CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂

ဗီလာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ စကားပြောဆိုမှုတွေ အသံဖမ်းခံခဲ့ရပြီး လုံခြုံရေးချိုးဖောက်မှု ဖြစ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဒီပွဲဟာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်အတွက် သူ့ရဲ့ရာထူးတည်မြဲဖို့ အရေးပါတဲ့ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံးဟာ ရမှတ်တစ်မှတ်စီ ခွဲယူခဲ့ရတာပါ။

The Sun က ဘောလုံးနောက်ပြောင်သူတစ်ဦးဟာ ယူနိုက်တက်အသင်းရဲ့ ပြောဆိုမှုတွေကို အသံဖမ်းဖို့ ဒီပွဲမတိုင်ခင် ၂ ရက်အလိုမှာ ဗီလာပါ့ခ်ရှိ အဝတ်လဲခန်းထဲကို ဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ 

ဗီလာနဲ့ ယူနိုက်တက်အသင်း ပွဲအပြီး နောက်တစ်ရက်အကြာမှာ ယူနိုက်တက်အသင်း ပရိသတ်ဖြစ်တဲ့ နောက်ပြောင်တဲ့သူဟာ လျှို့ဝှက်မှတ်တမ်းတင်ခဲ့တဲ့ အသံဖမ်းစက်ကို လာရောက်ယူခဲ့တယ်လို့ သိရပါတယ်။ 

ယူနိုက်တက်အသင်းသားနဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

အက်စတွန်ဗီလာအသင်းကတော့ ဒီဖြစ်ရပ်တွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရယူထားနိုင်ခဲ့ပြီး ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကြောင့် ဖိအားဒဏ်တွေကို ခံစားနေခဲ့ရတာပါ။ 

ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဲရစ်တန်ဟတ်ရဲ့ အနာဂတ် အပါအဝင် အခြား အကြောင်းအရာတွေအတွက် ၆ နာရီကြာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့တွေဟာ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချခဲ့ခြင်းမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ 

အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ဆက်ပြီး ကိုင်တွယ်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: Dailymail