CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

ရီးရယ်လ်အသင်းဟာ လီဗာပူးလ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ညာနောက်ခံလူ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Bild ဂျာနယ်လစ် ခရစ်စတီယန်ဖော့ခ်က ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မြင့်တက်နေ ပြီး ကစားသမားကလည်း ဒီအပြောင်းအရွှေ့ကို လမ်းဖွင့်ထားတယ်လို့ ပြောခဲ့တာပါ။

အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

လီဗာပူးလ်အကယ်ဒမီထွက် အာနိုးလ်ဟာ အသင်းရဲ့ဂန္ထဝင်ကစားသမား အဆင့်ကို လျင်မြန်စွာ ချဉ်းကပ်နေပေ မယ့် လာမယ့်ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာပါ။

အဲဒါကြောင့် လီဗာပူးလ်အသင်း အနေနဲ့ အာနိုးလ်ကို စာချုပ်သစ် မချုပ်ဆိုနိုင်ရင် လာမယ့်ရာသီဟာ သူ့ရဲ့ အန်ဖီးလ် ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ 

အာနိုးလ်ဟာ နှစ်ပေါင်းများစွာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှိနေပေမယ့် နည်းပြကလော့ပ် အသင်းက ထွက်ခွာသွားပြီးနောက် သူ့ဘက်ကလည်း အပြောင်းအလဲ လုပ်ဆောင်လာဖွယ်ရှိနေတာပါ။ 

အာနိုးလ်ကိုတွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ ဝါရင့်ညာနောက်ခံလူ ကာဗာဂျဲလ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် အာနိုးလ်ကို စိတ်ဝင် စားနေပြီး ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် ၂၀၁၆ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့တဲ့ အာနိုးလ်ဟာ ပွဲပေါင်း ၃၁၀ ပွဲအထိ ပါဝင် ကစားထားပြီး ၁၉ ဂိုး သွင်းယူကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား အပါအဝင် ပြည်တွင်း ဆုဖလားတွေကို ရယူနိုင်ခဲ့တာပါ။ 

အာနိုးလ်ဟာ အင်္ဂလန်အသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

အာနိုးလ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ထားတဲ့အတွက် အနားယူနေပြီး လီဗာပူးလ် အသင်းနဲ့ လာမယ့်ရက်သတ္တပတ် အနည်းငယ်မှ ပူးပေါင်းဖို့ရှိနေတာပါ။

အာနိုးလ်ကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်အသင်းက သူ့ကို လာမယ့်ရာသီ နည်းပြသစ် အာနီစလော့လက်ထက် အသင်းမှာဆက်ရှိဖို့ မျှော်လင့်ထားပြီး စာချုပ်သစ်ချုပ်ဆိုဖို့ပါ လုပ်ဆောင် သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal