CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၈

ထိုင်ဝမ်အရေးသည် အမေရိကန်နှင့်တရုတ် ဆက်ဆံရေးကို လျော့ကျစေသည့် အဓိကအကြောင်းရင်းဖြစ်နေ ကြောင်း  စက်တင်ဘာ ၁၂ ရက်က ဘေကျင်း (Beijing) မြို့တော်တွင် ပြုလုပ်သော ကာကွယ်ရေးဖိုရမ် ပထမနေ့၌  တရုတ်လေ့လာသူများက ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

"အမေရိကန်ဟာ ကမ္ဘာကို စိုးမိုးချင်ပြီး တရုတ်ကို ဖိနှိပ်ချင်နေပါတယ်။ တရုတ်နိုင်ငံ စည်းလုံးညီညွတ်မှာကို မဖြစ် စေချင်ပါဘူး။ ဒါဟာ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲရတဲ့ အခြေခံ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်" ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ စစ်ရေးသိပ္ပံအကယ်ဒမီ၏ ဒုဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ် ကြီး ဟီလိုင် (He Lei) က ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲအတွက် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေပြီး အမေရိကန်၏ သဘောထား မည်သို့ရှိသည်ဖြစ်စေ မိမိတို့အနေနှင့် မိမိတို့၏ အဓိကအကျိုးစီးပွား အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟီက နှစ်စဉ်ပြုလုပ်နေကျ Xiangshan ဖိုရမ်တွင် ပြောကြားခဲ့သည်။

ထိုဖိုရမ်တွင် ဆွေးနွေးမှု တစ်ခုအတွင်း ရှန်ဟိုင်း (Shanghai) တက္ကသိုလ်မှ အမေရိကန်ရေးရာ လေ့လာရေးစင်တာ ညွှန်ကြားရေးမှူး ဝူရှင်ဘို (Wu Xinbo) ကလည်း ဟီ၏ သဘောထားနှင့် တူညီသည့် မှတ်ချက်စကားကို ပြောကြား ခဲ့သည်။

ထိုင်ဝမ်စစ်သားများကို တွေ့ရစဉ်

အမေရိကန်သည် ထိုင်ဝမ်ကို ဖဲချပ်တစ်ချပ်ကဲ့သို့ ကစားနေကြောင်း၊ အမေရိကန်၏ ရပ်တည်ချက်ကြောင့် အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ် မပြုတော့ကြောင်း၊ တရုတ်က ခံစားလာရပြီး အမေရိကန်သည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှတစ်မျိုး အားပေးလှုံ့ဆော်နေ ကြောင်း ဝူက ပြောကြားခဲ့သည်။

"သုံးဘက်စလုံး (အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်) က အဆိုးရွားဆုံး အနာဂါတ် စိတ်မှတ်ဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဒါက တော်တော်အန္တရာယ်များပါတယ်" ဟု ဝူက ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်ရေးရာ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရစ်ခ် ဝါတားစ် (Rick Waters) နှင့် ဆွေးနွေးချိန်တွင် ဝူက အမေရိကန်အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဟန့်တားရာ၌ တရုတ်နှင့် အရင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

"ဒုတိယအချက်အနေနဲ့ တရုတ်၊ အမေရိကန်နဲ့ ထိုင်ဝမ်တို့ဟာ ငြိမ်းချမ်းတဲ့ ပြန်လည်ပေါင်းစည်းရေးကို ဦးစား ပေးတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ လုပ်ဆောင်ရမှာပါ" ဟု ဝူက ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် တရုတ်နှင့် ထိုင်ဝမ်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊  အမေရိကန် သည် တရုတ်နှင့် ထိုင်ဝမ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ပုံဖော်ရာတွင် အလွန်အရေးကြီးကြောင်း ဝူက ပြောကြားခဲ့သည်။

Source: SCMP