- By CNI
- Category: နိုင်ငံရေး
- Hits: 924
CNI International News
လူအန်ဒါ၊ မတ်လ ၁၉
ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံ ပေးထားသည့် M23 သူပုန်အဖွဲ့က ၎င်းတို့သည် အန်ဂိုလာနိုင်ငံတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ နုတ်ထွက်ကြောင်း မတ်လ ၁၇ ရက်၌ ပြောကြားခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။
M23 သူပုန်များသည် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ကွန်ဂိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော် M23 အဖွဲ့ ပါဝင်သည့် ကွန်ဂိုမြစ် မဟာမိတ် ညွန့်ပေါင်းသူပုန်အဖွဲ့ကမူ M23 အဖွဲ့နှင့် ရဝမ်ဒါအရာရှိများကို ဥရောပသမဂ္ဂက ပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် အများအပြားက မျှော်လင့်အားထားခဲ့ကြသည့် ဆွေးနွေးမှုများကို အဟန့်အတားဖြစ်စေခဲ့ကြောင်း သူပုန်ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရဝမ်ဒါနိုင်ငံကလည်း ၎င်းအား ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့ဖူးသည့် ဘယ်လ်ဂျီယံနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း မတ်လ ၁၇ ရက်က ပြောကြားခဲ့သည်။

M23 သူပုန်များကို တွေ့ရစဉ်
ထို့နောက် ဘယ်လ်ဂျီယံအစိုးရသည် ခေတ်သစ် ကိုလိုနီစနစ်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆက်ကီဒီ (Felix Tshisekedi) သည် အစိုးရနှင့် ဆယ်စုနှစ် တစ်စုကျော်ကြာ တိုက်ခိုက် လာခဲ့သည့် M23 သူပုန်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် အစောပိုင်းက ငြင်းဆိုခဲ့သည်။
သို့သော် ရှီဆက်ကီဒီသည် ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေပေးနေသည့် ၎င်း၏မဟာမိတ် အင်ဂိုလာနိုင်ငံနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် M23 အဖွဲ့နှင့် တွေ့ဆုံရန် အဆင်သင့် ဖြစ်နေပြီဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
လက်ရှိတွင် M23 သူပုန်များက ဆွေးနွေးပွဲမှ နုတ်ထွက်သွားသည့်တိုင် အစိုးရကိုယ်စားလှယ်အဖွဲ့သည် အင်ဂိုလာ နိုင်ငံ လူအန်ဒါ (Luanda) မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ရှီဆက်ကီဒီ၏ ပြောရေးဆိုခွင့်ရှိသူ တီနာ ဆလာမာ (Tina Salama) က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း M23 သူပုန်အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ရဝမ်ဒါနိုင်ငံသည် M23 သူပုန်အဖွဲ့ကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားခဲ့သည့်တိုင် ရဝမ်ဒါအစိုးရ က M23 သူပုန်များကို ထောက်ပံ့ပေးနေခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 699
CNI International News
တိုင်ပေ၊ မတ်လ ၁၉
တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်သင်္ဘောများ၊ လေယာဉ်များ၊ ဒရုန်းများဖြင့် မတ်လ ၁၆ ရက်မှ မတ်လ ၁၇ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း Time သတင်းမှ ဖော်ပြခဲ့သည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုများသည် မကြာသေးမီက အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ပြောကြားချက်များနှင့် လုပ်ဆောင်ချက်များကို တုန့်ပြန်သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင် လူမှုမီဒီယာပေါ်၌ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများထဲမှာ တရုတ်၏ ဒရုန်းများနှင့် သင်္ဘောများ ၅၉ စင်းခန့်သည် ထိုင်ဝမ်ကျွန်းအနီး မောင်းနှင်ခဲ့သည်။
အဆိုပါ ၅၉ စင်းအနက် ၄၃ စင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး အထူးသတ်မှတ်ဇုန်အတွင်း ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုင်ဝမ်စစ်တပ်က အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့ပြီး လေယာဉ်များ၊ ရေတပ်သင်္ဘောများကို ဖြန့်ကြက် ချထားခဲ့ကာ ကမ်းရိုးတန်းပေါ်တွင် သင်္ဘောဖျက် ဒုံးကျည်ကာကွယ်ရေး စနစ်များကိုလည်း အသင့်ပြင်ထားခဲ့ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီးက စစ်သင်္ဘောကိုတွေ့ရစဉ်
တရုတ်သည် ထိုင်ဝမ်၏ ကာကွယ်ရေးကဏ္ဍနှင့် စိတ်ဓာတ်အင်အားကို လျော့ကျစေရန်အတွက် နေ့စဉ်နီးပါး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။
တရုတ်ကမူ လူဦးရေ ၂၃ သန်း နေထိုင်သည့် ထိုင်ဝမ်သည် ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်ကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင် ကြေညာချက်ကို ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်ကျွန်း၏ အနာဂတ်အား ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်နိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကမူ တရုတ်၏ စစ်ရေးလေ့ကျင့်မှု များသည် ထိုင်ဝမ်၏ လွတ်လပ်ရေး လှုပ်ရှားမှုကို ထောက်ခံသည့် ပြည်ပအင်အားစုများ၊ ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများအား တုန့်ပြန်သော လုပ်ဆောင်မှုဖြစ်ကြောင်း မတ်လ ၁၇ ရက်က ပြောကြားခဲ့သည်။
တရုတ်၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်သည် အမေရိကန်ထံမှ ဒုံးကျည် အသစ်များ၊ လေယာဉ်အသစ်များနှင့် အခြားစစ်လက်နက် ပစ္စည်းများကို အော်ဒါမှာယူခဲ့ပြီး ၎င်း၏ ကိုယ်ပိုင် ကာကွယ်ရေးကဏ္ဍကိုလည်း အဆင့်မြှင့်တင်လျက်ရှိသည်။
Source: Time
- By CNI
- Category: နိုင်ငံရေး
- Hits: 895
CNI International News
ဂျေရုဆလင်၊ မတ်လ ၁၉
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အစ္စရေးနှင့် ဟားမာ့စ်အကြား ၂ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကျိုးပျက်သွားခဲ့သည်။
အစ္စရေးကမူ ဂါဇာတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည့် ကျန်ရှိနေသော ဓားစာခံများကို လွတ်မြောက်စေရန် အင်အား အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

ဂါဇာဒေသ လေကြောင်းတိုက်ခိုက်ခံထားရသည်ကို တွေ့ရစဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ ဓားစာခံများကို ပြန်လည်လွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို ငြင်းဆိုခဲ့သည့် ဟားမာ့စ်အဖွဲ့အား ပြင်းထန်စွာ ကိုင်တွယ်သွားရန် စစ်တပ်ကို ညွှန်ကြားထားသည်ဟု ပြောသည်။
“အခုကစပြီး အစ္စရေးဟာ ဟားမာ့စ်အဖွဲ့ကို စစ်အင်အားတိုးမြှင့်ပြီး အရေးယူသွားတော့မှာ ဖြစ်ပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ အစ္စရေးသည် ဇန်နဝါရီလက သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပယ်ဖျက်နေကြောင်း စွပ်စွဲခဲ့သည်။
ထို့နောက် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဓားစာခံ ၅၉ ဦး၏ အနာဂတ်မှာ မသေချာ မရေရာမှုများ ပေါ်ပေါက် လာစေခဲ့သည်။
ယခုနောက်ဆုံးအကြိမ် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများသည် နေရာဒေ သအများအပြားကို ထိမှန်ခဲ့ပြီး သေဆုံးသူ အများစုသည် ကလေးများဖြစ်သည်ဟု ဟားမာ့စ်တို့ အုပ်ချုပ်ထားသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာန မှ အရာရှိများက ပြောကြားခဲ့သည်။

ဂါဇာဒေသ လေကြောင်းတိုက်ခိုက်ခံထားရသည်ကို တွေ့ရစဉ်
အစ္စရေး စစ်တပ်ကမူ ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုသည် ဒါဇင်နှင့်ချီသည့် ပစ်မှတ်များကို ထိမှန်ခဲ့ပြီး လိုအပ်သော အချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သဖြင့် အစ္စရေးမြေပြင် တပ်ဖွဲ့များသည် ဂါဇာတွင် စစ်ဆင်ရေးများ ပြန်လည် စတင်ဖွယ်ရှိနေသည်။
ကုလသမဂ္ဂ၏ ပါလက်စတိုင်း နယ်နိမိတ်ရေးရာ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးကမူ ဂါဇာတွင် အပစ်အခတ်ရပ်စဲမှုကို ပြန်လည်စတင်ရန် တိုက်တွန်းခဲ့သည်။
အစ္စရေးနိုင်ငံကလည်း ဟားမာ့စ်အဖွဲ့ သို့မဟုတ် ယီမင်နိုင်ငံ၏ တုန့်ပြန်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ခြေရှိသည့် အတွက် စီးပွားရေးမြို့တော်ဖြစ်သော တဲလ်အဗစ် (Tel Aviv) မြို့တွင် ခိုလှုံရေးစခန်းများ ဖွင့်လှစ်ထားကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI International News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈
အကြမ်းဖက်အဖွဲ့ ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနဖြစ်သည့် bdnews24.com ဝက်ဆိုက်ဒ်မှ ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ၊ မိုဟာမက် အက်စ်မတ်တူလာ၊ ဟာဆန်၊ ဆလင်မူလာ၊ မော့စတတ် အာမက် တို့ပါဝင်ကြသည်။
အာတူအူလာသည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ မူဆလင် ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ပုံစာ- ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်သည့် ARSA ခေါင်းဆောင်ကိုတွေ့ရစဉ်
ARSA သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် ဒေသများရှိ ရဲစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းသလို ဒေသတွင်း ဟိန္ဒူဘာသာဝင်များနှင့် တခြားသော လူမျိုးများကိုလည်း သတ် ဖြတ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 767
CNI International News
နယူးဒေလီ၊ မတ်လ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် သမ္မတ ဒုတိယသက်တမ်းအတွင်း ပိုမိုပြင်ဆင်ထားကာ ပြတ်သားသော လမ်းပြမြေပုံရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ(Narendra Modi )က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် ဧပြီလမှစပြီး အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကို ရင်ဆိုင်ရမည့် ကုန်သွယ်ဖက် နိုင်ငံများထဲတွင် ပါဝင်နေသည်။
ထိုအခြေအနေကြောင့် အိန္ဒိယ၏ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍမှအစ စိုက်ပျိုးမွေးမြူရေးကဏ္ဍအထိ လုပ်ကိုင်နေသည့် အိန္ဒိယ၏ ပို့ကုန်လုပ်ငန်းရှင်များကို ပူပင်သောက ရောက်စေခဲ့သည်။
မိုဒီနှင့်ထရမ့်တို့ လွန်ခဲ့သည့်လက တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံက အခွန်အကောက် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ၂၀၂၅ ခုနှစ် ဆောင်းရာသီမတိုင်မီ သဘောတူညီချက်၏ ပထမပိုင်းကို အပြီးသတ်ရန် သဘောတူညီ ခဲ့ကြသည်။
