CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းမှာ အကျပ်အတည်း ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်လိုက်ပြီး အသင်းဟာ လမ်းကြောင်းမှန်ပေါ်ကို သွားနေတယ်လို့ ပြောပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ အကျပ်အတည်းဖြစ်နေတယ်လို့ မခံစားရပါဘူး။ ကျနော်တို့ဟာ အေးဆေးဆေး ဆေး ဖြစ်နေပြီး အသင်းကလည်း လမ်းကြောင်းမှန်ပေါ်ကို သွားနေပါတယ်။ ကျနော် တို့ဟာ ဝေဖန်ခံရမှုတွေကို အာရုံပြောင်းသွားမှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီထက်ပိုကောင်းအောင်လုပ်ချင်ပြီး ရာသီက ရှည်လျားတဲ့ အတွက် အောင်မြင်မှုတွေ ရယူချင်ရင် အများကြီးတိုးတက်ရပါမယ်။ အသင်းက ဒါကို လုပ်ဆောင် နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေအပြင် အဝတ်လဲခန်းထဲမှာလည်း အဆင်မပြေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဝေဖန်မှုတွေကို အသံတိတ်စေခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို တော်မီနေးက ၂ ဂိုးစလုံး သွင်းယူခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်း အတွက် ချေပဂိုးကို ပယ်လ်မာက သွင်းယူခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်က ဒီပွဲမှာ ယူနိုက်တက်အသင်းအနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး စွမ်းဆောင်ရည်ကို ကျေနပ် တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ရလဒ်နဲ့ စွမ်းဆောင်ရည်ကို ကျနော်တို့ ကျေနပ်ပါတယ်။ နိုင်ပွဲရယူချင်တယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုသာမရှိဘူးဆိုရင် အရှုံးပေးရမှာပါ။ ဒါကို ကျနော်တို့ သိတဲ့အတွက် ပွဲတိုင်းကို မှန်ကန်တဲ့ စိတ်နေသဘောထားရှိရမယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစား အပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Sky Sport