CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂

ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ အင်္ဂလန်အသင်း နည်းပြအဖြစ်၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျော်လွန်ပြီး ယူရို ၂၀၂၈ ပြိုင်ပွဲအထိ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိတယ်လို့ အကြံပြုခဲ့ပါတယ်။ 

တူချယ်လ်က “ကျနော်ဟာ ဒီအစုအဖွဲ့နဲ့ အခွင့်အရေးကို နှစ်သက်တာကြောင့် ဆက်ပြီးရှိနေဖို့ အမြဲတမ်း ဆွဲဆောင် ခံရပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဖြစ်ရတာကို ကျနော်ဂုဏ်ယူပါတယ်။ ဆီနီဂေါအသင်းနဲ့ပွဲမှာ စိတ်ပျက်စရာ ဖြစ်ခဲ့တာတောင် ကျနော်ဒါကို ပြောလို့ရပါတယ်။ ကျနော်ဒီမှာ ပျော်ရွှင်နေပြီး FA ကလူတွေရဲ့ ပံ့ပိုးပေးမှု၊ ယုံကြည် မှုနဲ့ လေးစားမှုကို ခံစားရပါတယ်။ ကျနော်ဟာ စိန်ခေါ်မှုအသစ်နဲ့ ပတ်ဝန်းကျင်ကို လိုချင်ပါတယ်”လို့ Talksport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

အင်္ဂလန်အသင်းကို ၂၀၂၅ ခုနှစ်အစပိုင်းမှာ နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ တူချယ်လ်နဲ့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)ရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ကုန်ဆုံးမှာဖြစ်ပါတယ်။ 

တူချယ်လ်ကတော့ အင်္ဂလန်အသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်းကိုတိုးဖို့ ဆန္ဒရှိနေတာပါ။ 

တူချယ်လ်ကိုတွေ့ရစဉ်

တူချယ်လ်ဟာ အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲစလုံး အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ ဆီနီဂေါအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ တူချယ်လ် လက်ထက်မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။ 

အင်္ဂလန်အသင်းဟာ အန်ဒိုရာအသင်းနဲ့ ခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲက စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။ 

တူချယ်လ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဝေးကွာနေသေးတာကြောင့် ထိတ်လန့်စရာမလိုဘူးလို့ ပြောထား တာပါ။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေစတင်ဖို့ လာမယ့် ရက်သတ္တပတ်ထဲ အမေရိကန်နိုင်ငံကို သွားမှာဖြစ်ပြီး အပူဒဏ်ကို လိုက်လျောညီထွေ ဖြစ်စေမယ့် အကြောင်းရင်း တွေကို ကြည့်ရှုမယ်လို့ သိရပါတယ်။ 

Source: CNA