၎င်းတို့၏ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅၀၀ ဘီလျံအထိ ရောက်ရှိရန်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“ဒီတစ်ကြိမ်မှာတော့ ထရမ့်က အရင်ကထက် ပိုပြီး ပြင်ဆင်ထားပုံရတယ်”ဟု မိုဒီက ထရမ့်၏ သမ္မတ ဒုတိယသက်တမ်းကို ရည်ရွယ်ပြီး ပြောကြားခဲ့သည်။
“ထရမ့်ရဲ့ စိတ်ထဲမှာ တိကျတဲ့ ခြေလှမ်းတွေနဲ့အတူ ပြတ်သားတဲ့ လမ်းပြမြေပုံရှိနေပြီး တစ်ခုချင်းစီကနေ သူ့ ရည်ရွယ်ချက် ရောက်သွားအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု မိုဒီက အမေရိကန်ကွန်ပျူတာ သိပ္ပံ ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် podcast ထုတ်လွှင့်သူ တစ်ဦးဖြစ်သူ လက်စ်ဖရစ်မန်း(Lex Fridman)နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သုံးနာရီ ကြာမြင့်သည့် ၎င်းတို့၏ အင်တာဗျူးတွင် မိုဒီက သံခင်းတမန်ခင်းနှင့် AI ပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
မိုဒီက ထရမ့်၏ ကြင်နာမှုနှင့် နှိမ့်ချမှုတို့ကို ချီးကျူးပြောကြားခဲ့ပြီး ခေါင်းဆောင်နှစ်ဦးအကြား ခိုင်မာသော ဆက်ဆံရေးကို အလေးထား ပြောကြားခဲ့သည်။
“ထရမ့်ရဲ့ အမေရိကန် ပထမဆိုတဲ့ စိတ်ဓာတ်အရ ထရမ့်က သူ့နိုင်ငံသည်သာ ပထမဖြစ်တယ်လို့ ယုံကြည်ထား ပါတယ်။ ကျနော်လည်း အိန္ဒိယကသာ ပထမလို့ ရပ်တည်ထားတဲ့အတွက်လည်း ကျနော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေတာ ဖြစ်ပါတယ်”ဟု မိုဒီက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 951
CNI International News
ဝါရှင်တန်၊ မတ်လ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် လုပ်ဆောင်နေချိန်တွင် မတ်လ ၁၈ ရက်၌ ရုရှားသမ္မတ ပူတင်(Vladimir Putin )နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထရမ့်က မတ်လ ၁၆ ရက် ညနေခင်း အချိန်တွင် ဖလော်ရီဒါမှ ဝါရှင်တန်သို့ Air Force One ဖြင့် ပျံလာချိန် လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“တစ်ခုခု ကြေညာဖြစ်မယ်ဆိုရင် မတ်လ ၁၈ ရက်နေ့မှာ ဖြစ်လောက်မှာပါ။ မတ်လ ၁၈ ရက်နေ့မှာ ကျနော်တို့ သမ္မတ ပူတင်နဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီသီတင်းပတ်ကုန်မှာ အလုပ်အများကြီး ပြီးစီးသွားတယ်။ ဒီဆွေးနွေး မှုကနေ စစ်ပွဲ အဆုံးသတ်ရေး ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်က ဆော်ဒီ ဆွေးနွေးပွဲအပြီး၌ ယူကရိန်းစစ်ပွဲ ပြီးဆုံးရေးကို အဆိုပြုထားသည်။
ထို့ကြောင့် ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သီတင်းပတ် အနည်းငယ်အတွင်း ရရှိနိုင် မည်ဟု ယူဆထားကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆော်ဒီဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို ယူကရိန်းဘက်က လက်ခံထားသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် အမေရိကန်နှင့် ယူကရိန်း၏ ဥရောပမဟာမိတ်နိုင်ငံများက ရုရှား အား ဖိအားပေးလျက် ရှိနေသော်လည်း ပူတင်ကမူ ပြတ်ပြတ်သားသား အဖြေပေးခြင်း မရှိသေးပေ။
ပူတင်နှင့် စကားပြောဆိုရာတွင် မြေယာကိစ္စနှင့် ဓာတ်အားပေးစက်ရုံ ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု ထရမ့်က ပြောပြခဲ့သည်။
“မြေကိစ္စ အကြောင်းနဲ့ ဓာတ်အားပေးစက်ရုံ ကိစ္စတွေကို ဆွေးနွေးသွားမှာပါ”ဟု ပိုင်ဆိုင်မှုအချို့ ခွဲခြမ်းရေးကို ရည်ညွှန်းကာ ပြောခဲ့ခြင်းဖြစ်သည်။
