
- By CNI
- Category: အားကစား
- Hits: 664
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၅
ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင်အသင်း တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ တော့ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာ ပြီးချိန်မှာ ဘုန်းမောက်နဲ့ ပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ ၂ ပွဲ ကျန်ရှိနေပြီး ရမှတ် ၁ မှတ်ရတာနဲ့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမြန်ဆုံး ရယူနိုင်ဖို့အတွက် ချယ်လ်ဆီး အသင်းနဲ့ အိမ်ကွင်းမှာ ကစားမယ့်ပွဲမှာ အနိုင်ရလဒ် ရယူဖို့ မျှော်လင့်နေတာပါ။
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဖော်တွေနဲ့အတူ ကာရင်တန်မှာ လေ့ကျင့်မှု ပြန်လည် ပြုလုပ်ခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်အတွက် အားတက်စရာ ဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂ ပွဲမှာ ဆန်ချို၊ မာရှယ်နဲ့ အန်တိုနီတို့ကို တိုက်စစ်ပိုင်းမှာ အဓိက အသုံးပြု ခဲ့ရပါ တယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲ ပါဝင်ကစားထားတာမှာ ၂၉ ဂိုး သွင်းယူကာ သူ့ရဲ့ အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ထားပါတယ်။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း ယှဉ်ပြိုင်ကစားဖို့ ရှိနေသေးတာ ကြောင့် ရက်ရှ်ဖို့ဒ်အချိန်မှီ ပြန်လာနိုင်တာက အသင်းအတွက် သတင်းကောင်းလည်း ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ ချယ်လ်ဆီး အသင်းနဲ့ ပွဲကျန်ကစားပြီးရင် အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 721
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
ဗလင်စီယာအသင်းနဲ့ ရီးရယ်လ်အသင်းတို့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခံခဲ့ရတဲ့ ဗီနီစီးယက်စ်ရဲ့ အနီကတ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်ခဲ့ပြီး ဗလင်စီယာအသင်းကို အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဗလင်စီယာ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားတာကို ခံခဲ့ရပါတယ်။
ဒါကြောင့် ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ၁၀ ကြိမ်မြောက်အဖြစ် လူမျိုးရေး ခွဲခြားခံခဲ့ရခြင်း ဖြစ်ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဒီပွဲရဲ့ ပွဲချိန် ၉၇ မိနစ်မှာ ဗလင်စီယာကစားသမား ဟူဂိုဒူရိုနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်က ဒီအနီကတ်ကို ပယ်ဖျက်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဗလင်စီယာအသင်းရဲ့ မတ်စ်တဲလား အားကစားကွင်းရှိ မာရီယိုကမ်ပတ်စ် ပွဲကြည့်စင်ကို ၅ ပွဲ ပိတ်ပင် ဖို့နဲ့ ဗလင်စီယာအသင်းကို ဒဏ်ကြေးငွေ ပေါင် ၄၀,၀၀၀ ချမှတ်ခဲ့ပါတယ်။
ဗီနီစီးယက်စ်နဲ့ ဒိုင်လူကြီး စော်ဒက တက်နေကြစဉ်
ဗီနီစီးယက်စ်ဟာ ဒီပွဲမှာ သူ့ကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ဗလင်စီယာအသင်း ပရိသတ်တွေနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာ ကြောင့် ပွဲကို မိနစ်အတော်ကြာ ရပ်နားခဲ့ရပါတယ်။
ဘရာဇီးလ်ကြယ်ပွင့်က ပွဲအပြီးမှာ လာလီဂါပြိုင်ပွဲဟာ လူမျိုးရေးခွဲခြားတဲ့ ပြိုင်ပွဲလို့ ဝေဖန်မှုပြုလုပ်ခဲ့သလို ကစားသမား အများအပြားကလည်း ဗီနီစီးယက်စ် ဘက်ကနေ ရပ်တည်ခဲ့ကြတာပါ။
ဗလင်စီယာအသင်းဟာ စပိန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံကော်မတီထံ အယူ ခံဝင်ဖို့ ၁၀ ရက် အချိန်ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ အကြိမ်ပေါင်းများစွာ လူမျိုးရေးခွဲခြားခံခဲ့ရပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်က အခုမှ ပထမဆုံးအဖြစ် ပြင်းထန်တဲ့ အရေးယူမှုတွေကို ပြုလုပ်ခဲ့တာပါ။
