CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂

လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်ဟာ ပြင်သစ်ဘောလုံးရဲ့ စတုတ္ထတန်းအထိ ဆင်းခဲ့ရတဲ့ ဘော်ဒိုးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပါတယ်။ 

အန်ဒီကာရိုးလ်က “ကျနော် ဒါကိုလုပ်ခွင့်ရခဲ့ပါတယ်။ လီဂူး-၁ ကို ပြန်သွားချင်တဲ့ ပရောဂျက်ရဲ့ စိတ်ကူးကို နှစ်သက်ပြီး ဒါက ကျနော်လုပ်ချင်ခဲ့တဲ့ အရာတစ်ခုပါ။ ဘော်ဒိုးအသင်းဟာ ပရိသတ် အခိုင်အမာရှိတဲ့ အလွန် ကြီးမားတဲ့အသင်းပါ။ ကျနော်ဟာ ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ချင်ပါတယ်”လို့ Foot Mercato ကို ပြောခဲ့ တာပါ။ 

အသက် ၃၅ နှစ်အရွယ်ရှိ အန်ဒီကာရိုးလ်ဟာ Championnat National ၂ ကလပ် ဘော်ဒိုးအသင်းထံ ပြီးခဲ့တဲ့လက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အန်ဒီကာရိုးလ်ဟာ ဘော်ဒိုးအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပြင်သစ်လီဂူး-၂ ကလပ် အေမီယန်စ်အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

ဘော်ဒိုးအသင်းဟာ ပြင်သစ်လီဂူး-၁ ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားပြီး အအောင်မြင်ဆုံး ပြင်သစ်ကလပ်တွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ 

အန်ဒီကာရိုးလ်ကိုတွေ့ရစဉ်

ဒါပေမယ့် ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဒေဝါလီခံခဲ့ရပြီး ပရော်ဖက်ရှင်နယ် အဆင့်အတန်း ကို စွန့်လွှတ်ကာ လီဂူး-၂ ကနေ Championnat National ၂ အထိ တန်းဆင်းခဲ့ရတာပါ။

ဘော်ဒိုးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အန်ဒီကာရိုးလ်ရဲ့ အပြောင်းအရွှေ့ဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပေမယ့် သူကတော့ အသင်းကို အရင်လို အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ကူညီပေးဖို့ စိတ်ဆန္ဒရှိနေပါတယ်။

အန်ဒီကာရိုးလ်ဟာ ဒီရာသီမှာ ဘော်ဒိုးအသင်းအတွက် ၂ ပွဲ ပါဝင် ကစားအပြီးမှာ ၄ ဂိုးသွင်း ယူထားတာ ဖြစ်ပါတယ်။

Source: Goal