CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ မျှော်လင့်နေပြီး သူ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကိုပါ လျှော့ချဖို့ပြင်ဆင်နေပါတယ်။

နည်းပြ အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် ကစားသမားကို ရောင်းချဖို့ လုပ်ဆောင်လာခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အစောပိုင်းက ရက်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ သတ်မှတ်ထားပေမယ့် အခုအချိန်မှာ ပေါင်သန်း ၆၀ ရရင် ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ဆန္ဒရှိနေတယ်လို့ The Sun က ဖော်ပြထားပါ တယ်။ 

ယူနိုက်တက်အသင်း အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းကြီးအတွက် ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားထားတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကွင်းပြင်ပ အပြုအမူတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ ရပြီး အသင်းမှာ သူ့ရဲ့အရေးပါမှုတွေဟာ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာ ဆက်ထိန်းပြီးနောက်မှာ သူနဲ့ အဆင်ပြေမှု မရှိတဲ့ ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ လမ်းဖွင့်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုကြောင့် ရော်နယ်ဒို ထွက်ခွာခဲ့ရသလို ဆန်ချိုလည်း ထွက်ခွာခဲ့ပြီး ဒေါ့မွန်အသင်း မှာ အငှားနဲ့သွားရောက် ကစားနေတာဖြစ်ပါတယ်။ ဒါအပြင် မာရှယ်လည်း ယူနိုက်တက်အသင်းကနေ ထွက်ခွာ သွားခဲ့ပြီးဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီရဲ့နေရာမှာ အစားထိုးဖို့အတွက် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည် ကျဆင်းခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာလည်း နည်းပြဆောက်ဂိတ်ရဲ့ ချန်လှပ်ခြင်းကို ခံခဲ့ရတာပါ။

ရက်ရှ်ဖို့ဒ်ကတော့ လာမယ့်ရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေသလို ယူနိုက်တက် အသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းဘက်က သူ့ကိုရောင်းချဖို့ လုပ်ဆောင်နေတာကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ လာမယ့်ရာသီ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိမလား ဒါမှမဟုတ် အသင်းသစ်ကို ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်ရဦး မှာပါ။

ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်ကျရင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Source: Goal