- By CNI
- Category: နိုင်ငံရေး
- Hits: 436
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၁
ထိုင်းနိုင်ငံ၏ အတိုက်အခံ ပြည်သူ့ပါတီ(PP)၏ လွှတ်တော်အမတ် ရွတ်ချာနွတ် သီရိနွတ် (Rukchanok Srinork) ၏ ပိုင်ဆိုင်မှုကို စစ်ဆေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရူအန်ရိုင် လီကစ်ဝတ္တန (Ruangkrai Leekitwattana) က အာဏာပိုင်များအား တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လွှတ်တော်အမတ် ရွတ်ချာနွတ်၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးပြုခဲ့သည့် ပိုင်ဆိုင်မှုများ၊ အထူးသဖြင့် စက်ဘီးတစ်စီး ဝယ်ယူသည့် ဝင်ငွေအရင်းအမြစ်ကို ကြေညာရန် ပျက်ကွက်ခဲ့ခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးရန် ရူအန်ရိုင်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလက ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော နိုင်ငံရေးပါတီ အလှူငွေ မှတ်တမ်းများကို လေ့လာသုံးသပ်ခဲ့ပြီးနောက် PP ပါတီနှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခုကို သတိပြုမိခဲ့သည်ဟု ၎င်းက ပြောသည်။

လွှတ်တော်အမတ် ရွတ်ချာနွတ် သီရိနွတ်ကို တွေ့ရစဉ်
PP ပါတီသည် လူပုဂ္ဂိုလ် ၅၀ ထံမှ ဘတ် ၅၀၀၀ ထက် ကျော်လွန်သည့် အလှူငွေများ ရရှိခဲ့ပြီး စုစုပေါင်း ဘတ် ၁ ဒသမ ၀၄ သန်း ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် မစ္စ ရွတ်ချာနွတ်သည် ပါတီကို စုစုပေါင်း ဘတ် ၂၀၃,၀၀၀ လှူဒါန်းခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လက လွှတ်တော်အမတ် မဖြစ်မီ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖက်ရေးကော်မရှင် (NACC) ထံ တင်ခဲ့သည့် ရွတ်ချာနွတ် ပိုင်ဆိုင်မှု ကြေညာချက်ကိုလည်း စစ်ဆေးသင့်ကြောင်း ရူအန်ရိုင်က ပြောသည်။
စက်ဘီးတစ်စီး အပါအဝင် ရွတ်ချာနွတ်၏ နောက်ဆုံးအကြိမ် ပိုင်ဆိုင်မှု ကြေညာချက်သည် မေးခွန်းများကို မြင့်တက်စေကြောင်း ၎င်းကဆိုသည်။
ရူအန်ရိုင်က ပါတီကို လှူဒန်းခဲ့သည့် ရွတ်ချာနွတ်၏ အလှူငွေ ဘတ် ၂၀၃,၀၀၀ ၏ ဝင်ငွေ အရင်းအမြစ်နှင့် စက်ဘီးတစ်စီးသည်လည်း ပိုင်ဆိုင်မှုများအတွင်း ထည့်သွင်းကြေညာခြင်း ရှိ၊ မရှိကို စုံစမ်းရန် NACC ထံ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။
ထိုပိုင်ဆိုင်ကြောင်း ကြေညာချက်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အခြေခံအက်ဥပဒေ ၏ အပိုဒ်ခွဲ ၁၁၄ ကို ချိုးဖောက်ခြင်း ရှိ၊ မရှိ စစ်ဆေးသင့်သည်ဟုလည်း ၎င်းက ဆိုသည်။

လွှတ်တော်အမတ် ရွတ်ချာနွတ် သီရိနွတ်ကို တွေ့ရစဉ်
Thansettakij စီးပွားရေး သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ မစ္စ ရွတ်ချာနွတ်၏ စက်ဘီးသည် ဘတ် ၅၇၀၀ တန်ဖိုးရှိ BTWIN Elops 100 စက်ဘီးဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အလှူငွေ ဘတ် ၂၀၃,၀၀၀ ၏ အရင်းအမြစ်နှင့် စက်ဘီးသည် ကြေညာထား သည့် ပိုင်ဆိုင်မှုထဲတွင် ပါဝင်ခဲ့ခြင်း ရှိ၊မရှိကို စစ်ဆေးသင့်ကြောင်း ရူအန်ရိုင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများတွင် မစ္စ ရွတ်ချာနွတ်သည် ဘတ် ၂၀၃,၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လှူဒါန်း ခဲ့ကြောင်း၊ ထိုအလှူငွေသည် ပါတီက ရရှိခဲ့သည် အလှူငွေ စုစုပေါင်း၏ ၁၉ ဒသမ ၃၄ ရာခိုင်နှုန်းဖြစ်ကာ အခြား အလှူရှင်များထက် ပိုမိုများပြားနေကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လက NACC ထံ တင်ခဲ့သည့် ရွတ်ချာနွတ်၏ ပိုင်ဆိုင်မှု ကြေညာချက်တွင် ဘတ် ၅ ဒသမ ၈၄ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများနှင့် ဘတ် ၁ ဒသမ ၈၁ သန်းတန်ဖိုးရှိ ရပိုင်ခွင့်များကို စာရင်းသွင်း ဖော်ပြထားသည်။
