CNI Sport News

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄

အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လီကာစလေက အင်္ဂလန်အသင်းရဲ့ အမြဲတမ်းနည်းပြ ရာထူးအတွက် ဆုဖလားတွေရယူထားတဲ့ ကမ္ဘာ့အဆင့်နည်းပြတစ်ဦးခန့်အပ်ဖို့ FA ကို တိုက်တွန်းခဲ့ပါတယ်။ 

လီကာစလေက “အင်္ဂလန်အသင်း နည်းပြရာထူးဟာ ဆုဖလားတွေ  ရယူပြီးသားဖြစ်တဲ့ ကမ္ဘာ့အဆင့်နည်းပြ တစ်ဦးနဲ့ ထိုက်တန်ပါတယ်။ ကျနော်ကလည်း ဒါကိုလုပ်ဆောင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။ ကျနော် ဟာ အင်္ဂလန်အသင်းကို ၆ ပွဲကိုင်တွယ်ဖို့ခန့်အပ်ခံထားရပြီး ဒီအတွက်လည်း ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ တာပါ။ 

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဂရိအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ လီကာစလေက သူဟာ အင်္ဂလန် ယူ-၂၁ အသင်းကို ပြန်လည်ကိုင်တွယ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေနေချိန်မှာ အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာပါ။ 

နည်းပြ လီကာစလေကို တွေ့ရစဉ်

အင်္ဂလန်အသင်းဟာ ယာယီနည်းပြ လီကာစလေ လက်ထက်ကစားခဲ့တဲ့ နေးရှင်းလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရ ခဲ့ပေမယ့် ဂရိအသင်းနဲ့ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းဟာ ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။ 

ဒီပွဲအပြီးမှာ လီကာစလေဟာ အင်္ဂလန်အသင်း နည်းပြရာထူးအတွက် ကမ္ဘာ့အဆင့် နည်းပြတစ်ဦး ခန့်အပ်ဖို့ တိုက်တွန်းမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လီကာစလေဟာ ဒီလိုပြောခဲ့ပေမယ့် သူကလည်း အင်္ဂလန်အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးကို မျှော်လင့်နေ တာပါ။ 

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အုပ်စုတွင်း ဒုတိယ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဂရိအသင်းက ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားပါတယ်။ 

အင်္ဂလန်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် နိုဝင်ဘာထဲမှာ ဂရိ၊ အိုင်ယာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal