CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ စိတ်ပျက်ရဖွယ်ရှိနေပါတယ်။
Sport Bild က ဖလော်ရီယန်ဗစ်ဇ်ဟာ သူ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို ဧပြီအစောပိုင်းမှာ ပြုလုပ်ဖွယ်ရှိနေပြီး သူ့ရဲ့ဦးစားပေးက လေဗာကူဆင်အသင်းမှာ ဆက်ရှိနေဖို့ဖြစ်တယ်လို့ ဖော်ပြထားတာပါ။
ဖလော်ရီယန်ဗစ်ဇ်ရဲ့ အကြံပေးတွေဖြစ်တဲ့ သူ့ရဲ့မိသားစုတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အပြောင်းအရွှေ့ပြုလုပ်ရင် သူ့ရဲ့ ကစားသမားဘ၀ ပိုပြီးအကျိုးရှိနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဂျာမန်ကွင်းလယ်လူအနေနဲ့ လေဗာကူဆင်အသင်းမှာဆက်ရှိဖို့ဆုံးဖြတ်ခဲ့ရင် အသင်းဟာ သူ့ကို ၂၀၂၈ ခုနှစ်အထိ ၁ နှစ်စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။
စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၅ သန်းပါဝင်မှာဖြစ်ပြီး ဒါက ၂၀၂၆ ခုနှစ်ရောက်ရင် အသက်ဝင် မယ်လို့ သိရပါတယ်။
ဒီအချက်ဟာ မန်စီးတီး၊ဘိုင်ယန်မြူးနစ်နဲ့ ရီးရယ်လ်အသင်းတို့ကို အနာဂတ်မှာ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ကမ်းလှမ်းမှုတွေပြုလုပ်လို့ရမှာဖြစ်ပေမယ့် လေဗာကူဆင်အသင်းက သူ့ကို ဆက်ပြီး ထိန်းသိမ်းလို့ရရှိဦးမှာပါ။
ဒါပေမယ့် ဖလော်ရီယန်ဗစ်ဇ်အနေနဲ့ ၂၀၂၆ ခုနှစ်ထက်စောပြီး ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင် လေဗာကူဆင်အသင်းဟာ ပြောင်းရွှေ့ကြေး အနည်းဆုံးယူရိုသန်း ၁၅၀ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူချင်တယ်လို့ အတည်ပြုထားပေမယ့် ဘဏ္ဍာရေး အခြေ အနေကြောင့် ခေါ်ယူဖို့ အခက်အခဲရှိနိုင်တာပါ။
လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ မန်စီးတီးအသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေသလို ရီးရယ်လ်အသင်းကလည်း ဝါရင့်ကွင်းလယ်လူ မိုဒရစ်ရဲ့နေရာမှာ ရေရှညအစားထိုးဖို့ ဖလော်ရီယန်ဗစ်ဇ်ကို ပစ်မှတ်ထားနေပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် ၃၉ ပွဲ ပါဝင် ကစားထားပြီး ၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
Source:Goal