CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

လေဗာကူဆင်အသင်းဟာ နောက်ခံလူ ဂျိုနသန်တက် အသင်းကထွက်ခွာဖွယ်ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ အသင်းလက်မဲ့ဖြစ်နေတဲ့ ဟမ်းမဲလ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Kicker က ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျိုနသန်တက်ကို ခေါ်ယူဖို့ ကြိုးပမ်းတာမှာ အောင်မြင်ခဲ့ရင် လေဗာကူဆင်အသင်းဟာ ဟမ်းမဲလ်ကို ခေါ်ယူဖို့ လုပ်ဆောင်လာဖို့ရှိနေတာပါ။ 

ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းကို ချန်ပီယံ လိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် စာချုပ်ကုန်ဆုံးချိန်မှာ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဟမ်းမဲလ်ကို ခေါ်ယူဖို့ စပိန်ကလပ် မာယော့ကာအသင်းအပြင် အေစီမီလန်နဲ့ အင်တာမီလန် အသင်း တို့ကလည်း စိတ်ဝင်စားနေတယ်လို့ Bild သတင်းမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် မေဂျာလိဂ်နဲ့ ဆော်ဒီကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေတဲ့သတင်းတွေကြောင့် ဟမ်းမဲလ်ဟာ အသင်းသစ်အတွက် ရွေးချယ်စရာတွေရှိနေတာဖြစ်ပါတယ်။ 

လာမယ့် ဒီဇင်ဘာမှာ အသက် ၃၆ နှစ်ပြည့်မယ့် ဟမ်းမဲလ်အနေနဲ့ သူနဲ့ အဆင်ပြေမယ့် အသင်းမတွေ့ရင် အနားယူဖို့တောင် အကြံပြုချက်တွေ ရှိနေတာပါ။ 

ဒါပေမယ့် ဟမ်းမဲလ်ကတော့ အနားယူဖို့အကြောင်း ဘာမှမပြောသေးဘဲ လက်ရှိအချိန်မှာ သူ့ရဲ့ကြံ့ခိုင်မှုပိုင်း ကောင်းမွန်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဟမ်းမဲလ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းအတွက်သာ ပါဝင် ကစားပေးထားပါတယ်။ 

ဟမ်းမဲလ်အနေနဲ့ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် ဘွန်ဒစ်လီဂါ လက်ရှိ ချန်ပီယံဟာ သူ့ရဲ့တတိယမြောက် ဘွန်ဒစ်လီဂါကလပ်ဖြစ်လာမှာပါ။ 

ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းနဲ့ ဘွန်ဒစ်လီဂါ ဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၅ ခုရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့တော့ ဘွန်ဒစ်လီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၇ ခုရယူနိုင်ခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ ဟမ်းမဲလ်ဟာ နိုင်ငံအသင်းအတွက် ၇၈ ပွဲ ကစား ထားပြီး ၅ ဂိုးသွင်းယူကာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source:Goal