CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁

ဘာစီလိုနာအသင်းဟာ အငှားနဲ့ခေါ်ယူထားတဲ့ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ အသင်းက ထွက်ခွာပြီဆိုတဲ့ ကြေညာချက် ၂ ခုကို ဖျက်ပစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ဟာ သူတို့ရဲ့ မိခင်ကလပ်တွေဖြစ်တဲ့ အသလက်တီကိုနဲ့ မန်စီးတီးအသင်းထံ ပြန်မှာဖြစ်ပြီး နောက်ခံလူ မားကို့စ်အလွန်ဆိုက အသင်းက ထွက်ခွာပြီလို့ ကြေညာခဲ့တာပါ။ 

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ ထွက်ခွာမယ့် ထုတ်ပြန်ချက် ၂ ခုကိုဖျက်ပစ်ခဲ့ပြီး မားကို့စ်အလွန်ဆိုရဲ့ ထုတ်ပြန်ချက်ကို သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။ 

ဖာဘရီဇီယိုရိုမန်နိုကတော့ ဘာစီလိုနာအသင်းဟာ သူတို့ ၂ ဦးရဲ့ အနာဂတ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။

ဘာစီလိုနာအသင်း နည်းပြသစ် ဟန်ဆီဖလစ်က ဂျာအိုဖီးလစ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါ တယ်။ 

စပိန်ကလပ်ဟာ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ ၂ ဦးစလုံးကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားမလား ဒါမှမဟုတ် အငှားနဲ့ပဲ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 

ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ၄၄ ပွဲ ကစားခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၁၆ ဂိုး ရှိခဲ့ပါတယ်။

ကန်ဆယ်လိုကတော့ ဘာစီလိုနာအသင်းအတွက် ၄၂ ပွဲ ကစားခဲ့ပြီး ၉ ဂိုး ပါဝင်ပတ်သက်ခဲ့တာပါ။

သူတို့ ၂ ဦးရဲ့ အနာဂတ်ဟာ မကြာခင်မှာ အဖြေထွက်မှာဖြစ်ပေမယ့် ထွက်ခွာဖို့ ကြေညာတာကို ပြန်ဖျက်ခဲ့တာ ကြောင့် ဘာစီလိုနာအသင်းအတွင်းမှာ ရှုပ်ထွေးမှုတွေ ရှိနေနိုင်တာ ဖြစ်ပါတယ်။ 

ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ဟာ ဘာစီလိုနာအသင်းမှာ ဆက်ပြီးရှိနေချင်တဲ့ သူတို့ရဲ့ ဆန္ဒကို မကြာခဏ ဆိုသလို ပြောထားတာပါ။

သူတို့ ၂ ဦးဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

Source: Goal