CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉

လီဗာပူးလ်အသင်းဟာ ရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတဲ့ အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် အသင်းက ကင်မစ်ရှ်ကို စိတ်ဝင်စားနေပါတယ်။ 

အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိပြီဖြစ်လို့ ကစားသမားဟာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုပြုလုပ်လို့ ရပြီဖြစ်တာပါ။

ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေတောင် ရှိနေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ရာသီဝက်ကာလမှာ အသင်းရဲ့အဓိက ကစားသမားတစ်ဦးကို မရောင်းချချင် တာကြောင့် အာနိုးလ်အတွက် ရီးရယ်လ်အသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ထားတာပါ။ 

လီဗာပူးလ်အသင်းဟာ အာနိုးလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် စဉ်းစားမှုတွေကို စတင်ပြီးပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကင်မစ်ရှ်ကိုတွေ့ရစဉ်

ဒီအချိန်မှာ ဂျာမန်သတင်းစာ Bild က လီဗာပူးလ်အသင်းဟာ အာနိုးလ်ရဲ့ နေရာမှာ ကင်မစ်ရှ်ကို အစားထိုးဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့တာပါ။

ကင်မစ်ရှ်ကလည်း အာနိုးလ်နဲ့ တူညီတဲ့ အခြေအနေမှာရှိနေပြီး ကာလရှည်ကြာရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ကင်မစ်ရှ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၆ လသာ ကျန်ရှိတော့တာပါ။ 

ကင်မစ်ရှ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် သဘောတူညီမှု မရရှိသေး ပါဘူး။ 

ကင်မစ်ရှ်ဟာ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အနာဂတ်ကို ဇန်နဝါရီမှာ ဆုံးဖြတ်သွားမယ်လို့ ပြောထားပါ တယ်။

ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ရှ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ 

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ရှာဖွေနေသလို သူတို့ရဲ့ အကယ်ဒမီ ထွက်ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Source: Metro