
- By CNI
- Category: အားကစား
- Hits: 464
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီးဂိမ်းစ်အုပ်စုပွဲအပြီးမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ ကမ္ဘော ဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆိုခဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့ရာထူးမှာ ဆက်ပြီးရှိနေတော့မယ်လို့ ပြောလိုက်ပါတယ်။
ဆိုခက “ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားက ဘောလုံး ပရိသတ်အားလုံးရဲ့ ယုံကြည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဘောလုံးကဏ္ဍအားလုံးကို ပြုပြင်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်လုပ်ဆောင်ကြဖို့ ကလပ်အသင်းအားလုံးကို တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်မှာ မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်းတတိယနေရာကို ရောက်ရှိခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူက ဒီတာဝန်ကိုယူတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ မေလ ၇ ရက်က ပြောခဲ့တာဖြစ်ပါတယ်။သူဟာ အရင်ကတည်းက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ကမ္ဘောဒီးယားအနေနဲ့ ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးထားတာပါ။
ဒါပေမယ့် အစိုးရကိုယ်စား နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်က ဆိုခရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘောဒီးယား ဘောလုံးလောကဟာ တဖြည်းဖြည်းတိုးတက်လာတယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ ပြောခဲ့ တာဖြစ်ပါတယ်။အဲဒါကြောင့် ဆိုခဟာ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီးတာဝန်ယူရတော့မှာပါ။
ကမ္ဘောဒီယားအသင်းဟာ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ အုပ်စုကနေ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အနိုင်ရလဒ်ရယူရမှာဖြစ်သလို၊ မြန်မာအသင်းကလည်း ဖိလစ်ပိုင်အသင်း ကို အရေးနိမ့်မှရမှာဖြစ်ပါတယ်။အဲဒါကြောင့် ကမ္ဘောဒီးယားအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာပါ။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၃၂ ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလ ၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Source : ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 478
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရီးရယ်လ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ လက်စားချေဖို့အတွက် မက်ဒရစ်ကို လာတာမဟုတ်ဘူးလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “လက်စားချေဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး။ အခွင့်အရေးရယူဖို့ ကျနော်တို့ ဒီမှာရှိနေတာပါ။ အတိတ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ ဒါကို တွေးကြည့်ရင်တော့ ကြီးမားတဲ့ အမှားတစ်ခု ဖြစ်ပါလိမ့်မယ်။ မနှစ် က သင်ယူခဲ့ရတဲ့ သင်ခန်းစာက လက်စားချေဖို့ မဟုတ်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို သင်ယူတာပါ။ ဒီပွဲမှာ ကျနော်တို့ ရလဒ်ကောင်းရယူမယ်၊ ကောင်းမွန်စွာ စွမ်းဆောင်မယ်၊ ပြီးရင် မန်ချက်စတာမှာ ကစားမယ့်ပွဲအတွက် အခွင့်အရေးရအောင် လုပ်ရမယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို ပွဲချိန် မိနစ် ၉၀ အတွင်းမှာ ၅ ဂိုး- ၃ ဂိုးနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာ ရီးရယ်လ်အသင်းက ချေပဂိုး ၂ ဂိုးသွင်းယူပြီး အချိန်ပိုအထိ ခေါ်ဆောင်သွားခဲ့တာပါ။
