CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

အာဆင်နယ်အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ ပါတေးက အသင်းမှာ ဆက်ရှိချင်တယ် လို့ ပြောပါတယ်။

ပါတေးက “အာဆင်နယ်ဟာ ကျနော်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ကွင်းထဲရောက်ရှိချိန်တိုင်း အလွန်ပျော်ရွှင် ပါတယ်။ ထင်ကြေးတွေ အများကြီး ထွက်ပေါ်နေတာကို သိပေမယ့် ကျနော်ကတော့ ဒီမှာရှိနေရတာကို ပျော်ရွှင်ပြီး ကလပ်အသင်းအတွက် ဆက်ပြီး ကစားပေးချင်ပါတယ်။ အကောင်းဆုံး လုပ်ဆောင်ပြီး အမြင့်ဆုံး အဆင့်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ကြိုးစားသွားမယ်”လို့ ပြောပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ ပါတေးဟာ ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၉ ပွဲပါသာ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

ပါတေးဟာ သြဂုတ် ၂၆ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းက လူတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ၆၇ မိနစ်ကြာ ပါဝင်ကစားသွားခဲ့တာပါ။

ပါတေးကို တွေ့ရစဉ်

ပါတေးနဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လန်ဒန်ကလပ်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားခြင်း မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကလပ် အသင်းတွေရဲ့ ချိတ်ဆက်မှုတွေ ခံခဲ့ရတဲ့ ပါတေးကတော့ အာဆင်နယ်အသင်း မှာ ဆက်ပြီးရှိနေချင်တဲ့အကြောင်း ပြောလာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က ပေါင် ၄၂.၉ သန်းနဲ့ အသလက်တီကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပါတေးဟာ အာဆင်နယ် အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရမှုက အသင်းကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့တာပါ။

ပါတေးဟာ အာဆင်နယ်အသင်းအတွက် ၁၀၈ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူကာ ကွန်မြူနတီဒိုင်း ၁ ကြိမ် သာ အောင်မြင်မှု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal