CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို အရေးနိမ့်ပြီးနောက် ၂ ရက်အကြာမှာ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်း နည်းပြရာထူးက နုတ်ထွက်ခဲ့ပါတယ်။

အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ထက်မှာ နိုင်ငံ အသင်းကို ယူရိုပြိုင်ပွဲဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်နိုင်အောင် ပို့ဆောင်ပေးခဲ့ပေမယ့် ၂ ကြိမ်စလုံး အရေးနိမ့်ခဲ့တာပါ။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီဇင်ဘာမတိုင်ခင် နည်းပြရာထူးက နုတ်ထွက်ခဲ့တာပါ။

ဆောက်ဂိတ်က "အင်္ဂလန်အသင်းအတွက် ကစားရတာနဲ့ နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရတာဟာ ကျနော့်ဘဝ အတွက် ဂုဏ်ယူစရာပါပဲ။ ဒါဟာ ကျနော့်အတွက် အဓိပ္ပါယ် အများကြီးရှိပြီး ကျနော်ဟာ အားလုံးကို ပေးခဲ့ပါ တယ်။ ဒါပေမယ့် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ စပိန်အသင်းနဲ့ ဗိုလ်လုပွဲဟာ အင်္ဂလန်အသင်းနည်းပြဘဝ ကျနော့်ရဲ့နောက်ဆုံးပွဲပါ"လို ပြောခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို အဓိကပြိုင်ပွဲကြီး(၄)ခု ကိုင်တွယ်ခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲ(၂)ကြိမ်၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့တာပါ။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၁၀၂ ပွဲ ကိုင်တွယ်ခဲ့ပြီး ၆၄ ပွဲအနိုင်၊ ၂၀ ပွဲသရေနဲ့ ၁၈ ပွဲရှုံးနိမ့်ခဲ့ကာ အနိုင် ၆၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ စက်တင်ဘာလမှာ ကစားမယ့် UEFA နေရှင်းလိဂ်ပွဲစဉ် မတိုင်ခင် နည်းပြသစ် ခန့်အပ်ဖို့ အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ အတည်ပြုထားပါတယ်။ 

Source: BBc