မန်စီးတီးနဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
အချိန်ပိုမှာတော့ ရီးရယ်လ်အသင်းက အနိုင်ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမားတွေဟာ ရီးရယ်လ်အသင်းကို ပြန်လက်စားချေဖို့ စိတ်အားထက်သန် နေပေမယ့် ဂွာဒီယိုလာကတော့ ဒီမကျေပွဲကို အသုံးပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကို အနိုင်ယူနိုင်တယ်ဆိုကို ပြသဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒီနှစ်မှာ ကွာခြားချက်က ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း ကစားရမှာပါ။ ဒါက အားသာချက် လား၊ အားနည်းချက်လားဆိုတာ ကျနော် သေချာမသိပေမယ့် မန်ချက်စတာမှာ အရာအားလုံး ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်ဆို အကောင်းဆုံး အသင်းတွေကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး ရီးရယ်လ် အသင်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပရီးမီးယားလိဂ်မှာဆို အာဆင်နယ် အသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ဒါအပြင် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 507
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ အတွက် ချီးမြှင့်တဲ့ Laureus အကောင်းဆုံး အားကစားဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
မက်ဆီဟာ ဒီဆုပေးပွဲ အခမ်းအနားကို ဇနီးဖြစ်သူ အန်တိုနယ်လာနဲ့အတူ တက်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Laureus ဆုဟာ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အားကစားသမားတွေထဲကနေ ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဂုဏ်သိက္ခာ ကြီးမားတဲ့ဆုလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၀ ကလည်း ဒီဆုကို ရယူထားနိုင်ခဲ့လို့ အခု အကြိမ် ရယူနိုင်မှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ Laureus အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိတဲ့ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားတာ ဖြစ်ပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနား အသင်းကလည်း ဒီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးအသင်းဆုကို ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ တစ်နှစ်ထဲမှာ အသင်းလိုက်ဆုနဲ့ တစ်ဦးချင်းဆုကို ရရှိတဲ့ ပထမဆုံး အားကစားသမား လည်း ဖြစ်ခဲ့ပါတယ်။
မက်ဆီက “ဒါက အထူး ဂုဏ်ယူစရာပါပဲ။ ဒီဆုအတွက် လက်ရွေးစင် အသင်းဖော်တွေတင် မဟုတ်ဘဲ ပီအက်စ်ဂျီ အသင်း ဖော်တွေကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်။ ကျနော် တစ်ဦးတည်းနဲ့တော့ ဒီလိုအောင်မြင်မှုကို ရမှာ မဟုတ်ပါဘူး။ သူတို့နဲ့ အရာအားလုံးကို မျှဝေပေးနိုင်တာကို ကျေးဇူးတင်မိပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
အန်ဒါဆန်ကိုတွေ့ရစဉ်
မက်ဆီဟာ မကြာသေးခင်က အသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီ ခရီးစဉ် သွားရောက်ခဲ့လို့ ပီအက်စ်ဂျီအသင်းရဲ့ ၂ ပတ်ကြာ ဆိုင်းငံ့တဲ့ အရေးယူခြင်းခံရသလို ဒီကာလအတွင်းမှာ ရရှိမယ့် လုပ်အားခတွေကိုလည်း ဒဏ်ကြေးအဖြစ် ချမှတ်ခံခဲ့ ရပါတယ်။
ဒါပေမယ့် မက်ဆီဟာ အသင်းနဲ့ အသင်းဖော်တွေကို တောင်းပန်ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်ကာ လာမယ့်ပွဲစဉ်ဖြစ်တဲ့ အေဂျက်စီယိုနဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာပါ။
