CNI International News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆

တရုတ်နှင့် ထိုင်ဝမ်သည် ၎င်းတို့၏ သမိုင်းကြောင်းများနှင့်ပတ်သက်ပြီး ပုံဖော်ပြောဆိုခဲ့ပြီး သဘောထား ကွဲလဲမှုများ ဖြစ်ပွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့ကာ ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) ကို ခွဲထွက်ဝါဒီ တစ်ဦးအဖြစ် သုံးနှုန်းပြောဆိုခဲ့သည်။

လိုင်သည် ဇွန်လ ၂၃ ရက်က မိန့်ခွန်း ၂ ခု ပြောကြားခဲ့ရာတွင် ထိုင်ဝမ်သည် နိုင်ငံဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် သမိုင်းကြောင်းအရ ပိုင်ဆိုင်မှုရှိခဲ့သည်ဟု မပြောနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ဇွန်လ ၁၈ ရက်က ဘေဂျင်းတွင် ဥရောပသံအမတ်များနှင့် တွေ့ဆုံခဲ့ရာစဉ် ထိုင်ဝမ်၏ အာဏာရပါတီသည် လွတ်လပ်ရေးရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပြီး အန္တရာယ် ကြီးမားကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တွေ့ရစဉ်

ဂျပန်သည် ထိုင်ဝမ်ကို ခိုးယူခဲ့ဖူးပြီး ၁၉၄၃ ခုနှစ်တွင် ကိုင်ရိုကြေညာချက် (1943 Cairo Declaration) အတွင်း တရုတ်ကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်က လက်နက်မချမီ ၁၉၄၅ ခုနှစ် ပို့စ်ဒမ် ကြေညာချက် (1945 Potsdam Declaration) တွင်လည်း ထိုသဘောတူညီမှုကို အတည်ပြုခဲ့ ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ၁၈၉၅ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်၏ ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့သည်။

“အဲဒါကြောင့် ဒီကိစ္စက အရမ်းရှင်းနေပါတယ်။ ထိုင်ဝမ်က တရုတ်ရဲ့ အစိတ်အပိုင်းပါ။ ဒုတိယကမ္ဘာစစ်ရဲ့ အောင်မြင်မှု အရှိဆုံး ရလဒ်တွေထဲမှာ ထိုင်ဝမ်ကို တရုတ်က ပြန်လည်ရရှိတာလည်း ပါဝင်ခဲ့ပါတယ်” ဟု ဝမ်က ပြောသည်။

လိုင်ကမူ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ် ဒေသခံများကသာ ဆုံးဖြတ်နိုင်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ် ပြည်မကြီး၏ အစိတ်အပိုင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သမ္မတနိုင်ငံဟု အမည်ပေးထားသည့် ထိုင်ဝမ်ကို ၁၉၁၁ ခုနှစ် တော်လှန်ရေးအပြီးတွင် ထူထောင်ခဲ့ကာ ထိုအစိုးရသည် ၁၉၄၉ ခုနှစ်က မော်စီတုန်း၏ ကွန်မြူနစ်များနှင့် ဖြစ်ပွားသည့် စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးခဲ့ရသည်။

Source: ရိုက်တာ