ထိုပိုင်ဆိုင်မှုများအနက် ဘတ် ၇၁၆,၄၀၄ ဒသမ ၉၂ တန်းဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ဘတ် ၃၅၄,၅၀၈ ဒသမ ၇၅ ရှိ အာမခံငွေများလည်း ပါဝင်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI International News
ဒါကာ၊ နိုဝင်ဘာ ၂၁
ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်သည် ပါတီစွဲကင်းသည့် ယာယီအစိုးရစနစ်ကို ပြန်လည်ကျင့်သုံးရန် နိုဝင်ဘာ ၂၀ ရက် က စီရင်ချက်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုစနစ်ကို လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အသုံးပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယာယီအစိုးရစနစ်ကို ၁၉၉၆ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
ထိုစနစ်သည် လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်အတွက် ပါလီမန်ဒီမိုကရေစီစနစ်တွင် လွတ်လပ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရန် မျှော်မှန်းခဲ့ပြီး ပြည်သူလူထုနှင့် နိုင်ငံတကာလေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်တွင် အတိတ်ကာလက ရွေးကောက်ပွဲ ၂ ခုကို တရားရေးဝန်ကြီးဟောင်းများ ဦးဆောင်သည့် ပါတီစွဲ ကင်းသည့် ယာယီအစိုးရအဖွဲ့များက ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစိုးရအဖွဲ့များသည် ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကာ အနိုင်ရရှိသည့် ပါတီကို အာဏာလွှဲပြောင်း အပ်နှင်းရမည်ဖြစ်သည်။
၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဆောင်သည့် ပါတီစွဲကင်း သော ယာယီအစိုးရက ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် နိုင်ငံရေးပဋိပက္ခများကြောင့် ထိုစနစ်သည် ၂၀၁၁ ခုနှစ်၌ ဖယ်ရှားခံခဲ့ရကြောင်း၊ ထိုအချိန်သည် ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာ (Sheikh Hasina) အုပ်ချုပ်နေသည့် ကာလဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တွေ့ရစဉ်
ထို့ကြောင့် ဟာဆီနာ၏ နိုင်ငံရေးပြိုင်ဘက်များက ဟာဆီနာသည် အနာဂတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ များကို ထိန်းချုပ်လိုခြင်းကြောင့် ထိုစနစ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ဟာဆီနာ၏ အစိုးရအဖွဲ့သည် ၂၀၁၄၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် ရွေးကောက်ပွဲများ ပြုလုပ်ပေးခဲ့သည်။
သို့သော်လည်း ထိုရွေးကောက်ပွဲများကို ပြည်တွင်း၊ ပြည်ပ လေ့လာသူများက ယုံကြည်ရခြင်း မရှိကြောင်း ပြော ကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့် BNP ပါတီသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့သည်။
BNP ပါတီက ယာယီအစိုးရစနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဟာဆီနာက ငြင်းဆိုခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်တွင်မူ အဖွဲ့ဝင် ၇ ဦးပါသည့် တရားရုံးချုပ်၏ တရားသူကြီးများသည် ပါတီစွဲကင်းသည့် ယာယီ အစိုးရစနစ်ကို ပြန်လည်ကျင့်သုံးရန် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုစနစ်ကို လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကျင့်သုံးဦးမည် မဟုတ်ဘဲ လာမည့် ရွေးကောက်ပွဲကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ယာယီအစိုးရက ပြုလုပ်သွားမည်ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 455
CNI International News
ခါတွန်၊ နိုဝင်ဘာ ၂၁
ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်စစ်တပ် (RSF) တို့ကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အာရုံစိုက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်း၌ ဖော်ပြခဲ့သည်။
ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman)က ၇ နှစ်အတွင်း ပထမဆုံး ဝါရှင်တန်ခရီးစဉ်တွင် ဆူဒန်ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးရန် ထရမ့်ကို တိုက်တွန်းခဲ့ပြီးနောက် ထရမ့်၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ သူသည် ဆော်ဒီအိမ်ရှေ့စံနှင့် စကားမပြောခင် အချိန်အထိ ၂၀၂၃ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ဆူဒန်စစ်ပွဲသည် ၎င်း၏ အစီအစဉ်များထဲတွင် ပါဝင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဆော်ဒီအိမ်ရှေ့စံက ဆူဒန် အရေးနဲ့ပတ်သက်ပြီး ကျနော့်ကို အရမ်းဩဇာကြီးမားတဲ့ အရာတစ်ခုခု လုပ်ဆောင် စေချင်တဲ့ ဆန္ဒရှိနေပါတယ်”ဟု ထရမ့်က ဆယ်လ်မန်နှင့် ပြုလုပ်သည့် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

ဆူဒန်ပြည်သူများကို တွေ့ရစဉ်
ထရမ့်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (Abdel Fattah al-Burhan) ဦးဆောင်သည့် ဆူဒန်အချုပ်အခြာအာဏာပိုင်ကောင်စီက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးရရန် အမေရိကန်၊ ဆော်ဒီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ဖာတာ အယ်ဘာဟန်က ဆူဒန်ပြည်သူများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေးကို ရရှိဖို့ အမေရိကန်၊ ဆော်ဒီတို့နှင့် အလေးအနက် ထိတွေ့ဆက်ဆံရန် အသင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထရမ့်သည် ဆယ်လ်မန်နှင့် မတွေ့ဆုံမီကလည်း ဆူဒန်စစ်ပွဲသည် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိနေ ကြောင်း ပြောကြားခဲ့ဖူးသည်။
သို့သော် ဆူဒန်ပဋိပက္ခ အဆုံးသတ်ရေးသည် ထရမ့်၏ အစီအစဉ်များထဲတွင် ပါဝင်ခဲ့ပုံ မပေါ်သည့်တိုင် အမေရိကန် အစိုးရအဖွဲ့သည် ဆူဒန်၌ ငြိမ်းချမ်းရေး ရရှိစေမည့် နည်းလမ်းများကို ရှာဖွေရန် စီစဉ်ခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ဆူဒန် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံပေးရန် ယူအေအီး နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့သည်။
ဆူဒန်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး လူ ၁၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၂၀
တရုတ်နှင့် ဂျပန်ကြား တင်းမာမှုများ မြင့်တက်နေခြင်းသည် တောင်ကိုရီးယားနိုင်ငံအပေါ် တိုက်ရိုက်နည်းနှင့်ရော သွယ်ဝိုက်နည်းနှင့်ပါ ထိခိုက်စေနိုင်ကြောင်း တောင်ကိုရီးယား၏ Sungkonghoe တက္ကသိုလ်မှ ဂျပန်လေ့လာရေး ဌာန၏ ပါမောက္ခ ယန်ကီဟို (Yang Ki-ho) က ပြောကြားခဲ့သည်ဟု Korea Times မှ ဖော်ပြခဲ့သည်။
ယခုလ အစောပိုင်းက ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ မှတ်ချက် စကားများနှင့်ပတ်သက်ပြီး တရုတ်နှင့်ဂျပန်ကြား တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မည်ဆိုပါက ဂျပန်က စစ်ရေးဖြင့် တုန့်ပြန်မည့်သဘော ပြောကြားခဲ့သည့် တာကာအီချီ၏ မှတ်ချက်စကားကို တရုတ်က ပြင်းထန်စွာ ဝေဖန်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် တရုတ်နှင့် ဂျပန် တင်းမာမှုတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ထိခိုက်မှုများ ရှိလာနိုင်သဖြင့် တောင်ကိုရီးယားအနေဖြင့် ဟန်ချက်ညီစွာ ထိန်းညှိဆောင်ရွက်ရန် ကျွမ်းကျင်သူများက အကြံပြုထားသည်။
တရုတ်နှင့် ဂျပန်ကြား တင်းမာမှုသည် အချိန်တိုအတွင်း ပြေလည်သွားဖွယ် မရှိသဖြင့် တောင်ကိုရီးယားအတွက် သံတမန်ရေးအရ စိန်ခေါ်မှုများနှင့် ကြုံတွေ့လာနိုင်သည်ဟုလည်း သတိပေးချက်များ ထွက်ပေါ်နေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျပန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်
“တာကာအီချီဟာ ဝန်ကြီးချုပ် သက်တမ်း အစောပိုင်းမှာ ထောက်ခံမှု အခိုင်အမာ ရရှိထားတာကြောင့် သူ့ရဲ့ မှတ်ချက်စကားကို ပြန်လည်ရုပ်သိမ်းမှာ မဟုတ်ပါဘူး။ နှစ်နိုင်ငံစလုံးက ရေရှည်ဖြစ်ပွားမယ့် တင်းမာမှုအတွက် အသင့်ပြင်ထားကြပုံပါပဲ” ဟု ယန်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံတင်းမာမှုသည် လက်ရှိတွင် ခရီးသွားကဏ္ဍနှင့် ပြည်သူ အချင်းချင်း ဆက်ဆံမှုများအပေါ် ဗဟိုပြုလာခြင်း ဖြစ်သဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးပြဿနာများ ပေါ်ပေါက်လာစေနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ဂျပန်သည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် သုံးပွင့်ဆိုင် ဆက်ဆံရေးကို ခိုင်မာစွာ ထူထောင်ထားချိန်တွင် နိုဝင်ဘာ ၁ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) တို့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရုတ်နှင့် တောင်ကိုရီးယားကြား ဆက်ဆံရေးလည်း တိုးတက်ကောင်း မွန် လာခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းကလည်း တရုတ်သည် တောင်ကိုရီးယားနှင့် ဂျပန်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားဘက်မှ ရပ်တည်သည့် မှတ်ချက်စကားများကို ပြောကြားခဲ့သည်။
လက်ရှိ တရုတ်-ဂျပန် တင်းမာမှုများနှင့် ပတ်သက်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။
Source: Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 461
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၀
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် လက်ရှိတွင် တရားရေးနှင့် နိုင်ငံရေး ပြဿနာများဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ဖြူးထိုင်းပါတီကို အန္တရာယ်ဖြစ်လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် အမှုများစွာဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရဖွယ်ရှိနေသည်။
ကျွမ်းကျင်သူများကမူ သက်ဆင်သည် လာမည့် အထွေထွေရွေးကောက်ပွဲ ကာလထက် ကျော်လွန်ပြီး အကျဉ်းချ ခံရဖွယ် ရှိနေသဖြင့် ဖြူးထိုင်းပါတီ၏ ညွန့်ပေါင်းအစိုးရအဖွဲ့ ဦးဆောင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မည်ဟု သုံးသပ် ထားကြသည်။
နိုဝင်ဘာ ၁၇ ရက်က သက်ဆင်နှင့် ၎င်း၏ မိသားစုသည် အကြီးစား ထိုးနှက်ချက် ၂ ခုဖြင့် ရင်ဆိုင်ခဲ့ရသည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်ခဲ့သူ သက်ဆင်သမီး ပေတုန်တန်ကို တွေ့ရစဉ်
