CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂

ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်ဟာ အင်္ဂလန်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှု တွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ 

တူချယ်လ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။ 

ဂျာမန်လူမျိုးနည်းပြဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့နေရာကို အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက် အသင်းကို ကိုင်တွယ်နိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် Bild က သူဟာ အင်္ဂလန်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးနေတယ်လို့ ဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းကို လက်ရှိအချိန်မှာ လီကာစလေက ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂရိအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အမြဲတမ်းနည်းပြတစ်ဦးကို ခန့်အပ်ဖို့ တောင်းဆိုမှုတွေ ပိုပြီးများလာခဲ့တာပါ။ 

အင်္ဂလန်အသင်းသားတွေကို တွေ့ရစဉ်

လီကာစလေကလည်း နေးရှင်းလိဂ် ပွဲတွေအပြီးမှာ အင်္ဂလန် ယူ-၂၁ အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ မျှော်လင့် တယ်လို့ ပြောထားခဲ့ပါတယ်။ 

အင်္ဂလန်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးနေတဲ့ တူချယ်လ်ဟာ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ် ချင်ကြောင်း အရင်က ပြောထားခဲ့ဖူးတာပါ။ 

တူချယ်လ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် အင်္ဂလန်ပရိသတ်အချို့နဲ့ ရင်းနှီးမှုရှိတာ ဖြစ်ပါတယ်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အမြဲတမ်း နည်းပြရာထူးအတွက် စဉ်းစားမှုတွေ ပြုလုပ်နေတာကြောင့် နေးရှင်းလိဂ်ပွဲတွေကို ကိုင်တွယ်ဖို့အတွက် လီကာစလေကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတာပါ။ 

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ် ၃ ပွဲကစားဖို့ ကျန်ရှိနေသေးပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၃ ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail