CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂

နယ်သာလန်အသင်း နောက်ခံလူ ဗန်ဒိုက်ဟာ ဟန်ဂေရီအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ နယ်သာလန် ကစားသမားဘဝ ပထမဆုံးအနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဆုံးဖြတ်ချက်အတွက် ဒေါသထွက်မိ တယ်လို့ ပြောခဲ့ပါတယ်။ 

ဗန်ဒိုက်က “အနီကတ်က စိတ်ပျက်စရာဖြစ်ပြီး မဖြစ်သင့်ပါဘူး။ ဒါဟာ ကျနော့်အတွက် ပထမဆုံးဖြစ်တာကြောင့် ဒေါသထွက်ပါတယ်။ အသင်းခေါင်းဆောင်ဆိုတာ ဒိုင်လူကြီးနဲ့ စကားပြောနိုင်တဲ့ တစ်ဦးတည်းသောသူဆိုပြီး သူတို့က ပြောကြပါတယ်။ ကျနော် ဒိုင်လူကြီးဆီသွားခဲ့ပြီး ဆိုးရွားတဲ့ပုံစံနဲ့တော့ မဟုတ်ပါဘူး။ အသင်း ခေါင်းဆောင်တောင် ဘာမှပြောလို့မရရင် ဒါတွေက ခက်ခဲမှာပါ”လို့ ပြောခဲ့တာပါ။ 

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ဒီပွဲစဉ်ရဲ့ ၃ မိနစ်အတွင်း အဝါကတ် ၂ ကြိမ်ပြသခံခဲ့ရပြီး ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမအဝါကတ်က ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့လို့ ပြသခံခဲ့ရတာဖြစ်ပြီး ဒုတိယအဝါကတ်က ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပြသခံခဲ့ရတာပါ။ 

နယ်သာလန်အသင်း ယှဉ်ပြိုင်နေစဉ် 

ဗန်ဒိုက်ဟာ အနီကတ်ကြောင့် လာမယ့် ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

နယ်သာလန်အသင်းဟာ ဒီပွဲမှာ ဟန်ဂေရီအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီး ၁ ဦးလျော့နဲ့ ပွဲပြီးခါနီးမှသာ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အနီကတ်ကြောင့် စိတ်ပျက်မိပေမယ့် လူစာရင်းထဲ နောက်ထပ် ကစားသမားခေါ်ယူမှု ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၅ မှတ် ရရှိထားပါတယ်။ 

ဂျာမနီအသင်းကတော့ ဒီအုပ်စုတွင်းမှာ ၃ ပွဲကစားပြီး ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေကာ အောက်တိုဘာ ၁၅ ရက်မှာ ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN