ့ဆုံ၍ ဖက်ဒရယ်အရေး ဆွေးနွေးခဲ့ကြကြောင်း PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသော ဖက်ဒရယ်ပုံစံကို ဆွေးဆွေးခဲ့ကြကြောင်း၊ EAO ၇ ဖွဲ့တွင် တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “PPST ရယ်လို့တော့ မဟုတ်ပါဘူး။ EAO ၇ ဖွဲ့ပေါ့လေ၊ EAO ၇ ဖွဲ့မှာ ကိုယ်စားလှယ် တစ်ဖွဲ့ကို ၂ ယောက်စီနဲ့ Workshop လုပ်တာပါ၊ အိန္ဒိယနိုင်ငံ၊ အိန္ဒိယသံရုံးက ကမကထ လုပ်ပြီးတော့ ကျင်းပတာ ပါ၊ အိန္ဒိယသံရုံးက အိန္ဒိယပညာရှင် တစ်ယောက်အကူအညီနဲ့ အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ် System တွေ အတွေ့အကြုံတွေ မျှတွေပေးတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာလ်မြို့လေဆိပ်ကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိကြောင်း၊ ထိုအထဲမှာ ပထဝီကို ကိုယ်စားပြု သော ပြည်နယ်၊ လူမျိုးစုကို ကိုယ်စားပြုသော ပြည်နယ်နှင့် အမျိုးသားများ ပြည်နယ်ဟု ဆိုကာ ရှိကြောင်း သိရသည်။
အိန္ဒိယနှင့် ဖက်ဒရယ်အကြောင်း ဆွေးနွေးခဲ့သော အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ် အစည်အရုံး(LDU)တို့ ဖြစ်ကြသည်။
အိန္ဒိယအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖက်ဒရယ်နှင့် ပတ်သက်၍ သင်တန်းပို့ချခြင်း၊ ဆွေးနွေး ခြင်းများ လုပ်ခြင်းက ကောင်းမွန်ကြောင်း၊ သို့သော်လည်း အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ဖက်ဒရယ်အပေါ် စိတ်ဝင်စားမှု၊ သဘောတူမှု လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသား ညီလာခံတစ်ခုကိုတွေ့ရစဉ်
ဦးရဲထွန်းက “ဖက်ဒရယ်စနစ်က ကမ္ဘာပေါ်မှာ ကျင့်သုံးတဲ့ပုံစံ အမျိုးမျိုးရှိတယ်၊ အမျိုးမျိုးရှိတယ်၊ နောက်တစ်ခါ ဖက်ဒရယ်ယူနစ်တွေက ရရှိတဲ့ အာဏာ၊ အာဏာတွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူးပေါ့နော်၊ အာဏာခွဲဝေရရှိတဲ့ အာဏာကျင့်သုံးပုံကလည်း မတူကြဘူး။ ဆိုတော့ ဘယ်လောက် အတိုင်းအတာအထိ အိန္ဒိယ မှာ လုပ်ပိုင်ခွင့်ရှိတယ်၊ ဘယ်နိုင်ငံကတော့ ဘယ်လောက် အတိုင်းအတာအထိရှိတယ် စသဖြင့်ပေါ့နော်၊ ဥပမာ အမေရိကန်မှာ ဆိုလို့ရှိရင် ပြည်နယ်အစိုးရကို အစိုးရဖြစ်တဲ့ သမ္မတက ဘာမှ သူက ထိန်းထားလို့ ချုပ်ထားလို့ မရဘူး။ သူ့မှာ လုံးဝ လွတ်လပ်တယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုတဲ့ လူထုရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အစိုးရခေါင်းဆောင်ကို သမ္မတက ဖြုတ်လည်း မဖြုတ်နိုင်ဘူး။ အပြစ်လည်း မပေးနိုင် ဘူး။ နောက်တစ်ခါ နာမည်စာရင်း တင်သွင်းဖို့ ခန့်ထားလို့လည်း မရဘူး။ ဆိုတော့ အိန္ဒိယနဲ့ မတူတာက လုံးဝ လွတ်လပ်တာပေါ့၊ ဒီဟာတွေမှာ ခုနက ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တစ်ခုခု