- By CNI
- Category: အားကစား
- Hits: 1148
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဧပြီ ၂၆ ရက်(သောကြာနေ့)က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာ ၃ ခုကို မေးခွန်းမေးမြန်းခွင့် ပိတ်ပင်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ The Sun, The Mirror နဲ့ Manchester Evening News တို့က ဂျာနယ်လစ်တွေကို မေးခွန်းမေးမြန်းခွင့် မပြုခဲ့တာပါ။
ဒီဂျာနယ်လစ်တွေဟာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပေမယ့် မေးခွန်းတွေ မေးမြန်းခွင့်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ကြိုတင်ပြီး အသိပေးထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ အဲရစ်တန်ဟတ်တို့ဟာ ကိုဗင်ထရီအသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြီးကြီးမားမား ဝေဖန်မှုတွေ ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ဆက်တိုက်ပေးခဲ့ရကာ ပင်နယ်တီ အဆုံးအဖြတ်ရောက်မှ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
အဲရစ်တန်ဟတ်က ဒီပွဲနဲ့ပတ်သက်ပြီး သူတို့အပေါ် တုန့်ပြန်မှုတွေက ရှက်စရာကောင်းတယ်လို့ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ ပြောခဲ့တာပါ။
ဒတ်ချ်လူမျိုးနည်းပြဟာ ဒီရာသီ အစောပိုင်းကလည်း အသင်းနဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ သတင်းတွေကို ဖော်ပြခဲ့တဲ့ မီဒီယာ ၄ ခုကို ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။
ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဘန်လေအသင်းက အဆင့် ၁၉ နေရာ မှာ ရပ်တည်နေတာပါ။
ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲ ကျန်ရှိတဲ့အချိန်မှာ တန်းဆင်းဇုန်အထက်က နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာဆက်ပြီးရှိနေနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1533
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇
လိဒ်စ်အသင်းဟာ ကျူပီအာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တိုက်ရိုက် တန်းတက်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
လိဒ်စ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တဲ့အတွက် ချန်ပီယံရှစ်ပွဲစဉ် ကစားဖို့ ၁ ပွဲပဲ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၁ နေရာက လက်စတာအသင်းနဲ့ ၄ မှတ်အထိ ကွာဟသွားခဲ့တာပါ။
အဲဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ပရက်စတန်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီး အစ်စဝှချ်အသင်းက ဟူးလ်စီးတီးအသင်းကို အနိုင်မရခဲ့ရင် လက်စတာအသင်းဟာ ချန်ပီယံရှစ်ဖလားကို ကိုင်မြှောက်နိုင်တော့မှာပါ။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ပေမယ့် တစ်ရာသီအကြာမှာပဲ ချက်ချင်းတန်းပြန်တက်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းသားတွေကို တွေ့ရစဉ်
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ပေမယ့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် လာမယ့်ရာသီမှာ အမှတ်လျှော့ ခံရဖွယ်ရှိနေတာပါ။
ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် လက်ကျန်တစ်နေရာအတွက် လိဒ်စ်အသင်းနဲ့ အစ်စဝှချ်အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အစ်စဝှချ်အသင်းဟာ လက်ကျန် ၃ ပွဲမှာ ရမှတ် ၅ မှတ် ရယူနိုင်ခဲ့ရင် လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်နိုင်မှာပါ။
အစ်စဝှချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ဖို့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။
ဆောက်သမ်တန်၊ နော်ဝစ်ချ်၊ ဝက်စ်ဘရွန်းနဲ့ ဟူးလ်စီးတီးအသင်းတို့ကတော့ ပလေးအော့ဖ်ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းတက်နိုင်ဖို့ ကြိုးစားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1017
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဘန်လေအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ မေဆန်မောင့်ကို အသင်းလူစာရင်းမှာ ပြန်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မေဆန်မောင့်ဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံ ပြန်ရဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင်ကစားထား နိုင်ခဲ့တာပါ။
မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး မတ်လကုန်ပိုင်းမှာ ကစားခဲ့တဲ့ ဘရန်ဖို့ဒ် အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ကာ ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မေဆန်မောင့်ဟာ ကိုဗင်ထရီအသင်းနဲ့ FA ဖလားဆီမီးဖိုင်နယ်၊ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရနေတာကြောင့် လူငယ်အသင်း က ကစားသမားတွေကို ခေါ်ယူပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။

မေဆန်မောင့်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ မာလာစီယာ၊ မာရှယ်၊ လုပ်ခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ အီဗန်စ်၊ ဗာရန်း၊ ရက်ရှ်ဖို့ဒ်နဲ့ ကမ်ဘွာလာတို့ကို ဒဏ်ရာတွေကြောင့် အနားပေးထားရတာပါ။
ယူနိုက်တက်အသင်းဟာ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံးပွဲစဉ်မှာ ရှက်ဖီး ယူနိုက်တက်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့အတွက် အဆင့် ၆ နေရာကို ပြန်တက်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့် ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ရှင်သန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ တစ်လုံးတည်းသော ဆုဖလားဖြစ်တဲ့ FA ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 1350
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
ကနေဒါအသင်းဟာ နည်းပြရာထူးအတွက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ ဂျက်ဆီမာ့ရှ်နဲ ဆိုးလ်ရှားတို့ကို စာရင်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
The Standard က ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဂျက်ဆီမာ့ရှ်နဲ့ ဆိုးလ်ရှားတို့ နှစ်ဦးစလုံးကို ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ နိုင်ငံနဲ့ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ခြင်း မရှိသေးပါဘူး။
ဂျက်ဆီမာ့ရှ်ကတော့ လိဒ်စ်အသင်းကနေ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက ထုတ်ပယ်ခံထားရပြီး အခုထိ ဘယ်အသင်း ကိုမှ ကိုင်တွယ်ရခြင်း မရှိသေးပါဘူး။
အဲဒါကြောင့်လည်း သူတို့နှစ်ဦးဟာ ကနေဒါအသင်း နည်းပြသစ် စာရင်းထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဂျက်ဆီမာ့ရှ်နဲ့ ဆိုးလ်ရှားတို့ နှစ်ဦးအပြင် ကနေဒါအသင်း နည်းပြသစ် စာရင်းထဲမှာ ပေါလ်ကလီးမန့်နဲ့ ကာရန်ကာ တို့လည်း ပါဝင်နေပါတယ်။

ကနေဒါအသင်း ကစားသမားကိုတွေ့ရစဉ်
ကနေဒါအသင်းကို နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြ ဟာ့ဒ်မန်းဟာ လက်ရွေးစင်အသင်းက ထွက်ခွာပြီး မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ ဖရန့်လမ်းပတ်နဲ့ မော်ရင်ဟိုတို့ကို နည်းပြရာထူးအတွက် အင်တာဗျူးပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဦးစလုံးက ပယ်ချခဲ့တာပါ။
ကနေဒါနိုင်ငံဟာ အမေရိကန်၊ မက္ကဆီကို နိုင်ငံတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ နိုင်ငံအသင်း အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီပြိုင်ပွဲမတိုင်ခင် အသင်းကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ကနေဒါအသင်းဟာ နွေရာသီမှာ ကိုပါအမေရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပီရူး၊ ချီလီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1468
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
ဖီယင်နုအသင်းနည်းပြ အာနီဆလော့က ဒီရာသီအကုန်မှာ ထွက်ခွာမယ့် ကလော့ပ်နေရာမှာ အစားထိုး ဝင်ရောက်ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ချင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အာနီဆလော့က “ကျနော် လီဗာပူးလ်အသင်းကို ကိုင်တွယ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကလပ် အသင်း ၂ သင်း ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေတာကြောင့် အခန်းထဲမှာထိုင်ပြီး ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ စောင့်ဆိုင်းနေပါတယ်။ ကျနော်ကတော့ ကလပ်အသင်း ၂ ကြား သဘောတူညီမှု ရယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိ ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ဖီယင်နု အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာနီဆလော့ဟာ ပြီးခဲ့တဲ့ရာသီက ဖီယင်နုအသင်းကို ဒတ်ချ်အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သလို ဒီရာသီမှာ ပြည်တွင်းဖလား ရယူပေးနိုင်ခဲ့တာပါ။
ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းရဲ့ ချဉ်းကပ်မှုခံခဲ့ရပေမယ့် ပယ်ချပြီး ဖီယင်နုအသင်းနဲ့ ၃ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

အာနီဆာလော့ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ဖီယင်နုအသင်းကို လျော်ကြေး ငွေပေါင် ၉ သန်း ပေးချေရဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။
အာနီဆလော့ကတော့ အသင်းနှစ်သင်းကြား အမြန်ဆုံး သဘောတူညီမှုရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အာနီဆလော့ရဲ့ စတိုင်နဲ့ အတွေးအခေါ်က အသင်းကို ကိုင်တွယ်ဖို့ အဆင်ပြေလိမ့်မယ်လို့ အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လေဗာကူဆင် အသင်းနည်းပြ ဇာဘီအလွန်ဆိုနဲ့ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အေမိုရင်မ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အာနီဆလော့ကို ခန့်အပ်နိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်နေတာပါ။
အာနီဆလော့ရဲ့ ဖီယင်နုအသင်းဟာ ဒီရာသီ ဒတ်ချ်အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို မကာကွယ်နိုင်တော့ ပေမယ့် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 684
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ပါဝင်နေ သေးတယ်လို့ ဘရိုက်တန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဆုဖလားအတွက် ကျနော်တို့နဲ့ အာဆင်နယ် ၂ သင်းထဲ ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး။ လီဗာပူးလ် အသင်း ၂ ပွဲဆက် ရှုံးခဲ့သလိုမျိုး အာဆင်နယ်အသင်းလည်း ဖြစ်သွားနိုင်သလို ကျနော်တို့လည်း ဖြစ်သွားနိုင် ပါတယ်။ အရေးကြီးတာက ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ရှိနေဖို့ပါ။ ကစားဖို့ပွဲတွေ အများကြီး ရှိသေးတဲ့အတွက် အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ အခုအနားယူပြီး လာမယ့်ပွဲကို ပြင်ဆင်ရမယ်”လို့ BBC Sport ကို ပြောပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖိုဒန်က ၂ ဂိုး၊ ဒီဘရိုင်းနဲ့ အယ်လ်ဗားရက်ဇ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို တက်နိုင်ခဲ့ပြီး ပွဲကျန် ၁ ပွဲကစားဖို့လည်း ကျန်ရှိနေသေးတာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ အဆင့် ၁ နေရာကို တက်နိုင်မယ့် အခွင့်အရေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို တွေ့ရစဉ်
နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
အဲဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်နယ်အသင်းနဲ့ မန်စီးတီး ၂ သင်းတည်းသာ ယှဉ်ပြိုင် ရတော့မယ်လို့ ပြောဆိုမှုတွေကို နည်းပြ ဂွာဒီယိုလာက ပယ်ချခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ဂိုးကွာခြားမှုကိုလည်း လျော့ချနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဂိုးကွာခြားချက် +၅၆ ရှိနေပြီး မန်စီးတီးအသင်းက +၄၈ ရှိနေတာ ဖြစ်ပါတယ်။
ဂိုးကွာခြားချက်က ပရီးမီးယားလိဂ် ဆုဖလားကို အဆုံးအဖြတ် ပေးနိုင်ပေမယ့် ပွဲအနိုင်ရဖို့က အဓိကကျတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်း၊ အာဆင်နယ် အသင်းက စပါးအသင်း၊ လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 863