ပထမတစ်ခုမှာ အစိုးရရှေ့နေများက သက်ဆင်အား တော်ဝင်အသရေဖျက်မှု စွဲချက်များမှ တရားသေ လွှတ်ပေး ခဲ့သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအမှုတွင် သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား သတင်းစာ တစ်စောင်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ထိုင်းဘုရင် မိသားစုကို ဝေဖန်သည့် မှတ်ချက်များ ပြောကြားခဲ့သဖြင့် တော်ဝင် အသရေဖျက်မှု စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ တရားရုံးချုပ်က သက်ဆင်အား ဘတ် ၁၇ ဒသမ ၆ ဘီလျံ အခွန်ပေးဆောင်ရန် စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်က သက်ဆင်၏ Shin Corp ကုမ္ပဏီ ရှယ်ယာများဖြင့် ဆက်နွှယ်ပြီး အခွန်ဆောင်ရန် တရားရုံးချုပ်က အမိန့်ချခဲ့ခြင်းဖြစ်သည်။
အစောပိုင်း စီရင်ချက်များတွင် သက်ဆင်သည် အသာရခဲ့သော်လည်း တရားရုံးချုပ်က ထိုစီရင်ချက်များကို ပလပ် ခဲ့ပြီး သက်ဆင်၏ အမှု၌ အခွန်ဌာန၏ အခွန် လေ့လာဆန်းစစ်ချက်သည် တရားဝင်မှုရှိကြောင်း ကြေညာခဲ့သည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်ခဲ့သူ သက်ဆင်သမီး ပေတုန်တန်ကို တွေ့ရစဉ်
ထိုကဲ့သို့ တရားရေးပြဿနာများသည် ဖြူးထိုင်းပါတီ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုများကို အားနည်းစေနိုင်ပြီး ဖြူးထိုင်းပါတီအတွင်းမှ ဩဇာကြီးမားသည့် နိုင်ငံရေးသမားများသည် ပါတီမှ ထွက်ခွာဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူဖြစ်သော ပီချိုင်း ရတ်နာတီလာကာ နာ ဘူကက် (Phichai Ratnatilaka Na Bhuket) က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ၏ ဩဇာကြီးမားသည် နိုင်ငံရေးသမားများသည် လာမည့် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရရန် အခွင့်အလမ်း နည်းပါးနေမည်ကို စိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။
လူထုသဘောထား ကောက်ယူမှု စစ်တမ်းများတွင်လည်း ဖြူးထိုင်းပါတီ၏ လူကြိုက်များမှုနှုန်းသည် ကျဆင်း နေပြီး လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ ၅၀ သို့မဟုတ် ၆၀ ကိုသာ အနိုင်ရရှိလိမ့်မည်ဟု ဖော်ပြ ထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 390
CNI International News
မက္ကဆီကို စီးတီး၊ နိုဝင်ဘာ ၂၀
မက္ကဆီကိုနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းရာတွင် ကူညီပေးသည့် အနေဖြင့် အမေရိကန် တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပေးမည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကမ်းလှမ်းချက်ကို မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ငြင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်က အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို ရပ်တန့်ရန် ဘာပဲလုပ်ရလုပ်ရ လုပ်ဆောင် ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရှိန်းဘမ်း၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ (ထရမ့်) က ဒီအကြောင်းကို ခဏခဏ ပြောခဲ့ဖူးပါတယ်။ မက္ကဆီကိုမှာ အမေရိကန်စစ်တပ်က ဝင်ရောက်ကူညီပေးဖို့နဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ လိုအပ်တာမှန်သမျှ ကူညီပေး မယ်လို့ ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အကြောင်း၊ ထောက်လှမ်းရေး သတင်းတွေနဲ့ ကူညီပေးနိုင်တဲ့အကြောင်းကို ကျမက ပြန်ပြောခဲ့ပါတယ်။ ပြီးတော့ ကျမတို့ နိုင်ငံထဲမှာ ပြည်ပ အစိုးရက ဝင်ရောက် စွက်ဖက်မှာကိုတော့ လက်ခံမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျမက ပြန်ပြောခဲ့ပါတယ်”ဟု ရှိန်းဘမ်းက ပြောကြားခဲ့သည်။
