CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

လီဗာပူးလ်အသင်း ကွင်းလယ်လူဟောင်း ဟာမန်းက နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်အသင်းက ဖရင်ပေါင်ကို အစားထိုးခေါ်ယူဖို့ အသင်းကို တိုက်တွန်းခဲ့ပါတယ်။

ဟာမန်းက “ပြီးခဲ့တဲ့ရာသီက ယူရိုသန်း ၄၀ နဲ့ ဖရင်ပေါင်ကို ဘယ်သူမှ မခေါ်ယူခဲ့တာကို ကျနော်အံ့အားသင့် မိပါတယ်။ ရွေးချယ်မှုတွေရှိလို့ ဘယ်သူ့မှ မခေါ်ခဲ့ပေမယ့် သူကထက်မြတ်တဲ့ ကစားသမားပါ။ သူဟာ ဂိုးလည်း သွင်းပြီး ဂိုးလည်း ဖန်တီးနိုင်သလို ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်မှာပါ။ အာနိုးလ် ထွက်ခွာ ခဲ့ရင်သူဟာ လီဗာပူးလ်အသင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်မှာပါ”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်ဟာ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မယ်လို့ သတင်းအများအပြားက အတည်ပြုထားပါတယ်။ 

လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် အာနိုးလ်ရဲ့ ဆုံးဖြတ်ချက်ကို အသင်းပရိသတ်တွေက ကြီးကြီးမားမား ဝေဖန်မှုတွေ ပြုလုပ်နေတာပါ။ 

အာနိုးလ်နဲ့ ဖရင်ပေါင်ကို တွေ့ရစဉ်

ဟာမန်းကတော့ အာနိုးလ်အနေနဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒီအခွင့်အရေးကို အရယူဖို့ လိုအပ်တယ်လို့ ခံစားနေရပါတယ်။

ဒါအပြင် ဟာမန်းက လီဗာပူးလ်အသင်း အနေနဲ့ အာနိုးလ် ထွက်ခွာခဲ့ရင် ဖရင်ပေါင်ကို ခေါ်ယူဖို့ပြောခဲ့တာပါ။ 

ဖရင်ပေါင်ဟာ နည်းပြဇာဘီအလွန်ဆို လက်ထက် လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြသနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပြီး မနှစ်ကရာသီက ရှုံးပွဲမရှိ ဆုဖလား ၂ ခု ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်နဲ့ ဖရင်ပေါင်တို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ ပါဝင်နေတာကြောင့် လီဗာပူးလ်အသင်း အပါအဝင် အသင်းကြီးအချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

Source: Metro