ယူအီးအက်ဖ်အေဟာ ဗီနီစီးယက်စ် ခံစားခဲ့ရတဲ့ ဒီဖြစ်ရပ်ကို ဆန့်ကျင်တဲ့ လူထုရပ်တည်ချက်နဲ့ ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ဇွန်လ ၂၄ ရက်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါ ကစားသမားတွေနဲ့ တာဝန်ရှိ သူတွေက လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်ဖို့တောင်းဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 453
CNI International News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
တိုက်စစ်မှူး ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ပေမယ့် ဒါကို ပြုလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြင်သစ်အားကစား သတင်းတွေက ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ၂၀၂၂-၂၃ ရာသီ မတိုင်ခင်က ဘတ်ပီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် L'Equipe ကတော့ ၁ နှစ် သက်တမ်းတိုးခွင့်နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာလို့ ဖော်ပြခဲ့တာပါ။
အဲဒါကြောင့် ဘတ်ပီရဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ နောက်ဆုံး ၁၂ လထဲကို ဝင်ရောက် လာတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအနေနဲ့ ကစားသမားနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ ဘတ်ပီကို နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးမှု မရှိစေဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့ ကြိုးစား တာ ဒါမှမဟုတ် ရောင်းချခြင်း ရှိ/မရှိ ဆိုတာကို ဆုံးဖြတ်ရမယ့် အနေအထားကို ရောက်နေတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက ၂၀၂၁ နွေရာသီက ပေါင် ၁၅၄ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းက ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ကလပ်ကတော့ ဘတ်ပီကို လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။
L'Equipe က ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ဘတ်ပီကို ၂၀၂၅ အထိ အသင်းမှာ ဆက်ရှိနေ မယ်လို့ ယုံကြည်ထားပေမယ့် ကစားသမားဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ စိတ်ဝင်စားမှု နည်းပါးနေတာ ဖြစ်ပါတယ်။
မိုနာကိုအသင်း တိုက်စစ်မှူးဟောင်းဟာ စာချုပ်ထဲမှာ ပါဝင်တဲ့အချက်ကို ဇူလိုင်လ ၃၁ ရက်မှာ အသက်သွင်းရ မှာဖြစ်ပြီး ဒီလိုမှ မဟုတ်ရင် ၂၀၂၄ မှာ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ပြီး ဒီရာသီမှာ အသင်း အတွက် ပွဲပေါင်း ၄၁ ပွဲ ပါဝင်ကစားထားတာမှာ ဂိုး ၄၀ အထိ သွင်းယူထားကာ လီဂူးဝမ်းဆုဖလားကို ကိုင် မြှောက်နိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 630
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကတ်စမဲရိုးကို ခေါ်ယူမှုက အခုနှစ်ရာသီ အကောင်းဆုံး ခေါ်ယူမှုလို့ ပြောလိုက်ပါတယ်။
သူက ယူနိုက်တက်အသင်းကို ၃၀ ရာခိုင်နှုန်း ပိုပြီး ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့တယ်လို့ ပြောခဲ့ ပါတယ်။
ဂယ်ရီနဗီးလ်က “သူတို့အသင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တဲ့ ကစားသမားအကြောင်း ကျနော် မတွေးနိုင်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ ရာသီကို ကြည့်မယ်ဆိုရင် သူတို့ဟာ ထိပ်ဆုံး ၄ သင်း၊ ကာရာဘောင်း ဖလား ရရှိထားတယ်၊ ပြီးတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း ရောက်ရှိနေပါတယ်။ သူတို့ဟာ ကတ်စမဲရိုး မပါဝင်ဘဲနဲ့ ဒီလိုအရာတွေကို လုပ်နိုင်မယ်လို့ မထင်ပါဘူး။ သူက ယူနိုက်တက်အသင်းကို ၃၀ ရာခိုင်နှုန်း ပိုကောင်းအောင် လုပ်ပေးပါတယ်”လို့ ပြောပါတယ်။
ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ရောက်ရှိလာပြီး ကတည်းက ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းစနစ်နဲ့ ချက်ချင်း အသားကျကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်ကို တွေ့ရစဉ်
ကတ်စမဲရိုးဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘုန်းမောက် အသင်းနဲ့ ပွဲမှာလည်း ယူနိုက်တက်အတွက် အဖိုး တန် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်အောင် လုပ်ဆောင် ပေးထား တာပါ။
ဘရာဇီးလ် ကစားသမားဟာ နိုင်လိုစိတ် ပြင်းပြမှုနဲ့အတူ ကွင်းထဲမှာ အသင်းဖော်တွေကို ဦးဆောင်ကာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။
ကတ်စမဲရိုး ရောက်ရှိလာမှုနဲ့အတူ ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ရယူပြီး ၆ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါအပြင် ဒီရာသီ ပြည်တွင်းဖလား နောက်တစ်ခုဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း တက်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကတ်စမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တတ် အသင်းအတွက် ပွဲပေါင်း ၄၈ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 600
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဒီရာသီမှာ သူပါဝင်ကစားနေတဲ့ ဆော်ဒီလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှာ ပါဝင်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ကျနော်တို့အများကြီးပိုကောင်းလာပြီး ဆော်ဒီလိဂ်ကလည်း ပိုကောင်းလာသလို လာမယ့်နှစ် မှာလည်း ဒီထက်ပိုပြီးကောင်းလာမှာပါ။ တစ်ဆင့်ပြီးတစ်ဆင့်သွားမယ်ဆိုရင် ဒီလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခု ထဲမှာပါဝင်လာမယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် သူတို့အတွက် အချိန်တွေ၊ ကစားသမားတွေနဲ့ အခြေခံ အဆောက်အဦတွေ လိုအပ်ပါတယ်။ ဒီနိုင်ငံမှာ အံ့သြစရာကောင်းတဲ့ အလားအလာတွေ၊ အံ့သြဖွယ်ကောင်းတဲ့ လူတွေရှိပါတယ်။ ကျနော့်အမြင်အရတော့ လိဂ်က အလွန်ကောင်းမွန်လာမှာပါ”လို့ ဆော်ဒီ SSC ရုပ်သံလိုင်းကို ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုနှစ် ဇန်နဝါရီလက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူဟာ ဆော်ဒီ ကလပ်မှာ တစ်နှစ်ကို ယူရိုသန်း ၂၀၀ ရရှိတယ်လို့ မီဒီယာတွေက ဖော်ပြထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေတွေမှာ ပါဝင်ကစားခဲ့ တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက ဆော်ဒီလိဂ်ရဲ့ အရည်အသွေးဟာ အချိန်တိုအတွင်းမှာတင် တိုးတက်လာခဲ့တယ် လို့ ပြောခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ အယ်လ်နာဆာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက “အသင်းက အလွန်ကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ ၂ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ပြီး အနောက်က လိုက်ကစားရတာဟာ အလွန်ခက်ခဲပေမယ့် အဆုံးထိယုံကြည်မှုရှိခဲ့လို့ ကျနော်တို့ ၃ ဂိုးသွင်းပြီး နိုင်ပွဲရယူ နိုင်ခဲ့ တယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲပါဝင်ကစားအပြီးမှာ ၁၄ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 694
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