ရှိန်းဘမ်းက ထိုအကြောင်းကို ထရမ့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) တို့ကို ယခင်ကတည်းက ပြောကြားခဲ့ပြီး ၎င်းတို့ကလည်း နားလည်ကြသည်ဟု ဆိုသည်။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းကို တွေ့ရစဉ်
ထရမ့်ကမူ နိုဝင်ဘာ ၁၇ ရက်တွင် မက္ကဆီကိုနိုင်ငံ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့သည်။
“မူးယစ်ဆေးဝါးတွေကို တားဆီးဖို့ မက္ကဆီကိုမှာ တိုက်ခိုက်မှုတွေ လုပ်ချင်လားလို့ မေးမယ်ဆိုရင် ကျနော်ကတော့ မူးယစ်ဆေးဝါးတွေကို ရပ်တန့်ဖို့ ဘာမဆို လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုနေ့မှာပင် မက္ကဆီကို၏ အမေရိကန်သံရုံးကလည်း အမေရိကန်သည် မက္ကဆီကိုတွင် တစ်ဖက်သတ် လုပ်ရပ်ကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားထားသည့် ရူဘီယို၏ မှတ်ချက်ပါဝင်သော ဗွီဒီယိုတစ်ခုအား X လူမှု မီဒီယာ၌ မျှဝေခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်တွင်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် မက္ကဆီကို သံတမန်များ ဆွေးနွေးခဲ့ကြသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၂၀
ယူကရိန်းစစ်တပ်သည် စစ်မှုထမ်းများနှင့် စစ်လက်နက်ပစ္စည်းများ လျော့နည်းလာကာ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့ အချို့သည် ရုရှားတပ်များ၏ ပိတ်ဆို့မှုကို ခံနေရမှုနှင့်အတူ ယူကရိန်းသည် အန္တရာယ်ဇုန်အတွင်းသို့ ဝင်ရောက်လာ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Asia Times သတင်းတွင် ဖော်ပြထားသည်။
ရုရှားတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံထားရသည့် ဒေသများထဲတွင် ယူကရိန်း၏ ပိုခရော့ဗ်စ် (Pokrovsk) ၊ ဇာပိုရီရှား (Zaphorize) နှင့် အခြားနေရာ ဒေသများလည်း ပါဝင်နေပြီး တစ်ချိန်တည်းမှာပင် ရုရှားက ယူကရိန်း၏ အရေးကြီးသည့် အခြေခံ အဆောက်အအုံများကို ဆက်လက် တိုက်ခိုက်နေသည်။
ထိုအခြေအနေများကြောင့် ယူကရိန်းစစ်တပ်သည် အရေးနိမ့်တော့မည့် အခြေအနေသို့ ရောက်ရှိလာသည်ကို အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီများက နားလည်လာကြသည်ဟု ဆိုသည်။
ယူကရိန်းစစ်တပ် အနေဖြင့် ရုရှားကို မည်သည့် အချိန်အထိ တွန်းလှန်နိုင်မည်ကို သေချာစွာ မသိရသော်လည်း ယူကရိန်းစစ်သား အများအပြား စစ်တပ်ကို စွန့်ခွာထွက်ပြေးခြင်း၊ ထိခိုက်၊ သေဆုံးမှု မြင့်မားနေခြင်း အစရှိသည့် အချက်များက ယူကရိန်းနိုင်ငံသားများ ပေးဆပ်နေရသည့် စစ်ပွဲ၏ အခြေအနေကို ပြသရာရောက်နေသည်။

ယူကရိန်းစစ်သားကို တွေ့ရစဉ်
ထိုအချိန်မျိုးတွင် စစ်ပွဲကို ဥရောပအထိ ပျံ့နှံ့စေရန် စစ်ကို ချဲ့ထွင်ရေးအတွက် ရန်လိုမှုများ ဖန်တီးရန် ယူကရိန်းက အကောင်းဆုံး ကြိုးပမ်းနေပြီး အကျပ်အတည်းမှ ရုန်းထွက်ဖို့ ပြင်ဆင်နေသည်။
နေတိုးနှင့် ဥရောပနိုင်ငံများ တိုက်ရိုက် ပါဝင်လာမည်ဆိုပါက ယူကရိန်းပဋိပက္ခသည် ပိုမိုဆိုးရွား ပြင်းထန်သည့် အခြေအနေမျိုးကို ရောက်ရှိသွားမည်ဖြစ်သည်။
လက်ရှိအချိန်အထိ ရုရှားနှင့် အမေရိကန်သည် ကြားခံစစ်များတွင် ပါဝင်နေသော်လည်း တိုက်ရိုက် ထိပ်တိုက် တွေ့ခြင်း မရှိသေးပေ။
ရုရှားရော အမေရိကန်ပါ နျူကလီးယား လက်နက်အင်အားကြီး နိုင်ငံများ ဖြစ်သဖြင့် မကြုံစဖူး ထိခိုက် ပျက်စီးစေနိုင်သည့် လုပ်နိုင်စွမ်းများ ရှိနေကြသည်။
