CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းတွင် ရာထူးအပြောင်းအလဲများ လုပ်ဆောင်နေကြောင်း နေပြည်တော်ဖြင့် နီးစပ်သူ များက ပြောသည်။
လက်ရှိ အပြောင်းအလဲ လုပ်သည့် ရာထူး/တာဝန်ပိုင်းများမှာ အရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)အဖြစ် တာဝန်ပေးခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို အရာရှိချုပ်(ကြည်း)အဖြစ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
နမခ တိုင်းမှူးနေရာမှာ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးက ပြောင်းလဲ တာဝန်ယူမည်ဖြစ်သည်။
ထို့နောက် ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူးအဖြစ် တာဝန်ပေးခဲ့ ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ဝေလင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
တခြားသော တပ်မတော် ထိပ်ပိုင်း ရာထူးများလည်း အပြောင်းအလဲ လုပ်နိုင်ခြေရှိကြောင်း နေပြည်တော်ရှိ သတင်း ရင်းမြစ်များထံက သိရသည်။