အလီယန်ဇာအသင်းနဲ့ ကလပ်ဒီပေါ်တီဗိုအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ လူအုပ်ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာ ရရှိခဲ့တာကြောင့် အလီယန်ဇာ အားကစားကွင်းကို ၁ နှစ် ပိတ်ပင်ပြီး ဒဏ်ကြေးငွေ ဒေါ်လာ ၃၀,၀၀၀ ချမှတ်ခဲ့တယ်လို့ ဆယ်လ်ဗာဒိုရန် ဘောလုံးအဖွဲ့ချုပ်က ပြော ပါတယ်
။
ဒီနှစ်သင်း ကစားခဲ့တဲ့ ပလေးအော့ဖ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လူအုပ်ကြီး ပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် ပွဲကစားတာကို ရပ်ဆိုင်းခဲ့ရပါတယ်။
Cuscatlan အားကစားကွင်းဟာ ဗဟိုအမေရိကရှိ အကြီးမားဆုံး အားကစားကွင်းတွေထဲက တစ်ခုဖြစ်ပြီး ပရိသတ်ပေါင်း ၄၄,၀၀၀ ကျော် ဝင်ဆံ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ကလပ်ဒီပေါ်တီဗိုအသင်းဟာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်မယ်လို့ အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
ဘောလုံးကွင်း ပြိုကျလို့ လူတစ်ဦး မေ့သွားသည်ကို ကုသနေကြစဉ်
အလီယန်ဇာအသင်းဟာ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို တံခါးပိတ်ပြီး ကျင်းပရမှာဖြစ်ပြီး ဒဏ်ကြေးငွေ ကို ဇူလိုင်လ ၂၁ ရက် နောက်ဆုံးထားပြီး ပေးဆောင်ရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီက အမျိုးသား အရပ်ဘက် ရဲတပ်ဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတို့ဟာ အားကစား ကွင်းရှိ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားရှိ အားကစားကွင်း တစ်ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လူအုပ် ပြိုကျမှုကြောင့် လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့ပြီးနောက် အယ်လ်ဆာဗေးဒိုးမှာ ဒီအဖြစ်အပျက်တွေ ဖြစ် လာခဲ့တာပါ။
အလီယန်ဇာနဲ့ ကလပ်ဒီပေါ်တီဗိုတို့ ကစားခဲ့တဲ့ပွဲမှာ ပရိသတ်တွေဟာ ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာမှာ လူအုပ်ပြိုကျမှုဖြစ်ခဲ့ပြီး တက်နင်းမှုတွေဖြစ်ခဲ့ကာ သေဆုံးမှုတွေနဲ့ ဒဏ်ရာရသူတွေ အများကြီး ရှိခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 575
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
လက်စတာအသင်းနဲ့ ပွဲအပြီးမှာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မမျှော်လင့်ခဲ့ဘူးလို့ နည်းပြ အက်ဒီဟိုဝီက ပြောခဲ့ ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ရဲ့ မျှော်လင့်ချက်က ထိပ်ဆုံး ၄ သင်းမဟုတ်တာတော့ အသေအချာပါပဲ။ ကျနော်တို့ဟာ အမြဲတမ်း မျှော်လင့်ရမယ်။ အမြဲတမ်း ယုံကြည်ရမယ် ပြီးတော့ အိပ်မက်မက်နေရပါမယ်။ ဒါပေမယ့် ကျနော်တို့ဟာ အဲဒီအတွက် အဆင်သင့် ဖြစ်နေတယ်လို့ မခံစားခဲ့ရပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်ခဲ့ရပြီးနောက် ပိုစည်းလုံးလာသလို ပိုကောင်းတဲ့အသင်း လည်း ဖြစ်လာခဲ့ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေကျ ပြီးနောက် ၂၀၀၃ နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ နည်းပြ အက်ဒီဟိုဝီ စတင်ကိုင်တွယ်ချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ ချန်ပီယံ လိဂ် ဝင်ခွင့်နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ လက်စတာအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ်ရာသီက တန်းဆင်းဇုန် အန္တရာယ်မှာ ကျရောက်နေခဲ့တဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီ ကျောထောက် နောက်ခံ လုပ်ငန်းစုက ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာမှာ နည်းပြ စတိဗ်ဘရုဇ်ကို ထုတ်ပယ်ကာ အက်ဒီဟိုဝီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အက်ဒီဟိုဝီ ကိုင်တွယ်ပြီးချိန် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းဟာ ပေါင် ၈၅ သန်း သုံးစွဲပြီး ထရစ်ပီယာ၊ ခရစ်ဝုဒ်၊ ဘရူနိုဂွီမာရေးစ်နဲ့ ဒမ်ဘန်းတို့ကို ခေါ်ယူကာ အသင်းကို ပရီးမီးယားလိဂ် မှာ အဆင့် ၁၁ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ နယူးကာဆယ်အသင်းဟာ ခြေစွမ်းကောင်း ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲအလိုမှာ ရရှိသွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းက ချန်ပီယံလိဂ် ဝင်ခဲ့ပေမယ့် ဒီပွဲ သရေကျခဲ့တဲ့ လက်စတာအသင်းကတော့ လာမယ့်နှစ်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ လက်စတာအသင်းဟာ တန်းဆင်းဇုန် အထက်က အဲဗာတန်အသင်းနဲ့ ၂ မှတ် ကွာဟနေတာကြောင့် နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်း နိုင်ပွဲ ရယူနိုင်ခဲ့ရင် လက်စတာအသင်းဟာ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 464
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၂
ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာမယ်လို့ အသင်းကို ပြောထားကြောင်း ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။
ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၂၂ ဂိုး သွင်းယူထားတဲ့ ဂါနာလက်ရွေးစင် ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာချင်နေပါတယ်။
ကူဒတ်စ်နဲ့ အေဂျတ်ဇ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဟာ အသင်း ကနေ ထွက်ခွာချင်နေတာကြောင့် ကလပ်အသင်းရဲ့ စာချုပ်သစ်ကို ပြီးခဲ့တဲ့လက ပယ်ချခဲ့ပါတယ်။
နယ်သာလန်ကလပ်ဟာ သူတို့ရဲ့ စာချုပ်နောက်ဆုံး ၂၄ လမပြည့်ခင် အသင်းမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေ ဖို့ ငြင်းဆန်တဲ့ ကစားသမားတွေကို ရောင်းချလေ့ ရှိပါတယ်။
ကူဒတ်စ်ကို တွေ့ရစဉ်
အေဂျတ်ဇ်အသင်းဟာ ကွင်းလယ် တိုက်စစ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် တောင်းဆိုနိုင်ပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ အပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေးက အပြောင်းအလဲရှိနိုင်ပါတယ်။
လက်ရှိအချိန်မှာ ကူဒတ်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတွေက စိတ်ဝင်စားနေတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အေဂျတ်ဇ် အသင်းက ဒီအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းကို ၂၀၂၀ က နော့တ်စ်ဂျေးလန်း အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၈၂ ပွဲ ပါဝင်ကစားထားကာ ၂၃ ဂိုး သွင်းယူထားတာပါ။
ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းနဲ့အတူ ဒတ်ချ်အမှတ်ပေးဖလား ၂ ကြိမ်နဲ့ ဒတ်ချ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
အေဂျတ်ဇ် ကစားသမားဟာ ဂါနာလက်ရွေးစင် အသင်းအတွက်တော့ ၂၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှ ဂျူဗင်တပ်စ်အသင်းကို ၁၀ မှတ် လျှော့လိုက် တာက ဟာသပဲလို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “၂ ပွဲသာ ကျန်တော့တဲ့အချိန်မှ ဒါကို သိရတာက ဟာသဖြစ်သလို ရာသီကုန်ဖို့ နီးချိန်မှာ ဒီလိုလုပ် တာက ထူးဆန်းပါတယ်။ ဒါက ကျနော်တို့ အတွက်ရော၊ လူတိုင်းအတွက်ရောနဲ့ ဂျူဗင်တပ်စ်အတွက်ပါ။ မွန်ဇာနဲ့ ဘိုလော့ဂ်နာ ပွဲမတိုင်ခင် ဒါကို သိခဲ့ရမယ်ဆိုရင် ကျနော်တို့ရဲ့ ချဉ်းကပ်ပုံတွေက ကွဲပြား ခြားနားသွားနိုင်ပါတယ်။ အယ်လီဂရီနဲ့ သူ့ကစားသမားတွေ အတွက်တော့ ကျနော် စိတ်မကောင်းပါဘူး။ လိဂ်အဆင့်မှာတော့ အနည်းငယ် ပြောင်းလဲ သွားတယ်လို့ ပြောရမှာပါ။ ဒါက ဒါရိုက်တာတွေနဲ့ ကလပ်က လုပ်ခဲ့တဲ့ အရာတွေကြောင့် ဖြစ်တယ် လို့”ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ကြားနာမှု အသစ်အပြီးမှာ ၁၀ မှတ်လျှော့တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းကလည်း ဂျူဗင်တပ်စ်အသင်းကို ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာအထိ ရောက်ရှိသွားခဲ့ပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လက ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့လို့ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် ၁၅ မှတ် ပြန်ရခဲ့ပြီး အဆင့် ၂ နေရာအထိ ပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ အမှုကို ပြန်လည် စစ်ဆေးခံခဲ့ရလို့ ရမှတ် ၁၀ မှတ်လျှော့တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ ရတာပါ။
ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းဟာ ရမှတ်လျှော့ခံရတဲ့အပြင် အသင်းကလည်း အမ်ပိုလီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ခက်ခဲသွားခဲ့ပြီး ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် ဝင်ဖို့အတွက်သာ အာရုံစိုက်ရဖို့ ရှိနေတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ အေစီမီလန်နဲ့ ၅ မှတ် ကွာဟသွားခဲ့ပြီး အဆင့် ၅ နေရာက အတ္တလန္တာအသင်းနဲ့ ၂ မှတ်၊ အဆင့် ၆ နေရာက ရိုးမားအသင်းနဲ့ ၁ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ ရိုးမားအသင်းကတော့ စီးရီးအေပြိုင်ပွဲကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့သလို ယူရိုပါလိဂ်ကနေလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။
ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဆီဗီလာအသင်းနဲ့ မေလ ၃၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံ ဆု ရယူနိုင်ခဲ့ရင် လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 629
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
မက်ဆီ ဦးဆောင်တဲ့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ သြစတြေးလျအသင်းနဲ့ ဇွန်လထဲ တရုတ်နိုင်ငံ ဘေဂျင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို လာရောက်မှာဖြစ်ပြီး လတ်မှတ်တွေလည်း အများ အပြား ရောင်းချရဖွယ်ရှိနေတာပါ။တရုတ်နိုင်ငံရှိ အာဂျင်တီးနားသံရုံးက ကမ္ဘာ့ဖလားချန်ပီယံတွေဟာ ဇွန်လ ၁၅ ရက်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်မယ်လို့ တနင်္လာနေ့က ပြောခဲ့တာဖြစ်ပြီး မက်ဆီဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်အတွက် ထင်ကြေးပေးခံနေရတဲ့အချိန်မှာ မက်ဆီဟာ တရုတ်နိုင်ငံကို ၇ ကြိမ် မြောက်အဖြစ် လာရောက်မယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုကို ရရှိထားတယ်လို့ ကစားသမားနဲ့ နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
မက်ဆီဟာ အရင်က တရုတ်နိုင်ငံကို လာရောက်လည်ပတ်မှုတိုင်းမှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခံခဲ့ရပြီး သူ့ကို အားပေးတဲ့ အမာခံပရိသတ်တွေလည်း ရှိတာဖြစ်ပြီး ၂၀၀၅ မှာ ပထမဆုံးအကြိမ် လာရောက်ခဲ့တာပါ။
သြစတြေးလျနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မယ့် သတင်းဟာ တရုတ်ဆိုရှယ်မီဒီယာမှာ ရောက်ရှိသွားပြီးနောက် ဒီပွဲကို ကြည့်ဖို့ ပရိသတ်အများအပြားက စိတ်အားထက်သန်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ သြစတြေးလျအသင်းနဲ့ ပွဲပြီးရင် အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ဇွန်လ ၁၉ ရက် ဂျကာတာမှာ ခြေစမ်းပွဲဆက်ပြီး ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုထားပါတယ်။
Source:ChannelNewsAsia