CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇

ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ကို အသင်းဟောင်း FC တွမ်တီးအသင်းက နည်းစနစ် ဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ နွေရာသီမှာ လေဗာကူဆင်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့ပေမယ့် ၃ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာကြောင့် စက်တင်ဘာလကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။

ဒတ်ချ်လူမျိုး နည်းပြဟာ အသင်းတချို့ရဲ့ ချိတ်ဆက်မှုခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ နည်းပြရာထူးအနေနဲ့ မဟုတ်ဘဲ နည်းစနစ်ဒါရိုက်တာအဖြစ် ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

FC တွမ်တီးအသင်းဟာ အသင်းထံ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ပူးပေါင်းမယ့် အဲရစ်တန်ဟတ်ကို ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ လက်ရှိ နည်းစနစ် ဒါရိုက်တာ အနားယူမယ့် ရာသီကုန်မှသာ FC တွမ်တီးအသင်းရဲ့ နည်းစနစ် ဒါရိုက်တာရာထူးကို အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အဲရစ်တန်ဟတ်ဟာ ရာသီသစ် မတိုင်မီကတည်းက FC တွမ်တီးအသင်းရဲ့ ဘောလုံးအဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်မှာပါ။ 

အသက် ၅၅ နှစ်အရွယ်ရှိ အဲရစ်တန်ဟတ်ဟာ FC တွမ်တီးအသင်းမှာ ကစားသမားဘဝ စတင်ခဲ့သလို ဒီအသင်းမှာ ပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ FC တွမ်တီးအသင်းမှာ အကယ်ဒမီနည်းပြ၊ လက်ထောက်နည်းပြ တာဝန်တွေယူခဲ့ပြီး သူ့ရဲ့ နည်းပြဘဝကို စတင်ခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ အေဂျက်စ်နဲ့ ယူနိုက်တက်အသင်းတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ 

FC တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ၁၇ ပွဲကစားထားပြီး ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေကာ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Dailymail