CNI News
၂၀၂၆ ခုနှစ်၊ မေလ ၆

မြန်မာ့တပ်မတော်သည် မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ထိုဆက်သွယ်ရေး လမ်းကြောင်းအား မေလ ၆ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် မန္တလေး-မတ္တရာ- သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်အား အပြည့် အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား ဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

မန္တလေးမှ မြစ်ကြီးနားသို့ ဆက်သွယ်ထားသော လမ်းကြောင်းသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံကျကြောင်း၊ ထိုလမ်းကြောင်းကို အသုံးပြုနိုင်ပြီးဖြစ်၍ ပြည်သူများ ကုန်စည်စီးဆင်းမှု များ မြန်ဆန် လွယ်ကူမည်ဖြစ်သလို ခရီးသွားလာရလည်း မြန်ဆန်လွယ်ကူလာမည်ဖြစ်သည်။

မြန်မာ့တပ်မတော်သည် မန္တလေး-မတ္တရာ- သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် စစ်ဆင်ရေးကာလအနေဖြင့် ၁ နှစ်နှင့် ၃ လကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် စုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက် အပါအဝင် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။