လတ်တလော အနေအထားများအရ ပဋိပက္ခကို ပြေလည်စေရန် ဆွေးနွေး ညှိနှိုင်းမှုများအတွက် စစ်မှန်သည့် အခွင့်အလမ်း မရှိပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အလက်စကာ (Alaska) တွင် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း ယူကရိန်းအရေးနှင့်ပတ်သက်ပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ပေ။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI International News
နယူးယောက်၊ နိုဝင်ဘာ ၁၉
ဂါဇာကမ်းမြောင်ဒေသကို ဘေးကင်းလုံခြုံစေရန်နှင့် အုပ်ချုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၃ မဲရရှိပြီး ကန့်ကွက် မဲမရှိဘဲ အတည်ပြုခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။
တရုတ်နှင့် ရုရှားကမူ ထိုအစီအစဉ် မဲခွဲဆုံးဖြတ်မှုကို မဲမပေးဘဲ လက်ရှောင်ခဲ့ကြသည်။
ဟားမာ့စ်အဖွဲ့ကမူ ထရမ့်၏ ဂါဇာအစီအစဉ်အား အတည်ပြုမှုကို သဘောမတူကြောင်း ပြောကြားခဲ့ပြီး ထိုအစီအစဉ်သည် ပါလက်စတိုင်းများ၏ နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုမှုများ၊ အခွင့်အရေးများနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးကမူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အတည်ပြုခဲ့သည့်အတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"အစ္စရေးနိုင်ငံနဲ့ ဝန်ကြီးချုပ် နေတန်ယာဟုတို့က သမ္မတထရမ့်နဲ့အတူ သူ့ရဲ့ အားကြိုးမာန်တက်ရှိပြီး သစ္စာရှိတဲ့ အဖွဲ့ကို ချီးမွမ်းဂုဏ်ပြုပါတယ်။ သမ္မတထရမ့်ရဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝရေးတို့ကို ဖြစ်စေ ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအစီအစဉ်ထဲမှာ ဂါဇာဒေသအတွင်း စစ်တပ်မထားဖို့ ၊ လက်နက်တွေ ဖြုတ်သိမ်းဖို့ နဲ့ အစွန်းရောက်မှုကို တိုက်ဖျက်ဖို့ အလေးထား ဖော်ပြထားလို့ ဖြစ်ပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ် ရုံးက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် အစ္စရေး၏ အိမ်နီးချင်းများ အနေဖြင့်လည်း Abraham Accords အမည်ရှိ သဘောတူညီချက်ကို ပြန်လည် ပါဝင်ကြရန် နေတန်ယာဟု၏ ရုံးက တိုက်တွန်းခဲ့သည်။
Abraham Accords သည် အစ္စရေးနှင့် ဒေသတွင်း အာရပ်နိုင်ငံများကြား ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ထရမ့်၏ ပထမ သက်တမ်းအတွင်းက လုပ်ဆောင်ခဲ့သည့် သဘောတူညီချက်ဖြစ်သည်။

ဂါဇာဒေသကို တွေ့ရစဉ်
"အစ္စရေးက ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက် မိမိတို့ရဲ့ အိမ်နီးချင်းတွေ အားလုံးကို လက်ကမ်းထား ပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ပြီး ဟားမာ့စ်အဖွဲ့နဲ့ ဟားမာ့စ်အဖွဲ့ ထောက်ခံ သူတွေကို ဒေသတွင်းက မောင်းထုတ်ရာမှာ မိမိတို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်" ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်သည့် ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ် ယိုဟန် ဝါဒီဖူလ် (Johann Wadephul) ကလည်း ထရမ့်၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျာမနီသည် ဂါဇာဒေသ ပြန်လည် ထူထောင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိကြောင်း ယိုဟန်က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 389
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံတွင် မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည့်အတွက် လူငယ်နှင့်လူကြီး ပေါင်းစပ်ပြီး လွှတ်တော်နိုင်ငံရေးကို တည်ဆောက်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးနှင့် လွှတ်တော်နိုင်ငံ ရေးအား ပြန်လည် အသက်ဝင်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး လူငယ် ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်သည်။
