CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၇
မန်စီးတီးအသင်းဟာ လေဗာကူဆင်အသင်းကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့အတွက် ယှဉ်ပြိုင်နေတဲ့ အပြောင်းအရွှေ့ပြိုင်ပွဲမှာ အနိုင်ရပြီး ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ်။
Give Me Sport က မန်စီးတီးအသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် အားသာချက် ရရှိထားတယ်လို့ ဖော်ပြထားတာပါ။
မန်ချက်စတာကလပ်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် ဒီဘရိုင်းရဲ့နေရာမှာ တိုက်ရိုက် အစားထိုးမှု အဖြစ် ဖလော်ရီယန်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဂျာမန်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရယ်လ်အသင်းတို့ကလည်း စိတ်ဝင်စား နေတာပါ။
လေဗာကူဆင်အသင်းဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတဲ့ ဖလော်ရီယန်ဗစ်ဇ်ကို မရောင်းချချင် ပေမယ့် ရောင်းချခဲ့ရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဝန်းကျင် တောင်းဆိုဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လေဗာကူဆင်အသင်း နည်းပြ ဇာဘီအလွန်ဆိုကို လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ချိတ်ဆက်နေတာကြောင့် ဖလော်ရီယန်ဗစ်ဇ်ကို တစ်ခါတည်း ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဖလော်ရီယန်ဗစ်ဇ်ကို တွေ့ရစဉ်
ဖလော်ရီယန်ဗစ်ဇ်ဟာ ပြီးခဲ့တဲ့လက ဝါဒါဘရီမင်အသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ရက်သတ္တပတ် အများအပြား အနားယူနေရတာ ဖြစ်ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ဟာ သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေပေမယ့် အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ လာမယ့်ရာသီအတွက် အသင်းကို ပြန်လည်ဖွဲ့စည်းနေတာကြောင့် လူငယ်ကစားသမား အများအပြားကို အားဖြည့်မှုတွေ ပြုလုပ်နေပြီး ဖလော်ရီယန်ဗစ်ဇ်ကိုပါ ဒီစာရင်းထဲ ထည့်သွင်းချင်နေတာပါ။
ဖလော်ရီယန်ဗစ်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal