CNI Sprot News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅    

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂျာအိုဖီးလစ်က မန်စီးတီးအသင်းရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဘာနာဒို ဆေးလ်ဗားကို အသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

ဂျာအိုဖီးလစ်က “ဘာစီလိုနာက ဘာနာဒိုကို ခေါ်ယူနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ သူက ထိပ်တန်းကစား သမားဖြစ်ပြီး သူဟာ ဘာစီလိုနာအကြောင်းကို မေးသလို သူ့ရဲ့မိသားစုကလည်း ဒီမှာရှိနေပါတယ်။ သူဒီကိုလာဖို့ အားလုံးအဆင်ပြေတယ်ဆိုပြီး ကျနော်သူ့ကိုပြောခဲ့ဖူးပါတယ်။ ကျနော်သာ အားကစားဒါရိုက်တာ ဒေကိုဆိုရင် ဘာနာဒိုကို သံသယမရှိဘဲ ခေါ်ယူသွားမှာပါ”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့ ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ဟာ လာမယ့်နွေရာသီမှာ စတင်အသက်ဝင်တော့မှာဖြစ်ပါတယ်။

 အဲဒါကြောင့် ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ ပေါ်တူဂီ အသင်းဖော်ကို ဘာစီလိုနာအသင်းခေါ်ယူမှုပြုလုပ်ဖို့ ပြောလာခဲ့တာပါ။

 ဘာစီလိုနာအသင်းနဲ့ ဘာနာဒို ဆေးလ်ဗား တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး အခု ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူခဲ့မယ်ဆိုရင် လာလီဂါရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို မချိုးဖောက်စေဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချရမှာဖြစ်ပါတယ်။ 

အသက် ၂၉ နှစ် အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားနဲ့ မန်စီးတီးအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ဇွန်အထိ သက်တမ်း ရှိနေသေးတာပါ။

 ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီး အသင်းအတွက် ၃၄၄ ပွဲပါဝင်ကစားထားပြီး ၆၅ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြား ရယူထားနိုင်တာဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ကလည်း ဒီရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် အသလက်တီကိုအသင်းထံ ပြန်မသွားချင်ဘဲ ဘာစီလိုနာအသင်းမှာသာ ဆက်ရှိဖို့ ဆုံးဖြတ်ထားတာပါ။ 

ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူ ဒါမှမဟုတ် အငှားသက်တမ်းတိုးဖို့ ကြိုးပမ်း နေတာဖြစ်ပါတယ်။

Source:Besoccer