လူငယ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သွားလျှင် ၎င်းတို့၏ အားသာချက်များနှင့် မိမိတို့ ဖြတ်သန်းခဲ့သည့် အတွေအကြုံများဖြင့် ပေါင်းစပ်၍ ဒီမိုကရေစီကို ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကျင်းပနေစဉ်
၎င်းက “နိုင်ငံတော်အတွက် ကောင်းနိုးရာရာပေါ့၊ ကိုယ်ကောင်းမယ်ထင်တဲ့ အရာတွေကို တင်ပြကြတဲ့အခါမှာ တစ်ခါတစ်လေ အာဏာရအစိုးရ၊ အာဏာရပါတီနဲ့ မတူကွဲပြားတာမျိုး ရှိနိုင်တယ်။ အခုဟာက ကျနော်တို့ ဒီမိုကရေစီ ယုံကြည်တဲ့သူတွေအတွက်က နိုင်ငံရေး ပလက်ဖောင်းကို ပျောက်နေတာ။ အဲ့တော့ လွှတ်တော် ပေါ်လာရင်တော့ ဒီမိုကရေစီဘက်က ကိုယ်စားပြုမယ့် သူတွေရဲ့အသံတွေ လွှတ်တော်ထဲ ရောက်သွားမယ် ပြောရေးဆိုခွင့် တစ်စုံတစ်ရာ ရလာမယ် အဲ့ဒီကနေမှ တစ်ဆင့်ဆင့်နဲ့ နိုင်ငံရေးဘောင်ကို ချဲ့သွားရမယ်။ အဲ့တော့ လူငယ်တွေမှာ သူတို့ရဲ့ဆန်းသစ်တဲ့ ဒီနုပျိုတဲ့အမြင်တွေ အတွေးအခေါ်တွေရှိတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံ တွေ အဲ့တာတွေနဲ့ ပေါင်းစပ်ပြီးလုပ်သွားရင် ခုနက လူငယ်လူကြီး ဆိုတာလည်း သီးခြား ကွဲပြားမှုကြီး တစ်ခုလို့ တော့ မမြင်ပါဘူး။ ဒါကြောင့် အခု လူငယ်လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားရင် သူတို့ ဆီက အားသာချက်တွေနဲ့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ဖို့ပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အရေး ပေါ် အခြေအနေ ကြေညာထားသည်။
ထို့နောက် လွှတ်တော်နိုင်ငံရေး ပျောက်ဆုံးကာ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စသည့် အာဏာ ၃ ရပ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးထံမှာ စုစည်းထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်နိုင်ငံရေးကို ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံရေးနည်းလမ်းအား ယုံကြည်ပြီး လွှတ်တော်ရွေးကောက်ပွဲမှ ဝင်လာသည့် သူများကြားထဲတွင် တူညီသည့် နည်းလမ်းတစ်ခုကလည်း ရှိနေကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်ခုကတော့ ဒါလူငယ်လူလတ် ကြားထဲမှာတင် မကပါဘူး၊ ပြည်သူတွေ ကြားထဲမှာလည်း ရွေးကောက် ပွဲက ထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေကလည်း ရှိနေတယ်၊ အဲ့တော့ ရွေးကောက်ပွဲ နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းကို ယုံကြည်လို့ လွှတ်တော် ရွေးကောက်ပွဲကနေ ဝင်လာတဲ့သူတွေ ကြားထဲမှာကလည်း တူညီတဲ့ နည်းလမ်း တစ်ခုကလည်း ရှိနေတယ်။ ဒီရွေးကောက်ပွဲ နည်းလမ်း၊ နိုင်ငံရေး နည်းလမ်းနဲ့ ပြဿနာလေးတွေ ဖြေရှင်းမယ်ဆိုတဲ့ တူညီမှုကလည်း ရှိနေတယ်။ အဲ့အပေါ်မှာ ကျနော်တို့က မဏ္ဍိုင် ထားပြီးတော့ ပေါင်းစည်းဖို့ လိုတယ်။ အဲ့တော့ လူတစ်ဦးနဲ့ တစ်ဦးကြားထဲမှာ မတူကွဲပြားမှုတွေကလည်း ရှိမှာပဲ ရှိပေမယ့် အဲ့အထဲကနေပြီးတော့ပဲ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ကြရတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်တောင်းဆိုခြင်းထက် ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ဝင်၍ လွှတ်တော်အတွင်းကနေ နိုင်ငံရေး တောင်းဆိုကြရန်၊ မိမိအနေဖြင့် ဂုဏ်သိဏ္ခာရှိသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။
