CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အချက်အလက်တွေအပေါ် အခြေခံမယ်ဆိုရင် ဂိုးသမား အိုနာနာ ဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံး ဂိုးသမားလို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အိုနာနာဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အကောင်း ဆုံး ဂိုးသမား ဖြစ်တယ်ဆိုတာ မြင်တွေ့ရမှာပါ။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးကာကွယ်မှုမှာ ဒုတိယအကောင်းဆုံး ပါပဲ။ ချန်ပီယံလိဂ်မှာ သူအမှားတွေ လုပ်နေတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် ပထမ ၅ လအတွင်းမှာ သူ ကောင်းမွန်စွာ လုပ်နေတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အိုနာနာဟာ ဂါလာတာစာရေးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အမှား အယွင်းတွေ ပြုလုပ်မိခဲ့တာကြောင့် မန်ချက်စတာကလပ်အတွက် ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ ထိခိုက်စေခဲ့ ပါတယ်။

ဒါပေမယ့် အိုနာနာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ ပွဲအထိ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။

အချက်အလက်တွေအရ အိုနာနာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃.၆၇ ဂိုး မပေးရအောင် ကာကွယ်နိုင်ခဲ့ပြီး ဒါဟာ လိဂ်မှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။

လူတန်အသင်းဂိုးသမား ကာမင်စကီးက ၆.၃ ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးကာကွယ်မှု အများဆုံးအဖြစ် ရပ်တည်နေ တာပါ။

ပြီးခဲ့တဲ့နွေရာသီက ပေါင် ၄၇.၂ သန်းနဲ့ အင်တာမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက် အသင်းကို ရောက်ရှိလာချိန်ကတည်းက အမှားအယွင်းတွေ ပြုလုပ်နေတာကြောင့် မကြာခဏဆိုသလို ဝေဖန်မှု တွေ ခံနေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ပရိသတ်တွေက အိုနာနာနေရာမှာ ဘာယင်းဒယ်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ တောင်းဆိုနေကြပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ အိုနာနာကို ဆက်ပြီး ထောက်ခံပေးထားတာပါ။

ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အိုနာနာ ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားဖို့ ရှိနေတာဖြစ်ပါတယ်။

Source: BBC