မှာ အားလုံးက ဒီပုံစံတော့ သဘောကျတယ်ဆိုတဲ့ဟာမျိုးပေါ့၊ အများစုက အဲဒီလိုဟာမျိုး ရှိရင်တော့ ပိုပြီးတော့ ညှိနှိုင်းလို့ ကောင်းတာပေါ့၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်စနစ်အမျိုးမျိုးကို လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ မက္ကဆီကို၊ နိုင်ဂျီးရီးယာ၊ စပိန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံက မတူညီသော ပုံစံများဖြင့် ကျင်းသုံးကြ ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 683
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
ရခိုင်ပြည်နယ်မှာ ခရီးသွားလာခွင့် ကန့်သတ်ချက်ကြောင့် ပြည်သူလူထုများ အခက်တွေ့နေကြောင်း ဒေသခံများ ထံက သိရသည်။
ရခိုင်ပြည်နယ်မှာ ခရီးသွားလာခွင့်ကို ဇွန်လ ၇ ရက်ကစ၍ ပိတ်ပင်ကြောင်း ရခိုင်ပြည်နယ်အစိုးရရုံးကို နစက၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက အကြောင်းကြားခဲ့သည်။
လမ်းများ ပိတ်ထားခြင်းကြောင့် အလှူရှင်များ မလာရောက်တော့ကြောင်း မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း တိုက်ပွဲရှောင် စခန်းတာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။
ဦးညီပုက “ပြီးရင် ဒီအလှူရှင်တွေ ဘာတွေလည်း သိပ်မလာကြတော့ဘူး။ လမ်းတွေ ဘာတွေ ပိတ်ထားကြတာ ဆိုတော့လေ၊ ပစ္စည်းတွေက လာလှူမယ့် သူတွေရှိတယ်၊ သူတို့က ခွင့်ပြုချက်မရလို့ မလာရဆိုတာကြီးပဲ ပြောနေ ကြတယ်။ လမ်းတွေကိုတော့ ပြန်ပြီးတော့ ဖွင့်စေချင်တယ်၊ ဘာလဲဆိုတော့ ဒီစစ်ဘေးရှောင်တွေက အလှူရှင်တွေ မလာတော့တဲ့အချိန်က တော်တော်လေး အခက်အခဲ ဖြစ်တယ်။ အဲဒါကြောင့် ဒီလမ်းတွေကို ပြန်ပြီးတော့ ဖွင့်ပေး စေချင်တယ်ပေါ့” ဟု ပြောသည်။
ခရီးသွားလာခွင့် ကန့်သတ်ရသည့် အခြေအနေနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရေး ရခိုင်ပြည်နယ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးထဲ ရောက် နေ သောကြောင့် ၎င်းကိစ္စအား မဖြေကြားနိုင်သေးဟု ပြောသည်။
ရခိုင်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုများကိုတွေ့ရစဉ်
လိုအပ်ချက် တစ်ခုကြောင့်သာ အသွားအလာ ပိတ်ခြင်းဖြစ်နိုင်ကြောင်း၊ ရက်ရှည်ပိတ်ထားမှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အသွားအလာ ပိတ်တယ်ဆိုတာ ဘာညာဆိုတာ ဒါလည်း အကြာကြီး ပိတ်လို့ မရဘူးဆိုတာ သူတို့လည်း သိမှာပါလေ။ ဒါက ခဏတစ်ဖြုတ်ပါ။ အတိုင်းအတာတစ်ခု လိုအပ်ချက် တစ်ခုအရပဲပေါ့နော်၊ ဒါပြီးလို့ ရှိရင်တော့ ခက်တာက သူက ရိုးရိုးမဟုတ်ဘူး။ သူက စစ်ရေးစစ်ရာနဲ့ ပတ်သက်လို့ ဖြစ်နေတာဆိုတဲ့ အခါကြတော့ ကျနော်တို့ က သူ့ကို မှန်တယ်၊ မှားတယ်ဆိုတာ ဝေဖန်ဖို့ မသင့်တော်သလို သူ့ရဲ့ လိုအပ်ချက်တစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်၊ ကျနော်အဲဒီလို ယူဆတယ်၊ ဒါပေမဲ့ ဒါက ကြာမှာတော့ မဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုအထိပါပဲ” ဟု ပြော သည်။