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းမှာ ကစားနေတဲ့ လင်ဂတ်ဟာ ဒူးခွဲစိတ် ကုသမှုခံယူပြီး ၁၂ ရက်အကြာ မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ကစားသမားဟောင်း လင်ဂတ်ဟာ အခုလ အစောပိုင်းက ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံကုတင်ပေါ်မှာ ရိုက်ကူးထားတဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။
ဒီပုံကိုတင်ပြီး ၁၂ ရက် အကြာမှာပဲ လင်ဂတ်ဟာ ဘောလုံးနဲ့အတူ ကွင်းထဲမှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ် အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
လင်ဂတ်ဟာ FC ဆိုးလ်အသင်းအတွက် လူစားဝင်အဖြစ် ၃ ပွဲသာပါဝင် ကစားထားရပြီး ဂိုးသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

လင်ဂတ်ကို တွေ့ရစဉ်
လင်ဂတ်ဟာ လူစားဝင်ကစားတဲ့ အချိန်တွေမှာ ကြိုးစားအားထုတ်မှုမရှိလို့ FC ဆိုးလ်နည်းပြရဲ့ ဝေဖန်ခြင်းကို လည်း ခံထားရတာပါ။
လင်ဂတ်ဟာ လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပေမယ့် နည်းပြကတော့ ကစားသမားဟာ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ ၁ လကြာ အနားယူရဦးမယ်လို့ ပြောထားပါတယ်။
လင်ဂတ်ဟာ FC ဆိုးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၇,၅၀၀ သာရရှိကာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်တုန်းက တစ်ပတ်လုပ်ခပေါင် ၁၀၀,၀၀၀ ရရှိတာကြောင့် အဆပေါင်းများစွာ ကွာဟနေတာပါ။
FC ဆိုးလ်အသင်းဟာ ဒီရာသီ ကေလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။
Source: Thesun
- By CNI
- Category: အားကစား
- Hits: 2163
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
သြစတြေီးယားအသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်း ယာယီနည်းပြဟောင်း ရက်ဂ်နစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရက်ဂ်နစ်က “ဘိုင်ယန်မြူးနစ်က ကျနော့်ကို ဆက်သွယ်မှု ပြုလုပ်ထားတာကို သြစတြီးယားဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားထားပါတယ်။ ဘိုင်ယန်က ကျနော့်ကို လိုချင်တယ်လို့ပြောရင် ကျနော်ကလည်း ဒါကို အမှန် တကယ် လိုချင်လားဆိုပြီး ပြန်မေးရပါလိမ့်မယ်။ ကျနော့်အနေနဲ့ အခြားတစ်ခုခု လုပ်မယ်ဆိုရင် သြစတြီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ အရင်ဆုံး ဆွေးနွေးမှု ပြုလုပ်ရမှာပါ”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြတူချယ်လ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီး ရက်ဂ်နစ်က သူတို့ရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားသမားဟောင်း ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဦးစားပေးကြိုးစား ခဲ့ပေမယ့် သူကတော့ လေဗာကူဆင်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

နည်းပြ ရက်ဂ်နစ်ကို တွေ့ရစဉ်
အဲဒါကြောင့် နည်းပြဟောင်း နာဂျယ်လ်စမန်းကို ပြန်လည် ချိတ်ဆက်ခဲ့ပေမယ့် သူကလည်း ဂျာမနီအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်လာခဲ့တဲ့ ရက်ဂ်နစ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ သြစတြီးယားအသင်းကို ကိုင်တွယ်နေခဲ့တာပါ။
ရက်ဂ်နစ်ရဲ့ လက်ထက်မှာ သြစတြီးယားအသင်းဟာ ရလဒ်ကောင်းတွေ ရရှိနေပြီး နောက်ဆုံး ကစားထားတဲ့ ၅ ပွဲ စလုံး အနိုင်ရရှိကာ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရက်ဂ်နစ်ဟာ လက်ရှိအချိန်မှာ သြစတြီးယားအသင်းကို ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရယူပေးဖို့ အာရုံစိုက်နေတာပါ။
ရက်ဂ်နစ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ဂျာမန်ကလပ်တွေဖြစ်တဲ့ စတုဂတ်၊ ဟန်နိုဗာ၊ ရှော်လ်ကေး၊ လိုက်ပ်ဇစ်အသင်း တွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုအချို့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1155
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
စပိန်လူမျိုးနည်းပြ ဇာဗီဟာ နွေရာသီမှာ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ်အထိ အသင်းမှာဆက်ရှိဖို့ သဘောတူညီခဲ့ပါတယ်။