ဒီဆုပေးပွဲမှာ အခြားဆုတွေဖြစ်တဲ့ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဂျမေကာ အပြေးမယ် ရှယ်လီအန်းဖရေဆာပရိုက်စ်က ရရှိခဲ့ပြီး၊ အတိုးတက်ဆုံး အားကစားသမားဆုကို စပိန်တင်းနစ်သမား ကားလို့စ် အယ်လ်ကာရတ်ဇ်က ရရှိခဲ့ပါတယ်။
အနားယူနိုင်တဲ့ အခြေအနေကနေ ပြန်လာနိုင်တဲ့ဆုကို ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆန်က ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 481
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အူဘာမီယန်းက အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်ချင်တဲ့အကြောင်း ပြောသွားခဲ့ပါတယ်။
အူဘာမီယန်းက “ကျနော် ဘာစီလိုနာကို နှစ်သက်ပြီး ဘာစီလိုနာကို ပြန်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ DjamLife ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်း အူဘာမီယန်းဟာ ၂၀၂၂ နွေရာသီက ဘာစီလိုနာအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြ တူချယ်လ် ထုတ်ပယ်ခံခဲ့ရပြီး ကတည်းက လန်ဒန်ကလပ်မှာ ပွဲကစားခွင့်ရဖို့ ခက်ခဲသွားခဲ့တာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ဘာစီလိုနာအသင်းထံ ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် လန်ဒန်ကလပ်မှာပဲ ဆက်ပြီးရှိခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းမှာ ၂၁ ပွဲ ပါဝင်ကစားပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ နောက်ဆုံး ပွဲစဉ်အဖြစ် ကစားထားတဲ့ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ပွဲမှာလည်း ပထမပိုင်းသာ ပါဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ရာနှုန်းပြည့် သေချာသလို ဘာစီလိုနာ အသင်းကလည်း ဂါဘွန် ကစားသမားဟောင်းကို ပြန်ပြီးခေါ်ယူချင်နေတာပါ။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ အူဘာမီယန်းကို ပြန်လည်ခေါ်ယူမယ်ဆိုရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လစာလျှော့ပြီးပေးချေမှ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
အူဘာမီယန်းဟာ ဘာစီလိုနာ အသင်းအတွက် ကစားခဲ့တဲ့ ၂၄ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့ ပေမယ့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကို ပြေလည်ဖို့အတွက် ချယ်လ်ဆီးအသင်းထံ ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၈
ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားအယွင်းပြုလုပ်ခဲ့လို့ ဝေဖန်မှုတွေခံနေရတဲ့ ဂိုးသမား ဒီဂီယာကို ယူနိုက်တက်မှာ ဆက်ပြီးရှိစေချင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့က သူ့ကို ဒီမှာဆက်ပြီးရှိစေချင်ပြီး သူ့ကို စာချုပ်သက်တမ်းတိုးချင်ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ ပွဲအများဆုံးကစားသမားပါ။သူမပါဘဲ ကျနော်တို့ ဒီနေရာမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။အမှားအယွင်းတွေဟာ ဘောလုံးရဲ့အစိတ်အပိုင်းဖြစ်ပြီး ဒါကို ပြန်လည်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ဒါက စိုးရိမ်စရာမရှိဘူးလို့ ယုံကြည်ပါတယ်။ဘောလုံးမှာ ဒါက ဖြစ်တတ်ပေမယ့် လူတိုင်းမှာ တာဝန် ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ပွဲစဉ်မှာ ဂိုးသမား ဒီဂီယာဟာ ဘန်ရာမန်ရဲ့ ကိုက် ၂၀ အကွာက ကန်သွင်းချက်ကို ပုတ်ထုတ်တာမှာ မသေသပ်ခဲ့တာကြောင့် ဘောလုံးဟာ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာပါ။အဲဒါကြောင့် ဒီဂီယာဟာ ကစားသမားဟောင်းတွေနဲ့ ဘောလုံးဝေဖန် သုံးသပ် သူတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူ့ကစားသမားကို ကာကွယ် ပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၇၅,၀၀၀ ရရှိနေတဲ့ ဒီဂီယာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ ယူနိုက်တက် အသင်းဟာ ဒီဂီယာကို အခုရရှိနေတဲ့ လုပ်ခလစာထက် လျှော့ပြီး ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်ရှိနေပြီး အသင်းပရိသတ်တွေကတော့ လာမယ့်ရာသီမှာ ဂိုးသမားသစ်တစ်ဦး အမြန်ဆုံးခေါ်ကာ သူ့နေရာမှာ အစားထိုးဖို့ တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက်ရှုံးပွဲ ကြုံတွေ့ ကာ အဆင့် ၅ နေရာက လီဗာပူးလ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ မန်ချက်စတာ ကလပ်ဟာ ပွဲကျန်ကစားဖို့ ၁ ပွဲကျန်ရှိနေသေးပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ အနည်းငယ် ဖိအားတွေတိုးလာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မေလ ၁၃ ရက် အိုးထရက်ဖိုဒ့်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 448
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၆
စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြလုပ်ခဲ့သူ နာဂျယ်စမန်းနဲ့ နည်းပြသစ် ရာထူးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စပါးအသင်းနဲ့ နာဂျယ်စမန်းတို့ဟာ ဧပြီလတုန်းက ပဏာမ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် နောက်ထပ် ဆွေးနွေးခဲ့ ကြတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ နာဂျယ်စမန်းဟာ ပြီးခဲ့တဲ့လကမှ ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ် ခံထားရတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ လက်ရှိအချိန်မှာ နည်းပြ ကွန်တီကို ထုတ်ပယ်ပြီးနောက် စတယ်လီနီကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေ ဆိုးခဲ့လို့ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ရာသီအကုန်ထိ အသင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်။
Sky Germany က နာဂျယ်စမန်းဟာ လာမယ့် နွေရာသီမှာ စပါးအသင်းကို ကိုင်တွယ်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နာဂျယ်စမန်းဟာ ချယ်လ်ဆီးအသင်း နည်းပြသစ် ဖြစ်လာဖို့ အတွက်လည်း ရေပန်းစားခဲ့ပေမယ့် သူကတော့ အဲဒီ ဆန်ကာတင် စာရင်းကနေ နှုတ်ထွက်ခဲ့တာကြောင့် စပါးအသင်း နည်းပြသစ် ဖြစ်လာဖို့ ထင်ကြေး ပေးခံနေရပါ တယ်။
နာဂျယ်စမန်းဟာ စပါးအသင်းရဲ့ နည်းပြရာထူးကို အလွန်ကြီးမားတဲ့ အခွင့်အလမ်းအဖြစ် ရှုမြင်ထားပြီး အသင်း ဟာ ဆုဖလားတွေရဖို့ အလားအလာ ရှိတယ်လို့ ယုံကြည်မှုတွေ ရှိနေပါတယ်။
စပါးအသင်းကို တွေ့ရစဉ်
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကတော့ နာဂျယ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။
စပါးအသင်းဟာ အခုနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲတွေမှာ ရလဒ်တွေ ဆိုးနေတာကြောင့် သူ့အပေါ်မှာ တာဝန်ရှိ တယ်လို့ လီဗိုင်းက ပြောထားတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စပို့တင်းလစ္စဘွန်းနည်းပြ အေမိုရင်၊ ဘန်လေနည်းပြ ကွန်ပနီတို့ အပါအဝင် နည်းပြတချို့နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာပါ။
ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ရက်ဂ်နစ်ကတော့ နာဂျယ်စမန်းကို စပါးအသင်း ကိုင်တွယ်ဖို့ အကြံပြု ထားပါတယ်။
နာဂျယ်စမန်းဟာ နည်းပြဘဝကို ဟော်ဖန်ဟိမ်းအသင်းမှာ စတင်ခဲ့ပြီး အဲဒီနောက်မှာ လိုက်ပ်ဇစ်အသင်းကို ကိုင်တွယ်ကာ ၂၀၂၀ က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
၂၀၂၁ မှာတော့ နာဂျယ်စမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းခဲ့ပေမယ့် အခုရာသီ ရလဒ် မတည်မငြိမ် မှုတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 494
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၆
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကာဂျစ္စတန်အနေနဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့နဲ့ အခြေခံ အဆောက်အဦ နည်းပါးနေတာကို ဖြေရှင်းဖို့အတွက် အမျိုးသားဘောလုံး အားကစားကွင်းကို တည်ဆောက်ဖို့ သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
အင်ဖန်တီနိုက “ကျနော် ကာဂျစ္စတန်ဥက္ကဋ္ဌနဲ့ ဘောလုံး အားကစားကွင်း အကြောင်းကို ပြောခဲ့ပါတယ်။ ဒါက ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါမှသာ ကာဂျစ္စတန်နိုင်ငံကို နိုင်ငံတကာပွဲတွေ အများအပြား ယူဆောင်ပေးလာနိုင်မှာဖြစ်ပြီး အာရှနဲ့ ကမ္ဘာ့စင်မြင့်အထက်မှာ တောက်ပလာမှာပါ။ ကာဂျစ္စတန်မှာ ကြီးကျယ်တဲ့ အရည်အသွေးတွေ ရှိပါတယ်။ အမျိုးသားဘောလုံး အသင်းဆိုရင် အာရှဖလားကို ၂ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါ တယ်။ သူတို့ဟာ အခြေခံ အဆောက်အဦတွေနဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းပါးပေမယ့် အခုအကြိမ်မှာ လည်း ခြေစစ်ပွဲ အောင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
အရင် ဆိုဗီယက်နိုင်ငံဟာ ဖီဖာအဆင့် သတ်မှတ်ချက်ရှိတဲ့ ပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့အတွက် နိုင်ငံတကာ စံနှုန်းတွေအတိုင်း တည်ဆောက်ထားတဲ့ ခေတ်မီ အားကစားကွင်းတွေ မရှိပါဘူး။
ကာဂျစ္စတန်အသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ ၂၀၁ နဲ့ ၇၅ ကြားထဲမှာ အတက်အကျ ရှိနေပြီး လက်ရှိအဆင့် ၉၆ နေရာမှာ ရှိနေပါတယ်။
ကာဂျစ္စတန်နဲ့ မြန်မာအသင်း ယှဉ်ပြိုင်နေစဉ်
ဖီဖာဟာ အခုနှစ်အတွင်း ကာဂျစ္စတန်က ဘောလုံးအကယ်ဒမီတွေမှာ ရင်းနှီးမြှုပ်နှံထားပြီး အဲဒီနိုင်ငံရဲ့ ဘောလုံး အရည်အသွေးတွေ တိုးတက်အောင် လုပ်ဆောင်ပေးနေပါတယ်။
ဒါအပြင် ဖီဖာဟာ ကာဂျစ္စတန်နိုင်ငံရှိ ကျောင်းတွေနဲ့ အမျိုးသမီးတွေ ကြားထဲမှာ အားကစား မြှင့်တင်ရေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ကာဂျစ္စတန်အသင်းဟာ ပြီးခဲ့တဲ့ မတ်လက မြန်မာအသင်းနဲ့ အိန္ဒိယမှာ ဖိတ်ခေါ်ပြိုင်ပွဲ ကစားထားပြီး ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ထားတာပါ။
ကာဂျစ္စတန်အသင်းဟာ အာရှဖလားပြိုင်ပွဲကို ၂၀၁၉ က ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စုအဆင့်နဲ့ သာ ကျေနပ်ခဲ့ရကာ အခုလာမယ့် ၂၀၂၃ ပြိုင်ပွဲမှာရော ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 458
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၆
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ရော်နယ်ဒိုနဲ့ နေမာတို့လို စူပါစတားတွေကိုခေါ်ယူဖို့ အသင်းဟာ မတတ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။
အက်ဒီဟိုဝီက “ဒီလိုကစားသမားတွေ ကျနော်တို့ဆီလာဖို့အတွက် နီးစပ်အောင်မလုပ်နိုင်ပါဘူး။သူတို့က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေပါ။ကျနော်တို့ဟာ သူတို့ရဲ့ လုပ်ခလစာတွေ၊ ပြောင်းရွှေ့ကြေးတွေကိုပေးဖို့ ဘယ်တော့မှ တတ်နိုင်မယ့် အနေအထားမှာရှိမှာ မဟုတ်ပါဘူး။ကျနော်တို့ဟာ ငယ်ရွယ်တဲ့ကစားသမားတွေကို ရှာဖွေပြီး သူတို့လို ဖြစ်နိုင်တဲ့ ကစားသမားတွေဖြစ်အောင် ပြုစုပျိုးထောင်သွားမယ်” လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့(PIF )က ဝယ်ယူပြီးနောက် အသင်းဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာပါတယ်။လက်ရှိအချိန်မှာ နေမာနဲ့ ရော်နယ်ဒိုတို့ဟာ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။နေမာဟာ မကြာသေးခင်က ပီအက်စ်ဂျီပရိသတ်တွေက သူ့အိမ်ရှေ့လာရောက်ပြီး အသင်းက ထွက်ခွာဖို့ ပြောဆိုခြင်းခံခဲ့ရပါတယ်။ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့တာ လအနည်းသာ ကြာသေးပေမယ့် ဆော်ဒီကလပ် ကနေ ပြန်ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။အဲဒါကြောင့် နယူးကာဆယ်အသင်းနဲ့ သတင်းတွေ ထွက်ခဲ့ ပေမယ့် နည်းပြ အက်ဒီဟိုဝီကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာပါ။ နယူးကာဆယ်အသင်းကို ဆော်ဒီ ရင်းနှီး မြှုပ်နှံမှုအဖွဲ့က ရယူပြီးနောက်မှာ ကလပ်အသင်းဟာ ထရစ်ပီယာ၊ ဘရူနိုဂွီမာရေ့စ်၊ ဘောဒ့်မန်း၊ နစ်ပုပ်နဲ့ အိုင်ဆက်ခ်တို့အပါအဝင် ကစားသမားခေါ်ယူမှုတွေအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၅၀ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၅ ပွဲသာကျန်ရှိတော့ချိန်မှာ အမှတ်ပေး ဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ အခြေအနေ ကောင်းနေ တာပါ။အဲဒါကြောင့် လာမယ့်အပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားတွေ ခေါ်ယူပြီး အသင်းကို အားဖြည့် နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။အက်ဒီဟိုဝီက “လူတွေကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ နာမည်ကြီးတွေဟာ နယူးကာဆယ်ကို သွားမယ်လို့ ယူဆနေကြပါတယ်။ငွေရေးကြေးရေးအရဆိုရင်တော့ လက်ရှိအချိန်မှာ ကျနော်တို့ဟာ ဒီလိုမျိုးလုပ်ဆောင်လို့ မရပါဘူး။မှန်ကန်တဲ့လူတွေနဲ့ မှန်ကန်တဲ့ကစားသမားတွေကိုပဲ အဖွဲ့ထဲ ယူဆောင်လာရပါမယ်။ အပြောင်းအရွှေ့ ဈေးကွက်က ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်ဖြစ်လို့ နာမည်တွေ ရွေးလိုက်ရုံနဲ့ အသင်းထဲ ခေါ်ဆောင်လို့ မရပါဘူး။ ကျနော်ဟာ အသင်းကို ဘယ်လိုဦးတည်ပြီးသွားချင်လဲဆိုတာကို သိပါတယ်” လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 976
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၆
မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှာ ကျင်းပခဲ့တဲ့ ONE Fight Night 10 ပွဲစဉ်အဖြစ် တရုတ်ဖိုက်တာ ဖန်ယောင်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ အနိုင်ရရှိခဲ့လို့ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိသွားခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ ဒီပွဲရဲ့ ၂ ချီမြောက်မှာ သူ့ကို လှဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့တဲ့ ဖန်ယောင်းကို သူအားသာတဲ့ ချုပ်ကွက်နဲ့ လည်ပင်းကို ပြန်ချုပ်ခဲ့တာကြောင့် ပြိုင်ဘက်ကစားသမားဟာ အရှုံးပေးသွားခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ အနိုင်ရတဲ့ သူဟာ မစ်ဒယ်ဝိတ်ခါးပတ် စိန်ခေါ်လို့ရမှာ ဖြစ်တဲ့အတွက် အောင်လအန်ဆန်းဟာ စိန်ခေါ် ခွင့် ရသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ခါးပတ်စိန်ခေါ်ပွဲကို ထိုးသတ်ချင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အောင်လအန်ဆန်းက “ကျနော့်ကို အားပေးတဲ့ ကျနော့်ရဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပွဲ အတွက် အလွန်ကောင်းမွန်စွာ ပြင်ဆင်ခဲ့ပါတယ်။ အားကစားသမား တစ်ဦးအနေနဲ့ မြန်မာအတွက် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရတာ အရမ်းဝမ်းသာပါတယ်။ မြန်မာပရိသတ်တွေကို အရမ်းလည်း ကျေးဇူးတင်ပြီး၊ အရမ်းလည်း ချစ်ပါ တယ်။ နောက်တစ်ပွဲမှာတော့ ချန်ပီယံရှစ်ပွဲ ထိုးရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီပွဲက ကျနော့်ရဲ့ စာချုပ်မှာ နောက်ဆုံးပွဲပါ။ အဲဒါကြောင့် ဘယ်သွားရမလဲဆိုတာတော့ ကျနော်မသိသေးပါဘူး။ ကျနော် ဆက်ပြီး ကြိုးစားသွားမယ်”လို့ Facebook မှာ Live လွှင့်ပြီး ပြောခဲ့တာပါ။
အောင်လအန်ဆန်းကိုတွေ့ရစဉ်
အောင်လအန်ဆန်းဟာ ဒီပွဲမတိုင်ခင် ကတည်းက ဖန်ယောင်းကို ၂ ချီအတွင်း အနိုင်ရအောင် ထိုးမယ်လို့ ပြောထား တဲ့ ကတိအတိုင်း တည်အောင် လုပ်နိုင်ခဲ့ပါတယ်။
ONE Championship ပြိုင်ပွဲရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းက သူဟာ ၂၀၂၀ က လက် လွှတ်ခဲ့ရတဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ စိတ်အား ထက်သန်နေပါတယ်။
အဲဒါကြောင့် ဒီပွဲအပြီးမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း အောင်လအန်ဆန်းက ပြောထားပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်းဟာ အခု အပါအဝင် MMA ပွဲပေါင်း ၄၄ ပွဲအထိ ထိုးသတ်ခဲ့တာမှာ ပွဲပေါင်း ၃၀ အနိုင်ရခဲ့ပြီး ၁၃ ပွဲရှုံးကာ ၁ ပွဲကတော့ ရလဒ် မထွက်ပေါ်ခဲ့ပါဘူး။
- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၅
မန်စီးတီးအသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့ ၁၃ ခုမြောက် ကလပ်အဖြစ် ဘရာဇီးလ်ကလပ် ဘာဟီရာအသင်းကို ဝယ်ယူလိုက်ပါတယ်။
ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ဘာဟီရာအသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားပြီး နောက်ဆုံး ရယူခဲ့တာကတော့ ၁၉၈၈ က ဖြစ်ပါတယ်။
မန်စီးတီးဘောလုံးအုပ်စု (CFG) က ဘာဟီရာအသင်းရဲ့ အလားအလာကို အပြည့်အဝ ရောက်ရှိအောင် ကူညီဖို့ အတွက် မိတ်ဖက်တွေအနေနဲ့ ခရီးစဉ်ကို အခုစတင်နေပြီလို့ ပြောခဲ့ပါတယ်။
CFG အကြီးအကဲ ဆိုရီယာနိုက “ဘရာဇီးလ်မှာ ဘောလုံးက နံပါတ်တစ် အားကစားဖြစ်ပေမယ့် စီးပွားရေး အမြင် မှာတော့ သူတို့ဟာ တိုးတက်သင့်သလောက် တိုးတက်မှုမရှိပါဘူး။ အလားအလာကတော့ အံ့မခန်းပါပဲ။ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအရည်အချင်းတွေရဲ့ အရင်းအမြစ်ပါ။ဒီအခွင့်အရေးကို အဆုံးရှုံးမခံဘဲ ကူညီပေးချင် ပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်က အခုစတင်နေပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဘောလုံးအုပ်စုဟာ ဆယ်လ်ဗေးဒေါ အခြေစိုက် အသင်းရဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူထားတာပါ။
မန်စီးတီးပိုင်ရှင်များကိုတွေ့ရစဉ်
ဘာဟီရာအသင်းဟာ ၂၀၀၁ ကတည်းက ဘရာဇီးလ် ဘောလုံးထိပ်တန်းလိဂ်မှာ အဆင့် ၈ ထက် ပိုပြီး မရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဆိုရီယာနိုက ဒါက ရေရှည်စီမံကိန်းဖြစ်ပြီး ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီး အသင်းအနေနဲ့ ဒီလိုနေရာ ရောက်ဖို့အတွက် ၁၄ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ပြောခဲ့တာပါ။
မန်စီးတီး ဘောလုံးအုပ်စုဟာ ဘရာဇီးလ်ကလပ် ဘာဟီရာအသင်း မတိုင်ခင် မန်စီးတီး၊ နယူးယော့ခ်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ ယိုကိုဟားမားအက်ဖ်မာရီနို၊ ဂျီရိုနာ၊ ဂျီအန်နူ၊ မွမ်ဘိုင်းစီးတီး၊ လိုမယ်လ်၊ ထရိုယတ်စ်၊ ပါလာမို၊ မွန်တီဗွီဒီယိုနဲ့ ဘိုလီဗာတို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Source: BBC