အဆိုပါ အသွားအလာ ကန့်သတ်သည့် ကိစ္စနှင့် ပတ်သက်၍ လေ့လာကာ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိ မိမိအနေဖြင့် အဝေးကို ရောက်ရှိနေသည့်အတွက် အကြောင်းစုံကို မသိရှိရသေးကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်လည်ထူထောင်ရေး အလှူငွေပေးအပ်နေစဉ်
၎င်းက “ဟုတ်တယ်၊ ကျမကလည်း အဝေးကို ရောက်နေပါတယ်။ အဝေးကို ရောက်နေတဲ့ အခါမှာ ကျမတို့ ရခိုင် ပြည်ရဲ့ အနေအထားတွေနဲ့တော့ ကျမ ၁၀ ရက်လောက်ကို အလှမ်းဝေးသွားပါတယ်၊ ကျမကတော့ ဒီရိက္ခာတို့ စားဝတ်နေရေးတို့ အားလုံးကို တစ်ခါတည်းနဲ့ မပြေလည်ဘူးဆိုရင်တောင်မှ ကျမတို့ ပြည်သူတွေကို ပြေလည် စေ ချင်ပါတယ်။ အားလုံးလည်း ကျမ်းကျမ်းမာမာ ရှိစေချင်တယ်၊ ဆေးဝါးတွေ ပြည်သူလက်တွင်းကို ရောက်စေချင် တယ်၊ နောက်ပြီးတော့ အစားအသောက်တွေကို ပြည်သူ့လက်တွင်းကို ရောက်စေချင်တယ်၊ ဒါဟာတော့ ကျမတို့ရဲ့ ဆန္ဒပါ။ ဆိုရင် ဘာအကြောင်းကြောင်း ဒီလိုဖြစ်လာသလဲဆိုတာမျိုးကတော့ ကျမ လက်လှမ်း မမှီလိုက်ပါဘူး။ လေ့လာဖို့အတွက်လေ ကျမ ကျမ်းမာရေး ထိခိုက်နေတယ်၊ ပြီးလို့ရှိရင် အလုပ်ကလည်း တအားပိသွားတယ် ဆိုတော့ ဘာကြောင့် ဒီလိုဖြစ်သွားသလဲ ဆိုတာမျိုးကတော့ လေ့လာဖို့အတွက် ကျမ အချိန်နည်းနည်း လိုပါသေး တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်းသို့ မိုခါမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီး မှု၊ လမ်းပျက်စီးမှု၊ ဓါတ်တိုင်ကျိုးကျမှု၊ လူသေဆုံးမှုများ ရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးများ လုပ် ဆောင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နစကက ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးထားသလို စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများကို နေ့စဉ် ပို့ဆောင်၍ ကူညီ ကယ် ဆယ်ရေး လုပ်ငန်းများ လုပ်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1222
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် စဉ်းစားမည်ဆိုပါက ဒေါ်အောင်ဆန်းစု ကြည်ကို ချန်လှပ်စဉ်းစား၍ မရနိုင်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေးက ဇွန်လ ၁၀ ရက် နေ့က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရေးသား ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံရေးသမား တစ်ယောက် ဆက်လက် တည်ရှိခြင်း မတည်ရှိခြင်းသည် ထိုသူကို ယုံကြည်ထောက်ခံသည့် ပြည်သူလူထု၏ ဆန္ဒနှင့် ကာယကံရှင်၏ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ကြောင်း၊ လုပ်ရပ်မှန်ရင် တက်မည် မှား ရင်ကျမည်ဖြစ်ကြောင်း၊ ဝေဖန်ခွင့်ရှိသော်လည်း အပုတ်ချခွင့်တော့ ကျင့်ဝတ်အရ မသင့်တော်ကြောင်း၊ နည်း လမ်းပေါင်းစုံ သုံးပြီး ဆွဲချလည်း လူထုထောက်ခံမှုရှိသရွေ့ ကျမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်က ဦးတင်ဦးနဲ့ သဘာဝ ရိပ်သာဆရာတော် အရှင်ဥတ္တမသာရကို တွေ့ရစဉ်
ဦးမြအေးက “ သဘောမတူညီမှုတွေကို နိုင်ငံရေးအရ ဝေဖန်ထောက်ပြခွင့်ရှိတယ်။ ပြန်လှန်ငြင်းပယ်ခွင့်လည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သဘောထားကွဲပြားတာတွေ များစွာရှိနိုင်တယ်။ ဒါပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထု အများစုကြီးက ယုံကြည်ထောက်ခံ ထားတယ်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့မရဘူး၊ ပြည်သူလူထုရဲ့ ဆန္ဒကိုတော့ လေးစားရလိမ့်မယ်။ ဒါကြောင့် ကိုယ်ကြိုက်တာ မကြိုက်တာ၊ သဘောတူတာ မတူတာက တပိုင်းဘဲ၊ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း ဖို့ စဉ်းစားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်စဉ်းစားလို့ မရနိုင်ပါဘူး။ ဒါပါပဲ”ဟု ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ၎င်းက ဆုတောင်းပေးခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးကိုပဲ လုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက်နေ့က တွေ့ဆုံ၍ သဘာဝ ရိပ်သာဆရာတော် အရှင်ဥတ္တမသာရက ရှင်းပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
အရှင်ဥတ္တမသာရက “သူ့(ဒေါ်အောင်ဆန်းစုကြည်)အနေနဲ့ကျတော့ နိုင်ငံသိ၊ ကမ္ဘာသိ၊ သြဇာရှိတဲ့ လူတစ် ယောက်ဖြစ်တဲ့အခါကျတော့ ဂန္ဒီကြီးလိုပေါ့၊ သူက ငြိမ်းချမ်းရေးပဲ လုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြမှာ ကိုး။ သူ့အနေနဲ့က လူသိများတာရယ်၊ ကောင်းတဲ့ အရည်အချင်း အများကြီးရှိတယ်။ ရာထူး အာဏာယူမှ၊ ရွေး ကောက်ပွဲ ဝင်မှ မဟုတ်ဘူး။ သူ့အနေနဲ့ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ တိုင်းပြည် အကျိုး ကမ္ဘာ့အကျိုးဆောင်ရွက်လို့ရမယ်လို့ ဆရာတော်က ယုံကြည်တာပေါ့။ သူကသာ ငြိမ်းချမ်းရေးပဲ လုပ် တော့မယ်ဆိုရင် တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့။ သူက နိုင်ငံရေးက စွန့်ပြီး ငြိမ်းချမ်းရေးပဲ လုပ် တော့မယ်ဆိုရင် တိုင်းပြည်က ပြောင်းသွားနိုင်တာပေါ့။ သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တစ် ဘက်မှာ တပ်မတော်ကလည်း နည်းနည်း တင်းမာနေတာပေါ့”ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက ဖြေရှင်းမပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်အား ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာသလို လက်နက်ကိုင် တိုက်ခိုက် တော်လှန်ခြင်းများ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ ပေါ်ပေါက်လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခန်းကဏ္ဍများ ကျဆင်းလာသလို ပြည်သူလူထုသည် စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်ဆိုင်ရာ မလုံခြုံမှုများ ဖြင့် ရင်ဆိုင်နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1167
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀
မလေးရှားလေဆိပ်သို့ အလည်ဗီဇာဖြင့် တိုက်ရိုက် ဝင်ရောက်လာကြသူများထဲတွင် မြန်မာနိုင်ငံသားများအား ပိုမို စစ်ဆေးလာနေကြောင်း မလေးရှား၌ ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူ များက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားသို့ အလည်ဗီဇာဖြင့် ဝင်ရောက် လာကြသူများ၌ အများစုသည် Overstay အဖြစ်ခံယူကာ နေထိုင်ကြ သောကြောင့် အလည်ဗီဇာဖြင့် ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို မလေးလေဆိပ်က Immigration ကောင်တာအား ဖြတ်သန်းခွင့် မပြုဘဲ ခေါ်ယူစစ်ဆေးကြောင်း ၎င်းတို့က ပြောသည်။
မွှားမိုက်ကယ်က “အခုလောလောဆယ်ကတော့ မြန်မာလူမျိုးပဲ အများစုဝင်တဲ့အတွက် မြန်မာလူမျိုးကိုပဲ သူ တို့ Target ထား ဖမ်းနေတယ်။ သူတို့က အဲဒီစာအုပ်တွေနဲ့ ဒီဘက်မှာ Register လုပ်တယ်။ လုပ်ပြီးတော့မှ Work Permit လျှောက်ပြီးတော့ စက်ရုံတွေမှာ အလုပ်လုပ်တဲ့အတွက် သူတို့အဲဒါကို သေချာစိစစ်နေတယ်။ မြန်မာ လူမျိုး၊ မြန်မာလေယာဉ်စိုက်တာနဲ့ ပတ်စပို့အနီ ကိုင်လာတာနဲ့ လေယာဉ်ပေါ်က ဆင်းပြီးတော့ လ.ဝ.က ကောင် တာကို မရောက်ခင်မှာတင် သူတို့က ဆွဲခေါ်လိုက်တာ ဒီ Immigration က။ အထူး Special အဖွဲ့ဆိုတာ ရှိတယ် လေယာဉ်ကွင်းမှာ။ ဖမ်းခေါ်ပြီးတော့မှ မြန်မာလူမျိုးဆိုရင် သေချာစစ်ဆေးတယ်။ အထောက်အထား ပြည့်စုံရ မယ်။ ပြောတတ် ဆိုတတ်မှသာလျှင် ပေးဝင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကို အလည်ဗီဇာနဲ့ ဝင်တဲ့သူက တစ်ပတ်ကို ရာနဲ့ချီပြီး ဝင်နေပြီးတော့ ပြန်တဲ့သူက ဆယ်ကဏန်း လောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက လ.ဝ.က မှတ်တမ်းအရဆိုရင် ဒီလူတွေက ဒီမှာပဲ Overstay နဲ့ နေနေတာဆိုတော့ အဲဒါကြောင့် ကြပ်တည်းနေတာပေါ့ လ.ဝ.ကတွေက အရမ်းကြပ်တည်းနေတယ် လေဆိပ်တွေမှာပေါ့။ တရားဝင် လာမယ်ဆိုရင်တော့ လက်ရှိအနေ အထားနဲ့ ကောလင်းဗီဇာ စောင့်တာတို့ ဘာတို့နဲ့ဆို နှစ်နဲ့ ချီပြီး ကြာတယ် အခုမြန်မာပြည်ကလေ။ အဲဒီတော့ လူတွေက ဒီစာအုပ်တွေ လုပ်ထားတော့ အတိုးတွေနဲ့ ပိုက်ဆံယူထားတာတွေရှိတယ် တချို့ကြတော့။ အဲဒါတွေ မစောင့်နိုင်တော့ဘဲနဲ့ အလည်ဗီဇာနဲ့ မြန်တယ်ဆိုပြီး တစ်လအတွင်း ထွက်လာကြတာပေါ့” ဟု CNI သတင်းဌာန သို့ ပြောသည်။
ထိုသို့ အလည်ဗီဇာဖြင့် တိုက်ရိုက် ဝင်ရောက်လာသည့် မြန်မာများအား လေဆိပ်၌ စစ်ဆေးရာတွင် မြန်မာ လုပ်ငန်းရှင်အချို့လည်း ပါဝင်ကြောင်း၊ စစ်ဆေးမေးမြန်းသည့်အခါတွင် ၎င်းတို့ မေးမြန်းမှုအား သေချာစွာ မဖြေကြားနိုင်ပါက နေရပ်ပြန်လွှတ်ကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားမဝင် ရောက်ရှိလာသူများနှင့် နေထိုင်လုပ်ကိုင်သူများ ဦးရေမှာလည်း များပြား လာသည့်အတွက်ကြောင့် ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်လာခြင်းဖြစ်နိုင်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် လက်ရှိအစိုးရက (မလေးရှား) ဒီမိုကရေစီ အစိုးရဆိုပေမယ့်လည်း သူက အတိုက်အခံပါတီက တက်လာတယ်ဆိုပေမယ့်လည်း အဓိက ပြည်သူက တရားမဝင် ဝင်ရောက်နေထိုင်တဲ့ သူတွေအပေါ်မှာ မလိုလား ဘူး။ အဲဒီအခါကြတော့ ပြည်သူ့အကြိုက်ပေါ့နော်၊ ပြည်သူရဲ့ဆန္ဒ၊ အသံဆိုတာလည်း ရှိတဲ့အခါကြတော့ ဒါတွေက အခက်အခဲ တစ်စုံတစ်ရာ ရှိတယ်။ တကယ်တမ်းတော့ သံရုံးက အများကြီးလုပ်ရမှာ။ ဒါပေမယ့် ဒီက သံရုံးက ဘာမှ မလုပ်ဘူး။ ဥပမာ RTK2 ဆိုတဲ့ တရားမဝင်တွေကို ပတ်စပို့ရှိရင် ပါမစ်လျှောက်လို့ရတယ် သူဌေး ရှိရင်၊ ကုမ္ပဏီရှိရင်ပေါ့။ နောက်တခြား အေးဂျင့်တွေကနေ လျှောက်လို့ရတယ်။ အဲဒီအခါကြတော့ မြန်မာသံရုံးမှာ ကလေးတွေ၊ ကလေးမလေးတွေ သနားဖို့ကောင်းတယ်။ တန်းစီကြတယ် အများကြီးပဲ။ တစ်နေ့ တစ်နေ့ ရာနဲ့ ထောင်နဲ့ချီပြီးတော့ ပတ်စပို့ မထုတ်ပေးဘူး။
ဘယ်လောက်အထိ ရက်ကြီး ကွာချိန်းလဲဆိုတော့ ၃ လတို့၊ ၄ လတို့ ၅ လတို့ ချိန်းတယ်။ ဒါက အခုပိတ်သွားပြီလေ။ လျှောက်လို့မရတော့ဘူး။ အဲဒီတော့ တရားမဝင်တွေ များလာတာ ပေါ့” ဟု ပြောသည်။
ထို့ကြောင့် မလေးရှားသို့ အလည်ဗီဇာဖြင့် အမှန်တကယ် ဝင်ရောက်သူများနှင့် Overstay အဖြစ် ခံယူနေထိုင် အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် ဟိုတယ် ဘိုကင်ယူထားမှု၊ လေယာဉ် အသွား/အပြန် လက်မှတ်၊ အင်္ဂလိပ် စကားပြောဆိုတတ်မှု၊ ဝတ်စားဆင်ယင်မှု အနေဖြင့် သပ်သပ်ရပ်ရပ် ဝတ်စားလာသင့်ကြောင်း မလေးရှားတွင် ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
မွှားမိုက်ကယ်က “ဒါတွေ ပြည့်စုံအောင် ယူလာရင်တော့၊ ပြောတတ်ဆိုတတ်ရင်တော့ အဆင်ပြေတာပေါ့။ တချို့ ကြတော့လည်း အလည်ဗီဇာနဲ့ဆိုပြီးတော့ အဆင်မပြေဘူးပေါ့ ဝတ်စားဆင်ယင်မှုကအစ ပါလာတဲ့ ပစ္စည်းတွေ ဘာတွေ၊ သယ်လာတဲ့ အိတ်တွေကအစ အဲဒါတွေကို သူတို့က ကြည့်ပြီးတော့ ဖမ်းတာအတွက် အထူးသတိထားရ မှာကတော့ စာရွက်စာတမ်း အပြည့်အစုံ ယူလာပြီးတော့ ဝတ်စားဆင်ယင်မှုကအစ သန့်သန့်ပြန့်ပြန့်နဲ့ လာရင် တော့ အဆင်ပြေပါတယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသား အများအပြား ရှိသော်လည်း မလေးရှား ဘက်မှ အလုပ်ခေါ်စာ အသစ်များ ချမပေးသည့်အတွက်ကြောင့် တရားဝင် နည်းလမ်းအစား တရားမဝင် နည်းလမ်းများဖြင့် ဝင်ရောက်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် ယခင်အလုပ်ခေါ်စာ အဟောင်းများဖြင့်သာ လုပ်သားစေလွှတ် နေရခြင်းဖြစ်ပြီး ထိုသို့ တရားဝင် သွားရာတွင်လည်း မြန်မာဘက်၌ နိုင်ငံကူးလက်မှတ် အပါအဝင် စာရွက်စာတမ်းများ ပြုလုပ်ရာ၌ အချိန် ကြန့်ကြာမှုများ ရှိသည့်အတွက်ကြောင့် အဆင်မပြေဖြစ်မှုများနှင့်လည်း ကြုံတွေ့နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၉
အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါက လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းကာ တည်ငြိမ်လာမည်ဟု ပြောနေကြသလို တခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲ ကျင်းပပေးရုံဖြင့် တည်ငြိမ်အေး ချမ်းမှုရမည်ဟု မပြောနိုင်ကြောင်း သုံးသပ်နေကြသည်။
နစက-က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲမှ တက်လာသော အစိုးရကို လက်နက်ကိုင် အဖွဲ့အစည်းများမှ လက်ခံမှုအပိုင်းတွင် မူတည်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “အဲဒါတော့ နည်းနည်း ပြောရခက်တယ်၊ ဘာကြောင့်လဲဆိုတော့ အခု နစက-ကတော့ သူ ကြေညာထားတဲ့အတိုင်း သူဒီရွေးကောက်ပွဲ ဆက်လုပ်မယ်ပေါ့၊ သွားမယ် ဒါက သူ့အပိုင်းတစ်ပိုင်း ဒါပေမဲ့ တစ်ဖက်က လက်နက်ကိုင်နေတဲ့ အဖွဲ့တွေက အစိုးရသစ်တစ်ရပ် ရွေးကောက်ပွဲနဲ့ တက်လာတာကို လက်ခံပြီး တော့ သူတို့ ရှေ့ဆက်သွားနိုင်ဖို့ သူတို့ဖက်က သဘောထား ရှိသေးတာကိုး။ သူတို့ဖက်က သဘောထားက ကျနော် တို့ လေ့လာမိသလောက်က တော်တော်များများက အပြောင်းအလဲ နည်းနည်းများသလို အပြောင်းအလဲလည်း မြန်တတ်တော့ အဲဒါတော့ နည်းနည်း ပြောရခက်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အမြဲတမ်း အော်နေကြတယ်၊ legitimate ဖြစ်တယ်၊ ရွေးကောက်ပွဲတက်လာမှ တကယ်ကို တရားဝင်တို့ဘာတို့ အော်ကြတဲ့အချိန်မှာ တကယ် ရွေးကောက်ပွဲက ကျော်ဖြတ်ပြီးတက်လာတဲ့ တကယ့် အနိုင်ရပါတီကိုရော အခု ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေက လက်ခံကြမှာလည်း အဲဒါတစ်ချက်က သူတို့ဖက်ကို ကျနော်တို့က မေးခွန်းထုတ်စရာ ရှိတာကိုး သူတို့ဖက်က လက်ခံမှ ဒါမျိုးက ငြိမ်းချမ်းသွားမှာလို့ ပြောလို့ရမှာ သူတို့က ဒါကြီးကို လက်မခံဘူး။ ဒါနဲ့ ပတ်သက် ပြီးတော့ မကျေနပ်ဘူး။ လက်နက်ဆွဲကိုင်တဲ့ လမ်းစဉ်ပဲ ဆက်ယူနေဦးမယ်ဆိုရင်တော့ အေးချမ်းစရာ အကြောင်း မရှိဘူးပေါ့နော်။ ဒီလိုပဲ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