ဇာဗီဟာ ဘာစီလိုနာအသင်း ရလဒ်တွေ ဆက်တိုက် ဆိုးရွားခဲ့တာကြောင့် ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာ တော့မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီက ကြေညာခဲ့တာပါ။
ဒီလိုကြေညာပြီးကတည်းက ဘာစီလိုနာအသင်း တာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ နည်းပြ ဇာဗီကို အသင်း မှာ ဆက်ရှိစေဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
ဇာဗီနဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာတို့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ဇာဗီ ဟာ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ယူစတီဟာ အစည်းအဝေးအပြီးမှာ ဇာဗီအသင်းမှာ ဆက်ရှိမယ့် သဘောတူညီမှုကို အတည်ပြု ပေးခဲ့ပါတယ်။

ဇာဗီကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်က ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဇာဗီဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို စပိန်လာလီဂါ ဖလား ရယူပေးနိုင်ခဲ့ပြီးနောက် နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် အပါအဝင် ၂၀၂၅ ခုနှစ်အထိ စာချုပ် သက်တမ်း တိုးခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေခဲ့ပြီး စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
အဲဒါကြောင့် ဇာဗီဟာ ဗီလာရီးရယ်လ်အသင်းကို ၅ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဒီရာသီကုန် ရင် ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြရာထူးက ဇာဗီထွက်ခွာမယ်လို့ ကြေညာပြီးနောက်ပိုင်း ကစားခဲ့တဲ့ ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့တာကြောင့် လာပေါ်တာ၊ ယူစတီနဲ့ ဒေကိုတို့ဟာ ဇာဗီကို အသင်းမှာ ဆက်ရှိစေချင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာတော့ ရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်သွားခဲ့တာပါ။
ဒါအပြင် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရယ်လ်အသင်းကို အရေးနိမ့် ခဲ့တာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1226
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅
အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အပြီးမှာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလား မျှော်လင့်ချက် ထိုးနှက်ခံရပြီးနောက် နည်းပြ ကလော့ပ်က အသင်းပရိသတ်တွေကို တောင်းပန် ခဲ့ပါတယ်။
ကလော့ပ်က “ဆုဖလားရမယ့် အခွင့်အရေးနဲ့ ပတ်သက်ရင် အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ အလွန်ဆိုးရွားတဲ့ အခိုက်အတန့်တွေရှိမှ ဖြစ်မှာပါ။ ဒီလို ဖြစ်လာမလားဆိုတာ ကျနော်မသိပါဘူး။ အဲဒါကြောင့် လီဗာပူးလ် ပရိသတ် တွေကို ကျနော်တောင်းပန်ဖို့ပဲ ရှိပါတယ်။ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်သင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိတာကြောင့် အလွန်စိတ်ပျက်မိပါတယ်။ ကျနော်တို့ ရမှတ်တွေ ရယူနိုင်ဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ အဲဗာတန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုတွေမှာလည်း အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းတာတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဗန်ဒိုက်က “အလွန်စိတ်ပျက်မိပါတယ်။ ဒီပွဲလိုသာကစားရင် ပရီးမီးယားလိဂ် ဆုဖလားအတွက် ကျနော်တို့ကို ထည့်သွင်းစဉ်းစားဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ကစားသမားတွေအနေနဲ့ အမှန်တကယ် လိဂ်ဖလားကို ရယူချင်ရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းနဲ့ ကစားချိန်မှာ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ် “လို့ ပြောပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ရမှတ်လျှော့ခံထားရတဲ့ အဲဗာတန်အသင်းဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်အထက်က လူတန်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