ထရမ့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့(Steve Witkoff )သည် မကြာသေးမီက မော်စကိုမြို့တော်သို့ သွားရောက်ခဲ့ပြီး ပူတင်နှင့် နာရီအတော်ကြာ ဆွေးနွေးခဲ့သည်။
ထရမ့်နှင့်ပူတင်တို့သည် မကြာမီ အပြုသဘောဆောင်သော ဆွေးနွေးမှုကို လုပ်ဆောင်ကြတော့မည်ဖြစ်ကြောင်း စတိဗ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 612
CNI International News
ဂူဝါဟတီ၊ မတ်လ ၁၈
မီဇိုရမ်ပြည်နယ်အစိုးရသည် ဗဟိုအစိုးရထံမှ ငြိမ်းချမ်းရေးအပိုဆု ရရှိရန် မတ်လ ၁၆ ရက်က ကြိုးပမ်းခဲ့ကြောင်း The New Indian Express သတင်းမှ ဖော်ပြခဲ့သည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) သည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစည်းအဝေး ပြုလုပ်သည်။
ဝန်ကြီး အမစ်ရှားသည် ဒေသတွင်း ပြစ်မှုဆိုင်ရာဥပဒေသစ်များ ပြဋ္ဌာန်းရေးအတွက် လုပ်ငန်းစဉ်များကို စဉ်းစား သုံးသပ်ရန် ဂူဝါဟတီ (Guwahati) မြို့တွင် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု မီဇိုရမ် (Mizoram)ပြည်နယ်ဝန်ကြီး ချုပ် လာဒူဟိုမာ (Lalduhoma) က မီဒီယာများကို ပြောကြားခဲ့သည်။
ထို့ပြင် မီဇိုရမ်ပြည်နယ်သည် ငြိမ်းချမ်းနေသည့်အတွက် လုံခြုံရေးနှင့်ဆက်နွှယ်သည့် အသုံးစရိတ်များ ရရှိခဲ့ခြင်း မရှိကြောင်းလည်း လာဒူဟိုမာက ပြောသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာကို တွေ့ရစဉ်
“ကျန်တဲ့ပြည်နယ်တွေ အကုန်လုံးက လုံခြုံရေးနဲ့ဆက်နွှယ်တဲ့ အသုံးစရိတ်တွေ ရရှိခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် ကတော့ မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်နယ်ဟာ အိန္ဒိယမှာ အငြိမ်းချမ်းဆုံး ပြည်နယ်ဖြစ်နေလို့ ပါပဲ။ အဲဒါကြောင့် အငြိမ်းချမ်းဆုံး ပြည်နယ်ဖြစ်နေတာက အရှုံးသမားတစ်ယောက် ဖြစ်နေတဲ့ အဓိပ္ပာယ်ပါပဲ။ ငြိမ်းချမ်းရေးဟာ ပိုက်ဆံမရပါဘူး။ ငြိမ်းချမ်းမှုကနေ ဝင်ငွေတွေ မရပါဘူး”ဟု ပြောကြားခဲ့သည်။
ဗဟိုအစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွက် လုံခြုံရေးနှင့်ပတ်သက်သည့် အသုံးစရိတ်ကို ပေးအပ်ခြင်းမပြုပါက မီဇိုရမ်ပြည်နယ်အတွက် ငြိမ်းချမ်းရေး အပိုဆုကြေး ပေးသင့်ကြောင်း၊ ထိုငြိမ်းချမ်းရေး အပိုဆုကြေးသည် ငြိမ်းချမ်းရေးအတွက် အသုံးပြုသည့် ငွေကြေးများ၏ သာဓကတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း လာဒူဟိုမာက ပြောသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရပြည်နယ်(အိန္ဒိယ)တို့မှ အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်လာသည့် လူပေါင်း ၄၁,၀၀၀ ခန့်ကို လက်ခံထားရကြောင်းလည်း ၎င်းက ပြောသည်။
“ကျနော်တို့က သူတို့ကို ကျွေးမွေးစောင့်ရှောက် ထားရပါတယ်။ သူတို့ကလေးတွေကိုလည်း ပညာသင် ပေးနေ ရပါတယ်။ ဒါဟာ ကျနော်တို့ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ဗဟိုအစိုးရ ဆီကနေ ထောက်ပံ့မှုတွေ လိုအပ်ပါတယ်”ဟု လာဒူဟိုမာက ပြောကြားခဲ့သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားနဲ့ အရှေ့မြောက်ဒေသက ဝန်ကြီးချုပ်များတွေ့ဆုံ ဆွေးနွေးကြစဉ်
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်(အိန္ဒိယ)၏ နယ်စပ်ဒေသကို လာဒူဟိုမာက ထောက်ပြခဲ့ပြီး မီဇိုရမ်ပြည်နယ်သည် နယ်စပ်များတွင် လူဝင်မှုစစ်ဆေးရေးဂိတ်များ ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရဲဌာနတွင်လည်း ဝန်ထမ်းအင်အား လိုအပ်ချက် များပြားနေခြင်းသည် စွမ်းဆောင်ရည် ညံ့ဖျင်းနေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။
မီဇိုရမ်ပြည်နယ်အတွက် ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ အင်တာနက် ဆက်သွယ်ရေးဖြစ်ပြီး ဆက်သွယ် ရေးနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ထိုပြဿနာကို ဖြေရှင်းပေးရန် လာဒူဟိုမာက တိုက်တွန်းခဲ့သည်။
Source: The New Indian Express
- By CNI
- Category: နိုင်ငံရေး
- Hits: 756
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ကူကီး(ဇို)လူမျိုးနှင့် ကသည်းလူမျိုးများကြား ပဋိပက္ခများ ဖြစ်ပွားနေခြင်း ကြောင့် ကူကီး(ဇို)လူမျိုးများအတွက် သီးခြားအုပ်ချုပ်မှုတစ်ခု ဖန်တီးပေးရန် မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO)က အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ဆုံ၍ တောင်းဆိုခဲ့သည်။
ဝန်ကြီး အမစ်ရှားသည် မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာစဉ် အိုင်ဇောလ်မြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ Raj Bhavan မှာ မတ်လ ၁၅ ရက်က ZORO အဖွဲ့ဖြင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပြီးနောက် ZORO အဖွဲ့က ကူကီး(ဇို)များ ကို သီးခြားအုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ကူးကီး(ဇို) လူမျိုးများ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရ ကြောင်း၊ မဏိပူရပြည်နယ်ထဲမှာ ကူကီး(ဇို) လူမျိုးများနှင့် ကသည်း(Meitei) လူမျိုးများသည် အုပ်ချုပ်မှုတစ်ခု အောက်တွင် အတူနေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ ထို့ကြောင့် ကူကီး(ဇို)လူမျိုးများအတွက် သီးခြား အုပ်ချုပ်မှုတစ်ခု ဖန်တီးပေးရန် ZORO အဖွဲ့က တောင်းဆိုခဲ့သည်။

ချင်းသူပုန် ၂ ဖွဲ့ ပေါင်းစည်းရေး သဘောတူညီချက်ရပြီးနောက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ တွေ့ရစဉ်
ထို့ပြင် မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားထံ အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့်စနစ်(FMR)ကို ပြန်လည်ခွင့်ပြုရန်လည်း တောင်းဆို ခဲ့သည်။
ကူကီး(ဇို)လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ စသည့် သုံးနိုင်ငံတွင် နေထိုင်လျက်ရှိပြီး ကူကီးလူမျိုး များ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး တစ်ရပ်ကိုလည်း ဆင်နွှဲလျက်ရှိသည်။
မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် ကာဗန်လာဗန်နာ(K.Vanlalvena)သည် မြန်မာနိုင်ငံအတွင်းက ချင်းလက်နက် ကိုင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)ဌာနချုပ်သို့ မတ်လ ပထမပတ်အတွင်းက သွားရောက်၍ ချင်း ပြည်နယ်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ပေါင်းစည်းရန် ဆွေးနွေးခဲ့သည်။
ထို့နောက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် မစ္စတာလာဒူဟိုမာကလည်း ချင်းသူပုန် ၂ ဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီ (Chinland Council-CC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ပေါင်းစည်းရေး သဘောတူညီချက် လက်မှတ်ထိုးစဉ်မှာ သဘာပဓိအဖြစ် ပါဝင်ခဲ့သည်။
မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးကလည်း မဏိပူရပြည်နယ်လွှတ်တော်ထဲမှာ တမူး-ကဘော်ချိုင့်ဝှမ်းကို မဏိပူရပြည်နယ်ထဲ ပြန်လည် ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်း ဆွေးနွေးခဲ့သည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကူကီး(ဇို)လူမျိုး အခြေပြု အဖွဲ့အစည်းများသည် နယ်စပ်ဖြတ်ကျော် ပေါင်းစည်းရေးကို ကြိုးပမ်းနေကြောင်း အိန္ဒိယအခြေစိုက် Deccan Herald သတင်းဌာနက ဖော်ပြခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 857
CNI International News
အင်ဖာ၊ မတ်လ ၁၇
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ မဏိပူရ (Manipur) ပြည်နယ်တွင် လူမျိုးစုပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ် နီးပါးအကြာတွင် ဗဟိုအစိုးရက တည်ငြိမ်မှုရှိစေရန် အားထုတ်ကြိုးပမ်းနေသော်လည်း လူမျိုးစုတင်းမာမှုများ ဆက်လက် မြင့်တက်နေသည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလက မဏိပူရပြည်နယ်တွင် ကသည်းနှင့် ကူကီးလူမျိုးစုများအကြား လူမျိုးစုပဋိပက္ခများ ဖြစ်ပွားခဲ့ သဖြင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ကာ လူပေါင်း ၅၀,၀၀၀ ကျော် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ရသည်။
ကသည်းလူမျိုး အများစုသည် မဏိပူရပြည်နယ်၏ အင်ဖာတောင်ကြားတွင် နေထိုင်လျှက်ရှိပြီး ကူကီးလူမျိုးစုများ ကမူ အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းဒေသများတွင် နေထိုင်နေသည်။
ကသည်းလူမျိုးများက အလုပ်အကိုင်ခွဲတမ်းနှင့် မြေပိုင်ဆိုင်ခွင့်များ ရရှိစေမည့် တရားဝင် လူမျိုးစုအဆင့်ကို တောင်းဆိုရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။
ကူကီးလူမျိုးစုများကမူ ကသည်းများသည် လူမျိုးစုအဆင့်ကို ရရှိသွားမည်ဆိုပါက ကူကီးများသည် ဖယ်ကြဉ် ခံထားရမည့် အရေးကို စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေးသည် သေချာရေရာမှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရမှုနှင့်အတူ ဖေဖော်ဝါရီလက အိန္ဒိယအစိုးရသည် မဏိပူရပြည်နယ်ကို ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်မှုကို ပြဋ္ဌာန်းခဲ့သည်။
ထို့ကြောင့် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်သည် ပျောက်ကွယ်သွားခဲ့သည်။

မဏိပူရပြည်နယ်မှာ အဓိကရုဏ်းများဖြစ်ပွားနေစဉ်
Imphal Review of Arts and Politics မီဒီယာကုမ္ပဏီ၏ အယ်ဒီတာတစ်ဦးဖြစ်သူ ပရာဒစ် ဖန်ဂျူဘမ် (Pradip Phanjoubam) ကမူ များပြားသည့် အဖွဲ့အစည်းများသည် လူမျိုးစုပဋိပက္ခများ ဖြစ်ပွားသော အခြေအနေမှ ကိုယ်ကျိုး စီးပွားများကို ရရှိနေကြကြောင်း ပြောကြားခဲ့သည်။
“ပေါ်ပြူလစ် ခေါင်းဆောင်တွေက နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေနဲ့ ဂိုဏ်းဂဏစွဲ အခြေအနေတွေကတဆင့် သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာ မဲတွေရအောင် လုပ်ဆောင်ခဲ့ပါတယ်။ အခုလိုမျိုး ပဋိပက္ခအတွင်း ပိတ်မိနေချိန်မှာတော့ ဘယ်လိုထွက်ပေါက် ရှာရမလဲဆိုတာကို သူတို့ မသိကြတော့ပါဘူး”ဟု ဖန်ဂျူဘမ်က ပြောကြားခဲ့သည်။
ထို့ပြင် မဏိပူရနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကလည်း မဏိပူရပြည်နယ်၏ အခြေအနေကို ရှုပ်ထွေးစေခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုကူးမှုများသည် ဒေသတွင်း အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: DW