လက်ရှိ မြန်မာပြည်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲ တစ်ခုလုပ်မယ်ဆိုရင် Free and Fair ဖြစ်ဖို့ လိုတာပေါ့၊ အတိုက်အခံတွေ ဘာမှ မလှုပ်ရှား နိုင်အောင် သူတို့ လိုသလို ပုံဖော်နေတာမျိုးပေါ့နော်၊ သူတို့ ရွေးကောက်ပွဲ ကော်မရှင်က အမြဲတမ်း အဲဒီလိုမျိုး လုပ် နေတာတော့ ရှိတယ်၊ အဓိက အတိုက်အခံပါတီ NLD ကိုလည်း ပယ်ဖျက်လိုက်ပြီဆိုတော့ NLD ပါတီဝင်တွေလည်း ဖမ်းချုပ်ခံရတယ်၊ တရားစွဲခံရတယ်၊ သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတဲ့အခါမှာ ဒီရွေးကောက်ပွဲက လည်း နိုင်ငံတကာက ထောက်ခံတဲ့ ရွေးကောက်ပွဲ၊ အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ဒါကြောင့် သူ့ အနေနဲ့ ဘယ်လိုပဲ ပြောပြောပေါ့နော်၊ ရွေးကောက်ပွဲက အထမြောက်မယ့် အလားအလာ မရှိဘူး။ အထမြောက် မယ်ဆိုရင်တောင် သူ့ဖက်က ဖြစ်ကတတ်ဆန်း လုပ်ပြီးတော့ အပြတ်သဘောမျိုး လုပ်တဲ့ ရွေးကောက်ပွဲမျိုးပဲ ဖြစ် လာနိုင်တယ်၊ ခြုံပြီးပြောရရင်တော့ ရွေးကောက်ပွဲကတော့ Free and Fair ဖြစ်တဲ့ အခြေအနေမျိုး မရှိနိုင်ဘူး။ ဖြစ် လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပြည်သူတွေလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု လုံးဝ မရှိဘူး။ အသိအမှတ်လည်း ပြုမှာ မဟုတ်ဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ပေါ်လာပါက ပြည်သူလူထုကိုယ်စား ပြောပေးမည့် ကိုယ်စားလှယ်များ ရှိလာသည့်အတွက် သက်သာမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်အပြီးတွေ့ရသော ကယန်းတိုင်းရင်းသူတစ်ဦး
ဦးလီပေါ်ရဲ့က “ကျနော်တို့ အဲဒီအဆင့်လောက်တော့ မမှီဘူးထင်တာပဲ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့၊ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော်တွေ ရှိလာရင်တော့ ပြည်သူလူထုက နည်းနည်း သက်သာမှာပေါ့၊ ပြည်သူ့ ကိုယ်စား ပြောပေးမယ့် ကိုယ်စားလှယ်တွေ ထွက်လာမှာပေါ့၊ ရွေးကောက်ပွဲ လုပ်လိုက်လို့ တိုင်းပြည်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆင်ပြေမယ်၊ မပြေဘူးဆိုတာကတော့ ပြောလို့မရဘူး။ လွန်ခဲ့တဲ့ ကာလမှာ လည်း ရွေးကောက်ပွဲနဲ့ အစိုးရ နှစ်ကြိမ် အုပ်ချုပ်ခဲ့တာပဲလေ၊ ဒါပေမဲ့ ရှိတဲ့ အဖွဲ့အစည်းတောင် တချို့ ပျက်သွား တာပဲလေ” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို နစက-က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက် ထားရမည်ဟု ပြဋ္ဌာန်းခဲ့သည်။
ထို့နောက် သတ်မှတ် ကာလအတွင်း မှတ်ပုံ ပြန်မတင်သည့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။